” နေပါစေ ချစ်လို့ ( ၂ ) ”

YE YINT HLAINGAugust 8, 20121min22122

-( E )-

ဓာတုဆောင် အတွင်းမှ ရေသန့်ဗူး ခွံများက အဆောင် ဝင်းနံရံ အားကျော်ကာ ကျောင်းသားအုပ်စု ရှိရာသို့ လွင့်ပျံထိမှန် ကြသည် ။ ရေသန့် ဗူးခွံအလွတ်နှင့် ထိမှန် မိသော အဆောင်သားများမှာ ပြောလောက်အောင် နာကျင်မှု မရှိသော်လည်း အဆောင်တွင်းမှ သဇင်ဦး ပစ်လွှတ်လိုက်သော ရေတဝက် သာသာပါသော ရေသန့်ဗူး က အရှိန်ပြင်းစွာ- လူအုပ် အားကျော်၍ ဓာတုဆောင်ဘက် ကျောပေးကာ ဂစ်တာတီး နေသော- မျိုးကြီး ထ၍ အရပ်တွင် ကျောကုန်းတည့်တည့် သို့ ဘုန်းကနဲ ထိမှန်လေသည် ။ မျိုးကြီး တယောက် ထိမှန်စဉ်က ဘုန်း ! အ ! ဟု တချက်သာ အော်နိုင်ရုံလောက်အထိ ထိချက်ကပြင်းသည် မို့ ခဏအကြာ အသက်ဝအောင် ရှုလိုက်ရသည် ။ ပြီးမှ ဓာတုဆောင်ဖက် လှည့်ကာ ရေသန့်ဗူးနှင့် ထုသူ အဆောင်သူများအား အော်၍ ဟစ်၍ ကလော်တုတ်လေရာ အဆောင်တွင်းမှ  အဆောင်သူများထွက်လာကြပြီး အဆောင်ေ.ရှရှိအဆောင်သားများကို သဇင်ဦး မှ စတင်၍ ” ဩ ! နင်တို့ က ငါတို့ အဆောင်မှူး မရှိဘူး ဆိုပြီး အဆောင်ေ.ရှမှာ ထင်ရာလာအော်နေကြတာပေါ့လေ “ဟု ဆိုလေရာ ကျန်အဆောင်သူများကလည်း သဇင်ဦး နည်းတူ ပြောဆိုကြပြီး ကျောင်းအုပ်ကြီးအိမ် သို့ သွားရောက်တိုင်တန်းကြမည် ဟုဆိုလာကြသည် ။ ခံလိုက်ရသည့် မျိုးကြီး မှလည်း တခွန်းမခံ ပြန်ပြောလေရာ မျိုးကြီးဘက် မှနေ၍ အဆောင်သားများက ဝင်ရောက်ပြောဆိုကြ၍ ဓာတုဆောင်ေ.ရှရှိ အဆောင်သူ- အဆောင်သား များ၏ ထိပ်တိုက်တွေ.ပွဲကြီး မှာ ပို၍ ဆူညံလာသည် ။ ဤနှစ်ဘက် ကို ဦးဆောင်ပြောဆို နေကြသူ နှစ်ဦးမှာ မျိုးကြီး နှင့် သဇင်ဦး တို့ နှစ်ဦး ဖြစ်ရာ သဇင်ဦး အနားသို့ လပြည့် နှင့် မြတ်နိုးက တိုးကပ်သွားပြီး ဖြောင်းဖြ ပြောဆိုလေသည် ။ ထိုနည်းတူ သော်ကြီးနှင့် ဂဲကြီး ကလည်း မျိုးကြီး အား ဆက်လက်ပြောဆို မှု မပြုရန် ဖြောင်းဖြ ပြောဆိုလေသည် ။ ယင်းသို့ရှိစဉ် လပြည့် က အဆောင်သားများဘက်သို့ လှည့်၍  ” ခုလိုည မှာ အဆောင်နား ဂစ်တာလာတီး သီချင်းတွေ ဆိုပေးကြလို့ အစက အဆောင်သူတွေက ဒီလူအုပ်ကြီး ကို ဘာကျွေးရရင် ကောင်းမလဲ ဆိုပြီး စဉ်းစားတိုင်ပင်နေကြတာ ။ နောက်တော့ ပေါက်ကတွေ အော်လာကြတယ်  ” ဟုဆိုလာရာ နေကြီးဖက်တီး က ” ဒါဆို ပေါက်ကရတွေ မအော်တော့ဘူး ။ တကယ်ကျွေးမှာလား “ဟု စပ်ဖြီးဖြီး မျက်နှာကြီးနှင့် လပြည့် အားမေးလေရာ မကျေနပ်သေးဟန်ရှိသော အဆောင်သူများ က မကျွေးဘူးဟု ပြောကြသလို ကျေနပ်ပြေလည်လိုသော အဆောင်သူအချို့ ကမူ ကျွေးမည်ဟုဆိုလာသည် ။ ထို့ကြောင့် နေကြီး ဖက်တီး က ဘာကျွေး မှာလဲဟု ဆက်၍ မေးလေရာ မြတ်နိုး က မယ်ဇလီ ဖူးသုပ် ဟု ဖြေလိုက်ရာ စိုးကြီး မျက်နှာမှာ ပြုံးပြုံးကြီး ဖြစ်၍သွားသည် ။ အကြောင်း က ယနေ့ညနေပိုင်း အချိန်က ရေတမာဆောင် ပတ်လည်ရှိ မယ်ဇလီ ပင်များပေါ်သို့တက်ခါ မယ်ဇလီဖူး များခူး၍ မြတ်နိုး အတင်း လက်မခံ ဖြစ်ခဲ့တာကို မရမက ပေးခဲ့ခြင်းကြောင့် ဖြစ်သည် ။ ယခု မြတ်နိုး က သူခူးပေးခဲ့သည့် မယ်ဇလီဖူး များကို ပြုတ်ထားသည် ဆို၍ စိုးကြီး ပြုံးသွား ပျော်သွားခြင်းဖြစ်သည် ။ သို့သော် ဒီလူအုပ် နှင့် ပြုတ်ထားသည့်  မယ်ဇလီဖူး များ မှာ မလောက်မငှမို့  မြတ်နိုး နှင့် အဆောင်သူ အချို့ က ထပ်ခူးပေးပါဟု တောင်းဆိုလာရာ စိုးကြီး က သွက်လက်စွာပင် သူ၏ အနီးတွင်ရှိသော သော်ကြီး နှင့် စည်ကြီး အား သူနှင့် အဖော်လိုက်ပါရန် အတင်း အကြပ် တောင်းဆိုဆွဲခေါ် လေတော့သည် ။

