လယ်သမားကြီး…ဖိုးသာအောင်ရယ်…..ဖေဖေရယ်…မေမေရယ်….

tharli karAugust 8, 20122min1737

…… လယ်သမားကြီး…ဖိုးသာအောင်…

စပါးခိုးဖို့……သူအကျိုးဆောင်………..။

ကိုဖိုးမောင်….အလုပ်သမား….

ဝန်ထမ်းဆန်တွေ…ခိုးလို့သွား………။

ရဲသားကြီးက…ကိုလှရွှေ…..

လက္ဘက်ရည်ဆိုင်မှာ…ချဲတွက်နေ……။

ဒို့လုံမေ..…မခင်မြ….

ယာဉ်ထိန်းရင်းနဲ့….- င်လှန်ပြ…….။

မီးသတ်သမားလေး…ကိုမြသာ…..

ပြာကျပြီးမှ…သူရောက်လာ…………။

မလှမွန်…သူနာပြု……..

လူနာ……ဒွေးဥ…..တူနဲ့ထု…..အု………။

 

……. ဒို့ဖေဖေ….…….

စားဝတ်နေရေး၊ သူမတွေး

လေးစားလောက်ပေ၊ ဒို့ဖေဖေ…။

ဘီယာဆိုင်တွင်၊ နေ့တိုင်ဝင်

အမြဲပင်မူးနေ၊ ဒို့ဖေဖေ…..။

အဆိုတော်မလေး၊ ပန်းကုံးပေး

အားပေးမိုက်ပလေ၊ ဒို့ဖေဖေ….။

အိမ်ပြန်ဇက်ကျိုး၊ လမ်းဘေးထိုး

ပုဆိုးကျွတ်နေ၊ ဒို့ဖေဖေ……။

သားသမီးမြင်မှ၊ သတိယ

ဆဲချလိုက်ပေ၊ ဒို့ဖေဖေ…….။

မူးတဲ့အခါကျ၊ သူတော်လှ

ပြောတတ်ပါ့လေ၊ ဒို့ဖေဖေ….။

……. ဒို့မေမေ…..…..

စားဝတ်နေရေး၊ ပေ့ါပေါ့တွေး

လေးစားလောက်ပေ၊ ဒို့မေမေ….။

နှစ်လုံးထီရက်၊ ဟင်းမချက်

ချဲထိုင်တွက်နေ၊ ဒို့မေမေ….။

ထီကမပေါက်၊ စီးပွားအောက်

မှတ်လောက်မဲ့နေ၊ ဒို့မေမေ…..။

စီးပွားမကောင်းလျှင်၊ ကန္နားဆင်

အတွေးတွင်ရူးနေ၊ ဒို့မေမေ….။

ကလေးချင်းမှ၊ ရန်ဖြစ်ကြ

နားပန်းဝင်ချပေ၊ ဒို့မေမေ……။

အရှက်ဟူသမျှ၊ နတ္ထိဗျ

သတ္တိပြနေ၊ တို့မေမေ……။

ထမီကျွတ်လျှင်၊ ဂရုမစိုက်ချင်

ချစ်ခင်ထိုက်ပေ၊ ဒို့မေမေ…..။

 

(လူရွှင်တော်များ၏…ကဗျာ…စာမြောင်..ဖြစ်ပါသည်)

ဟဒယ….ချဲထီ…အဲ……နှလုံး…….ရွှင်ပြုံးတော်…..မူဃြဘာဇျေ….….

ချစ်သော….သာလိကာ

7 comments

  • မောင်ပေ

    August 8, 2012 at 7:33 pm

    ပြုံးရယ်စရာ အကြောင်းအရာများပါပဲ ၊ အပြင်လက်တွေ ့လောကမှာလဲ ဒီထဲကလို လူတွေ ဘယ်လောက်များနေပြီလဲ သိချင်စမ်းပါရဲ ့။

    • tharli kar

      August 8, 2012 at 8:28 pm

      လောလောဆယ်တော့…သာလိကာတစ်ကောင်ပဲ..ရှိသေးတယ်ထင်ပါ့…ကိုပေရေ…..
      ကိုယ့်စရိုက်နဲ့ကိုက်တာလေးတွေ…တွေ့တော့…မနေနိုင်လို့ဖွင့်ထုတ်ရတာပေါ့…ဂျာ…..
      အဲ……..သာသာက…..အထီင်္းနော်…
      တော်ကြာ….ဒို့မေမေထဲ..ပါတွားအုံးမယ်…….ငှီး…….ဂီး……ငှဲ…….

  • aye.kk

    August 8, 2012 at 8:49 pm

    သာလိကာပြောင်ကာပျက်…။
    ဘာမှမကျန်ကွဲ ့။။။
    စာဂမသိ….။
    ဒိဋ္ဌိတွေ….အလွန်များလို ့နေ။။။(ဟုတ်နေသလားလို ့ပါ)

    • tharli kar

      August 9, 2012 at 10:32 am

      aye.kk…ခင်ဗျ….
      အပျက်ဘက်ကို ရည်ရွယ်ပြီး..ပြောင်တာမဟုတ်ပါဘူး…နော်….

  • အတိသဌ္ဇနာဂရ

    August 8, 2012 at 10:05 pm

    တကယ့်ကို လက်တွေ ့မှာလဲ အဲ့လိုဖြစ်နေလေတော့ သင်ရိုးထဲက ကဗျာလေးတွေပျက်တာကို
    အပြစ်မမြင်ရက်ပါ။

  • မမ အညာသူ

    August 9, 2012 at 9:44 am

    ကဗျာလေးရဲ့ကာရန်နဘေအစပ်အဟပ်ကတော့တည့်ပါတယ်
    အပြင်လက်တွေ့မှာလဲအဲလိုတွေဖြစ်ပျက်နေတယ်ဆိုပေမယ့်
    အသက်စွန့်ပြီသားသမီးတွေအပေါ်ပေးဆက်နေတဲ့မိဘတွေလဲဒုနှင့်ဒေပါ

    • tharli kar

      August 9, 2012 at 10:29 am

      အားလုံးသောမိဘတွေကို ဆိုလိုတာမဟုတ်တာတော့…သိသာမှာပါ..။
      တကယ်လို့ မသိသာဘူးဆိုလျှင်လည်း သာလိကာ ညံ့ချက်လို့ ဝန်ခံရမှာပါ…..မမ အညာသူ..
      ကဗျာဆိုတာ…တစ်ခါတရံမှာလည်း သံချပ်လိုဖြစ်သွားတာမျိုးရှိတယ်လေ..
      လူရွင်တော်တွေရဲ့…ပျက်လုံးဆိုတာ…အကောင်းကိုထက်..အဆိုးကိုသာ..
      ညွှန်းပြီး…ပျက်တတ်..ပြောင်တတ်ကြတာပါ…..။ အဲဒါကလည်း…
      ကောင်းကွက်လို့ ထင်နေကြတဲ့သူတွေ အတွက်ပဲ..မဟုတ်လား…

Leave a Reply