• ရှစ်လေးလုံးအမှတ်တရနေ့အဖြစ် သစ်ပင်စိုက်ပွဲနှင့် လမ်းပြင်ပွဲ အခမ်းအနားကို
    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသတွင်
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မော်လူး) မှဦးစီး၍ ၈.၈.၂၀၁၂ရက်နေ့က
    မော်လူးဒေသ ဝေဘူဝေဘာတောရကျောင်းအတွင်းပြုလု

    ပ်ခဲ့ကြပါသည်။ ပထမဦးစွာ
    ဝေဘူဝေဘာတောရကျောင်းဆရာတော် ဦးအာဒိစ္စ၀ံသထံမှ ငါးပါးသီလခံယူကြကာ
    လှူဖွယ်ပစ္စည်းများ လှူဒါန်းပြီးနောက် သစ်ပင်များကို
    စိုက်ပျိုးခဲ့ကြပါသည်။ ထို့နောက် ဝေဘူဝေဘာတောရကျောင်းလေးသို့
    သွားရာလမ်းလေးပျက်စီးနေသဖြင့် သဲကျောက်များဖို့ကာ ပြင်ဆင်ခဲ့ကြပါသည်။
    အဆိုပါပွဲသို့ ပါတီဝင်အင်အားရှစ်ဆယ်ကျော်တက်ရောက်ခဲ့ကြပါသည်။

About kotun winlatt

ကို ထွန်းဝင်းလတ် has written 134 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။

   Send article as PDF