ကျုပ်အကြောင်း (နည်းနည်း)

ကျုပ်အကြောင်း (နည်းနည်း)

သတ်တယ် …
သတ်တယ် …..
လင်ပန်းကို ဆီစွတ်လို့
ရမ်းပြီးတောင် သတ်ခဲ့တယ် …
ကပ်နေတဲ့ ခြင်တွေကိုကြည့်ရင်း
ဂရုဏာတော့ မဖြစ်
အနိုင်ကျင့်ချင်တဲ့ စိတ်အတွက်တော့
မုဒိတာတွေက အသစ်အသစ် …….

ကိုက်ဟယ် …
စုပ်ဟယ် …..
ငါ မလှုပ်ပါဘူးကွယ် …
မနက်ခင်း စောစောစီးစီး
လာကိုက်တဲ့ ခြင်အတွက်
ဒေါသတွေ မထွက်
ဂရုဏာတွေ သက်
သွေးတစ်စက် တစ်စက်
လှူနေနိုင်တဲ့အတွက်
ပီတိတွေက အထပ်ထပ် …….

ဒီလိုနဲ့
ငယ်ရွယ်စဉ်ရဲ့ ဘဝများမှာ
ဆန့်ကျင်ဘက် စိတ်ဓါတ်နဲ့
ဖြတ်သန်းခဲ့ဖူးပါရဲ့ …………….

အမြဲတမ်း
ဆံပင်ကို တိုတိုညှပ်ရတယ်
ကျောင်းသွားတိုင်း
သနပ်ခါး ဘဲကြားလူးရတယ်
ပုဆိုးကိုလည်း ခပ်တိုတိုပါပဲ …

ကျောင်းပြေးဖို့ဆို
တွေးတောင်မှ မတွေးရဲ
အဖော် လာညှိတဲ့ ကောင်ကိုလည်း
ခပ်ပြတ်ပြတ်ပဲ ငြင်းလွှတ်လိုက်တယ်
ဟုတ်ပါတယ် …
အဒေါ်ရဲ့ တုတ်ကို
ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရပါတယ် …

အထက်တန်းကျောင်းသားပဲ
ဒါပေမယ့်
လမ်းသွားရင်
လက်ဖက်ရည်ဆိုင်ဘက်
မျက်စောင်းတောင် ထိုးမကြည့်ရဲ
ထိုင်ဖို့ဆို ဝေလာဝေးဆဲပေါ့ ….

ဆယ်တန်းလေးလည်းအောင်
ပါမစ်ကလည်း ရ
ဒီအခါ
လက်ဖက်ရည်ဆိုင်က မထ
“ငါ့ဘဝ ငါအရှင်အခင်”
ဒီလို အမြင်တွေနဲ့
ကိုယ့်ကိုယ်ကို ဖွတ်ကျားမှန်း မသိ
လောကကြီးကို ရိခဲ့သေးရဲ့ …….

ဒီလိုနဲ့
ဘဝရဲ့ ဇာတ်ခုံ
မမျှော်လင့်ထားတာတွေလည်း ကြုံ
အစုံအစုံသော
အတွေ့အကြုံတွေနဲ့
လူကို သင်ခန်းစာတွေလည်း ရစေခဲ့ပေါ့ ….

ဒီလိုနဲ့
ခုများရဲ့ အသက်အရွယ်မှာ
ကိုယ့်ကိုယ်ကိုပဲ
ထိန်းကျောင်းရင်းနဲ့သာ …..
မိဘ၊ ဆွေမျိုးသားချင်းများနဲ့
ဝေးရာမှာ xxxxxxxxxxxxx ။

By – တာတေလံ အံစာတုံး

38 comments

  • မိဘ၊ ဆွေမျိုးသားချင်းများနဲ့
    ဝေးရာမှာ xxxxxxxxxxxxx ။
    ကိုယ်သာလျှင် အမိ ကိုယ်သာလျှင်အဖ
    ကိုယ်မှားရင်ကိုယ်ခံ ကိုယ်မှန်ရင်ကိုယ်စံ
    ဘဝရဲ့ပစ်ချရာ တွင်းနက်ထဲ
    တရွှေ့ရွှေ့တိုးဝင်ဆဲ………………………………………………..