-(    F   )-

ရေတမာဆောင် ေ.ရှရှိ မယ်ဇလီပင် များ အနီးရောက်တော့ စိုးကြီးက စည်ကြီးဘက်လှည့်၍ စည်ကြီးလုပ်ပါကွာ ! ငါညနေက အပင်ပေါ်ကပြန်အဆင်းမှာ ခြေထောက်နာထားလို့ မင်းတက်ခူးပေးပါကွာဟု တောင်းဆိုပြန်ရာ စည်ကြီး က ညဘက်မို့ မတက်နိုင်ကြောင်း ပြောကာငြင်းလေသည် ။ ထို့ကြောင့် စိုးကြီး ၏ မျှားဦး က သော်ကြီး ဘက်သို့ လှည့်လာပြန်သည် ။ စိုးကြီး က မျောက်သေ ပါးချထားသည့် မျက်နှာပုံစံမျိုး နှင့် သော်ကြီး အား ခရားရေလွှတ် တတွတ်တွတ် ပြော၍ တောင်းဆိုလေရာ သော်ကြီး က -မင်းမတက်နိုင်ပဲ ဗူးကျပြီး အာမခံလာပြီး ခုမှ ဖြစ်နေတာ သောက်မြင်ကတ်စရာ ဟု စိုးကြီးအား မကျေမချမ်း ပြောဆိုရင်း မယ်ဇလီပင်ပေါ်သို့ တက်၍သွားလေသည် ။ စိုးကြီး က အဆောင်တွင်းမှ ဓာတ်မီး တလက်အား ယူ၍ အပင်အောက်မှ အပင်ပေါ်ရှိ မယ်ဇလီဖူးများကို အလင်းထိုးကာပြသည် ။ စည်ကြီးက ပုဆိုးဟောင်း တထည်အား မြေတွင် ခင်းဖြန့်၍ သော်ကြီး ပစ်ချသမျှ မယ်ဇလီဖူးများအား ကောက်ယူစုပုံ လေသည် ။ သို့ရှိစဉ် စိုးကြီးက- သော်ကြီးမင်းဘယ်ဘက် အခြမ်းက ကိုင်းကို ကူးလိုက်ဟု အောက်မှဓာတ်မီးထိုးပြရင်း ပြောလေရာ သော်ကြီး မယ်ဇလီ ကိုင်း တကိုင်းရှိရာသို့အကူး ” ဟာ —– ”
” ဂျွတ် ! ဗျောင်း ! ”
” သော်ကြီး ! သော်ကြီး ! ”
” ဘုတ် ! အ ! ”
သော်ကြီး တယောက် မယ်ဇလီပင် ပေါ်မှ ကိုယ့်ရို့ကားယားကြီး ပြုတ်ကျလာသည် ။ ကံကောင်း ထောက်မစွာ အဆောင် အိမ်သာသစ်ဆောက်ရန် အတွက် ပုံထားသည့် ချောင်းသဲပုံပေါ် တည့်တည့်ကျသည် ။ သို့သော် ပြုတ်ကျစဉ်က သစ်ကိုင်းခြစ်မိသွားသော ဘယ်ဘက် လက်ဖျံတွင်မူ အရေပြားများလန်ကာ သွေးပူချိန်မို့ သွေးများထွက်လာသည် ။ စိုးကြီး နှင့် စည်ကြီး က ခြေမကိုင် လက်မကိုင်မိ ဖြစ်နေစဉ် သော်ကြီး က– ” စိုးကြီး ! ငါဘာမှ မဖြစ်ဘူး ! သွား ! သွား ! မင်းမယ်ဇလီဖူးတွေ ကို အချိန်မှီ သွားပို့လိုက် ” –ဟုပြောလေသည် ။ စိုးကြီး ကလည်း- အေး ! အေး ! ပို့ပီး ငါအမြန်ပြန်လာခဲ့မယ်ဟုဆိုကာ ကသုတ်ကယက် ထွက်သွားလေသည် ။ များမကြာမှီ စိုးကြီး နှင့် အတူ အဆောင်သူ/ သားများ ရေတမာဆောင်သို့ ရောက်လာကြပြီး သော်ကြီး၏ ဒဏ်ရာ အခြေအနေကို မေးမြန်းစုံစမ်းကြသည် ။ ထိုလူအုပ်ထဲတွင် လပြည့်လည်း ပါလေသည် ။ လပြည့်က ချောင်းသဲများ နှင့် သွေးများ ပေနေသော သော်ကြီးလက် အား စည်ကြီး ရေဆေးပေးနေသည်ကို မြင်တော့ ” ဒီအဆောင်မှာ အရက်ပျံ တို့ ဂွမ်းတို့မရှိဘူးလား ” ဟုမေးလိုက်သည်။ မရှိကြောင်းသိရသော အခါ သူမနေထိုင်ရာ အဆောင်သို့ ခေါ်၍ သော်ကြီးဒဏ်ရာအား ကျွမ်းကျင်သပ်ရပ်စွာ အရက်ပျံဖြင့် ဆေးကြောပေးပြီး ပတ်တီး   စည်းပေးလိုက်လေသည် ။ ထို တန်ဆောင်တိုင်ညလေးမှစ၍ ရေတမာအဆောင် သားများနှင့် ဓာတုအဆောင်သူ တသိုက်မှာ စတင်ခင်မင်ရင်းနှီးလာကြသည်ဟု ဆိုရပေတော့မည် ။

