ဒါကိုဘယ်လိုခေါင်းစဉ်အောက်ထည့်မလဲ?

1 ဖော်တဲ့မော်ဒယ် တစ်
2 လန်းလန်းကလေး 2
3ပြည့်ဖြိုးလျံလေးပေါ့ 3

 

“ဒါကို ဘယ်ခေါင်းစဉ်အောက်ထည့်မလဲ?????????????????????”

 

 

ကျနော်တို့နိုင်ငံမှာ အရက်ဘီယာ စီးကရက်ကြော်ငြာတွေကိုအားမပေးပါဘူး။

“ဘီယာဟာအရက်တော့ မဟုတ်ပါ”လို့ကိုနေအောင်ကြီးကြော်ငြာတုံးကတော့

အားလဲပေး ဆဲလဲဆဲပေါ့။

နောက်တော့ တီဗွီမှာ ဂျာနယ်မှာ မဂ္ဂဇင်းမှာအရက်ဘီယာမပြောနဲ့ အဖျော်ယမကာဆိုတဲ့စကားလုံးတောင်

မသုံးရတော့တဲ့အထိ တင်းကျပ်ခဲ့ပါတယ်။

နောက်တော့ သူတို့ အမှတ်တံဆိပ်တွေကို ရေသန့်ပုံပြောင်းလို့တွေ့လာရပြန်ပါတယ်။

အစိမ်းရောင် ထမီရင်လျှားနဲ့မိန်းမချောလေးပုံကို ဘီယာကြော်ငြာမှာတွေ့လာရပြန်ပါတယ်။

ချစ်စရာကောင်းပါ၏။

ကျနော်အခုရက် တောင်ပိုင်းရှမ်းပြည်ဘက်ခရီးသွားဖြစ်ပါတယ်။

ခရီးလမ်းခုလတ် ထမင်းစားနားကြတော့ ဆိုင်နံရံမှာကပ်ထားတဲ့အရက်ကြော်ငြာတွေကို တွေ့ရပါတယ်။

အတော်ကိုပြောင်မြောက်စွာဖော်ထားပါတယ်.

ဒါပေမယ့်ဒီကြော်ငြာကို မြိုပေါ်မှာမတွေ့ဘူးသေးပါဘူး။

အခုလိုတိုးတက်တဲ့ခေတ်မှာ နိုင်ငံခြားကလူက မြန်မာပြည်လာပြီး စီးပွားရေးလုပ်တော့

သူတို့နဲ့ဆက်စပ်တဲ့သီအိုရီတွေ ပါ မြန်မာပြည်ရောက်လာပါတယ်။

အဲတော့ မားကက်တင်းနဲ့ပါတ်သက်တဲ့သီအိုရီတွေ ကျနော်တို့ မကြားမသိဘူးခဲ့တာတွေ့သိလာရပါတယ်။

အရင်ကမြန်မာကြော်ငြာဆိုရင် လုံလုံခြုံခြုံ ။

အခုဒီပုံလေးမြင်တော့ အောင်ငါတို့လဲ လွတ်လပ်ပဟဲ့လို့တွေးမိပါတယ်။

ဒီပုံတွေမြင်ရင် မားကက်တင်းသီအိုရီတွေထဲမှာ ဘယ်ခေါင်းစဉ်အောက်ထည့်မလဲဆိုတာသိချင်ပါတယ်ဗျာ။

 

 

ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့

(7-8-2012)

 

 

28 comments

  • ကြောင်ကြီး

    August 8, 2012 at 10:52 am

    သောက်ရန်
    တပြွတ်
    ငေါက်အမှန်
    အစွတ်
    ကြောက်ပြန်
    ငမွတ်
    လောက်တန်
    လဗျွတ်။

  • surmi

    August 8, 2012 at 10:54 am

    မသောက်လည်းမူး မြင်ရင်လဲရူး ဒီလိုပေးကြည် ့မယ်

  • Khaing Khaing

    August 8, 2012 at 11:13 am

    `သိသူဖော်စား မသိသူကျော်သွား´ ခစ်ခစ်ခစ် …… သဒ္ဒါတရားထက်သန်သူတွေပေ့ါ …. ကုသိုလ်လည်းရ ဝမ်းလည်း ဝ ……..

