ထမ်စမ်းလှိုဏ်ဂူတော်… …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (6 )…

Ma EiAugust 9, 20123min16912

ထမ်စမ်းလှိုဏ်ဂူတော်…  …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (6 )…

မွေတော်ကက္ကူမှ အပြန် နောင်ကားရွာလေးနှင့် လှပသော တောင်တန်းများကို ကွေ့ဝိုက်ဖြတ်သန်း ကျော်ဖြတ်၍ ထမ်စမ်းလှိုဏ်ဂူတော်သို့ ရောက်ရှိခဲ့ကြပါတယ်…

ထမ်စမ်းလှိုဏ်ဂူုတော်ကို ဟိုပုံး ကိုရင်လေးမှ အဓိဌာန်ဖြင့် တူးဖော် တည်ထားခဲ့ခြင်းဖြစ်ပါသည်။ ကိုရင်လေးသည် သက်တော်39 နှစ်ခန့် ရှိသော်လည်း ယာလက်ခလယ်ကို စေတီဌာပနာတည်လိုက်၍ ကိုယ်အင်္ဂါ မပြည့်စုံသဖြင့် ရဟန်းပြုခွင့် မရဘဲ ကိုရင်ဘဝ ဖြင့် သာသနာပြုနေကြောင်း သိရှိရပါသည်။မှတ်တမ်း၊ သမိုင်း စာအုပ်များသည်လည်း ရှမ်းဘာသာဖြင့်  ရေးသားထားသည့်စာအုပ်များသာတွေ့ရှိရသဖြင့် မဝယ်ခဲ့ပါ။

ကိုရင်လေးကို သီတင်းသုံးရာ တောင်ပေါ်ကျောင်းတွင်၎င်း၊ လှိုဏ်ဂူတော်သို့ ကြွရောက်လာသော အချိန်များတွင်၎င်း ဖူးမျှော်လှူဒါန်းနိုင်ကြောင်းနှင့်

ရွှေသားအစစ်ဖြင့်ပြုလုပ်ထားသော ၁၀၈ လုံးပုတီးကို ဆွဲထားကြောင်း ၊တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစောင့်၊အရှောက်ရှိကြောင်း

ဖူးမြင်ရသူများက ပြောပြထားပါသည်။

ထမ်စမ်းလှိုဏ်ဂူု ဘုရားသည်ရှေးဟောင်းဂူ မဟုတ်ဘဲ နှောင်းပိုင်းမှ တူးဖော်သောဂူဖြစ်ပါတယ်…

ယခုလည်း ကိုရင်များကိုယ်တိုင် လွန်သွားများ အသုံးပြု တူးဖော် တည်ဆောက်ဆဲ ဖြစ်ကြောင်း တွေ့မြင်ခဲ့ရပါသည်။

 

ကားရပ်နားရာနေရာမှ လှိုဏ်ဂူသို့ သွားသောလမ်းတစ်လျှောက်တွင် လှပသောပန်းများဖူးပွင့်နေသော လမ်းလည်ပန်းတင်ခုံများဖြင့်

အလှဆင်ထားပါသည်။ လှပသော ကျောက်တောင်များကိုလည်း တွေ့ရှိရပါသည်။ကားရပ်နားစခန်းနှင့် မလှမ်းမကမ်းတွင် ဧည့်သည်များအတွက် ထမင်းရုံတည်ထား၍   ကျွေးမွေးဧည့်ခံလျှက်ရှိကြောင်းသိရပါသည်။

ဂူအတွင်းပိုင်းတွင် လှပသော ကျောက်စက်ပန်းဆွဲများ ၊ကျောက်စက်တိုင်များ၊ဘုရားကျောင်းဆောင်တော်များ၊ ရသေ့များပုံတော်၊

ရေကန် ရေပန်းများ တည်ထားပါသည်။

ကျောက်စက်ပန်းဆွဲများမှ ရွှေရောင်ထီးတော်၊ငွေရောင်ထီးတော် ပုံတော်ဖြစ်ပေါ်နေသည်ကိုလည်း ထူးခြားစွာမြင်တွေ့ခဲ့ရပါသည်။

 

1…ကားရပ်နားစခန်းမှ လှိုဏ်ဂူသို့
2…အဝင်လမ်းဘေးက ကျောက်တောင်အလှ
3…ဂူဝင်ပေါက်မှ မြင်းရုပ်များ…
4…ကျောက်စက်တိုင်အလှ…
5…ကျောက်စက်ပန်းများ…
6…ဟိုပုံး ကိုရင်လေးပုံတော်…
7…ဂူအတွင်းပိုင်း…

