ဖြစ်ခဲ့တယ်………….။

naywoon niAugust 7, 20121min1195

ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တယ်…။ ငါဟာ
ဘောလုံးတစ်လုံး ဖြစ်ခဲ့တယ်….။
ခြေထောက်နဲ့ ကန်ကန်
လက်နဲ့ပဲ ပုတ်ပုတ်
ကန်သလောက် ပုတ်သလောက် ဝေးဝေးပြေး
“ဘုန်း” ကနဲ “ဖုန်း” ကနဲကန်ထွက်
သိပ်ကို သွက်လက်ခဲ့…….။
ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တယ်…။ ငါဟာ
ဘောလုံးတစ်လုံး ဖြစ်ခဲ့တယ်….။
အခွဲ့က မာမာ
အနာအဆာ မရှိပေမဲ့
ကွဩွားတဲ့ အခါကျတော့
အတွင်းမှာ ဗလာ
အနှစ်သာရမရှိ ။နတ္ထိ……..။
ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တယ်…။ ငါဟာ
ဘောလုံးတစ်လုံး ဖြစ်ခဲ့တယ်….။
ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တယ်…။ ငါဟာ
ဘောလုံးတစ်လုံး ဖြစ်ခဲ့တယ်….။
အခုတော့
လက်နဲ့ပဲ ပုတ်ပုတ်
ခြေနဲ့ပဲကန်ကန်
အရင်လိုဝေးဝေးမပြေး
ကန်သလောက် ပုတ်သလောက်မှာ
“ဘုတ်” ကနဲ “ဘုတ်” ကနဲပြုတ်ကျ
လေးလံနှေးကွေးသွားရပြီ……။
အဲဒိအချိန်ကစပြီး
ဝေးဝေးက ချောင်တစ်ချောင်မှာ
ငါ့ကိုပစ်ထားလိုက်ကြတာ
ဒီကနေ့ထိဆိုပါတော့…………။
ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တယ်…။ ငါဟာ
ဘောလုံးတစ်လုံး ဖြစ်ခဲ့တယ်….။

နေဝန်းနီ

5 comments

  • ကိုရင်စည်သူ

    August 7, 2012 at 5:38 pm

    ဖြစ်ခဲ့တယ်.. ဖြစ်ခဲ့တယ်..
    ငါဟာ ဘောလီဘောလေးဖြစ်ခဲ့ဒယ်…
    ကုန်းပေါ်ကျတော့ စကာပေါက်ကာပြီး ရိုက်ကြတယ်.. 😥
    ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်…
    ဘောလီဘောလေးဖြစ်ခဲ့တယ်..
    ရေထဲကျတော့ ပိုက်ကာလိုက်..
    ဟိုဘက်ဒီဘက်ရိုက်ကြဒယ်…
    မျှောမိမျှောရာ ဘော်လီဘောလေး ဖြစ်ခဲ့ဒယ်… 🙁 🙁
    ….

    ကိုနီရေ… ကဗျာလေးသဘောကျ အားပေးသွားတယ်ဗျာ..

  • မဟာရာဇာ အံစာတုံး

    August 7, 2012 at 9:32 pm

    ဒါဆို ..
    ခု ဦးနေက
    လေပေါက်သွားတဲ့ ဘောလုံးကြီးပေါ့နော့ .. 😀

  • ကြည်ဆောင်း

    August 8, 2012 at 9:20 am

    ဒါဘဝအတွေ့အကြုံတွေစုံလာပြီး ဘဝအမောတွေပုံလာလို့ ပေါ့နော်…

  • ကြောင်ကြီး

    August 8, 2012 at 11:09 am

    ဘော်လုံး
    လျှော်တုံး
    ကော်ပုံး
    ဖျော်ထုံး
    စော်မုန်း
    အော်ရုန်း
    တော်ပြုံး
    ခေါ်သုံး..။

  • မောင်ပေ

    August 8, 2012 at 9:52 pm

    မနက်ဖန်ကစပြီး
    ဘောပြားမဖြစ်ပါစေနဲ ့လို ့
    ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
    ဟီဟိ

Leave a Reply