သမ္မတ ၏ နှုတ်ထွက်ရန် ဖျောင်းဖြမှု ကို ဦးကျော်ဆန်း လက်မခံ

chityimhtooAugust 9, 20121min18516

မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် က လှို ့ဝှက် စွာ ခေါ် ယူ တွေ ့ဆုံ ပြီး လက် ရှိ တာဝန်ထမ်း
ဆောင် နေသည့် ပြန်ကြား ရေး ဝန်ကြီး ရာထူးနေရာ မှာ နှုတ်ထွက် စာ တင် ရန် တိုက်တွန်း
ချက် ကို ဦးကျော် ဆန်း က လက်မခံ ဘဲ ပယ် ချ လိုက် သည် ဟု FNG မှ သတင်း ရရှိသည်။

ယခု သီတင်း ပတ် အတွင်း အစိုးရ ရုံးစိုက် ရာ နေ ပြည်တော် မြို ့ ၏ သမ္မတ အိမ်တော် တွင်
သမ္မတ ဦးသိန်းစိန် က ဝန်ကြီး ဦးသိန်းစိန် အား ဖိတ် ခေါ် ပြီး နှုတ်ထွက် ပြီး အနားယူရန်
တိုက် တွန်း သော်လည်း ဦးကျော် ဆန်း က ငြင်းဆန် ခဲ့ သည်။

ထိုတွေ ့ဆုံ မှု ပြု လုပ် ပြီး နောက် ပြန်ကြား ရေး ဝန်ကြီး ဌာန ၏ အင်တာ နက် စာမျက် နှာ နှင့်
Facebook စာမျက် နှာ များ ဖောက်ထွင်း ခံ ရသည် ဆိုကာ ဦးသိန်းစိန် အစိုးရ ၏ ရိုဟင်ဂျာ
အရေး ကိုင် တွယ် ပုံ အား ဝေဖန် မှု ပြုထား သည့် စာများ တက်ရောက် လာခဲ့ သည်။

ဦးကျော်ဆန်း နှင့် ဦးသိန်းစိန် ၏ တိုက် ပွဲ ကြား တွင် လျှပ်တပျက် ဂျာနယ် အယ်ဒီတာ ချုပ် ဦး
မြတ် ခိုင် ၊ The Voice ဂျာနယ် နှင့် Envoy ဂျာနယ် တို ့ မြေစာ ပင် ဖြစ်ရသည် ဟု ရန်ကုန်
မြို ့ မှာ စစ်တပ် အရာ ရှိ စာရေး ဆရာ တစ်ဦး က FNG udk ပြောသည်။

ဦးသိန်းစိန် အား လိုလား သူများ က ဦးကျော်ဆန်း ၏ လူယုံ တစ်ယောက် ဖြစ်သော ဦးမြတ်
ခိုင် အား တရား စွဲ ဆို ထား သည့် အမှု များ နောက်ကွယ် က ပါရှိ နေ ပြီး ဦးကျော်ဆန်း က
လက် စားချေ သော အား ဖြင့် ပြည်တွင်း ဂျာနယ် ၂ စောင် ကို ထုတ်ဝေ ခွင့် ပိတ် ပင် မှု ပြု
လိုက် သည် ဟု ဆိုသည်။

အဆိုပါ ထုတ်ဝေခွင့် ပိတ် ပင် ခဲ့ မှု ကြောင့် သတင်းထောက် နှင့် စာနယ်ဇင်း သမား များ ချီတက်
ဆန္ဒပြ မှု ပြု ကြ ပြီး နောက် တွင် ဦးသိန်းစိန် က ဦးကျော်ဆန်း ကို သတိပေး စကား ဆို ကာ
ခေါ်ယူ တွေ ့ဆုံ ပြီး ၊ နှုတ် ထွက် စာ တင် ခိုင်း ခြင်း ဖြစ်သည်။

http://freedomnewsgroup.com/2012/08/09/thein-sein-v-s-kyaw-san/

16 comments

  • နေ ့သစ်/ ဘဝသစ်

    August 9, 2012 at 8:19 pm

    သမ္မတကြီးရေ နေပါဦး ဝါးလို့ကောင်းနေတုန်း။

  • ဒုတ်ထိုး

    August 9, 2012 at 9:05 pm

    ကျုပ်ထိုင်ခုံလေး ချမ်းသာပေးပါ ။
    နေပါဦးနော် ။

  • အတိသဌ္ဇနာဂရ

    August 9, 2012 at 10:18 pm

    “”ယခု သီတင်း ပတ် အတွင်း အစိုးရ ရုံးစိုက် ရာ နေ ပြည်တော် မြို ့ ၏ သမ္မတ အိမ်တော် တွင်
    သမ္မတ ဦးသိန်းစိန် က ဝန်ကြီး ဦးသိန်းစိန် အား ဖိတ် ခေါ် ပြီး နှုတ်ထွက် ပြီး အနားယူရန်”””

