အချစ်စစ် ?

manawphyulayJuly 5, 20101min510

တစ်သက်မှာ တစ်ချစ်
အချစ်စစ်ဟု
မြည်တမ်းနေလဲ
မရေရာ မသေချာတဲ့ဘဝ
အကြောင်းတွေပြ
ရာသီတွေ အလီလီပြောင်း
အချစ်စစ်ရှာဖွေရင်း
နှလုံးသားများစွာ
လူငယ်တွေ စတေးပြု
အပြောင်းအလဲတွေ
အဖန်ဖန်ပြုနေကြတဲ့
မြင်ရ တွေ့ရ
လူများစွာအတွက်
အချစ်စစ်ရှာ
အချစ်ငတ်လူသားတွေအဖြစ်
တွေ့မြင်နေရင်း
ငါလေ…
တစ်ကိုယ်တည်း
တိုးတိတ်စွာ
ရေရွတ်နေမိပါတကား……