♪♥♪သင့်ချစ်သူအတွက်ဒီလိုလေးနေမပေးချင်ဘူးလား???♪♥♪

ယခုတင်ပြမယ့်ပိုစ်လေးကချစ်သူတွေနဲ့

ပတ်သက်တာမျိူးပေါ့  …။အဟိ..ချစ်သူဆိုတာနဲ့ ရင်ခုန်သွားပြီလား  …။နှလုံးသားရှိသူတိုင်းရင်ခုန်တတ်ကြတယ်

ဆိုတာမထူးဆန်းပါဘူးနော်..။ဒီတော့ရင်ခုန်မိသူတိုင်းလည်း  အချစ်နဲ့မိတ်ဆွေဖွဲ့မိတာပေါ့လေ..။ဟုတ်တယ်ဟုတ်???

ခုချစ်သူတွေကြားမှာ ချစ်ခရီးသာယာဖြောင့်ဖြူးဖို့အတွက်  အဓိကကျတဲ့…..အချက်လေးတွေကို

ပြောပြပေးပါ့မယ်နော်..။ဝန်ခံစရာရှိတာက အခုရေးလိုက်တဲ့ပိုစ်လေးကို  လေးစားချစ်ခင်ရတဲ့အကို

စာရေးဆရာ ဘလော့ဂါအကို သူရဿဝါ ကလက်ဆောင်ပေးလာတာပါ..။အကို့ရဲ့စာစုလေးကို လေးစားဂုဏ်ပြုတဲ့အနေ

နဲ့သူငယ်ချင်းမောင်နှမတွေ ဗဟုသုတရစေရန် အလို့ငှာ  ရည်သန်ပြီး  ခုလိုရေးသားလိုက်ရပါတယ်..။

ချစ်သူတွေအတွက် A to Z

ကျနော်ဖတ်ခဲ့ဖူးတဲ့ စာလေးတစ်ပုဒ်ကို ပြန်ပြီးဖော်ပြချင်ပါတယ်။ ချစ်သူတွေအတွက် A to Z ရေးပြထားတာပါ။

ကျနော့်ရဲ့အမြင်လေးတွေကိုလည်း ရေးချပေးလိုက်ပါတယ်။

A- Absolutely adove each other

ချစ်သူနှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် အပြည့်အဝ မြတ်နိုးခင်တွယ်ကြဖို့လိုပါတယ်။ ဒါမှလည်း တစ်ယောက်ရဲ့

စိတ်ထဲမှာ တစ်ယောက် ရာသက်ပန် နေထိုင်နိုင်မှာပေါ့လေ။

B- Be best of friends

အကောင်းဆုံးမိတ်ဆွေတွေ ဖြစ်နေကြဖို့လိုတယ်လို့ ပြော့လိုတယ်လို့ ပြောထားပါတယ်။ဟုတ်ပါရဲ့….ဒါမှလည်း

တစ်ယောက်ကို တစ်ယောက် ဆိုးတိုင်ပင်ကောင်းတိုင်ပင် သဘောထားရင်း ပိုပြီး ခင်တွယ်လာကြပါလိမ့်မယ်။

C- Comprise

အစစအရာရာ ကျေအေးပေးကြပါတဲ့။ဟုတ်ပါတယ်။ ကောင်လေးကဘီယာသောက်လာရင်လည်း

ကောင်မလေးကသိပ်ပြီးဆူပူမနေသင့်သလို ကောင်မလေးက ဆူပူနေရင်လည်း ကောင်လေးက

ခွင့်လွှတ်ပြီး နားလည်ပေးသင့်ပါတယ်။

D- Discover new things

အသစ်အဆန်းတွေရှာဖွေကြည့်ကြပါဆိုပဲ။ အဲဒါကတော့ ကျနော်မပြောလည်း ခင်ဗျားတို့ သဘောပေါက်ပြီးသား ဖြစ်မှာ

