မော်လူးမှာ ပြုလုပ်တဲ့ (8.8.88 နေ့ အမှတ်တရ)

kotun winlattAugust 9, 20123min1043
  • ရှစ်လေးလုံးအမှတ်တရနေ့အဖြစ် သစ်ပင်စိုက်ပွဲနှင့် လမ်းပြင်ပွဲ အခမ်းအနားကို
    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသတွင်
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မော်လူး) မှဦးစီး၍ ၈.၈.၂၀၁၂ရက်နေ့က
    မော်လူးဒေသ ဝေဘူဝေဘာတောရကျောင်းအတွင်းပြုလု

    ပ်ခဲ့ကြပါသည်။ ပထမဦးစွာ
    ဝေဘူဝေဘာတောရကျောင်းဆရာတော် ဦးအာဒိစ္စဝံသထံမှ ငါးပါးသီလခံယူကြကာ
    လှူဖွယ်ပစ္စည်းများ လှူဒါန်းပြီးနောက် သစ်ပင်များကို
    စိုက်ပျိုးခဲ့ကြပါသည်။ ထို့နောက် ဝေဘူဝေဘာတောရကျောင်းလေးသို့
    သွားရာလမ်းလေးပျက်စီးနေသဖြင့် သဲကျောက်များဖို့ကာ ပြင်ဆင်ခဲ့ကြပါသည်။
    အဆိုပါပွဲသို့ ပါတီဝင်အင်အားရှစ်ဆယ်ကျော်တက်ရောက်ခဲ့ကြပါသည်။

3 comments

  • laypai

    August 9, 2012 at 11:49 am

    သာဓု သာဓု သာဓု။

    ရင်ထဲ မှ လာသော ကောင်းလေစွ အဓိပ္ပါယ် ရသော သာဓု ကို အားပါးတရ ခေါ်ဆို လိုက်ပါသည်။

  • shwe kyi

    August 9, 2012 at 4:27 pm

    ကောင်းလိုက်တာရှင် သာဓုခေါ်ပါတယ်။

Leave a Reply