***အဆိပ်မိနေတဲ့ ..စိတ်***

maung khinminAugust 9, 20121min754

@…အဆိပ်မိနေတဲ့…စိ်တ်…@

စိတ်ကို…အဆိတ်ခံရပေါင်းများတော့

အာရုံတွေက…ထုံပေပေနဲ ့…

အနာဂတ်နောက်…ခြေရာခံရင်း

တောမှောက်ခံနေရ……….

 

ဂါထာ မန ္တရားတွေ…ရွတ်ဖတ်ရုံနဲ ့

လုံခြုံမှု ရှိရင်အကောင်းသား…..

ကောင်းကင် နဲ ့ မြေလွှာကြား

သီဆိုမိတဲ့….တေးသွားတိုင်း….

ကောလဟာလ  ဖြစ်ဖြစ်သွားကြ…

 

အမှန်ခြစ်လိုက်တိုင်း…(×)ကြက်ခြေအခတ်ခံ

အဲလို….မလှမပနဲ ့…..

ဘဝဟာ…ပါးလျလာလိုက်တာ

နောက်ဆုံး…..

သုည ကိုဂတုံးတုံး…ဝလုံးတစ်လုံး

ဖြစ်မှန်းမသိ…..ဖြစ်လို ့…

စိတ်မှာ….အဆိပ်မိနေလိုက်ပုံများ။။။

 

4 comments

  • maung khinmin

    August 9, 2012 at 6:14 pm

    ကဗျာချစ်သူများ …. သည်းခံပါခင်ဗျာ
    အရင်တင်ပြီးသားကဗျာ တစ်ပုဒ်ကို ….
    မှားပြီးတင်မိပါတယ် ….
    ပြန်လဲ မဖျက်တတ်တော့ … ဆက်လက်ဖတ်ပေးကြပါလို့ …

  • မောင်ပေ

    August 10, 2012 at 1:09 pm

    အဆိပ်မိ
    ပုလိပ်ကြည့်
    လိပ်ငတိ
    ထိပ်ပိ
    အရိပ်မရှိ…။
    အားပေးသွားပါတယ် ဆြာခင်ရေ

Leave a Reply