ဧရာဝတီရေးတဲ့ကဗျာ(၁)

ayeyarwaddy-tunAugust 7, 20121min20213

အဖြည့်ခံ

သူချစ်ကိုမကြင်နာ ကိုယ်ချစ်သာရှာမက်ခဲ့လို့

မနူးမနပ်နဲ့ ရူးမတက်ခံစားရတယ်

ဒါပေမယ့်လဲ ဘာပဲဖြစ်ဖြစ်

ရင်တွင်းဖြစ်တဲ့ ငါ့ရဲ့ အချစ်တွေ

အပေါစားလို့ သဘောထားတောင်မှ

ဒေါသမပွားဘူး

ဒီနှလုံးသား အပိုင်ပေးပြီးသားပဲ

မင်းစိတ်တိုင်းကျ အသုံးချနိုင်တယ်

ငါ့အချစ်ကိုပုန်ကန် ရင်ခွင်ကိုစုံကန်သွားလဲ

အမုန်းမဖက် ပြုံးလျက်သာ

ကျေနပ်စွာနဲ့ အဖြည့်ခံဘဝမှာသာ

ရှိပါတော့မယ် … နေတက်ပါတယ်လေ

13 comments

  • နေဝန်းနီ

    August 7, 2012 at 8:01 pm

    အော်……. ဒီကလေးမ လေးကလည်း အတိတ်က ဒွဏ်ရာလေးနဲ့ ကိုး….။ သိပ်မတူးဆွလေနဲ့ ကလေးရေ……. အချိန်တန်ရင် ကျက်သွားမဲ့ဒဏ်ရာမျိုးဆိုရင်လေ………….

  • မဟာရာဇာ အံစာတုံး

    August 7, 2012 at 8:28 pm

    ချစ်တတ်လိုက်တဲ့ ဧရာဝတီ (မြစ် မဟုတ်) ..
    အဖြည့်ခံဘဝ ဖြစ်ရရင်လည်း
    သူနေတတ်တယ်တဲ့ …
    ချစ်တတ်ရင် အပြစ်မဖက်ဘူးဆိုတာ
    ဒါမျိုးနေမှာ ….
    အားပေးသွားပါတယ်ခင်ဗျာ ..

  • P chogyi

    August 7, 2012 at 8:49 pm

    မနူးမနပ်မို့ ရူးတတ်ခဲ့တာ၊
    ရင့်ကျက်လာတော့
    ကြိုးစားပြီးမေ့ပစ်လိုက်ပေါ့။

    • YE YINT HLAING

      August 7, 2012 at 9:20 pm

      နောက်ဆုတ်ဖို့ ကြိုးစားရင်း ရှေတိုးမိသလို
      မေ့ဖျောက်ဖို့ အားထုတ်မှ ပိုမိုကာ သတိရမိ နေပါတယ်ချင့် — အဲ ဗျ ! ဟဲဟဲ နောက်တာနော် ! ဧရာဝတီ ရဲ့ ကဗျာလေး ဖတ်ရှု ခံစားသွာ့ပါတယ် ။

  • မောင်ပေ

    August 7, 2012 at 9:29 pm

    နှလုံးသားဒဏ်ရာ ဆိုတာမျိုးက တစ်စိမ့်စိမ့်တွေးလေ ပိုခံစားရတာကလား

  • ကြောင်ကြီး

    August 8, 2012 at 10:41 am

    မနှူးမနပ်နဲ့
    တူးချက်
    ပြူးထွက်လို့
    ရူးမတတ်
    ကူးခတ်ဖို့
    ထူးအပ်
    ဗူးသမက်တို့
    ဒူးမျက်..။

  • aye.kk

    August 8, 2012 at 11:01 am

    သ္မီးရေ…
    နုပျိုငယ်မြစ်..
    အချစ်ဆိုတာ..
    ရင်မှာတွယ်သစ်…
    ဒဏ်ရာဖြစ်လို ့…
    ရွက်သစ်မှညောင်း….
    ကြွေလွင့်ပြောင်းကာဓမ္မတာ။။

  • snow white

    August 8, 2012 at 7:25 pm

    ကျေနပ်စွာနဲ့ပဲနေရတော့မယ့်ဘဝရောက်နေပါပြီ လေ ကြိုက်နှစ်သက်မိပါတယ် ကဗျာလေးကို အားပေးတယ် အရမ်း ကောင်းပါတယ်။။

  • ချစ်တိုးလေး

    August 10, 2012 at 2:03 pm

    ဧရာဝတိံရေ အားပေးသွားတယ်နော်

  • ayeyarwaddy tun

    August 13, 2012 at 2:03 pm

    အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်

  • maung khinmin

    August 13, 2012 at 3:06 pm

    ရာဇဝင်များရဲ့ …. သတို ့သမီး
    ဧရာဝတီ ရဲ့ …. ညည်းချင်း
    အဖြည့်ခံ ရဲ့ …. စီးချင်းကဗျာ
    ရင်ထဲက ..လာတယ်ထင် ပါ့

    • ayeyarwaddy tun

      March 8, 2013 at 7:59 pm

      ဟုတ်ပါတယ်ရှင်

Leave a Reply