-( G )-
သူတို့အုပ်စုကို ကျောင်းကုန်းပေါ်က ကန်တင်း အပါအဝင် လဘက်ရည်ဆိုင် ၊ အကြော်ဆိုင်၊ မုန့်ဟင်းခါး ခေါက်ဆွဲဆိုင် များကမျက်စိကျလာကြသည် ။ သူတို့အုပ်စု ဆိုတာ တခြားသူများ မဟုတ်။ ရေတမာ အဆောင်သားများနှင့် ဓာတု အဆောင်သူများ ဖြစ်ကြသည် ။ ကျောင်းတွင်းနှင့် ကျောင်းဝန်းကျင် တွင် တစုတဝေးတည်း အမြဲသွားလာနေခဲ့ကြသည့် ပထမနှစ် ကျောင်းသူ/သားများဖြစ်ကြသည် ။ တနေ့ ကျောင်း၏ အစွန်ဆုံး အရပ်ရှိ ဖိုးသာထူး လဘက်ရည်ဆိုင်၌ သူတို့အုပ်စု အဖွဲ့ကျလျှက်ရှိသော စကားဝိုင်းတွင် သဇင်ဦး မှ စတင်၍ လပြည့်နာမည် နှင့် မကြာခဏ တစုံတဦးက ပန်းများ လာ၍ချိတ်ဆွဲပေးနေကြောင်းနှင့် ယနေ့အချိန်အထိ မည်သူမည်ဝါ ဆိုတာ ဖမ်း၍မမိသေးကြောင်း စကားစလာရာ ဤအကြောင်းအရာမှာ သူတို့စကားဝိုင်း၏ ထိပ်တန်းဆွေးနွေးစရာ ခေါင်းစဉ်တခုလိုဖြစ်လာပီး ဂဲကြီးက တိတ်တခိုး ပန်းဆက်သမား ဟု အမည် ပေးလိုက်လေတော့သည် ။

