သင် ပြုံး ပြ လိုက်ပါ ။

နွေဦးAugust 9, 20121min34123

ပြုံးပြလိုက်ပါ  ။

သင်ပြုံးပြလိုက်တဲ့ တုန့်ပြန်ချက်တွေ ကြည့်လိုက်ပါ ။သင်ကိုယ်တိုင် ကြေနပ်သွားမှာပါ။ပြုံးပြရတဲ့ အလုပ်က သင့်အတွက် မခက်ခဲပါဘူး ။ သင်ပြုံးပြတာကိုတွေ့မြင်ရတဲ့ သူတွေက ရရှိသွားတဲ့ ပျော်ရွှင်မှု က အဖိုးမဖြတ်နိုင်ပါဘူး ။

၁။  ။သင့်ရဲ့ အပြုံးက ကူးစက်စေပါတယ် ။

       သင်ပြုံးနေတာကို တစုံတယောက်က မြင်လိုက်ရင် သူပါ လိုက်ပြုံးလာတာတွေ့ရမှာပါ ။သင့်ရဲ့ အပြုံးနဲ့အတူ ပျော်ရွှင်မှုတွေကလဲ သူ့ဆီကို ကူးစက်သွားပါတယ် ။

၂။   ။သင့် အပြုံးက လူတွေကို ဆွဲဆောင်မှု ရှိစေ လာတယ် ။

        ပြုံးနေတဲ့ သင့်ကို မြင်ရတဲ့သူတွေက မှတ်မိလွယ်ကြတယ် ။မျက်မှောင်ကြုံ့နေတဲ့ သင့်ထက် ပြုံးနေတဲ့ သင့်ကို စိတ်ဝင်စားမှု ပိုများမှာပါ။

၃။   ။ ပြုံလိုက်တဲ့အတွက် စိတ်ဖိစီးမှု လျှော့ကျ သွားစေပါတယ် ။

        စိတ်ဖိစီးမှု ခံစားနေရတဲ့ အချိန်မှာ သင့် မျက်နှာဟာ အိုမင်းရင့်ရော်နေမှာပါ ။ ဒီအချိန်မှာ သင်ဟာ ကြိုးစားပြီး ပြုံးလိုက်မယ်ဆိုရင် သင် ပင်ပန်းနေတာတွေ လျှော့ကျသွားလိမ့်မယ် ။ သင့်မျက်နှာကလည်း စိတ်ဓါတ်ကျပြီး ပင်ပန်းနွမ်းနယ်နေပုံ ပျောက်သွားတာ တွေ့ရပါမယ် ။

၄။  ။သင့်မျက်နှာကို ပိုမို နုပျိုစေတယ် ။

      ပြုံးနေတဲ့ သင့်မျက်နှာဟာ ကြွက်သားတွေ ပြေလျှော့ပြီး တင်းမာမနေလို့ သင့် ရဲ့ အရါယ်ကို ပို နုပျိုစေလာတယ် ။

၅။  ။ ဆက်ဆံရေးကောင်းလာပြီး အောင်မြင်မှုတွေ ရလာမယ် ။

       ပြုံနေတဲ့သင့်ကို လူတကာက ဆက်ဆံရအဆင်ပြေသူ မိမိကိုယ် မိမိ ယုံကြည်မှု ရှိသူ လို့ သတ်မှတ်ပြီး  တိုင်ပင်ဆွေးနွေးမှုများပြုလာခြင်းနဲ့အတူ သင့်အတွက် အောင်မြင်မှုတွေကလဲ ပါလာပါလိမ့်မယ် ။

၆။  ။ခန္ဓာ ဇီဝ ဖြစ်စဉ်တွေ ကောင်းလာစေတယ်။

      ပြုံးလိုက်တဲ့အတွက် မျက်နှာကကြွက်သားပြေလျှော့သွားသလို တဆက်ထဲ သွေးဖိအားလျှော့ကျ သွားပါတယ် ။ခန္ဓာကိုယ်ထဲက သဘာဝ ဓါတု ပစ္စည်းတွေက သာမန်အချိန်ထက် ပြုံးနေတဲ့အခါ ပို အကျိုးပြုနိုင်ပါတယ် ။ခန္ဓာကိုယ်ရဲ့ ခုခံအားကို တိုးမြင့်လာစေတဲ့အတွက် တော်ရုံရောဂါတွေ မဝင်လာနိုင်ဘူး။

၇။  ။ ပြုံးနေတဲ့ သင်ဟာ အဆိုးမြင်စိတ်တွေ လျှော့လာပါလိမ့်မယ် ။

       လောကကြီးက နေတတ်ရင် ပျော်စရာကောင်းပါတယ် ဆိုတဲ့ အတွေးလေး သင်ပြုံးနေရင်းနဲ့ မကြာမကြာပေါ်လာတတ်တာ တွေ့ရပါလိမ့်မယ် ။