  • ko khin kha

    August 8, 2012 at 11:45 am

    ပိုမိုရှင်းအစား စကားလုံးအသစ်ပေးလို့များရရင် ဖော်မိုးရှင်းပေးချင်ပါရဲ့။

  • cherry nwe

    August 8, 2012 at 12:13 pm

    မြန်မာတွေရောဟုတ်ရဲ့လားလေးလေးပေါက်ရယ်

  • မောင်ပေ

    August 8, 2012 at 12:28 pm

    နို့ပြ မာကတ်တင်း လို့ ခေါင်းစဉ်တွင်စေ သတည်း

  • Liquid_Sn@ke

    August 8, 2012 at 1:30 pm

    it’s just a sex-sell

    Sex in advertising or sex sells is the use of sexual or erotic imagery (also called “sex appeal”) in advertising to draw interest to a particular product, for purpose of sale. A feature of sex in advertising is that the imagery used, such as that of a pretty woman, typically has no connection to the product being advertised. The purpose of the imagery is to attract the attention of the potential customer or user. The type of imagery that may be used is very broad, and would include nudity, cheesecake, and beefcake, even if it is often only suggestively sexual.

    http://en.wikipedia.org/wiki/Sex_in_advertising

    😀

  • nozomi

    August 8, 2012 at 1:46 pm

    ကြားဖူးတာ မှန် မမှန်တော့ မသိ
    မိန်းမတွေရဲ့ အဲဒီနေရာကို မှန်မှန်ကြည့်ပေးရင် အသက်ရှည် ဆိုပဲ
    ကြည့်သူတွေ အသက်ရှည်စေဘို့ ဒါနပြုပေးနေတဲ့ ကလေးမလေး
    ကျန်းမာပါစေ ချမ်းသာပါစေ
    ဒါ့ထက် ပိုတိုးလို့ ဒါနတွေ ပြုနိုင်ပါစေ

  • etone

    August 8, 2012 at 3:32 pm

    လေးပေါက်ရေ … ပြောမယ့်သာပြောတာနော် … ဒီလိုပုံတွေဆို … သူချည်းပဲရိုက်နေရတယ် … ။ အကျိုးပေးတယ်ထင်ပါရဲ့ … အဟီး 😀 ဒီထက်နည်းနည်းပိုပိန်လျှင် ပိုကြည့်လို့ကောင်းမယ် …. 😉

    အရက်ပုလင်းထက် .. လူပုံက ပိုကြီးနေတာ …. တစ်ခါတစ်လေ ကြော်ငြာမြင်လျှင် ဘာများကြော်ငြာတာပါလိမ့်လို့ …….. မြင်အောင်ကြည့်ရတယ် … ။ 😀 😀 😀