-( H )-
တခုသောနေ့နံနက်.၏ ဝေလီဝေလင်း အချိန်တွင် ဖြစ်သည် ။ ဂဲကြီး တယောက် စောစောစီးစီး အားရပါးရ အိမ်သာထိုင်ပြီး ထွက်အလာ အဆောင်တွင်းမှ ရွရွလေးလှုပ်ရှားကာ ထွက်လာသော သော်ကြီးကို မြင်လိုက်၍ ခေါ်မည်ပြုစဉ် မသင်ကာဖွယ်ရာ သော်ကြီး၏ အမူအယာ နှင့် လှုပ်ရှားမှုများကြောင့် မခေါ်ဖြစ်တော့ပဲ အနီးရှိ ရေအုတ်ကန် အားကွယ်၍ တိတ်တိတ်လေးစောင့်ကြည့်နေလိုက်သည် ။ သော်ကြီး ကတော့ အဆောင်အား လှည့်ကြည့် လှည့်ကြည့် လုပ်ကာ အဆောင်ပြင်သို့ ထွက်သွားလေသည် ။ ထွက်သွားသော သော်ကြီး၏ကျောပြင်အား ကြည့်ရင်း ဂဲကြီး တယောက်မေးခွန်းများနှင့်ကျန်ခဲ့သည် ။ ညဘက်ရောက်တော့ အိပ်ယာဝင်ခါနီးအချိန်တွင် ဂဲကြီးက သော်ကြီး ကုတင်ရှိရာသို့ သွားပီး သော်ကြီး နားရွက် နားသို့ ကပ်ကာတိုးတိုးလေး အစ် လိုက်သည် ။ ” ဟေ့ကောင် သော်ကြီး ! မင်း မနက်က အဆောင်ကနေ တိတ်တိတ်လေး ထွက်သွားပြီး ဒေါ်နှင်းဆီ ခြံမှာ ပန်းသွားဝယ်တယ် ။ ပီးတော့ မင်း — တိတ်တခိုး ပန်းဆက် သမားလုပ်ပြီး အဆောင်ပြန်လာတယ် ။ အဆောင်ဝ ရောက်လို့ နေကြီး နဲ့တိုးတော့ ဒီနေ့ မနက်ကစပြီး မနက်တိုင်း အပြေးလေ့ကျင့်တော့မယ်လို့ မင်း ရွှီးတယ် ။ ငါ့ကို ဝန်ခံဟုပြောလေရာ သော်ကြီးက ဝန်ခံကြောင်း နှင့် ဘယ်သူ့ကိုမျှ ဖွင့်မပြောပါရန် တောင်းပန်လိုက်လေသည် ။

-( I )-
ယနေ့ ညနေဘက် လမ်းလျှောက်ထွက်ကြရင်း ဖိုးသာထူး လဘက်ရည်ဆိုင်သို့ အရောက်တွင် ဂဲကြီး က လပြည့်အား မမြင်၍ မေးလိုက်သည် ။ မြတ်နိုး က လပြည့် တယောက် အဆောင်တွင် ဧည့်သည် ရောက်လာ၍ ကျန်ခဲ့ကြောင်း ပြောနေစဉ် ဆိုင်ေ.ရှသို့ နောက်ဆုံးပေါ် ကားသစ် တစီးရောက်လာပြီး ဆိုက်ရောက်ရပ်တန့်လေသည် ။ ယင်းကားပေါ်မှ ဦးစွာဆင်းလာသူမှာ လပြည့်ဖြစ်၍ ယဉ်မောင်းနေရာ မှဆင်းလာသူမှာ သူတို့ အားလုံးထက် အသက်အရွယ် ကြီးပုံ ရပြီး ရုပ်ရည် သပ်ရပ်သားနားသော လူရွယ် တဦး ဖြစ်လေသည် ။ ယင်းလူရွယ်မှာ လပြည့်နည်းတူ သူတို့စားပွဲရှိရာသို့ လျှောက်လာပြီး ဝင်၍ထိုင်ရန်ပြုစဉ် မျိုးကြီးမှ အနီးရှိ ခုံလွတ် နှစ်လုံး အား ဆွဲယူပေးလိုက်ပြီး ဝင်ရောက်ထိုင်စေလိုက်သည် ။ လပြည့် က သူငယ်ချင်း အားလုံးအား သူနှင့်ပါလာသူကိုမိတ်ဆက်ပေးလေသည် ။ ” သူငယ်ချင်းတို့ ! ဒါက လပြည့် ရဲ့ အကို တယောက်လို ခင်ရတဲ့ ကိုကောင်းမြတ် တဲ့ ! ကိုကောင်းမြတ်ကလည်း ဒီကျောင်းကပဲကျောင်းပြီး သွားခဲ့ပြီး အခု မိဘတွေရဲ့ ကောင်းမွန်ပွဲရုံ နဲ့ ကားလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတာလေ !” လပြည့် က ထိုသို့မိတ်ဆက်ပေးတော့ အားလုံးလည်း ကိုယ့်နာမည် ကို ပြောပြမိတ်ဆက် ကြရင်းမှ စည်ကြီး က ” ကိုကောင်းမြတ် ! ကျွန်တော် တို့ မြို့နဲ့ ဒီမြို့ ကို ပြေးဆွဲ နေတဲ့ ကောင်းမွန် မှန်လုံ ကားတွေ က အကိုတို့ ကားတွေလား ” ဟု မေးလိုက်သည် ။ ဒါကို ကောင်းမြတ် ဆိုသော လူရွယ်ကလည်း မွန်ရည်သော အခေါ် အပြော တို့ ဖြင့် ” ဟုတ်တယ် ညီ ! ကောင်းမွန် မှန်လုံ တွေနဲ့ ကောင်းမွန် ကုန်ကား တွေ ဟာ အကိုတို့ ကားတွေပါ ” ဟု စည်ကြီး အမေးကို ဖြေလိုက်သည် ။ အဆောင်သူတဦး မှလည်း ” လပြည့် နဲ့က တမြို့စီဆိုတော့ ဘယ်လိုသိကြလဲဟင် ! ” ဟု မေးရာ ကောင်းမြတ် ကပင် ” ပြည့်ပြည့် မိဘတွေ နဲ့ အကို့ မိဘတွေက တမြို့စီဆိုကြပေမဲ့ ပြည့်ပြည့် အမေနဲ့ အကို့အမေတို့က တက်ကသိုလ် မှာ ကျောင်းအတူ တက်ခဲ့ကျတဲ့ သူငယ်ချင်းတွေပါ ။ ခု ညီမ တို့ လိုပေါ့ ။ သူတို့ တွေ ကျောင်းပြီးလို့ အိမ်ထောင်တွေကျပြီး ကိုယ့်မြို့မှာကိုယ် စီးပွါးရှာကြတော့လည်း ကိုယ်တို့ ပြည့်ပြည့်တို့ မိဘတွေက ပွဲရုံလုပ်ငန်းကိုပဲ စလုပ်ခဲ့ကြတာလေ ” ထို့နေ့မှ စ၍ ကျောင်းသားဟောင်း လုပ်ငန်းရှင် လူရွယ် တဦးဖြစ်သည့် ကောင်းမြတ် တယောက် ကျောင်းကုန်းပေါ်သို့ မကြာခဏ ရောက်လာပြီး သူတို့အဖွဲ့နှင့်ပွဲကျလာလေတော့သည် ။

