မောင်မိုးပြာ၏ ဆရာ ဘာ့ကြောင့် ပြာ (၈)

“ ဘုန်းကြီးတို့ အခုလိုဓမ္မဝိဟာရီလုပ်တာနဲ့ စပ်ပြီး ပြောဆိုတာတွေ ဘာမှ

မလုပ်ကြဘူး လား ”

“လုပ်ကြတာပေါ့.”

“ဘယ်လိုတွေလုပ်ကြတာလဲဘုရား”

“မန္တလေးထောင်မကျခင်တစ်ခါ၊ ကျပြီးမှ တစ်ခါ၊ နှစ်ခါတောင်ရှိသွားပြီပဲ ”

“ပြောပါဦးဘုရား”

“ထောင်မချခင်ကတော့ ပုသိမ်ကြီးမှတ်ပုံတင်ရုံးက ဓမ္မဝိဟာရီတို့ကို ခေါ်တယ် ”

“ နှစ်ပါးလုံးကိုလား ဘုရား ”

“ ဟုတ်တယ် ”

“ မှတ်ပုံတင်ရုံးကသာသနာရေးရုံးလည်း ဖြစ်တယ်နဲ့တူတယ် ”

“ ဟုတ်တယ် မြို့နယ်သာသနာရေးမှူးတာဝန်ကို သူတို့မြို့နယ်ဦးစီးက

တာဝန်ယူရတယ်ထင်တယ် ”

“ ဘာတွေပြောလဲ ဘုရား ”

“ ဒီလို အဝတ်တွေနဲ့ မနေကြဖို့ပါပဲ ”

“ ဘုန်းကြီးတို့က ဘာပြန်ပြောလဲ”

“ ဘာဖြစ်လို့ တားတာလဲပေါ့ ”

“ သူတို့က ဘာပြန်ဖြေလဲ”

“ နိုင်ငံတော်က တရားစွဲလာစရာရှိတယ် ဆိုတာလောက် အဓိပ္ပါယ်ရောက်တဲ့

စကား ပြောလာတာပါပဲ ”

“ ဘုန်းကြီးတို့ကို ခြိမ်းခြောက်တာတွေ၊ ဘာတွေ လုပ်သေးသလား ”

“ မလုပ်ပါဘူး။ ဝတ္တရားအရ ပြောတဲ့သဘောပါပဲ။ ပြောတာလည်း

ကြွယ်ကြွယ်ဝဝ မဟုတ်ပါဘူး၊ တဲ့တဲ့တိုးတိုးပါပဲ”

“ ဘုန်းကြီးက ဘာတုန့်ပြန်ခဲ့လဲ”

ကျုပ်တို့က အပျင်းပြေ လုပ်တာမဟုတ်ပါဘူး။ အယူအဆအရ

လုပ်မှ ဖြစ်မှာမို့ လုပ်တာပါလို့ ပဲ

“ ဒီတော့၊ သူတို့က ဘာပြောကြလဲ ”

“ အပြစ်တွေ၊ ဘာတွေ ရနေမှာစိုးလို့ပါလို့ ပြောကြတယ် ”

“ ဘုန်းကြီးတို့ ဘာပြောကြလဲ”

ကိုယ်ရချင်တာ တစ်ခုအတွက် တန်ဖိုးပေးရမယ်ဆိုလျှင်လည်း

တန်ဖိုးကတော့ ပေးရ မှာပဲ ။ မန္တလေးတောင်ကြီး မွမ်းမံသွားတဲ့

ရသေ့ကြီး ဦးခန္တီဆိုတာ ခင်ဗျားတို့ ကြားဖူး ကြ သလားလို့ မေးရတယ် ”

“ သူတို့ ဘာပြောလဲ ”

“ ကြားဖူးပါတယ်ပေါ့ ”

“ ဘုန်းကြီးတို့က ဘာဆက်ပြောလဲ”