  • သကြားလုုံးကြော်

    August 7, 2012 at 12:51 pm

    ကောင်းလိုုက်တဲ့ Biography ။

  • နွေဦး

    August 7, 2012 at 12:53 pm

    အထက်တန်းကျောင်းသားဘဝ ကျောင်းပြေးတဲ့ အရသာကို မသိရရှာဘဲကိုး ….ကျွတ်ကျွတ်.ကျွတ်..။

  • Khaing Khaing

    August 7, 2012 at 1:14 pm

    တားတားလေး အံချာတုံး တနွှားလိုက်တာဟယ် ……. ငယ်ရွယ်စဉ်ဘဝမှာ လက်ဖက်ရည်ဆိုင်ဘက်တောင် မျက်စောင်းထိုးမကြည့်ရဲခဲ့တဲ့ဘဝဆိုတော့ မမလက်ဖက်ရည်ဆိုင်ရှေ့ကဖြတ်တိုင်း ဆိုင်ထဲထိုင်ငမ်းတဲ့သူထဲ မင်းမပါဘူးပေ့ါနော် ….. မမလည်း တားတားလိုပါပဲ … ရှက်လို့ ဆိုင်ထဲကိုမကြည့်ရဲခဲ့ဘူး ….

  • manawphyulay

    August 7, 2012 at 1:16 pm

    တကယ် ကျောတာလား… မဖစ်နိုင်ဘူးထင်တယ်။ ကျောင်းပြေးတဲ့ဘဝတော့ နည်းနည်းတော့ သိမှာပါနော်…
    ခုချိန်ထိ မိဘတွေနဲ့က ဝေးနေတုန်းလား…

  • amatmin

    August 7, 2012 at 1:23 pm

    အော်..ဘိုအံပို့စ်လေးဖတ်ပီးမှပဲ..
    ဆယ်တန်းအောင်ပီးကတည်းက ဒေါင်ချာစိုင်းနေမိတဲ့.
    ကိုယ့်ဘဝ ကိုပြန်ပီးအစုံအစိ မြင်လာမိသလိုလို (မနည်းဘူးဗျ) 🙂

  • Shwe Ei

    August 7, 2012 at 1:26 pm

    သများတို့လဲ မိဘဆွေမျိုးသားချင်းနဲ့ဝေးရာမှာ အခုထိခြင်ကိုက်ခံရတုန်း (ခြင်ထောင်မထောင်ဘဲ အပျင်းထူမိတဲ့ညတွေဆို)။ လ္ဘက်ရည်ဆိုင်တော့ မထိုင်တော့ဘူး (ဘီဘီဘဲသောက်တော့တယ်)။ တာတေလန်အောင်ဆိုးတာတော့ မကောင်းဘူးပေါ့အေ။ တော်ရုံတန်ရုံဆိုတော်ပေါ့။ 🙂

  • အရင့်ရောင်

    August 7, 2012 at 1:37 pm

    အားပေးတွားပါ၏ တာတေလံ လေးရေ………..
    ဟိဟိ……..