 

8…ရွှေထီး၊ငွေထီး ကျောက်စက်ပန်း…
9…ထမ်စမ်းလှိုဏ်ဂူတော်…

 

ထမ်စမ်းလှိုဏ်ဂူတော် ဝင်ပေါက်ဝပုံတွင် ယာဘက်ခြမ်းမှ ဘုရားဖူးလာ ရဟန်းတော်နှင့် ဝဲဘက်ခြမ်းတွင် ဆိုင်ကယ်များနှင့်ဌာနေကိုရင်များကို တွေ့မြင်နိုင်ပါတယ်။အလယ်တွင် တိုင်းရင်းသားအဖွဲ့မှ တစ်ဦးကို တွေ့မြင်နိုင်ပါတယ်။ဝဲဘက် ကိုရင်များနောက် ကနုတ်စီထားရာနေရာမှာ

သံလိပ်တံခါးတပ်လှေကားတစ်စင်းဖြစ်ပြီး၊ ဘေးမှာ လက်နက်ကိုင်များ အကာကွယ်ယူလျှက်ရှိနေပါတယ်၊လှေကားထိပ်မှာ တံခါးနှင့် အပေါ်ထပ်ရှိနေပါတယ်။

ကျောက်နံရံမှာလည်း ဘန်ဘာဘေးမှာ သေနပ်ပစ်ရန်ကဲ့သို့ အဝကျယ် အပေါက်များ ရှိနေပြီးလျို့ဝှက်စစ်စခန်းလို့ ထင်မှားရပါတယ်။

ထမ်စမ်းလှိုဏ်ဂူုတော် တွင် ဆွယ်တာအင်္ကျ ီသင်္ကန်းရောင်၊ဆံလက်တဆစ်နှင့် ဆိုင်ကယ်စီးသွားလာနေကြသော ကိုရင်များ၊

ပျောက်ကျားစစ်ဝတ်စုံ၊လက်နက်အပြည့်နှင့် တိုင်းရင်းသား အဖွဲ့များကိုတွေ့မြင်ရတဲ့အတွက် ကျမ စိတ်မသက်သာ ဖြစ်ခဲ့မိပါတယ်။

 

ထမ်စမ်းလှိုဏ်ဂူုတော်မှအထွက် ကားရပ်နားစခန်းမှာ သစ်ခွမျိုးစုံ ၊မက်မွန်သီး၊သရက်သီး၊လက်ဘက်၊ပဲပုတ် စသည်ဖြင့်ဒေသထွက်ပစ္စည်း

အရောင်းဆိုင်များတွေ့ရပါတယ်။ ဒီလိုသာ ရောင်းနေကြရင်ဖြင့် တောထဲမယ် သစ်ခွတွေရှိပါတော့မလား စိတ်ပူတွေးပူမိပေမဲ့လဲ…

သစ်ခွပင်တွေဝယ်ပြီး ပြန်ခဲ့ကြပါတယ်။

 

လမ်းပြင်နေတဲ့နေရာမှာ ကားချင်းရှောင်ရတော့ ချက်ခြင်းခွဲခင်းနေတဲ့ ကျောက်သားစတစ်ခုက ကားဘီးထဲစူးပြီး အပြန်လမ်းတောင်စောင်းနေရာမှာ

ငှားလာတဲ့ကားလေး ရှေ့ဘယ်ဘက်ဘီး ပေါက်ပြီး တာယာကွဲသွားခဲ့ပါတယ်…ကားသမားမှာပါလာတဲ့ ဂျိုက်က နဲနဲတိုနေပါတယ်တဲ့…

ကျောက်ပြားညီတာရှာခုပေမဲ့ အဆင်မပြေပါဘူး…ဘေးကိုကြည့်လိုက်တော့ လှပတဲ့ရှုခင်း စိတ်ညစ်တာကို ပျောက်သွားရော…

ဟိုးအဝေး တောင်ထိပ်ပေါ်က စေတီနဲ့ ကျောင်းက ဟိုပုံးကိုရင်လေး ကျောင်းနေရာပေါ့…

11…ရှေ့ဘီး ကိုကြည့်ပါဦး…

 

လိုက်ထရပ်တစ်စီးလာတော့ ကားသမားက တားပြီး ဂျိုက်ခဏငှားတာ၊ ပါဆင်းကူပေးတော့တယ်။ တောင်ရိုးသူတစ်ဦးဆင်းလာတာ

