***  ၂၅ ပြည့်ဖို့ ( ၁ )အလို  ***

 

 

အနှစ်မရှိဘူး … အသစ်မရှိဘူး
ဖျစ်ညှစ်ပြီး ကူးခဲ့ရတဲ့ ဒုက္ခပင်လယ်..၊

တစ်တီတူးလို မိုးပြိုမှာကြောက်ပြီး
မြေပေါ်မလျှောက်တဲ့ … ခြေထောက်တွေ
နောက်ကျောကို ဓါးနဲ့ ထိုး …
အတိတ်က ဆိုးခဲ့သပ ….၊

ကိုယ့်လုံခြုံမှု ကိုယ် မယုံရဲ
သွေးရဲရဲ သံရဲရဲ …
ရွှေဝါရောင် တို့ မေတ္တာတရား
ကမ္ဘာ့နားတွေ ကို … မျက်လုံးကကြားစေခဲ့သလား …၊

မွေးရာပါ အခွင့်အရေးဆိုတာ …
အခုမှ … ကြားဘူးတာပါ
ဦးနှောက်ကို … ဖောက်စားခံရလွန်းတော့
ဟောင်းလောင်းပေါက် …
ဟင်းလင်းပွင့်
ကိုယ့်အဆင့် ကိုယ် …ထုတ်ပြရမှာရှက်တယ် ..၊

သမိုင်းအရောင်ကို ပေါင်းတင်ဖို့ 
ရာဇ၀င် အချို့ ကို ပြင်ဆင်ဖို့ 
အာဏာရှင်တို့  …. ရေ
ခေတ် ရဲ့တောင်းဆိုမှု နောက်
သွေးတွေ ချောင်းပေါက်ခဲ့ ရလောက်အောင်
ဘ၀တွေ ခါးတူးရလောက်အောင်
ကျည်ဆံတွေ နဲ့ ခြိမ်းခြောက်မနေကြပါနဲ့တော့ ..၊

ကမ္ဘာကြီးလည်း  ရေလွှမ်းနေပြီ
ရေခဲတောင်တွေလည်း  … ကုန်းပြောင်နေပြီ
အရာရာ … ဆုတ်ယုတ်လာနေတဲ့ …ကမ္ဘာ
ပွင့်လင်းမြင်သာ …
ထင်ရာစိုင်း အာဏာမှိုင်းတွေမိ
ခု … အင်္ဂါဂြိုလ်ထိ ခြေချမိကြပြီတဲ့ …ယုံလား
အနတ္တ၀ါဒ မို့ အတ္တကို …
ခွာမချ ကြတာ … ရှက်စရာ
အမြတ်ဆုံးတရား …ကို
လက်တစ်လုံးခြား လုပ် …အမျိုးယုတ်တို့ ရေ
ခေါင်းပေါင်းစ တစ်လှုပ်လှုပ်
မသမာ ရုပ်တွေနဲ့  …
နေရာတကာ လိုက်ရှုပ်
မေးလိုက်မယ် …
ခင်ဗျားတို့  … ဘာလုပ်မှာလဲလို့  ။။။

About maung khinmin

maung khinmin has written 85 post in this Website..

   Send article as PDF