    အကိုရေ ဥဥသိမ်းစိမ် နှစ်ယောက်ဖြစ်နေတယ်နော့်။

  • the best

    August 9, 2012 at 10:27 pm

    ဒီသတင်းသာ မှန်တယ်ဆိုရင်
    လက်ဦးတဲ့သူက ဆော်တော့မဲ့ပုံစံပဲ။

    အားပြိုင်မှုတွေက တစ်မျိုးပြီးတစ်မျိုး ပေါ်ပေါ်လာတယ်လေ။
    သမ္မတကြီး ဦးသိန်းစိန် အတွက်တော့ စိုးရိမ်မိတယ်ဗျာ။

  • ကိုရင်မောင်

    August 10, 2012 at 3:52 am

    ထွက်စာတင်ခိုင်းလို့မရယင် ဖြုတ်ပစ်လိုက်ပေါ့….

  • P chogyi

    August 10, 2012 at 9:41 am

    အရှင်ထွက်မထွက်ရင်၊ …………… မလားလို့

  • shwe kyi

    August 10, 2012 at 10:39 am

    အော်ရယ် ဖြစ်မှဖြစ်ရလေ ကိုကျော်ဆန်းရယ်။

  • eipu

    August 10, 2012 at 10:45 am

    ထို်င်ခုံက ထိုင်လို့ကောင်းမှန်းသိတော့ ထွက်ချင်သေးဘူး

  • မွန်မွန်

    August 10, 2012 at 1:02 pm

    အော်… ခုမှ စပွင့်နေတဲ့အချိန်မှာ နိုင်ငံအကျိုးကို သူလည်း ထမ်းရွက်ချင်တာပေါ့… နားလည်ပေးလိုက်ပါ။
    (နိုင်ငံအကျိုး = ကျိုးနေသော နိုင်ငံ)

  • kai

    August 10, 2012 at 1:52 pm

    သတင်းမှန်လို့..မထင်..။
    တပ်ထွက်တွေမို့.. တပ်ထဲ.. ဦးသိန်းစိန်က..အများကြီးဝါကြီးတာပဲ..ဟာပဲ..ဟာကို…
    ဆိုတော့…
    ဟိတ်.. ဆိုတာနဲ့..ပြတ်ပြီးပဲ.. :mrgreen:

  • ahnyartamar

    August 10, 2012 at 1:57 pm

    ကျွဲပါးစောင်းတီး၊ အရိပ်ပြလို့ အကောင်မထင်တဲ့ လူမျိုး၊ ကန်ထုတ်မှ ထွက်မဲ့ရုပ်။

  • R Ga

    August 10, 2012 at 4:45 pm

    ပုတ်သွားလည်း လုပ်စားဖို့ လွယ်တဲ့ မင်းသားကြီးကျော်ဆန်း
    Friday, August 10, 2012 အိမ့်သံစဉ်
    ………………………………………..

    မြန်မာနိုင်ငံရဲ့ စာပေစိစစ်ရေးဆိုတဲ့ စာပေကင်ပေတိုင်ဆိုတာကြီး ပျက်သွားတဲ့သင်္ကေတ အနေနဲ့ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းလိုက်တဲ့ သတင်းထွက်ပေါ်လာပါပြီ။

    မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းမိန့်အငြင်းပွားဖွယ်ရာများ ရှိနိုင်သော်လည်း

    ၁။ အစိုးရအရာရှိများ (ပြန်ကြားရေး ဝန်ကြီးဌာနမှ အရာရှိများ) မပါရှိခြင်း၊

    ၂။ စာနယ်ဇင်းသမားများ ကိုယ်တိုင် ရေးဆွဲရမည့် စာနယ်ဇင်းကောင်စီ ဥပဒေကြမ်း၊

    ၃။ ဥပဒေအရ ရပ်တည်သော ကောင်စီ ဖြစ်လာမည် ဖြစ်သောကြောင့် မည်သည့် အစိုးရဌာန၊ မည်သည့် ပုဂ္ဂလိက အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ် နှင့်မျှ သက်ဆိုင်ခြင်း မရှိသော သီးခြားလွတ်လပ်သည့် အဖွဲ့ အစည်း ဖြစ်လာခြင်း၊