-( J )-
ခုတလော သော်ကြီး တယောက် တွေးတွေးငိုင်ငိုင် ရှိလှသည်မို့ သူငယ်ချင်း များက ထိုင်တွေးငေးရ ကိုသောက ဟုပင် နောက်ပြောင်ခေါ်လာ ကြတော့သည် ။ သော်ကြီး ခုလို တွေးနေ ငေးနေ ရခြင်း အကြောင်းရင်း ကို တိတိကျကျ သိသူမှာ ဂဲကြီး တယောက်သာဖြစ်သည် ။ ယနေ့ည မှာတော့ ဂဲကြီး က ” သော်ကြီး ! ကိုကောင်းမွန် ပုံစံ က လပြည့် အပေါ်မှာ ရိုးရိုးသားသား တော့ ဟုတ်ဘူး ကွ ! ယောက်ကျား ချင်း ဆိုတော့ သိတာပေါ့ကွာ ! ” ဟု စကား စလိုက်ရာ သော်ကြီး က” မိန်းကလေး ဖြစ်တဲ့ လပြည့် လည်း သိတာပေါ့ကွာ ! သူ့မျက်လုံး တွေကို ငါဖတ်တတ်နေပြီကွ ! ” ဟုပြန်ပြောလိုက်လေသည် ။

ထို့အတူပင် ထိုနေ့ည မှာပင် လပြည့် ၊ သဇင်ဦး နှင့် မြတ်နိုး တို့ သုံးဦးလည်း ကောင်းမြတ် နှင့်ပတ်သက်၍ စကားလက်စုံကျလျှက် ရှိသည် ။ မြတ်နိုး က “လပြည့် !  ကိုကောင်းမြတ်ကြီး က သဘောကောင်းတယ်နော် ” ဟု စနောက်လိုဟန် အပြုံးနှင့် စကားစလိုက်သည် ။ ဒါကို သဇင်ဦး က ဆက်၍ ” သဘောလည်း ကောင်းသလို ပွဲစား ကားအုံနာ ဘောစိကြီးက အပြောလည်းကောင်းပ ! လပြည့် နင်သိလား ??? ဖိုင်နယ် က အမကြီး တယောက်က ငါ့ကို ပြောတယ် ။ ကိုကောင်းမြတ် က ကျောင်းမှာတုန်း က သူ့ခေတ်နဲ့သူတော့ စတား ဖြစ်ခဲ့တယ် ဆိုပဲ ! ရည်းစား လည်း အရမ်းများတယ်တဲ့ ” ဟု သဇင်ဦး က ထိုသို့ ပြောလာတော့ လပြည့်က ” ဟင် ! ဟုတ်လား ??? ”