  • myanmarcitizen

    August 8, 2012 at 3:36 pm

    သာဓုပါ တော် ။ သူများတွေကို ကင်မရာမန်း ဖြစ်ချင်တာ ကွယ် 🙂 ဂလု ဂလု

  • နေဝန်းနီ

    August 8, 2012 at 3:44 pm

    မားကက်တင်းကို ခေါင်းစဉ်ပြောင်းလိုက်တော့ ဖော် ကက်တင်းပေါ့ဗျာ………… ဟုတ်ဘူးလား

  • မဟာရာဇာ အံစာတုံး

    August 8, 2012 at 4:16 pm

    ကြော်ငြာကတော့ ..
    လန်ထွက်နေတာပဲ ….
    သားသားဂဒေါ့ဖြင့် ဒါပဲ ကြောတတ်တယ် .. 😀

  • mocho

    August 8, 2012 at 4:40 pm

    ကျေးလက်ဒေသတွေ ဟာ မြို့ ပြထက် စာရင် လုံခြုံ မှု ၊ တရားဥပဒေ စိုးမိုးမှု တွေ အားနည်းပါတယ်။ ပညာရေး ဆိုရင်လည်း လည်း အများ အားဖြင့် ၄ တန်းလောက်နဲ့ ကျောင်း ပြီး သွားတတ် ကြတော့ အသိပညာ ဗဟုသုတ အားနည်း တတ်ကြပါတယ်။ ..ဒီလိုအခြေ အနေမျိုးတွေမှာ ဒီလိုကြော်ညာတွေနဲ့ ဆိုတော့ ……
    ကျေးလက်ဒေသတွေ က မိန်းကလေးတွေ လိင်ပိုင်း ဆိုင်ရာ အနိုင်ကျင့် စော်ကား ခံရ တဲ့အဖြစ်တွေရဲ့ တရားခံ တွေ ထဲမှာ အဲဒီ ကြော်ညာ တွေ အဓိက ပါနေပါတယ်။

  • ကိုရင်စည်သူ

    August 8, 2012 at 4:53 pm

    ချိတ်ညစ်လို့ အရက်ဒွေတောက်ဒယ်..
    အရက်ဒေါက်တော့ ပုံကြည့်မိဒယ်…
    ကြည့်မိဒေါ့ အရမ်းကို ဂွဒ်ဒယ်…
    ဒဂုံ ဒဂုံတဲ့ဗျ…. ဒဂုံဆိုတာ ရမ်ကို ခေါ်ဒယ်..
    ရမ်ကိုဒါ ရေလိုတောက်ရင်.. 😆 😆
    အရင်တုန်းက ခွေးဖြစ်နေတုန်းက ဘီးအီးဆိုမှာ
    တောက်ဖူးတာလေး ဆိုကြည့်တာပါ။
    အဲ့မာကတ်တင်းက ခပ်တင်းတင်းပဲနော်.. 😛 😛

  • R Ga

    August 8, 2012 at 5:25 pm

    လေးပေါက်က ဘီယာဆိုင်မှ သိပ်မထိုင်ဖြစ်တာကို အဲဒီလိုကြော်ငြာတွေက ဘီယာဆိုင်တို့ ဘာတို့မှာ အပေါသားဗျ..။
    နောက်အဲဒီလို ကြော်ငြာတွေကိုလည်း ဆင်ဆာမတင်ဘဲရိုက်နေတာ အတော်ကလေးကြာပေါ့..။

    အဲဒီ ဒဂုံ အရက်ကဘယ်ကထုတ်လည်းဆိုတော့ စစ်အစိုးရရဲ့ ဦးပိုင်ကလေဗျာ..။ ဒီတော့ ဒီလောက်တော့ ရှိပေမပေါ့။

  • yanway7

    August 8, 2012 at 5:40 pm

    ဟုတ်တော့လည်းဟုတ်ပါတယ် အစ်ကိုပြောတဲ့အတိုင်းပါပဲ

    တံခါးဖွင့်ပေးထားတိုင်းလည်း အရမ်းကာရောဝင်ထွက်သွားလာခြင်းမျိုးတော့မလုပ်သင့်ဘူးပေါ့ဗျာ
    ဘာပဲပြောပြော အစ်ကိုတင်သမျှကို ဖတ်ဖို့အတွက်ကျွန်တော်ကတော့ ဒီ site မှာ log in ထားတာပါ

    အရက်ကို ကြောငြာတာလား ဘာလားတော့မသိတော့ဘာဘူး
    ကောင်းမကောင်းလည်းမသိ ပါဘူး ဒါပေမယ့်

    အရက်တရားကင်းလွန်းတာတော့မကောင်းဘူးပေါ့ဗျာ

  • မိုး မင်းသား

    August 8, 2012 at 6:03 pm

    ကိုပေါက်ရေ….

    ဟိ..ဟိ….အားပေးသွားပါတယ်….

    အရက်ကိုပြောတာမဟုတ်ပါနော်….