  • ahnyartamar

    August 7, 2012 at 1:41 pm

    ခြင်ကိုက်သိပ်မခံနဲ့ သွေးလွန်တုပ်ကွေးဖြစ်မယ်၊ အခုသွေးလွန်တုပ်ကွေးက အသက်အရွယ်မရွှေး ဖြစ်တာတဲ့ ခြောက်မျက်နှာရေ….ဟား…ဟား…ဟား…
    ကျောင်းပြေးပြီး ရုပ်ရှင်ကြည့်၊ လ္ဘက်ရည်ဆိုင်ထိုင်၊ စော်ကြောင်းရတဲ့ ဖီလ်လင် မောင်အံတယောက် မရခဲ့ရှာဘူးကိုး…

  • we R one

    August 7, 2012 at 2:01 pm

    အခု နာမည်ကြီးနေတဲ့ အန်ဇာတုံးရဲ့ နှတ်ခမ်းမွှေးအကြောင်းလည်း မပါပါလား…:D

  • Novy

    August 7, 2012 at 2:13 pm

    မနိုတောင် ကျောင်းပြေးပြီး သူများတောင်ယာထဲမှာ အသီးအရွက် လိုက်ခူးဖူးတယ် ဟီးဟီး
    ကျောက်ပုဇွန်တွေလဲ ဖမ်းဖူးတယ်

    • snow white

      August 7, 2012 at 7:00 pm

      (ကျောင်းပြေးဒီနာမည်ဝိုင်းဝန်းပေးကျမယ် စအောင်မယ် ဒီနယ်မြေ စာသင်ကျောင်းတက်ရမယ် )ဟိဟိ မမကိုချစ်လို့နော် ချစ်သူဝေ သီချင်းလေးဆိုပြ တာပါ မမလည်းကျောင်းပြေးဖူးတယ်ပေါ့ စနိုးလည်းကျောင်းပြေးဖူးတယ် ဘယ်သူမှမသိအောင်ပြောပြတာနော်။

      • Novy

        August 8, 2012 at 3:08 pm

        အဲ့လို စမဲ့သူကို မရှိဘူး တောင်ပေါ်မြီု့က
        ရွာကျောင်းကလေးဆိုတော့ ဆရာက စပြီးပြေးတယ် 🙂

  • marblecommet

    August 7, 2012 at 2:21 pm

    ဒီမယ် ကိုရင်……
    မောင်သာ ကျောင်းပြေးတဲ့ဇာတ်လမ်းတွေ ဝတ္ထုရေးချင်ရင်
    ကျုပ်ကို ဘီအီးလာတိုက်
    ကျောင်းပြေးခဲ့တဲ့ ဘဝအစုံစုံ
    အိမ်ကို ကလိန်စေ့ ငြမ်းဆင်ခဲ့ပုံတွေ
    ဆရာစားမချန်ပြောပြမယ်
    ပရွက်ဆိတ်ခေါင်းကြီး ကျောင်းသားလူဆိုးဘဝဇာတ်လမ်းကိုသိချင်လား
    လာဂဲ့ ဘီအီးတစ်လုံးနဲ့
    တစ်ကိုယ်တော်ဘဝအရသာကျတော့
    ကိုရင်နဲ့ကျုပ် ခံစားချက် တူပါလိမ့်မယ်…
    ….ခင်တဲ့..

  • P chogyi

    August 7, 2012 at 2:28 pm

    အံစာတုံးမလို့တော်တော့တယ်၊
    ဘော်လုံးဆိုဘယ်လောက်လိမ့်မလဲမသိဘူး။

  • ရွာစားကျော်

    August 7, 2012 at 2:40 pm

    ဂေါ်မစွံ လူပြိုကြီး ချိုတာရဲ မပါဝူး… 😛

  • အတိသဌ္ဇနာဂရ

    August 7, 2012 at 2:48 pm

    အီးးးးးးးငယ်တုန်းက ညဆိုအိပ်ပျက်၊မနက်စောစောထ စာကျက်ရတယ်ထင်ပါ့။

  • surmi

    August 7, 2012 at 2:57 pm

    ကျုပ်ကို တည် ့တည် ့ပြောလိုက်တာလား ဟင်င်င်

  • Foreign Resident

    August 7, 2012 at 3:00 pm

    သူတို့တွေပြောမှပဲ ၊
    ကျောင်းမပြေးဘူးတဲ့ အဘ ဘဝဟာ ၊
    အရသာ တစ်ခုခုလိုသွားတယ်ဆိုတာ အခုမှသတိပြုမိတော့တယ် ။
    ဒီအရွယ်ကြီးမှ ဘာပြေးရင်ကောင်းမလဲ ။