    ၄။ ဥပဒေနှင့်အညီ၊ စာနယ်ဇင်းများ အားလုံး သဘောတူကျေနပ် လက်ခံ နိုင်သော ကောင်စီအသစ် ဖြစ်ပေါ်လာရေးသည် ဥပဒေကြမ်း ရေးဆွဲသည့် အချိန်ကာလအပေါ်တွင် မူတည်နေခြင်း စသည့် အချက်များကို တင်ပြလိုပါသည်။

    အဓိကတင်ပြလိုသည့် အချက်မှာ စာနယ်ဇင်းလောက၏ အနာဂတ်သည် စာနယ်ဇင်းသမားများ၏ လက်ဝယ်တွင်သာ ရှိပါတော့မည် ဟူသော အချက်ပင် ဖြစ်ပါသည်။
    နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး တဦးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပါ ဖော်ပြချက်ပါ။
    ဒါဆိုရင် ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း ဘာဖြစ်သွားပြီလဲ။

    အခုရက်ပိုင်း အနံပြင်းပြင်းထွက်လာတဲ့ သတင်းတခုကတော့ ဇာတ်တော်တွေ ခင်း ငိုချင်းသည် ဦးကျော်ဆန်း တယောက် ပြန်ကြားရေး ဝန်ကြီး ရာထူးက ဖယ်ရှားပေးရမယ်ဆိုပဲ။

    အရင် အလုပ်သမား ဝန်ကြီးလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး တာဝန်ယူခဲ့တဲ့ ဦးအောင်ကြည် က ပြန်ကြားရေး ဝန်ကြီး တာဝန်ယူတော့မယ်တဲ့။

    သမ္မတ ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေး သမားဖြစ်တာကြောင့် “လောကကို ပြုပြင်ပြောင်းလဲချင်သူဟာ မိမိ ကိုယ် မိမိ အရင် ပြုပြင်ပြောင်းလဲ ရမယ်” ဆိုတဲ့ အယူအဆအတိုင်း နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အစိုးရ အဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးလည်း လုပ်ရတဲ့ပုံပါပဲ။

    ဒီအတွက် ဦးကျော်ဆန်းကို ဝန်ကြီး တာဝန် ရပ်နားဖို့ ဖြုတ်ပစ်တာ လူမြင်မကောင်းတော့ သမ္မတက နုတ်ထွက် စာ တင်ဖို့ ပြောဆို တာကို ငြင်းပယ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့တာပါ။

    မီးမရှိပဲ မီးခိုးမထွက်ဘူးဆိုတဲ့ စကားအတိုင်း ဒီကိစ္စဖြစ်နိုင်ခြေရှိပါတယ်။ အငိုသန်တဲ့ ဦးကျော်ဆန်းလည်း သမ္မတကြီးကို ငိုပြနေမှာပေါ့။

    အခုဖြစ်ရပ်တွေက ဦးကျော်ဆန်းရဲ့ စာနယ်ဇင်းလောကကို ပုရွက်ဆိတ်အုံ တုတ်နဲ့ ထိုးဆွလိုက်သလို ဂျာနယ် ၂ စောင် ထုတ်ဝေခွင့် အကန့်အသတ်မရှိ စာပေ ကင်ပေတိုင် ဆင်ဆာဘုတ်အဖွဲ့က ပိတ်လိုက်တာရဲ့ နောက် ဆက်တွဲ ဆိုပဲ။

    သမ္မတနဲ့ နီးစပ်တဲ့ သူတွေ ရှယ်ယာပါတဲ့ The Voice Weekly နဲ့ Envoy ဂျာနယ် ၂ စောင်ကို ပိတ်လိုက်တာ ကလည်း သူ့ ရှေ့ကျား စာနယ်ဇင်း ဖျက်မြင်း ဦးမြတ်ခိုင်ရဲ့ ဂျာနယ်ကို တရားစွဲခဲ့လို့ လက်တုန့်ပြန်တဲ့ အနေနဲ့ လုပ်လိုက်တာလို့ လူတွေ ပြောနေကြတယ်။