    ကိုပေါက်ရဲ ့လက်ဆော ့လေးကကောင်းလိုက်တာဗျာ……..ကျေးကျေးကိုပေါက်

  • YE YINT HLAING

    August 8, 2012 at 9:22 pm

    ဦးပေါက် ဘီယာသောက်ရင်းကနေ ပိုစတာ တွေဘက် လှည့်လှည့်သွားတာဒါကြောင့်ကိုး ! ( ဒါတ်ပုံ ရိုက်ဖို့ ပြောတာပါ ဟဲဟဲ )

  • Liquid_Sn@ke

    August 8, 2012 at 9:36 pm

    နေ့လည်က တွေ့လိုက်ပြီး … အကျဉ်း မန့်လိုက်ပေမယ့် ..
    အခုမှ အားသွားလို့ အကျယ် မန့်လိုက်ပါတယ် လေးပေါက်ရေ. ..

    အခုလိုတိုးတက်တဲ့ခေတ်မှာ နိုင်ငံခြားကလူက မြန်မာပြည်လာပြီး စီးပွားရေးလုပ်တော့
    သူတို့နဲ့ဆက်စပ်တဲ့သီအိုရီတွေ ပါ မြန်မာပြည်ရောက်လာပါတယ်။
    အဲတော့ မားကက်တင်းနဲ့ပါတ်သက်တဲ့သီအိုရီတွေ ကျနော်တို့ မကြားမသိဘူးခဲ့တာတွေ့သိလာရပါတယ်။
    အရင်ကမြန်မာကြော်ငြာဆိုရင် လုံလုံခြုံခြုံ ။
    အခုဒီပုံလေးမြင်တော့ အောင်ငါတို့လဲ လွတ်လပ်ပဟဲ့လို့တွေးမိပါတယ်။
    ဒီပုံတွေမြင်ရင် မားကက်တင်းသီအိုရီတွေထဲမှာ ဘယ်ခေါင်းစဉ်အောက်ထည့်မလဲဆိုတာသိချင်ပါတယ်ဗျာ။

    အဲ့ဒါ မမှန်ဘူး ဆိုတာလေး ..ပြောခဲ့ချင်ရဲ့ …
    Advertising ဟာ Advertising သက်သက် ဖြစ်ပြီး
    Sales ဟာ Sales , Marketing ဟာ Marketing ဖြစ်ကြောင်း
    ကနဦး ရှင်းပါရစေ …။

    ဒါဟာ Advertising သက်သက်ပါ…။ Sex-sell approach
    နဲ့သွားတဲ့ Advertising သက်သက်ပါ …

    သမိုင်းကို ပြန်သွားကြည့်ရင် (များများမသွားပါဘူး)…စက်မှု ခေတ်ပြောင်းတော်လှန်ရေး
    လောက်ထိ သွားကြည့်ရင် …ပစ္စည်းတွေ ပေါပေါများများ ထုတ်တယ် ရောင်းတယ်
    ဆိုတဲ့ ခေတ်ပေါ့ဗျာ … အဲ့သည်မှာ ရောင်းကောင်းချင်တော့ ကြော်ငြာတယ် ဆိုပါတော့ …
    အဲ့သည့်မှာ Sales ကို တိုးတက်ဖို့ ထောက်ကန်ဖို့ Advertising မွေးဖွားလာတယ် ပြောရမယ်ဗျို့ …

    Advertising မွေးဖွားလာပြီး ဘယ်လောက်မှ မကြာခင်မှာပဲ …. Sex-Sell ဆိုတဲ့
    အယူအဆ မွေးလာတာဗျ ….ပြောရရင် အဲ့ဒါ ၁၉ရာစု ကတည်းက ဆိုပါတော့ဗျာ …
    (အသေးစိတ် မရှင်းတော့ဘူး ကျနော်ပို့တဲ့ လင့်ခ်မှာ လုံလောက်တယ် ထင်တယ်နော..)