       ဒီစာလေးဖတ်ပြီးတော့ နဲနဲဖြစ်ဖြစ် ပြုံးနိုင်အောင် ကြိုးစားကြည့်ရင်း လောကကြီးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်ကြပါစေလို့ဆန္ဒ ပြုပါတယ် ။

နွေဦး အတွေးအတိုင်း ရေးထားပါသည် ။

23 comments

  • မောင်ပေ

    August 9, 2012 at 1:17 pm

    ကျွန်တော့်အလုပ်က အရောင်းအဝယ်ဆိုတော့ ဈေးဝယ်လာရင် မပြုံး ပြုံးဖြစ်အောင် ပြုံးရတာကလား
    ပြုံးခြင်းရဲ ့လက်ငင်းအကျိုးပေးကတော့ ဈေးဝယ်ရဲ ့ဈေးသည်အပေါ်ထားတဲ့ စိတ် ပြောစကားဟာ နူးညံ့သွားတာပါဘဲ

    • နွေဦး

      August 9, 2012 at 4:45 pm

      ကိုယ့်အတွက်လဲ အကျိုးရှိတဲ့ အပြုံးကို အမြဲဆောင်နိူင်ပါစေ ။

  • မောင် ကောင်း

    August 9, 2012 at 1:23 pm

    ပြုံးပါ smile!

  • P chogyi

    August 9, 2012 at 1:38 pm

    ကျွန်တော်ပြုံးလိုက်တယ် နွေဦးပြန်မပြုံးပြဘူး။

    • mayjuly

      August 9, 2012 at 2:17 pm

      သူမမြင်လို့ပါ မြင်လျှင် ပြဲုံး မိမှာပါ .. 😛

    • နွေဦး

      August 9, 2012 at 4:40 pm

      အပြင်မှာသာ လူမိုက်ရုပ်နဲ့ နေတာပါ ..
      ရွာထဲမှာတော့ အမြဲပြုံးနေတာပါ ။း))။

  • မမ အညာသူ

    August 9, 2012 at 1:45 pm

    အပြုံးဆိုတာအရှုံးသမားအတွက် ဪ နှစ်သိမ့်ဆု…………….
    ဟီးးးးးးးးးးးးးးးသီးချင်နော်

    • နွေဦး

      August 9, 2012 at 4:46 pm

      ဟီးးးးးးးးးးးးး ဆို ပြုံးတာ ထက် ရီသလိုဖြစ်သွားသလား

  • ko khin kha

    August 9, 2012 at 1:48 pm

    အထက်တန်းကျောင်းသားဘဝတုံးက ဝရံတာကနေအမှိုက်ချမိတာ၊
    ကျောင်းအုပ်ဆရာကြီးခေါ်ဆူတာ ပြုံးပြမိလို့၊
    သူ့နောက်တာလားဆိုပြီး အစော်ခံခဲ့ရတယ်၊
    အဲဒီထဲက ပြုံးရမှာခပ်ကြောက်ကြောက်ဖြစ်ခဲ့တာ။

    • နွေဦး

      August 9, 2012 at 4:42 pm

      ကံဆိုးတာက ဆရာကြီးဖြစ်နေတာကိုး..
      ဆရာမကြီးဆို အဆင်ပြေမှာ..
      ဆရာကြီးက အိမ်မှာ ဆရာကြီးကတော်က ဘယ်လို အပြုံး ပြုံးပြခဲ့လဲမှမသိတာနော..။

  • Khaing Khaing

    August 9, 2012 at 2:47 pm

    ကိုယ်ကပြုံးပြပေမယ့် ကိုယ့်အပြုံးကိုမသိချင်ယောင်ဆောင်သွား တတ်သူတွေရှိတော့ ငါမပြုံးပြမိခဲ့ရင် ကောင်းသားလို့တောင် နောင်တဖြစ်ခဲ့ရတာများပါတယ် ..

    • နွေဦး

      August 9, 2012 at 4:54 pm

      နောက်တခါတွေ့ရင် မြင်အောင်ကို ပြုံးပြလိုက်မယ် ဆိုပြီး ပြုံးပြလိုက်ပေါ့..။

    • ပင်လယ် ပျော်

      August 9, 2012 at 5:30 pm

      သူများမှားပေမဲ့ ကိုယ်မမှားစေနဲ ့ပေါ့..အခိုင်လေးရဲ့….

  • manawphyulay

    August 9, 2012 at 2:55 pm

    ပြုံးတာတော့ ဟုတ်ပါပြီ။ မဲ့ပြုံး၊ မချိပြုံး၊ လှောင်ပြုံး စတဲ့ အပြုံးမျိုးတွေ မဖြစ်ဖို့ အရေးကြီးဆုံးပါပဲ။
    ပြုံးတော့ပြုံးတယ် သူက ငါ့ကို မျက်စောင်းထိုးသွားတယ်ဆိုတဲ့အဖြစ်တွေ ဖြစ်တဲ့သူတွေလည်းရှိကြမှာပါ ဟုတ်တယ်ဟုတ်… ဒီတော့ အပြုံးတွေထဲမှာ smile ပုံ smile နည်းက အရေးကြီးဆုံးပဲလို့ မနောတော့ မြင်မိတာပါပဲ။