ကြည့်မိတော့ သူနဲ့ ကျမ ညီအမအလား မျက်နှာခြင်းဆင်နေတယ်လို့ ခံစားမိရပြန်တယ်။ရန်ကုန် အင်းစိန်က အလည်လာတဲ့ ဘုန်းဘုန်းတွေကို

ဘုရားဖူး လိုက်ပို့တာပါတဲ့…ဘယ်ရွာကလဲ ဆိုတော့ နောင်ကားရွာ ကပါတဲ့ …တစ်ကယ်စံပြရွာ အစစ်ပါဘဲရှင်…

ကားဘီးဖြုတ်တပ်အပြီး ဂျိုက်ပြန်သိမ်းလို့ ခရီးဆက်မည့် ကူညီသူများအား ကျေးဇူးစကားဆိုလို့ လက်ပြ နှတ်ဆက်ခဲ့ကြပါတယ်…

ကျမတို့က ဒီနေရာလေးမှာ ဓါတ်ပုံရိုက်ကြဦးမှာလေ…

 

12…တောင်တန်းပြာနဲ့ တိမ်ပဒေသာ…

 

တောင်ကြီးမြို့ပေါ် ဘုရားတွေ ဆက်ဖူးကြရအောင်နော်…

ခင်တဲ့

မအိ

12 comments

  • ko khin kha

    August 9, 2012 at 12:47 pm

    သွားမယ် သွားမယ်နဲ့ မရောက်ဖြစ်သေးဘူးဗျာ။
    ပုံတွေနဲ့တင်ပေးတာမို့ မရောက်သေးပေမဲ့ ကြည့်ခွင့်ရလို့ ကျေးဇူးပါ မအိ။

  • pooch

    August 9, 2012 at 1:01 pm

    မအိရေ ကျမတော့ ပုံတွေစာတွေကြည့်ပြီး ကျမတို့တိုင်းပြည်က အနားကြည် အလယ်နောက်နေတဲ့ ရေကန် တခုလို တွေးမိလို တွေးမိ၊
    အာဆင်းနစ်ဓာတ်တွေ ပျော်ဝင်နေတဲ့ အဆိပ်သင့်ရေကန်တခုလိုတွေးလို တွေး နဲ့ အာရုံတွေထွေသွားပါတယ်။

    တခေါက်မှ မရောက်ဖြစ်သေးလို့ သွားလည်းသွားချင်တယ်။
    သစ်ခွတွေရောင်းနေတယ် ဆိုတော့ တခါက ဆရာကြီး ပြောခဲ့တာလေးလည်း သွားသတိရတယ်။
    မပြောတော့ပါဘူး မအိရယ်။ စိတ်မကောင်းလို့ပါ။

    ကျမတို့တွေက ကျောင်းနေစ အရွယ်မှာကတည်းက ကျောင်းပညာရေးကနေ သိသင့်သိထိုက် ရသင့်ရထိုက်သော အသိတွေကို မရခဲ့ မသင်ခဲ့ရလေတော့ မျိုးဆက်တဆက်ပြတ်သွားတဲ့အချိန်မှာ တိုင်းပြည်ရော လူတွေရော အသိတွေရော စုတ်ပြတ်သပ်ပြီး ကျန်ခဲ့ပါတယ်။

    ဒါကြောင့်မို့ ဘာပဲတွေးတွေး ဘာပဲ လုပ်လုပ် တလွဲဆံပင်ကောင်းနေသူတွေကိုပဲ မြင်နေတွေ့နေရပါတော့တယ်။ ကိုယ်တိုင်လည်း အလွဲတွေလုပ်တတ်ပါတယ်။

    နောက်မျိုးဆက်အတွက် ကောင်းသောပညာရေးစနစ်တခု ပေါ်ထွန်းလာရေး ။ လူတိုင်း ပညာတတ်မြောက်ရေးဆိုတာလေး ဘယ်တော့အကောင်အထည်ပေါ်လာမလဲပဲ တွေးမိနေပါတယ်။

    • Ma Ei

      August 10, 2012 at 11:37 am

      သစ်ခွတွေ ရောင်းနေတာတွေ့တော့
      ရွာထဲမယ် ဖတ်ဖူးတဲ့ စာကို အမှတ်ရမိပါတယ်…
      တောထဲက သစ်ခွလေးကို အိမ်မှာ ထိန်းသိမ်းထားတာပါလို့
      စိတ်ဖြေပြီး ဝယ်ခဲ့မိပါတယ်…
      Comment ဖတ်ပြီး အန်တီအိလဲ အတွေးများခဲ့ပါပြီ…
      အလွဲလုပ်တဲ့ထဲ ကိုယ်တိုင်လဲ ပါဝင်နေမိဆဲပါကွယ်…