    ဒါတွေဟာ … မားကတ္တင်း ရဲ့ တစုံတရာသော ခေါင်းစဉ်အောက် က ဆိုပြီး ..
    အပြောမခံချင်တာ အပြောမခံနိုင်တာ ကတော့ …မားကတ္တင်း ဆိုတဲ့ ပညာရပ်တခုဟာ
    ဒုတိယကမာ္ဘစစ်ပြီးတဲ့ ကာလမှ ပေါ်ထွန်းလာတဲ့ ပညာရပ်တခု ဖြစ်တော့သကိုးဗျာ….
    အတိအကျပြောရရင် …၁၉၇ဝ ပြည့်လွန်နှစ်တွေမှာ ဆိုပါတော့ …

    သည်တော့ ကိုပေါက် ရေးထားတဲ့ …မားကတ္တင်းကြောင့်ပဲ ဒါတွေ ဖြစ်လာသလိုလို
    ဒါကပဲ မားကတ္တင်း ရဲ့ ပုံစံကွဲ တခုလိုလို ..ပြောထားတာ လုံးဝ မမှန်ကန်ကြောင်း …
    သည်နေရာကနေ ငြင်းခွင့်ပြုပါဗျာ…။

    အပေါ်မှာ မားကတ္တင်းလို့ သတ်မှတ်ပြီး …ထင်ယောင်ထင်မှားဖြစ်ပြီး …
    ရေးထားတဲ့ မန့်ထားတဲ့ ရေးဖော်အပေါင်း သူငယ်ချင်း အပေါင်း ကို..
    ပြောချင်တာတခုက …
    မဟုတ်တာကို မဟုတ်ကြောင်း မမှန်တာကို မမှန်ကြောင်း မပြောဖြစ်ခဲ့ရင်
    ဆိုပြီးတော့ စိုးရိမ် မိရာကနေ ….
    အမှတ်မှားခဲ့ကြ အစွဲမှား ခဲ့ကြရင် ဆိုပြီး တွေးမိလို့ ဝင်ရေးလိုက်ပါတယ်..

    ကျနော် Sex-sell နဲ့ပါတ်သတ်ပြီး စာ တပုဒ် ရေးဖူးပါတယ်…
    အကြောင်းမတိုက်ဆိုင်တာကြောင့်လည်းကောင်း …
    နည်းနည်း controversial ဖြစ်သွားမှာ စိုးရိမ်တာ …
    ဒါမျိုးတွေကို ထောက်ခံ သယောင် အားပေးသယောင် ဖြစ်မှာ စိုးတာကြောင့်ရော ..
    မတင်ဖြစ်ခဲ့တာပါ ….. ကျနော် သိမ်းထားတဲ့ အထဲ ပြန်ရှာကြည့်ပါဦးမယ်…..

    အဲ့သည့်အထဲမှာ စိတ်ဝင်စားစရာ တခုက ဘာလဲဆိုတော့..
    လွတ်လပ်ရေး မရခင်ခေတ်က ပြည်တွင်းမှာထုတ်ခဲ့တဲ့ စာနယ်ဇင်း တွေမှာပါတဲ့
    ကြော်ငြာ တချို့ပါပဲ … အဲ့သည့်ကတည်းက Sex-sell Approach ပါနေပါပြီ …
    ကမာ္ဘမှာ … ဆက်စီကျအောင် ကြော်ငြာ အေး…ရောင်းရတာပဲကွ … ဆိုတဲ့ အတွေးအခေါ်
    ပေါ်ပြီး နှစ် ၅ဝတွင်းတောင် မရောက်သေး.. (တကယ်က သည့်ထက် စောဦးမလား
    မဆိုနိုင် မှတ်တမ်းမှတ်ရာ အရ စောတာတွေ ကြုံရင် ကြည့်ချင်သားဗျာ …) အဲ့သည့်ကတည်းက
    ပြည်တွင်းမှာပါ မစိမ်းတဲ့ Sex-sell approach ကို ၁၉၇ဝ ကျော်မှ ပေါ်လာတဲ့ Marketing
    ရဲ့ မူကွဲ တခု အနေနဲ့ တံဆိပ်ကပ်တာတော့ …လက်ခံနိုင်စရာ မရှိပါဘူး လို့ ပြောချင်ပါရဲ့…

