အစာကြေ ရင်ချောင် နည်းလမ်းကောင်း

ဦးနှောက်August 7, 20121min974

ဒီနှစ် မိုးကလည်း ရွာလိုက်တာ ရေတွေကလည်း များများ သွန်ချသလိုရွာတယ်။
လမ်းတွေကလည်း ပျက်လိုက်တာ အရမ်းပဲ..
ကမ်းနားလမ်းလို လမ်းမျိုးဆိုရင် ကွန်တိန်နာ ကားတွေ အတိုးအကြိတ်သွားနေတာနဲ့ လမ်းတွေက ဆင်ဝင်အိပ်လို့ ရတဲ့ ချိုင့်ခွက်ကြီးတွေ ကတုတ်ကျင်းကြီးတွေလောက် ဖြစ်တဲ့ နေရာတွေကလည်း ဖြစ်နေပြီ။
အိမ်ရှေ့မှာ ကားဖြတ်မောင်းလို့ ချိုင့်ပေါက်သေးသေးက တဖြေးဖြေး ကားမောင်းကြိတ်ချ ရင်းနဲ့ ချိုင့်ကြီးကြိး ဖြစ်လာတာတွေ့တော့ ဘိလပ်မြေလေး ဝယ်ပြီး လမ်းဖာ ပေးချင်စိတ်ပေါက်မိတယ်။
အစိုးရပိုင်နက်မှာ လမ်းဖာ ပေးရင် စည်ပင်နဲ့ ပြသနာ တက်မှာ ကြောက်ရသည်မို့ သက်ဆိုင်ရာတို့ လမ်းခင်းပေးကြပါ။
ကျွန်တော် နေတိုင်း အလုပ်သွား အလုပ်ပြန် လုပ်နေတဲ့ ဟုမ်းလမ်းက အခုတော့ ချိုင့်ကျင်းမျိုးစုံနဲ့ ဖြစ်နေပြီ။ ကြားမိတာတော့ ဟုမ်းလမ်းက မီးရထား ကုန်းကျော် တံတား ဘက်အခြမ်းက ကြည့်မြင်တိုင် အပိုင် မီးရထား ကုန်းကျော် တံတား နောက်တခြမ်းဘက် ကတော့ စမ်းချောင်း အပိုင် ပြောတယ်။ လမ်းခင်းလိုက်ရင် ကြည့်မြင်တိုင် အပိုင် ဘက်ခြမ်းက လမ်းလာခင်းပေမဲ့ စမ်းချောင်း အပိုင် ဘက်ခြမ်းက မခင်းပဲ ထားထား သွားတယ် ဆိုတော့ တလမ်းထဲတောင် မျက်နှာ လိုက်သလို ခံရလို့ ဖောက်သည် ချတာပါ။
စားပြီး သောက်ပြီး ရင်ပြည့်နေရင်တော့ မြို့ထဲ ကားတပတ် မောင်းလိုက်ရင် ရင်ချောင်သွားတာတော့ အမှန်ပဲ ဗျို့

အခုမှ ပထမဆုံး မို့.. အမှားပါရင် ခွင့်လွတ်ဗျား..

4 comments

  • ko khin kha

    August 7, 2012 at 3:45 pm

    စားပြီး သောက်ပြီး ရင်ပြည့်နေရင်တော့ မြို့ထဲ ကားတပတ် မောင်းလိုက်ရင် ရင်ချောင်သွားတာတော့ အမှန်ပဲ ဗျို့။
    ကိုဦးနှောက် ကလည်း အစာကြေဆေးဖိုးတောင်သက်သာသေးတယ်လေ၊ သူတို့ကဆေးဖိုးကုန်မှာစိုးလို့ စေတနာနဲ့ထားတာနေမှာပေါ့။

    • ဦးနှောက်

      August 7, 2012 at 3:53 pm

      လမ်းလေး ကောင်းနေရင် သွားရေး လာရေး စိတ်မညစ်ရတော့ဘူးပေါ့ဗျာ..
      ကားတွေကတော့ ကောင်းလာပါရဲ့.. လမ်းတွေက အဖြစ်ဆိုးနေတော့..

  • မောင်ပေ

    August 7, 2012 at 7:33 pm

    ဦးဏှောက်တို ့မြို ့နယ် က လွှတ်တော် ကိုယ်စားလှယ် အိမ်ရှေ ့မှာ ကားပိုင်ရှင်တွေ ၊ အဲဒီလမ်းကို ဖြတ်သန်းသွားနေတဲ့ ကားသမားတွေ စုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြဗျာ
    လမ်းလေးကောင်းဖို ့အရေး ကိုယ်စားလှယ်ကြီးတွေး ဆိုပြီး ဘုတ်ကိုင်ဗျာ

  • မွန်မွန်

    August 8, 2012 at 11:58 pm

    ရုံးမှာ ထမင်းစားပြီးရင် ကားတစ်ပတ်လောက်ပတ်မောင်းမှ ထင်တယ်… အစာကြေဆေးဖိုး သက်သာအောင်… ဒါနဲ့.. ကားတစ်စီးလောက်… 🙂

Leave a Reply