ပါနော်။ များများသာတွေ့အောင် ရှာကြပေါ့။ သစ်လေကောင်းလေ…။

E- Encourage each other

တစ်ယောက်နဲ့    တစ်ယောက် အားပေးကြပေါ့လို့ စာရေးသူက ပြောပါတယ်။ ကျနော့်အမြင်ကလည်း တစ်ယောက်ရဲ့

အားပေးခြင်းဟာ ကျန်တစ်ယောက်အတွက် အမြင့်ဆုံးဆုလဒ်ဖြစ်နေနိုင်လို့ပါပဲ။

F- Forgive and forget

ခွင့်လွှတ်ပြီး မေ့မေ့ပျောက်ပျောက်နေကြတဲ့။ ဟုတ်နေပြန်ပါရောလား..။ ဘာဖြစ်ဖြစ်ခွင့်လွှတ်ပေးနိုင်တဲ့ ချစ်သူကို

ဘယ်သူကများ မချစ်ပဲ ၊ မလေးစားပဲ နေနိုင်မှာတဲ့လဲ။ ချစ်သူတွေရဲ့ တည်မြဲကြောင်းတရားတွေပါပဲ။

G- Goze with each other eyes

ဒီတစ်ခါတော့ စာရေးသူက တစ်ယောက်မျက်လုံးကိုတစ်ယောက် စူးစိုက်ကြည့်ရှုကြပါတဲ့။ ကိုယ်ချစ်မြတ်သူလေးရဲ့

မျက်ဝန်းညိုညိုထဲက ခင်ဗျားအပေါ် သင်းပျံ့ခြင်းတွေကို ခင်ဗျားရှာကြည့်သင့်တယ်လို့ ကျနော်လည်းထင်ပါတယ်။

H- Hold hands and hug alots

လက်ကိုကိုင်ဆွဲပြီး အပြည့်အဝ ပွေ့ဖက်ထားကြပေါ့တဲ့။ ချစ်သူရဲ့လက်ဖဝါးကို နူးညံ့စွာ ဆုပ်ကိုင်ထားရတဲ့ခဏဟာ

ဘဝရဲ့ အသင်းပျံ့ဆုံးအချိန်တွေ ဖြစ်ဖူးကြပါလိမ့်မယ်။ အဲဒီအဆိုကို ခင်ဗျားလည်း နူးနူးညွတ်ညွတ် လက်ခံချင်မှာပါနော်။

I- Inspire and intrigue each other

စာရေးသူပြောချင်တာက အားပေးစရာရှိရင်အားပေး လျှို့ဝှက်စရာရှိရင် လျှို့ဝှက်ကြဖို့ပါတဲူ့။ အသက်နဲ့ထပ်တူ

ချစ်ကြည်ရသူလေးရဲ့ အားပေးမှုမှာ ခင်ဗျားဘယ်နှကြိမ်များ ပျော်ဝင်ခဲ့ဖူးပါသလဲ။ ဒီလိုပါပဲချစ်သူရဲ့ စိတ်ဆင်းရဲမှုကို

မမြင်ချင်တဲ့အခါကိုယ့်ရဲ့ ညစ်ညူးနောက်ကျိစရာအကြောင်းတွေကို ချစ်သူမသိအောင် လျှို့ဝှက်ထားသင့်ပါတယ်။

J- Joke and laugh and have fun

ပြက်လုံးထုတ်ပြီး ရယ်ကြမောကြ ၊ ပျော်ပျော်ရွှင်ရွှင်နေကြပါဆိုပဲ။ ချစ်သူ့နှုတ်ခမ်းကပွင့်အံလာမယ့် ရယ်သံလွင်လွင်

လေးကို ကြားရဖို့ ခင်ဗျားလည်း လူရွှင်တော်တစ်ဦးဖြစ်ဖူးခဲ့ပါလိမ့်မယ်။ အဲဒီအခိုက်အတန့်လေးရဲ့ ပျော်ရွှင်မှုဟာ