  • မောင်ပေ

    August 9, 2012 at 1:03 pm

    ပုံလေးတွေ အားလုံးကြိုက်မိတယ်ဗျာ
    ခင်တဲ့
    ပေ

  • မမ အညာသူ

    August 9, 2012 at 1:55 pm

    ပုံလေးတွေကအရမ်းလှတယ်
    ခုလို မြင်ခွင့်ရတဲ့အတွက်ကျေးဇူးပါနော်

  • ပင်လယ် ပျော်

    August 9, 2012 at 5:39 pm

    တစ်ခေါက်လောက်တော့ရောက်သင့်တဲ့ နေရာလို ့ထင်မိပါတယ်… ဓါတ်ပုံနှင့်တကွဖော်ပြပေးတဲ့အတွက် ကျေးဇူးပါ…

  • အလင်းဆက်

    August 9, 2012 at 7:34 pm

    ဓါတ်ပုံတွေ ထဲကနေ ခရီးတစ်ခု ထွက်လိုက်ရလို ့…
    ကျေးဇူးတင်ပါတယ် မအိ ရေ..။

  • Ma Ei

    August 10, 2012 at 11:52 am

    ကိုခင်ခ…
    ထမ်စမ်းလှိုဏ်ဂူကို ခုတစ်ခေါက်ဘဲ ရောက်ဖူးခဲ့တာပါ…
    လမ်းခရီးနေရာတွေ အတော်လှပါတယ်…

    မောင်ပေရေ…
    ပုံလေးတွေ အားလုံးကြိုက်တယ် ဆိုလို့
    ဝမ်းသာမိပါတယ်…
    နောက် Post တွေလဲ ကြည့်ပြီး Comment ပေးပါဦးနော်…

    အညာသူလေးရေ…
    ပုံလေးတွေကအရမ်းလှတယ်…ပြောလို့
    ကျေးဇူးပါနော်…

    ပင်လယ်ပျော်…
    ဒေသန္တရ ဗဟုသုတလဲရ
    စိတ်အပန်းလဲပြေ ဘို့ရာ
    တစ်ကယ်ကို တစ်ခေါက်ရောက်သင့်တဲ့
    နေရာလေးတွေပါကွယ်…

    အလင်းဆက်ရေ…
    ဓါတ်ပုံတွေ ထဲကနေ ခရီးတွေထွက်ဘို့
    ဆက်ရန်ရှိသေးလို့ လိုက်ခဲ့ပါဦးနော်…

  • shwe kyi

    August 10, 2012 at 1:44 pm

    မွေတော်ကက္ကူ နားမှာလားအန်တီအိ။ မှတ်ထားလိုက်ပြီရောက်ခဲ့ရင်သွားဖူးရအောင်။
    လက်နက်ကိုင်တွေရှိတယ်ဆိုတော့နည်းနည်းတော့ကြောက်မိသလိုပဲ။
    အန်တီအိရေအခုလိုမျှဝေပေးလို့ကျေးဇူးပါ။

  • Ma Ei

    August 10, 2012 at 2:31 pm

    အန်တီအိလည်း နည်းနည်းတော့ ကြောက်သွားတာရယ်…
    ဒါပေမဲ့ ကိုယ်က ဧည့်သည်ဘဲလေ၊ ရန်မရှိလောက်ပါဘူးနော်…
    နောက် Post လေးတွေလဲ ဖတ်ကြည့်ပေးပါဦးနော်…

  • may flowers

    August 11, 2012 at 4:01 pm

    မအိရေ.လာမယ်ကြာမယ်ဆိုတဲ့စကားအတိုင်း တကယ့်ကို မျှော်သူမောရပါလား………နော်။

    ခုလည်းအရမ်းလှတဲ့ရှုခင်းလေးတွေကိုကြည့်ပြီး ဘုရားလည်းဖူးသွားပါတယ်..တောင်ကြီးကဘုရားတွေလည်း

    မြန်မြန်လေး ဖူးချင်ပါတယ်လို့…။

  • Ma Ei

    August 13, 2012 at 11:41 am

    မေလေးရေ…
    စောင့်ဖတ် ပေးလို့ ကျေးဇူးနော်…
    တာဝန်မကျေသလိုဖြစ်နေမိတာ
    ခွင့်လွှတ်ပေးနော်…

Leave a Reply