  • ရဲစည်

    August 7, 2012 at 4:01 pm

    သများတို့ကတော့
    ဗိုင်းကောင်းကျောက်ဖိလေးမို့
    ယနေ့အထိ ပျစ်မျိုးမှဲ့မထင် လတ်လတ်ဆတ်ဆတ်ရှိနေကြောင်း
    ချစ်ခြင်းမုဒိတာတွေ အတွက် ကဆုန်စိုင်းရန် အားယူနေကြောင်း

    ဘယ်တံခါး ဖွင့်မလဲ လိုက်မျှော်နေသူ
    ……………………………………….

  • R Ga

    August 7, 2012 at 5:14 pm

    အိန်း…ဗျာ…. ဘဝအကြောင်းကို တိုတိုတုတ်တုတ်နဲ့ အခုလို ရှင်းပြသွားတာ အနုပညာရသမြောက်လှသဗျ..။ဒါပေမဲ့ ကိုအံစာ အကြောင်းက နည်းနည်းပဲ သိခွင့်ရတာဆိုတော့ နောက်မျာမှာ ကျန်ဦးမလားလို့လေ..။ ဥပမာ ပါမစ်ရသွားတဲ့နောက်… နှလုံးကိစ္စလေးတွေ..အဆင်မပြေမှုတွေ..လူသဘာဝအကြောင်း တွေ စသဖြင့်ပေါ့..လေ…။ သိခွင်ရရင်ဖြင့် သိချင်မိတယ်။

  • မောင်ပေ

    August 7, 2012 at 7:08 pm

    တာတေလံ အံစာတုံး
    နှာအသေ မထန် ကြံပါအုန်း
    ရှာဖွေရန် အမှန်ဂပုံး (ဂ=ဂျီ)….
    ဟီဟိ

  • မဟာရာဇာ အံစာတုံး

    August 7, 2012 at 8:20 pm

    ဟုတ်ကဲ့ပါ ခင်ဗျာ ..
    ခုလို ကျနော့်ရဲ့ မဖြစ်ညစ်ကျယ် ကဗျာလေးအား
    လာရောက်ခါ အားပေးသွားကြပါကုန်သော …
    ဖေဂျီးပေါက်၊ သကြားလုံးကြောင်၊ ကိုနွေဦး၊ မာမီခိုင်၊ မနော၊ ကိုမတ်၊ မရွှေအိ၊ ကိုရင့်ရောင်၊ ဦးညာ၊ မဝီလ်အာဝမ်း၊ မနိုဗွီ၊ သမီး အပျိုလေး၊ ကိုကမ်း၊ ပီချိုဂျီး၊ ရွာစားကျော်၊ ကိုနာဂ၊ ဦးဆာမိ၊ အဘဖော၊ ကိုရဲစည်၊ ကိုအာဂ၊ ရောင်းရင်းဂျီး၊ ကိုလင်းဆက် တို့အား ..
    အထူးပင် ကျေးဇူး တင်ရှိပါကြောင်း …

    အားလုံးကို ချစ်တဲ့ ..
    တာတေလံ အံစာတုံး

  • aye.kk

    August 7, 2012 at 10:17 pm

    အံစာတုံးရေ….
    ပစ်ချင်သလိုပစ်။
    မညစ်တတ်ဘူးမဟုတ်လား။
    ဒို ့များခင်တာခြောက်မျက်နှာ။။

  • padonmar

    August 7, 2012 at 10:45 pm

    လင်ဗန်းဆီသုတ်ပြီး ခြင်ဖမ်းတာ ခုမှပဲကြားဖူးတော့တယ်။
    မောင်မောင်အံ လင်ဗန်းကြီး ရမ်းနေတာ မြင်ယောင်ပြီး ……….