ခင်ဗျားတို့ရဲ့ ချစ်စံအိမ်လေးမှာ သာယာနာပျော်စရာတွေအပြည့်စိုက်ထူဖို့ ပထမဆုံးအုတ်တစ်ချပ်လည်း ဖြစ်နေနိုင်

ပါတယ်။

K- Kiss , kiss , kiss

စာရေးဆရာက K ကိုတော့ အရှင်းဆုံးဖွင့်ပြထားပါတယ်။ ရိုးရှင်းပေမယ့် နက်ရှိုင်းတဲ့ ၊ လှပတဲ့ ဖော်ဆောင်မှုပါ။

နမ်း……….နမ်းပြီးရင်းနမ်း…….. နမ်း…. နမ်း ပါတဲ့။ ကဲ………. ခင်ဗျားကရော…..????

L- Love with all heart

အသည်းနှလုံးထဲက သိမ်းကျုံးပြီးချစ်ကြပါတဲ့။ အထွေအထူးမှတ်ချက်ပြုစရာမလိုတဲ့ သုံးနှုန်းမှုပါပဲ။ တစ်ယောက်ရဲ့

စိတ်ဟာ ကျန်တစ်ယောက်အတွက် အရိပ်ဖြစ်ပြီဆိုရင် အရာရာ……. ပြည့်စုံစိမ်းလန်းနေပါလိမ့်မယ်။

M- Marvel at each other’s heart

တစ်ယောက်အရည်အချင်းကိုတစ်ယောက် အံ့ဩပြလိုက်ပါတဲ့။ ဟုတ်ပါတယ်။ တစ်ယောက်ရဲ့အရည်အသွေးကို

တစ်ယောက် အပြန်အလှန် အံ့ဩချီးကျူးပြခြင်းဟာလည်း ရှိသင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

N- Nature each other’s soul

တစ်ယောက်စိတ်ကိုလည်း တစ်ယောက် ဂရုစိုက်ကြပါတဲ့။ ချစ်သူရဲ့ ဝမ်းသာမှု ……. ပျော်ရွှင်မှု…. အမှတ်တရ….

သူ့စိတ်ထဲက အရာရာကို ခင်ဗျား ဂရုတစိုက်ရှိနေသင့်တာပေါ့။

O- Overcome problems together

ဒီတစ်ခါတော့ ပြဿနာအပေါင်းကို အောင်မြင်ပြလိုက်ကြပါတဲ့။ ဘာပြဿနာတွေကိုပဲဖြစ်ဖြစ်ခင်ဗျားတို့နှစ်ယောက်

ပေါင်းပြီးအချစ်တွေနဲ့ အုတ်တံတိုင်းလို ကြံ့ကြံ့ခံထားကြပေါနော်။

P- Play games

အားလပ်တဲ့အခါမှာတော့ ဆော့ကစားကြပေါ့နော်။ ခင်ဗျားနဲ့ ခင်ဗျားချစ်သူကြားက ကြည်နူးစရာကစားနည်းတွေကို

တော့ ခင်ဗျားကိုယ်တိုင် သိပြီးဖြစ်ပါလိမ့်မယ်။

Q- Quenchless loves with each others

မငြိမ်းနိုင်တဲ့အချစ်တွေနဲ့ အပြန်အလှန်ချစ်ကြပါတဲ့။ တစ်ယောက်နဲ့တစ်ယောက် လင်းလင်းလွင်လွင် ချစ်နေကြသရွေ့

ခင်ဗျားတို့နှစ်ယောက်ဟာ စွယ်တော်ရွက်လေးလိုပဲ တသားတည်း ၊ တလွှာတည်း ဖြစ်နေကြမှာ သေချာပါတယ်။

R- Remember little things

ကဗျာဆန်တဲ့စာရေးသူက အသေးအမွှားလေးကအစမှတ်မိဖို့ကြိုးစားကြပါလို့ အလေးအနက်ပြောပါတယ်။ ခင်ဗျား

သိမ်းထားတဲ့တစ်ရှူးစလေးပေါ်ကချစ်သူရဲ့ချွေးနံ့လေးအကြောင်းခင်ဗျားသူ့ကိုပေးခဲ့ဖူးတဲ့ပန်းနီနီလေးအကြောင်း….