    ဒါဟာ အစိုးရ အဖွဲ့အတွင်းက အာဏာ လွန်ဆွဲပွဲရဲ့ ထင်ရှားတဲ့ သင်္ကေတလည်းဖြစ်မယ်ထင်ပါတယ်။ ဘာပဲ ပြောပြော ဂိုဏ်းမာအဖွဲ့ဝင်တွေ အာဏာနဲ့ ဝေးသွားပြီး ပြုပြင်ပြောင်းလဲရေး သမားတွေ ဆက်ပြီး ရှေ့ တန်းရောက်လာခြင်းဟာ သန်းခြောက်ဆယ်ကျော် မြန်မာနိုင်ငံသားတွေအတွက် ကောင်းတဲ့ လက္ခဏာပါ။

    သေချာတာတော့ ပြန်ကြားရေး ဝန်ကြီးဖြစ်နေတဲ့ ဦးကျော်ဆန်းဟာ စားလို့ ဝ ရုံတင်မကပါဘူး။ နောက်ဆယ် သက်စားလို့ မကုန်အောင် ငွေမထည့်ပဲ ရှယ်ယာ ဝေစုတွေ စားနေရတာမို့ ဒီစားကျက်က မဖယ်ချင်ပါဘူး။
    ဒါပေမယ့် ဦးကျော်ဆန်းက ဝန်ကြီး ရာထူး ပြုတ်သွားလည်း လုပ်စားဖို့ လွယ်ပါတယ်။ သူက အငိုကောင်း တယ်။

    သူ့ရဲ့ အထင်ရှားဆုံး သတင်းစာ ဆရာတွေ ခေါ်ပြီး ငိုပြတဲ့ ပွဲတုန်းက ငိုချင်းကို ပရိတ်သတ်များ မှတ်မိမယ် ထင်ပါတယ်။ မနှစ်က ဩဂုတ်လတွင်း လုပ်တဲ့ သတင်းစာရှင်းလင်းပွဲပါပဲ။

    သတင်းထောက်တယောက်က မြစ်ဆုံဆည်တွေအကြောင်း မေးပါတယ်။ ဒီ မြစ်ဆုံဆည်စီမံကိန်းကို အများက ကန့်ကွက်နေကြပြီ။ ဘယ်လို ဆက်လုပ်မလဲ တဲ့။

    ဝန်ကြီး ဖြေပုံက

    “တပ်မတော်အစိုးရက ၁၉၈၈ ခုနှစ်ကတည်းက ဒုက္ခခံခဲ့တယ်။ နိုင်ငံတော်အကြီးအကဲတွေက
    အနစ်နာ ခံပြီး လုပ်ဆောင်ခဲ့တာ။ ဧရာဝတီမြစ်ကြီး ပျက်စီးမယ့် ကိစ္စ
    ကျနော်တို့လည်း မလုပ်ပါဘူး။ အမေရိကန်လို နိုင်ငံကြီးတွေက ကျ နော် တို့ ကို
    ဝိုင်း ဖိ နှိပ် ပြီး…………………………………………” (အဟင့် အဟင့်)

    ပြောရင်းနဲ့ ချုံးပွဲချငိုချလိုက်ပါတယ်။ ဝန်ကြီးရဲ့ ငိုကြွေးမှု ၁၅ မိနစ် ကြာသွားပြီးတဲ့နောက်မှာ သတင်းစာ ရှင်းလင်းပွဲကို အဆုံးသတ်လိုက်ရပါတော့တယ်။

  • kokothandar

    August 10, 2012 at 4:52 pm

    သမ္မတတော့ မြွေပွေးခါးပိုက် ပိုက်မိနေပြီဘဲ။ သတင်းစာ တိုက်က အလွဲသုံးစားမှုတွေ ဖြစ်တုံးက ဖြုတ်ခဲ့ရမှာပါ။ နှုတ်ထွက်ခိုင်းလို့မရရင် ဖြုတ်လိုက်လို့ရတာဘဲလေ။ ဘာ တွေဝေနေပါလိမ့်။ ဒီ ကျော်ဆန်းကို ဖြုတ်လိုက်တယ် ဆိုရင် လက်ခုတ်တီး ပေးမဲ့လူတွေ တစ်ပုံကြီးပါ။ ဆက်လုပ်ပါခင်ဗျား။

  • အတိသဌ္ဇနာဂရ

    August 10, 2012 at 9:29 pm

    ပြန်ကြားဝံဂျီးဌာနကနေ ရေးနေတဲ့ MEDIA LAWရောက်မလာလို ့လွှတ်တော်မှာ အူးခိုင်မောင်water
    တစ်ယောက်အော်နေလေရဲ့

Leave a Reply