    • နွေဦး

      August 9, 2012 at 3:21 pm

      ဘယ်လိုအပြုံးမျိုးဖြစ်ဖြစ် သေခြာတာက မျက်နှာ အကြောလျှော့သွားတာတော့ အမှန်ဘဲဗျ။
      တနေ့တနေ့ ရှုံမဲ့ပြီးလူမိုက်ရုပ်နဲ့ နေနေရတာ ကြာလာတော့ ပြုံးဖို့ မေ့မေ့သွားလို့ ကိုယ့်လိုလူတွေအတွက် ပြုံးကြပါလို့ သတိပေးလိုက်တာပါ ။

  • we R one

    August 9, 2012 at 5:49 pm

    ပြုံချင်းလည်း ပြုံး မပြုံးချင်လည်း ပြုံး နဲ ပြုံးနေ ရလွန်းလို့… …. အလိုလို နေရင်း ပြုံးနေလို့… အကြည်တော် စာအုပ်ထဲ ကလို ပြုံးတော်မူလို့ တောင်ခေါ်ရမလို ဖြစ်နေပြီ..။ အခုလည်း ပြုံရင်း အားပေးသွားပါသည်..

  • padonmar

    August 9, 2012 at 10:38 pm

    မိတ္တဗလဋီကာရဲ့ နံပါတ်(၁)နည်းက ပြုံးပါတဲ့။
    ပြုံးသွားပါတယ်နွေဦးရေ။
    ဒါပေမယ့် လူတွေရဲ့ပဋိသန္ဓေစိတ်မှာ သောမနဿ နဲ့ ဥပေက္ခာ ၂မျိုးကွဲတယ်တဲ့။
    သောမနဿ သမားက အမြဲပြုံးနေတတ်ပေမယ့် ဥပေက္ခာသမားတွေကတော့ မျက်နှာကြောတင်းကြတယ်တဲ့။
    အမှန်တော့ ပြုံးတဲ့သူကို လူပိုချစ်ကြမှာပေါ့။
    နောင်ဘဝများရှ်ိခဲ့ရင် သောမနဿ ပဋိသန္ဓေဖြစ်အောင် ကောင်းမှုလုပ်ရင် ဝမ်းမြောက်ဝမ်းသာလုပ်ပါလို့ မှတ်သားဖူးပါတယ်။
    အဲဒီတော့ အခုရောနောင်သံသရာမှာပါ ပြုံးနိုင်အောင်ကြီုးစားပါမယ်။

    • နွေဦး

      August 10, 2012 at 10:19 am

      နောင်သံသရာထိပါကောင်းမယ်ဆိုတော့
      ဒီရှစ်ခေါက်ချိုးမျက်နှာ ကြီးကို ပြင်တော့မယ် ဗျာ…
      ဟော…ပြုံးပြုံးလေး…..း)

  • si tone

    August 11, 2012 at 3:21 pm

    Si Tone က အမြဲတမ်းပြုံးပြုံးလေးနေတက်တော့ လူတိုင်းက ချစ်ခင်ကြပါတယ်…
    နွေ၁ုီး ပြောသလိုပဲပေါ့…………………. Si Tone က တခါတလေ ကျရင်.. ပြုံးလွန်းအားကြီးတော့
    လူတွေကတောင် အမြင်ကပ်ကြတယ်……. ဒါပေးမယ့် Si Tone ကအပြုံးမပျက်ပါဘူး……
    အင်း……..ဟိုလေ…. အဆိုတော် ချစ်သုဝေ တောင် သီချင်းဆိုထားသေးတယ်…
    “တကယ်ဆို လူဘဝအချိန်လေး ခဏမှာ အချစ်တစ်ခုထဲနဲ့ အသက်မရှင်နဲ့ ပျော်ပစ်လိုက်ပါ…..
    အရာရာ ကိုယ့်ဘက်ရှိနေဆဲ…. ဒီလိုပဲမင်းတွေးပါ…”
    ှSi Tone ရဲ့ ဒီစာလေးကို ဖတ်တဲ့သူတိုင်း စိတ်ချမ်းသာပါစေလိုဆုတောင်းပါတယ်…..

  • kotun winlatt

    August 11, 2012 at 3:29 pm

    ပြုံးပြုံးလေးနဲ့ ဖတ်သွားပါကြောင်းးးး
    သို့သော်…ကွန်နက်ရှင်က ကျနော်ပြုံးနေသည်ကို ငပေါကြီးဟု ထင်မှတ်ခါ ကွန်မန့်ကို လက်မခံပါကြောင်း..သို့အတွက် ကျနော့်မှာ ဤကွန်မန့်ကို သုံးကြိမ်သုံးခါ မန့်လိုက်သောအခါမှ ရပါကြောင်း..ပြုံးရသည်မှာ ပါးညောင်းသွားဘာကြောင်းးးးလေးစားစွာဖြင့်….

Leave a Reply