အဲဒီလို သေးသေးဖွဲဖွဲလေးတွေကို ခင်ဗျားက မှတ်မှတ်ရရပြန်ပြောတဲ့အခါ ခင်ဗျားချစ်သူရဲ့ အိပ်မက်တိုင်းကလည်း

ခင်ဗျားအတွက်ပဲ ဖြစ်နေမယ်ဆိုတာ ကျိန်းသေပဲလို့ ကျနော် လောင်းကြေးထပ်ရဲပါတယ်။

S- Say ” I love you ” everyday

နေ့တိုင်း နေ့တိုင်း ချစ်တယ်လို့ပြောကြပေါ့တဲ့။ ခင်ဗျားပြောတဲ့ ချစ်စကားတွေထဲမှာ ခင်ဗျားရဲ့ချစ်သူဟာ ဘယ်နှစ်ကြိမ်

များ သိင်္ဂါရဆန်ဆန် ပြုံးလဲ့လဲ့ဖြာခဲဖူးပါသလဲ။ သူ့ရဲ့ `ချစ်တယ်´ဆိုတဲ့ စကားသံလေးထဲမှာရော ခင်ဗျားရဲ့ပီတိတွေ

ဘယ်လောက်များ ပျော်ဝင်စုန်ဆန်ခဲ့ပြီးပြီလဲ။ ခင်ဗျားကိုယ်တိုင် အသိဆုံးဖြစ်ပါလိမ့်မယ်။

T- Take time for tenderness

ဒီတစ်ခါတော့ စာရေးသူက အကြင်နာတရားတွေအတွက် အချိန်ယူကြပါလို့ တိုက်တွန်းပါတယ်တဲ့။ ဟုတ်မှာပါ။

အချိန်အတော်ကြာခိုင်မြဲလာတဲ့ အကြင်နာတရားမှန်သမျှဟာ ခင်ဗျားတို့ချစ်သူနှစ်ဦးရဲ့ လမ်းခရီးမှာလိုအပ်တဲ့အကြောင်း

အရာတစ်ခုပါပဲ။

U- Understand and care deeply

တစ်ဦးကိုတစ်ဦး လေးလေးနက်နက် နားလည်စောင့်ရှောက်ကြပါလို့ သူကပြောထားပါတယ်။ ခင်ဗျားတို့နှစ်ဦးရဲ့

အပြန်အလှန်နားလည်းစောင့်ရှောက်မှုတွေဟာ ခင်ဗျားတို့နှစ်ဦးအတွက် ခိုင်မတ်တဲ့ သစ္စာတရားတွေဖြစ်နေနိုင်သလို

ခင်ဗျားတို့အတွက် မပြီးဆုံးနိုင်သော….မရေတွက်နိုင်သော….. နှလုံးသားချင်းထိစပ်နေမှုလည်း ဖြစ်နေနိုင်တာပေ့ါ။

V- Value everything you share

စာရေးသူကတော့ မျှဝေခံစားသမျှကို တန်ဖိုးထားကြပါတဲ့။ အဲဒီမျှဝေမှုဟာ ခင်ဗျားရေးထားမိတဲ့ချစ်သူအကြောင်း

ကဗျာတစ်ပုဒ်ဖြစ်ချင်ဖြစ်မယ်။ ဒီနေ့ခင်ဗျားကြုံတွေ့ခဲ့ရတဲ့ ရယ်စရာအကြောင်းအရာတစ်ခု ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်

ခင်ဗျားစိတ်ဆိုးနေမိတဲ့ အဖြစ်အပျက်တစ်ခုလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ အရေးကြီးတာက ခင်ဗျားခံစားရတာကို

