အရာရာပြီးဆုံးပြီလို့ မင်းရောငါရောသက်မှတ်ထားခဲ့ ကြတာပဲလေ……

ကမ္ဘာကြီးတောင်…ရွာတစ်ရွာဖြစ်ခဲ့ တယ်ဆိုတာကို..မင်းရောငါရောဇွတ်အတင်းမေ့ ဖို့ ကြိုစားလို့ မှမရတာလေ….

တကယ်တမ်းမေ့ ပစ်ဖို့ ကြိုးစားခဲ့ တာအနှစ်ယောက်လုံးလေ……

ဆန်းစစ်ကြည့် လိုက်တော့ ငါတို့ နှစ်ယောက်ကအမုန်းနဲ့ လမ်းခွဲတာမှမဟုတ်ပဲ…..

အပြုံးနဲ့ လမ်းခွဲကြတာလေ…….ဒါမှနောက်ဘယ်အချိန်ဘယ်နေရာမှာပဲတွေ့ တွေ့ ခေါ်ပြောနူတ်ဆက်ရအောင်လေ…..

တခုတော့ စိုးရိမ်မိတယ်….မင်းတယောက်ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်ရှိရဲ့ လားလို့ လေ……

လမ်းခွဲတုန်းကပြောခဲ့ တဲ့ စကားမင်းမှတ်မိတန်ကောင်းပါရဲ့ …..

ဘ၀ကိုတိုးတတ်အောင်ကြိုးစား..မသမာတဲ့ နည်းနဲ့ ဘယ်တော့ မှပိုက်ဆံမရှာနဲ့ …ရိုးသားကြိုးစားပြီး…..

မင်းနဲ့ ငါနောက်ဘယ်အချိန်တွေ့ တွေ့ မျက်နှာမလွဲကြေးပွင့် ပွင့် လင်းလင်းရှိကြေး…..ဟန်မဆောင်ကြေး…

ဟုတ်တယ်မဟုတ်လား…ကုန်ကုန်ပြောမယ်မျက်ကွယ်မပြုကြေးလို့ တောင်ပြောခဲ့ သေးတာပဲလေ….

ဟုတ်တယ်….မင်းရောငါရောပြဲပြင်ဖန်တီးခဲ့ ကြတဲ့ လမ်းခွဲလေးတခုပါပဲ……နှစ်ယောက်အတူကြိုးစားလို့ ရတာပဲလို့ ….

ပတ်ဝန်းကျင်ကပြောတော့ ….ငါကတစ်ယောညက်နဲ့ တစ်ယောက်ငဲ့ ညှာရတာတွေ…အားနာရတာတွေနဲ့ ပက်သက်ပြီး

လိုရာပန်းတိုင်ရောက်မှာမဟုတ်ဘူးလို့ ပြောတော့ ….မင်းကတောင်အားပေးလိုက်သေးတယ်….သိပ်မှန်တဲ့ စကားပဲတဲ့ ….

ငါကတော့ တစ်ယောက်ထဲရုန်းကန်လှူပ်ရှားကြိုးစားခဲ့ ရတာတွေကိုတခါတလေကြတော့ ပင်ပန်းသလိုရှိခဲ့ ပေမဲ့ ငါကျေနပ်တယ်….

မျှဝေခံစားလို့ ရတဲ့ ကိစ္စဆိုလည်း…မင်းကိုပြေးမြင်မိတယ်……ဘာလို့ လည်းဆိုတော့ မင်းနဲ့ ငါက………………

ဘယ်နေရာ….ဘယ်အချိန်မှဘယ်လိုပုံစံနဲ့ ပြန်တွေ့ ကြမယ်လို့ မင်းရောငါရော ကတိ က၀တ်တွေ ထားခဲ့ကြတာမှ မဟုတ်တာပဲ ။

တစ်ချိန်ချိန်မှာ…. ပြန်ဆုံနိုင်သလို မျဉ်းပြိုင်နှစ်ကြောင်းလည်း ဖြစ်သွားနိုင်တယ်နော်။

ဘာပဲပြောပြော ပြန်ဆုံချိန်ကို ပြန်ရဥင်္ီးမယ်လို့  ငါတော့ ထင်မိတယ်။

မင်းေ၇ာ ငါ့လိုပဲ မဟုတ်လား ။ ငါ အတ္တ ဆန်ချင် ဆန်သွားလိမ့်မယ်။ ငါ မေးတဲ့ မေးခွန်းတော့ သိချင်သားပင် ။

မင်းလျှောက်နေတဲ့ လမ်းတစ်လျောက်မှာလည်း ဘယ်လို အခက်အခဲ ၊ ဘယ်လို ပင်ပန်းမှုနဲ့ ပဲ ကြုံပါစေ ။ ဘ၀ကို ကြံ့ကံ့  ခံနိင်တဲ့ သူ တစ်ယောက်ဖြစ်ပါစေ ။

သာယာသော ပန်းခင်းတဲ့ လမ်းများကို လျှောက်လှမ်းနိုင်ပါစေ..လို့  ငါ မင်းအပေါ် ဖြူဖြူစင်စင်နဲ့ ဆုတောင်းမိတယ်။

မင်းရောငါရော.သိထားကြသလိုပေါ့ကွာ. ကမ္ဘာကြီးဟာ ရွာလေး တစ်ရွာဆိုတာကိုပေါ့ ။

ချစ်ခြင်းမေတ္တာဖြင့်

မိုးမင်းသား

About မိုး မင်းသား

မိုး မင်းသား has written 48 post in this Website..

သတိ ရခြင်း ငှက်... အချစ်ပင် ထက်မှာ ရောက်နေတယ် ။

   Send article as PDF