-( K )-
စီနီယာ ကျောင်းသားကြီးများ၏ ဦးဆောင်မှုဖြင့် ကျောင်းသား/သူ များ ဤကျောင်းရှိရာ မြို့ နှင့် မဝေးလှသော ပုပ်ပါး — ပုဂံ — ညောင်ဦး နေရာများရှိ ဘုရားများ ရှိရာသို့ အမှတ်တရ ဘုရားဖူး အပျော်ခရီး ထွက်ရန် စီစဉ်ကြသောအခါ ကားများ ငှါးရမ်း ရရှိရေး အတွက် ကျောင်းကုန်းပေါ်သို့ မကြာခဏ ရောက်လာလေ့ ရှိသော ကောင်းမြတ် အား ပြောပြအကူအညီတောင်းခံလေသည် ။ ကောင်းမြတ် ၏ စိတ်ထဲတွင် မုတ်ဆိတ်ပျားဆွဲ အဖြစ်မျိုး နှင့် ကြုံလိုက်ရ သကဲ့ သို့ ဖြစ်ကာ အားရဝမ်းသာ ဖြစ်၍သွားပြီး သူ စီစဉ်ပေးနိုင်ပါသည့် အကြောင်း နှင့် သူပါလိုက်ပါလိုကြောင်း ၊ သူ လိုက်ပါစီးနင်းမည့် ကား အတွက် ကားငှါးရမ်းခ စားရိတ် ထည့်တွက်ရန် မလိုကြောင်းပါ ပြောလိုက်သည် ။ ထို့ကြောင့် ဤ သတင်းကို သိရသောအခါ သော်ကြီး မှ လွဲ၍ ကျန်တဖွဲ့လုံး ပျော်သွားကြသည် ။ အားလုံး ပြုံးပြုံး ရွှင်ရွှင် ဖြစ်နေချိန်တွင် သော်ကြီး ၏ ငေးတိ ငေးငိုင် အေးတိအေးစက် အမူအရာ ကို မြင်ကြသောအခါ သော်ကြီး ကို ဝိုင်း၍ မေးကြသည် ။ သော်ကြီး က ခရီးစဉ်တွင် မလိုက်ပါချင်ကြောင်း ပြောလိုက်သော အခါ အားလုံးက ဝိုင်းဝန်း ကန့်ကွက် လိုက်ကြပြီး မလိုက်မနေ ရ လိုက်ပါရမည်ဟု အားလုံး၏ အမိန့် ဆန်သောစကားကို သော်ကြီး လက်ခံရလိုက်သည်။

-( L )-
လပြည့် နှင့် ကောင်းမြတ် တို့ နှစ်ဦး က ရှေဆုံး နှစ်ခုံတွဲတွင် ထိုင်၍ ယင်းနေရာမှ ကျောဘက် သုံးတန်းကျော် အကွာတွင် ဂဲကြီး နှင့် သော်ကြီး တို့နှစ်ဦးထိုင်လေသည် ။ သူတို့ တဖွဲ့လုံး ဤကား တစီးပေါ်တွင် စုံစုံ ညီညီ စုစု စည်းစည်း လိုက်ပါ လာနိုင်ကြ၍ အားလုံး ပျော်တပြုံးပြုံး ဖြစ်နေကြသည် ။ သော်ကြီး တယောက်သာ မှုန်ကုတ်သော မျက်နှာထား နှင့် လိုက်ပါလာသည် ။ ယဉ်တန်း က ဦးစွာ ပုပ်ပါး သို့ဝင်သည် ။ ကားရပ် ချိန်တွင် အားလုံး ကားပေါ်မှ ဆင်းသွားကြသော်လည်း သော်ကြီး တယောက်တည်း ကားပေါ်တွင် ကျန်ရစ်ခဲ့သည် ။ ကားတခါး ပိတ်၍ ထားမည့် အကြောင်း ယဉ်နောက်လိုက် ကောင်လေးက ပြောလာမှကားပေါ်ကဆင်းသည် ။ ဂဲကြီး တယောက် ေ.ရှသို့ အတော်အတန် လျှောက်ပြီးမှ သော်ကြီး ပါမလာ မှန်းသိ၍ နောက်ပြန် လှည့်ကာ ခေါ်သည် ။  ဒီတော့လည်း သော်ကြီးက နောက်က အေးအေးဆေးဆေး လိုက်လာမယ် ေ.ရှကသွားနှင့် ပါဟု ဆိုလာ၍ ချန်ထားခဲ့လိုက်တော့သည် ။ စိတ်ကော လက်ကော ခြေကော မပါသည့် သော်ကြီး တယောက် လေးပင်စွာ လျှောက်လာရင်း ပုပ်ပါး တောင်ကလပ် ပေါ်သို့တက်မည့် လှေကားထစ်များနေရာ အရောက်တွင် နောက်ဘက်စီမှ ” ရေလှူဦးမလား အကို” ဟု  ( ၁၂ – ၁၃ ) နှစ်အရွယ် အဖြူ အစိမ်းလေး ဝတ်ထားသည့် ကောင်းလေး၏မေးခြင်းကို ခံလိုက်ရသည် ။ ယင်းကောင်လေးအား သေချာစွာ ကြည့်မိချိန်မှာတော့ ရေပါသောရေပုံး ထမ်းလေးအား ထမ်းလျှက်ရှိပြီး မျက်နှာထက်ရှိ သနပ်ခါးပါးကွက်ဝိုင်းလေးများပေါ်တွင် ချွေးစို့ ၍နေလေသည် ။ ကျသင့်ငွေအား မေး၍ ပေးချေပြီး တောင်ကလပ် ပေါ်သို့ ဆက်၍ ထမ်းမတက်ရန် ပြောမည်ကျန်ပြီးကာမှ ရုတ်တရက် ဝင်ရောက်လာသော စိတ်ထွက်ပေါက် အတွေးတခု ကြောင့် ကောင်လေးထံမှ ရေပုန်းထမ်းလေးအား ပခုံးပြောင်းတာဝန်ယူလိုက်ပြီး သော်ကြီး တယောက် တောင်ကလပ်ပေါ်သို့ ရေထမ်း၍ တက်သွားလေတော့သည် ။ မတ်စောက် မြင့်မားလှတဲ့ လှေကားထစ်တွေကို ဖြတ်ကျော်ရင်းပေါ့ ။