    ကမာ္ဘတန်း .. Sex-sell Advertising Approach နဲ့ … Marketing ဆိုတဲ့အရာ ..
    စတင်ပေါ်ထွန်းလာတာ ..နှစ်ပေါင်း ၁၀ဝ လောက်ကွာသည့်တိုင်အောင် …
    ဒါဟာ နိုင်ငံခြားသားတွေ ကိုယ့်ပြည်တွင်းကို ဝင်လာလို့ ခုမှ ထူးထွေသည့်အံ့ဖွယ်ကြုံရတဲ့
    အရာ ပုံစံမျိုး ရေးတာကိုတော့ ဆန့်ကျင် ရှုံ့ချ မိပါကြောင်းဗျာ …။

    ဒါဆို ကျနော် ဘာကြောင့် မားကတ္တင်းရဲ့ မကောင်းကြောင်း ပြောတဲ့ ပိုစ့်တွေ ရေးနေလဲ
    မေးစရာ ရှိပါတယ်.. ဟုတ်ကဲ့ ..ကျနော် မားကတ္တင်းရဲ့ ကောင်းကြောင်းတွေ ..
    သူ့ကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ …ပိုမို အကျိုးစီးပွားဖြစ်ထွန်းလို့ … ပိုမို
    အလုပ်ဖြစ်တာတွေ .. မရေးချင်သေးပါဘူး … ။ ပြောရရင် …အဲ့ဒါတွေ တို့ …
    ကိုယ်လုပ်နေတာသာ အလွန်ကောင်းတဲ့ အလုပ် ဆိုတာမျိုးတို့ …ကိုယ်ရည်သွေးတာတွေကို
    မနှစ်မြို့သူပါ …။ ပြောင်းပြန်အားဖြင့် … မကောင်းသောနည်းနဲ့ မားကတ္တင်းကို အသုံးချတာတွေ..
    မသမာတဲ့ မားကတ္တင်း မတ်သတ်တွေ … ပရိုက်တစ်စ်တွေ သရုပ်ကို ပေါ်အောင် ရေးဖြစ်ပါတယ်..

    ဒါဟာ ဘာလို့လဲ လို့ မေးလာရင် … သာမန်ပြည်သူလူထုအနေနဲ့ …
    မားကတ္တင်း ကောင်းကွက်ကြောင့် အကျိုးရလာဒ် ဖြစ်လာမယ့် အနေအထားထက် …
    မသမာတဲ့ မားကတ္တင်း ဆိုင်ရာ လုပ်ရပ် တချို့ကြောင့် …မသိ နားမလည်သူ တွေ …
    အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်ရတာမျိုးတွေကို ဇောင်းပေးရေးဖြစ်နေတာရယ်ပါ..
    MLM ကစလို့ .. ယနေ့ထိ မူမမှန်သော ..မစစ်မှန်သော …ကိုယ်ကျိုးဖက်သော …
    လိုရာဆွဲသော .. ဦးနှောက်ဆေးသော … အမည်းရောင် မားကတ္တင်း dark side of marketing
    ကိုဇောင်းပေးရေးနေဖြစ်ပါတယ် …. ကောင်းတဲ့ဘက်ကိုလည်း ရှေ့လျောက် ..အတိအလင်း..
    မျှပြီးရေးသွားမယ် လို့ သဘောထားပါတယ်…။

    နောက်ဆုံး စကားအနေနဲ့….
    ရိုင်းရိုင်းနဲ့ ရင်းရင်းနှီးနှီးပဲ ပြောပါရစေတော့….။
    သည်ပိုစ့်ကတော့ ..လွန်ခဲ့တဲ့ နှစ် ၁၀ဝကျော်က ပေါ်ခဲ့တဲ့ ..Sales နဲ့ပါတ်သတ်တဲ့ Ad ..Technique
    တခုကို Marketing ကို လင်ကောင်ဖော်သလို …ရေးထားတာကြောင့် …
    ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ရှုံ့ချပါကြောင်း နဲ့ …
    Marketing Professional အပေါင်းကို …မှားယွင်းမိပါကြောင်း
    တောင်းပန်စေချင်တာပါပဲ …