ခင်ဗျားချစ်သူလေးဆီ မျှဝေဖို့နဲ့ သူ့မျှဝေမှုကို ခင်ဗျားခံစားပေးနိုင်ဖို့ပါ။

W- Wish on star together

ကြယ်တွေရှိတဲ့ကောင်းကင်ဘုံကို အတူတကွ ဆုတောင်းကြပေါ့တဲ့။ ချစ်သူနဲ့အတူရှိနေဖို့ဆိုတာ ခင်ဗျားရဲ့ ခမ်းနား

တည်ကြည်သော လင်းပျပျမျှော်လင့်ချက်တစ်ခုဖြစ်ပါလိမ့်မယ်။ ဘယ်လိုအရာမျိုးကိုမဆို ချစ်သူနဲ့အတူ ရင်ဆိုင်ရတဲ့အခါ

ခင်ဗျားရဲ့ ခွန်အားတွေဟာ ထင်ထားတာထက်ပိုပြီး ပြည့်ဝနေတတ်ပါတယ်။ ဆင်းရဲခက်ခဲတဲ့ လမ်းခရီးမျိုးမှာတောင်

ချစ်သူကိုခင်ဗျားနားရှိနေရင်သိပ်ကောင်းမှာပဲလို့ တောင့်တနေမိရင် ပြာစင်တဲ့ကောင်းကင် ပေါ်က ကြယ်ပွင့်တွေထဲမှာဆို

ရင်လည်းခင်ဗျားသူနဲ့အတူ နေချင်မယ်ဆိုတာ ကျနော်မှန်းဆလို့ရပါတယ်။ ကဲ..ကျနော်တို့အာလုုံး ခုကစပြီး ဆုတောင်း

ကြည့်ကြပါစို့။

X- Xpress your true feeling

သင့်ရဲ့စစ်မှန်တဲ့ခံစားမှုကိုလည်း ဖော်ပြသင့်ပါတယ်တဲ့။ ခင်ဗျားရဲ့ဒိုင်ယာရီထဲမှာ သူ့နာမည်စာလုံးပေါင်းတွေ

ဘယ်လောက်များရှိနေတယ်ဆိုတဲ့အကြောင်း ၊ သူ့အကြောင်းတွေးမိတ်ိုင်း ခင်ဗျားဘယ်လောက်တောင် သူ့အပေါ်

သင်းပျံ့ပါတယ်ဆိုတဲ့အကြောင်း…..သူနဲ့ပတ်သက်သမျှ ခင်ဗျားရဲ့ခံစားမှုတွေကိုလည်း ခင်ဗျားရံဖန်ရံခါ ပြောသင့်ပါရဲ့။

Y- Yearn for each other’s touch

တစ်ယောက်နဲ့တစ်ယောက် တွေ့ထိကြဖို့ ဆန္ဒပြုကြလို့ စာရေးသူက အကြံပြုထားပါတယ်။ နောင်တစ်ချိန် အတူလျှောက်

လှမ်းရမယ့် ဘဝလမ်းတွေထဲမှာ တစ်ယောက်လက်ကို တစ်ယောက်တွဲလို့ အဆင်ပြေပြေသွားနိုင်ဖို့ ခင်ဗျားတို့ရဲ့ တွေ့ဆုံ

ထိခတ်မှုတွေကို ခုကတည်းက အရှိန်ယူထားသင့်ပါပြီ။

Z- Z Z Z Z in each other’s arms

နောက်ဆုံးအနေနဲ့ပြောထားတာက တစ်ဦးကို တစ်ဦး စာလုံး Z လို ပွေ့ဖက်ထားကြတဲ့။ ဒီစာရေးဆရာဟာ အဲလို

ပွေ့ဖက်ခိုင်းဖို့ကိုတော့ အတော်ဝါသနာပါပုံရပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အနွေးထည်ဝတ်ထားလို့နွေးနေရတဲ့ ခံစားမှု