တောင်ကလပ်ပေါ်ရှိ ဘုရားရင်ပြင်ရှိရာသို့ သော်ကြီး အောင်မြင်စွာရောက်သွားသည် ။ သို့သော် အလေ့အကျင့် မရှိတဲ့ အလုပ်တခုကို လုပ်မိခဲ့တာကြောင့် ရေပုံးထမ်းလေး ဘေးချကာ ခြေပစ် လက်ပစ် နားနေမိရင်းက ဖတ်ဖတ်မော ဟောဟဲ လိုက်နေဆဲ ။သူ့တကိုယ်လုံး ချွေးများလဲ ရွှဲနစ်လို့နေသည် ။ နဖူး ပြင်မှ မျက်နှာပေါ်သို့ စီးကျယိုဆင်း လာသော ချွေးများအားသုတ်နေစဉ် သူ့နှာခေါင်း နှင့် ယဉ်ပါးပြီး ဖြစ်သော ရေမွှေး ရနံ့ နှင့် အတူ ပန်းရောင် အကွက်စိတ် လက်ကိုင်ပုဝါခေါက်လေး အား ကိုင်ထားသည့် လက်ကလေး တဖက် သူ့မျက်နှာရှေတည့်တည့်သို့ ရောက်လာလေသည် ။

တတိယပိုင်းဆက်ရေးပါဦးမယ်ခင်ဗျား ! ဖတ်ရှုအားပေးကြသူများကို ကျေးဇူးတင်ပါတယ် ခင်ဗျာ !
ရဲရင့်လှိုင်

22 comments

  • cherry nwe

    August 8, 2012 at 10:31 am

    အရေးအသားလေးကတကယ့်ပရော်ဖက်ရှင်နယ်ပဲနော်

    • YE YINT HLAING

      August 8, 2012 at 7:58 pm

      မချယ်ရီနွယ် ခင်ဗျား ! ခုလို အားပေးတဲ့ အတွက် ကျေးဇူးပါခင်ဗျား !

  • ချစ်တိုးလေး

    August 8, 2012 at 12:03 pm

    ကိုရဲရင့်လှိ ုင်ရေ အားပေးသွားတယ်နော် ဇာတ်လမ်းလေးက စိတ်ဝင်စားစရာ ကောင်းပါတယ် တတိယပိုင်းကိုမျှော်နေပါ့မယ်နော်. ့

    • YE YINT HLAING

      August 8, 2012 at 8:00 pm

      ဟုတ်ကဲ့ ! ဒီနေ့ ည တတိယပိုင်း ရေးပါဦးမယ် ခင်ဗျ ! ကျေးကျေးပါ !

  • Shwe Ei

    August 8, 2012 at 1:18 pm

    အရေးအသားလဲကောင်း အဖြတ်အတောက်ပညာလဲ ပိုင်ပါပေ့ဗျာ။ ကောင်းခန်းရောက်မှ ဆန့်ငင်ဆန့်ငင် နဲ့ကျန်ခဲ့ပြန်ဘီ။

    • YE YINT HLAING

      August 8, 2012 at 8:04 pm

      ရေးရင်း ရေးရင်း ကနေ အကျဉ်းချုံ့ မရမှန်း သိလာလို့ ( A to Z ) အထိ ရေးလိုက်ပါမယ်ခင်ဗျ!

  • ကြည်ဆောင်း

    August 8, 2012 at 4:22 pm

    လပြည့်လက်ကိုင်ပုဝါမှဟုတ်ရဲ့လား 😀
    လူငယ်ဘဝ ကိုယ်စိတ်ထင်တာ ကိုယ်လုပ်လိုက်ရတာလဲ အရသာတစ်ခုဘဲနော် …
    တတိယပိုင်းကိုစောင့်နေပါတယ်..

    • YE YINT HLAING

      August 8, 2012 at 8:06 pm

      ကိုကြည်ဆောင်းရေ —- ဒုတိယံပိ ကျေးကျေးဗျာ !

  • မဟာရာဇာ အံစာတုံး

    August 8, 2012 at 4:38 pm

    ကျုပ်လည်း အားပေးသွားပါကြောင်း …
    သော်ကြီးနဲ့ လပြည့် ညှိတော့မယ် ထင်မိပါရဲ့ ..
    ငြိပြီးရင်လည်း မကွဲခိုင်းနဲ့ဗျာ … 😀

  • YE YINT HLAING

    August 8, 2012 at 8:11 pm

    ကိုအံကြီးက ကျွန်တော့ အတွင်းစိတ် သိနေတယ်ဗျာ ! အစက ကျွန်တော် ကွဲခိုင်းမလို့ဗျ ! ကောင်းပါပြီဗျာ ! ပျော်ပျော်ရွှင်ရွှင် လေးဇတ်သိမ်း လိုက်ပါ့မယ် ။ ဇတ်လမ်း ရဲ့ ကြိုတင်စဉ်းစားထားတာလေး တွေတော့ ပြင်ပြီး တွေးရတော့မှာပေါ့ဗျာ !