  • TTNU

    August 7, 2012 at 11:15 pm

    မောင်အံစာတုံးရေ…
    ဆံပင်တိုတို
    ပုဆိုးတိုတို
    သနပ်ခါးဘဲကျားနဲ့
    ကလေးလေးတစ်ယောက်မှ၊

    အသားဖြူဖြူ
    နှုတ်ခမ်းနီနီ (ကွမ်းစားလို့)
    ခပ်ပြုံးပြုံးနဲ့
    လူရွယ်လေးတစ်ယောက်သို့။

    မေတ္တာဖြင့်
    TTNU.

    • pooch

      August 8, 2012 at 1:34 am

      ဆေးလိပ်တွေ မီးခိုထွက်အောင် သောက်တာလည်းပါမယ် ထင်တယ် တီချယ် 😀

  • kotun winlatt

    August 8, 2012 at 6:23 am

    နောက်တစ်ခါဆို များများပြောဗျာ…
    စိတ်ဝင်စားတယ်…
    ခင်တဲ့…
    (T.W.L)

  • ကြည်ဆောင်း

    August 8, 2012 at 8:57 am

    အခုခေတ်တော့ လင်ဗန်းဆီဆွတ်စရာမလိုတော့ဘူးနော်…
    ခြင်ရိုက်ဘက်တံတွေ ပေါ်နေပြီဆိုတော့….
    ပြောသာပြောရ ခြင်ရိုက်ဘက်တံ တစ်ခါမှမသုံးဘူးသေးဘူး …

  • ကြောင်ကြီး

    August 8, 2012 at 11:16 am

    ကျုပ်အကြောင်း
    မုန့်ပေါင်း
    တုတ်တောင်း
    လှုပ်စောင်း
    ငြုပ်ကောင်း
    ဖုတ်ထောင်း
    အုတ်ရောင်း
    ပြုတ်ဂေါင်း..။

  • နေဝန်းနီ

    August 8, 2012 at 11:33 am

    တို့ကတော့ ဂျစ်ပစီ မိုးတိမ် သီချင်းလိုပဲ ငယ်ငယ်ကတည်းက
    စာသင်ဖို့ ဆိုတာစိတ်တွေပျက် ဘီတဲလ်သီချင်းကျက်နေခဲ့ ကဗျာကျော်ကဗျာတွေဖတ်ပြီး အချစ်ကိုတွေ့ အိုးးး အသဲတတ်ပြီလေ…….. ဆိုတာလိုပဲ…။ ငယ်ငယ်ထဲက အော်ကြောလန်

  • maung khinmin

    August 8, 2012 at 3:44 pm

    ဆြာ … အံစာတုံး
    ဗြုန်းဆို ထုတ်ပြ
    ဟုတ်လှချေလား
    ငယ်ကပုံရိပ်
    အတိတ်မြက်ခင်း
    နှိပ်စက်ခြင်းလား
    အိပ်မက်ခြင်းလား
    ရိုးသားဖြူစင်
    မိဖ .. ရင်ခွင်

  • မဟာရာဇာ အံစာတုံး

    August 8, 2012 at 4:12 pm

    @အမအေး

    အံစာတုံးက မညစ်တတ်ပါဘူး ခင်ဗျာ ..
    ခင်တတ် မင်တတ် ဖော်ရွှေတတ်ပါတယ် ခင်ဗျာ .. 😀
    _________
    @အန်တီပဒုမ္မာ

    အန်တီရေ …
    အဲ့ဂလို လင်ဗန်းဆီစွတ်ပြီး ခြင်ဖမ်းတာ
    တော်တော်တော့ ဆိုးတဲ့ အလုပ်ပါပဲဗျာ …
    အဲ့ဒုန်းကတော့ သိခဲ့ဘူးပေါ့ … 😀
    _________
    @တီချယ်ကြီး