    သည်တခုတော့ … ရင်းနှီးချစ်ကြည်စွာ တိုက်တွန်းနှိုးဆော်လိုပါရဲ့ …
    ဘာကြောင့်လဲဆို ..သည်ဆိုက် ရဲ့အဆင့်အတန်းအပြင်
    သည်ဆိုက်မှာရေးနေ မန့်နေ.. (မရေးမမန့်နေပေမယ့် ဖတ်နေသူတွေရဲ့)
    အဆင့်အတန်း ကြောင့်ပဲ ဖြစ်ပါတယ်….

    • မိုက်ကယ်ဂျော်နီအောင်ပု

      August 8, 2012 at 11:15 pm

      ဒီလိုမျိုးကြော်ငြာကို သဂျီးမင်းဂလဲ
      မူမမှန်တဲ့ကြော်ငြာဒေဘာလို့ ပြောဘူးသလားဘဲ
      အမှတ်အမှားဘူးဆိုရင်
      လူတစ်ယောက်အရက်ခွက်ကိုင်ထားတဲ့ပုံကို ကော်မန့်ထဲမှာပြထားဒယ်
      ဘယ်ပိုစ့်မှာလည်းသိဘူး
      သဂျီးမင်းဖြေရှင်းဘာ
      😀 ပြေးဘီ

  • P chogyi

    August 9, 2012 at 9:12 am

    ပွင်းလင်းမြင်သာသော ကြော်ငြာပေါ့။

  • ဖိုးထောင်

    August 9, 2012 at 11:18 pm

    မန့်သွားတာတွေကောင်းတော့ ကိုယ်မန့်ဖို့မကျန်တော့ဘူး
    အဲဒီတော့ ပုံကြည့် ဂလုပြီးပြန်သွားတယ်ကွာ ဘာဖြစ်လဲ

  • pu ma

    August 10, 2012 at 8:06 am

    ကိုပေါက်ရေ
    ကြော်ငြာမှားနေတယ်၊pep နို့မှုန့်ကြော်ငြာရမှာ၊မိန်းမတွေပိုက်ဆံရပြီးရော
    အရှက်တရားမရှိကြတော့ဘူး၊ရွာသားတွေကတော့ဂလုနေကြတာပဲနော်

  • kai

    August 11, 2012 at 3:14 am

    မိခင်တယောက်က… ကလေးနို့တိုက်ပုံနို့တိုက်နည်းကို.. ဗီဒီယိုလုပ်တင်တာ.. Porn ဆိုဒ်ကသုံးလိုက်လို့.. တရားစွဲသတဲ့..
    ဆိုတော့..
    မြန်မာမိုဒယ်တွေလည်း.. ဓါတ်ပုံဆရာနဲ့..ကုမ္ပဏီတွေရဲ့.. အလွဲသုံးစားများ လုပ်ခံရသလား..
    တရားစွဲလ်ို့ရမလားပေါ့နော.. :mrgreen:

    Mom sues after breast-feeding how-to video used in porn
    The Associated Press
    Posted: Aug 10, 2012 8:09 AM ET
    Last Updated: Aug 10, 2012 8:51 AM ET

    A U.S. woman is suing after the breast-feeding instructional video she made with her month-old daughter was combined with pornographic footage and posted online.

    “It was terrifying,” said MaryAnn Sahoury, who said she had seen an opportunity to help women who had trouble getting their babies to nurse.
    Maryann Sahoury is suing a production company after an instructional breast-feeding video she appeared in was taken by a third party and used to create pornography.Maryann Sahoury is suing a production company after an instructional breast-feeding video she appeared in was taken by a third party and used to create pornography. (Katie Zezima/Associated Press)

    Last week, a federal judge in New Jersey ruled that a lawsuit Sahoury filed against Meredith Corp., an media and marketing company that shot and produced the video for Parents TV, could proceed.
    http://www.cbc.ca/news/world/story/2012/08/10/nj-breastfeed-porn.html

Leave a Reply