  • YE YINT HLAING

    August 8, 2012 at 8:19 pm

    ဪ—- ပြောဖို့ ကျန်သွားတယ် —- ညဆိုင်း အလုပ်ဆင်းနေတာမို့ ပို့ ( စ ) တင်ပြီးတာနဲ့ တနေ့ခင်းလုံးအိပ်တာမို့ ကျွန်တော့ ကို အားပေးကြတဲ့ မန့် လေးတွေကို ရီပလိုင်း လုပ်တာနောက်ကျနေပါတယ် ။ အားလုံး ကို အားပေးဖတ်ရှု ကြတဲ့ အတွက် ကျေးကျေးပါ

    • YE YINT HLAING

      August 8, 2012 at 9:28 pm

      ဟုတ်ကဲ့! ဒီည ရေးပါ့မယ် ကိုအလင်းဆက်ရေ !

  • မောင်ပေ

    August 8, 2012 at 9:07 pm

    မျိုးကြီး သော်ကြီး စိုးကြီး စည်ကြီး ဂဲကြီး နေကြီး ကားအုံနာဘောစိကြီး
    မန်းတလေးဂေဇက်တွင်
    ကိုရဲရင့်လှိုင်ကြီး
    ရေးတင်လိုက်လေသတည်း ။

    • YE YINT HLAING

      August 8, 2012 at 9:30 pm

      ရှဲရှဲ ကိုပေ ! အားပေးလို့ !

  • အရီးခင်လတ်

    August 8, 2012 at 10:13 pm

    ကိုယ်တွေ့လား။
    ကျောင်းက ရန်ကုန်မှာ မဟုတ်ဘူး ပေါ့လေ။
    မင်း စာလေး ကိုဖတ်ပြီး အရီး တောင် ကျောင်းသားဘဝ ကို ပြန်လွမ်းသွားတယ်။ 😉
    စာရေးကောင်းတယ်။
    လက်မထောင်သွားပါ၏။ 🙂

    • YE YINT HLAING

      August 9, 2012 at 9:56 am

      အရီး ခင်ဗျား ! ဖတ်ရှု အားပေး သွားတဲ့ အတွက် ကျေးကျေး ပါခင်ဗျား ! ကျောင်း က ရန်ကုန် မှာ မဟုတ်ပါဘူး ခင်ဗျာ ! ကိုယ်တွေ. နဲ့ စိတ်ကူးလေး ပေါင်းစပ်ပြီး ရေးထားတာပါ ။

  • padonmar

    August 8, 2012 at 11:04 pm

    မဟုတ်မှလွဲရော ကျောင်းက မကွေးဖြစ်ရမယ်။
    လက်ကိုင်ပုဝါက လပြည့်ပေါ့။
    ကျောင်းသားဘဝဆိုတာ တော်တော်ပျော်ဖို့ကောင်းတာနော်.

    • YE YINT HLAING

      August 9, 2012 at 10:04 am

      ဟုတ်ကဲ့ ကျောင်းက မကွေး တိုင်းထဲက( G.T.I ) ကျောင်းပါ ။ အပိုင်း ( ၃ ) လည်းရေးပြီးတင်ပြီးသွားပါပြီ ။ ဒါပေမဲ့ ခေါင်းစဉ် မေ့ကျန်ခဲ့တယ် ဗျာ !

  • မွန်မွန်

    August 8, 2012 at 11:46 pm

    တွေ့လား..ကောင်းခန်းဆို မီးပျက်ပြီ… 🙂
    ဒီရက်ပိုင်းတွေမှာ အလွမ်းတွေ မဖတ်ချင်ဘူးရှင်… မထင်မှတ်တဲ့လှည့်ကွက်လေးနဲ့ ပျော်စရာလုပ်ပေးနော်… 😛

  • YE YINT HLAING

    August 9, 2012 at 10:11 am

    ကျွန်တော် လည်း ပျော်ပျော် ရွှင်ရွှင် ဇတ်သိမ်း ပေးဖို့ စဉ်းစားထားပါတယ် ။ ဘားဂလစ် နဲ့တလုံးချင်း ရွေးရိုက်နေရတာမို့ များများ မတင်နိုင်တာ ခွင့်လွှတ်ပေးပါဗျာ ! အားပေးသွားတဲ့ အတွက် ကျေးကျေးပါ မမွန်မွန် ရေ ! အပိုင်း ( ၃ ) မှာတော့ ခေါင်းစဉ်ကျန်ခဲ့တယ်ဗျာ !

Leave a Reply