    တီချယ်ကြီး ခင်ဗျာ ..
    ကွန်မန့်လေးအတွက် ကျေးကျေးပါဗျ ..
    အဟုတ်ပါပဲ ..
    သနပ်ခါးဘဲကျားနဲ့ ကလေးလေး တစ်ယောက်ဘဝကနေ
    ခုတော့ ဒီဘဝပေါ့ ..
    နောက်များမှာတော့ အဲ့ထက် အိုတဲ့ ဘဝဆီသို့ပေါ့ …
    _________
    @အမပုချ် ..

    ချေးလိပ်ဒွေ သိပ်သောက်တော့ပါဘူးဂျ ..
    တစ်ခါတစ်ရံ ဖစ်တွားပါဘီ … 😀
    _________
    @ကိုထွန်းဝင်းလတ်

    အနော့်အကြောင်းဂ
    ကောင်းဒါ နည်းဘာဒယ် … 😀
    _________
    @ကြည်ဆောင်း

    အဲ့တုန်းက ခြင်ရိုက်ဘတ်သံတွေ မပေါ်သေးတော့
    လင်ဗန်းကို ဆီစွတ်ပြီး ခြင်တွေကို သမခဲ့တာပေါ့ ..
    ခုတော့ … လုပ်တော့ပါဘူးဂျာ …
    _________
    @ဦးကြောင်ကြီး

    တို့များ ဥကြောင်ကြီးကတော့
    ဘယ်လိုပဲ လာလာ
    ကာရန်မှာတော့ ဆရာ … 😀
    _________
    @ဦးနေ

    ဦးနေကြီး ..
    ခုလို လာအားပေးသွားတာ ကျေးကျေး ..
    ဦးနေရဲ့ ငယ်စဉ်ဘဝက
    ဂျစ်ပစီမိုးတိမ် လိုပေါ့ဗျ ..
    _________
    @မောင်ခင်မင်

    မောင်ခင်မင် ခင်ဗျာ ..
    ကဗျာလေးအတွက် ကျေးဇူးပါနော့ ..
    _________

    အားလုံးကို ချစ်တဲ့
    အံစာတုံး

  • MaMa

    August 8, 2012 at 6:29 pm

    တာတေလန်မဟာရာဇာကြီးပေါ့နော်………. [:)]
    ကိုယ့်ကိုကိုယ် ဓမ္မဒိဌာန်ကျကျ မြင်နိုင်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။
    ချီးကျူးပါတယ် တာတေလန် အဲ မဟာရာဇာ

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • MaMa

    August 8, 2012 at 6:30 pm

    တာတေလန်မဟာရာဇာကြီးပေါ့နော်………. [:)]
    ကိုယ့်ကိုကိုယ် ဓမ္မဒိဌာန်ကျကျ မြင်နိုင်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။
    ကဗျာလေးနဲ့ လိုတိုရှင်း ကျွန်တော့ဘဝဇာတ်ကြောင်းလေးကို အားပေးသွားပါတယ်။ [:)]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • အရီးခင်လတ်

    March 31, 2013 at 12:37 am

    သနပ်ခါး ဘဲကြားလူးထားတဲ့ ပုံစံလေးကို ကြည့်ချင်သား။ 😆

  • Mr. MarGa

    March 31, 2013 at 6:37 pm

    နည်းနည်း နည်းနည်းနဲ့
    တဖြည်းဖြည်း တွေးလိုက်ရင်ဖြင့်
    တရိပ်ရိပ် ပြေးကာပေါ်ခဲ့
    အိုကွဲ့ ငယ်ဘဝဆီ။
    တကယ်ဗျ အတည် ပြောချင်ပေမင့်
    ထိုစိတ်ကိုမျိုသိပ်လို့
    ကွယ် အိပ်တာ ကောင်းပါသကွယ်…………………….. :mrgreeen:

Leave a Reply