ထက်စာရင်တော့ခင်ဗျားရဲ့ ပွေ့ဖက်မှုထဲမှာ နွေးထွေးနေရတဲ့ ခံစားမှုကို    ခင်ဗျားချစ်သူက ပိုပြီး မက်မက်မောမော

တောင့်တမှာကတော့သေချာပါတယ်။

 

 

(သူငယ်ချင်းမောင်နှမများအားလုံး  သာယာသောချစ်ခရီးလမ်းလေးကိုလျှောက်လှမ်းနိင်ကြပါစေနော်…)

 

ချစ်ခင်လေးစားလျက်

10 comments

  • မွန်မွန်

    August 9, 2012 at 4:09 pm

    အဟဲ..ပေါက်တတ်ကရပြောလိုက်ဦးမယ်…
    Z Z Z Z in each other’s arms ဆိုတာလေ… တစ်ဦးရင်ခွင်ထဲမှာ တစ်ဦး ပွေ့ဖက်ထားပြီး အိပ်ပါလို့ ပြောတာ မဟုတ်ဘူးလားဟင်…
    (အနော်က အင်းဂလိပ်စာ အားနည်းတာဆိုတော့ ခွင့်လွှတ်နော်… 🙂 )

    • အရင့်ရောင်

      August 9, 2012 at 5:34 pm

      ဒါလည်း သိတာပဲ……..
      ဟွန်း…………
      ဘာမှလျှို့ဝှတ်လို့ကို မရဘူး……….
      ဟိဟိ

  • ချစ်တိုးလေး

    August 10, 2012 at 12:13 am

    ကိုအရင့်ရောင်က နည်းလမ်းလေးတွေလမ်းညွှန်ပေးတာတော့ ကောင်းပါတယ်။ဒါပေမယ့် ချစ်သူမှမရှိတာကြိံး. အရင်ဆုံးဘဲဘဲဘယ်လိုရှာရမလဲ နည်လမ်းပြောပြ. ့

    • အရင့်ရောင်

      August 10, 2012 at 10:14 am

      ဘဲ ရှာတာ လွယ်လွယ်လေးပါ………..
      ဘဲခြံမှာ သွားကြည့်…..ဟိဟိ

  • pan pan chit

    August 10, 2012 at 10:24 am

    အနော်ကတော့ ချစ်သူတွက်တွေးပီး သင်းအတွက်လုပ်ပေးရမှာ ပျင်းတယ် ဟင့်
    ပြောသားပဲ… လောကမှာ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးပါဆို :mrgreen:

    • အရင့်ရောင်

      August 10, 2012 at 4:23 pm

      အမလေး အဲလိုဟြေတဲ့သူကမှ ဟြေလိုက်ချင်ဘူးအေ………..
      အုံ့ပုန်းချစ်တွေ ပွင့်မှနော်…….ဟိဟိ
      ဝါတွင်းကြီးတောင် သူမရှောင်…………ဟိဟိ နောက်ထှာနော်…..

  • snow white

    August 10, 2012 at 1:44 pm

    အချစ်ဆရာကြီးကိုယ့်ဘာသာကျဘာမှ ဖြစ်မြောက်အောင်မလုပ်နိုင်ဘူး ကိုယ့်ဘာသာကျတော့ အချစ်ရေးကိုအဆင်ပြေအောင်မနေနိုင်ဘူး ။။

    • mayjuly

      August 10, 2012 at 3:22 pm

      ဟုတ်ပါ့ .. 😛

      • အရင့်ရောင်

        August 10, 2012 at 4:03 pm

        ဘာဟုတ်တာလဲ………..ဟွန်း……..
        နေတယ်နော်…….အဆင်ပြေအောင် ဟြေပြလိုက်ပါ
        စနိုးက ဘာမှ သိပဲနဲ့ကို
        ဟွန်း…….

Leave a Reply