“ အဲသည် ရသေ့ကြီးဟာ မန္တလေးတောင်ကို မွမ်းမံချင်တယ်၊ ဒါပေမယ့်

မန္တလေးတောင်ကို ဗျာဒိတ်ပေး ရုပ်တုအသစ် တည်ဆောက်နေတဲ့

‘ စံစီခင်လေးက’ ဦးခန္တီကို မန္တလေးတောင်မှာ ဝင်မလာစေချင်ဘူး။

ဒါကြောင့် သူတို့နှစ်ဦး တရားဖြစ်ကြတယ်။ (၁၁)နှစ်ကြာတယ်လို့ သိရတယ်။

ဦးခန္တီဟာ မန္တလေး တောင်ကလေး မွမ်းမံခွင့်ရဖို့ ဒီလောက်ကြာအောင်

တရားရင်ဆိုင်နိုင်တယ်ဆိုလျှင် ကျုပ်တို့က မန္တလေးတောင်ကလေးလောက်

မွမ်းမံဖို့ စိတ်ကူးသေးသေးကလေးမဟုတ် ပါဘူး။ လောကကို မွမ်းမံဖို့ပါ။

ဒါကြောင့် ဒီ့ထက် မအောက်အောင် တရားရင်ဆိုင်နိုင်ရမှာ ပေါ့…လို့ပဲ ”

“ ဘုန်းကြီးက အရှည်ကြီးပြောလိုက်တာပဲ ”

“ နားလည်သွားအောင်လို့ပါ ”

“ သူတို့လည်း နားလည်တဲ့ပုံ ရှိရဲ့လား ”

“ လည်မှာပါပဲ၊ ဆက်လည်းပြောသေးတယ်”

“ ဘယ်လိုလဲ ဘုရား”

“ ပြီးတော့ ခရစ်ယာန်ဘာသာခေါင်းဆောင် ယေရှုခရစ်ကို ခင်ဗျားတို့

သိကြမှာပါ..လို့ပဲ”

“ သိတယ် ပြောကြမှာပေါ့ ”

“ ဟုတ်တယ်၊ ဒီ ယေရှုခရစ်ဟာ သူ့ရဲ့ကောင်းကင်ဘုံ ထာဝရဝါဒကို ထွန်းပြဖို့

သူ့သတ်မယ့် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းပြီး တောင် ပေါ်တက်ကာ

ကားစင်တင် အသတ်ခံသွားတယ်။ ကျုပ်တို့က ကောင်းကင်ဘုံ ဝါဒ ပြဖို့ မဟုတ်ဘူး။

လူသားရဲ့ အမှန်ပြဖို့ဆိုတော့ ဒီ့ထက်မအောက်တဲ့ စိတ်ဓါတ် ရှိရမှာပဲ… လို့ပဲ ”

“ ဘုန်းကြီးက အတော်ကြီး ပြောလိုက်တာပဲ”

“ ဟုတ်ပါတယ်။ စိတ်ထဲ ရှိတဲ့အတိုင်း ပြောလိုက်တာပဲ ”

“ တကယ်ပဲ စိတ်ထဲမှာ ဒီအတိုင်းပဲ ဖြစ်နေသလား ဘုရား”

ကျုပ် အသက်ရှင်နေတာ ဒီတရားဓမ္မအတွက်ပဲ ဖြစ်တော့တယ်။

ဒီ တရားဓမ္မ မလုပ်ဘဲ ကျုပ်အသက်ရှင်နေတာကို ခွင့်မပြုနိုင်ပါဘူး

“ ချီးကျူးပါတယ် ဘုရား”

“ ချီးကျူးခံရတာတော့ ရှက်ပါတယ်”

“ ဘာဖြစ်လို့လဲ ဘုရား ”

“ ကိုယ်ကျရောက်လို့၊  ကိုယ်လုပ်တာဖြစ်လို့၊ ချီးကျူးလောက်တယ်

မထင်လို့ပါပဲ ”

“ ဘုန်းကြီးလုပ်ရတာ ရေလိုက်၊ ငါးလိုက် မဟုတ်ပဲ ရေဆန်၊ လေဆန်

ပြင်းထန်တာ ချည်းဖြစ်လို့ပါ ”

“ အစပြုသူဟာ ဒီလိုပါပဲ”

“ အစပြုသူဟာ အနစ်နာခံရတတ်ပါတယ် ”

“ ဟုတ်ပါတယ်၊ သည်လို နစ်နာနိုင်တာ မြင်ပေမယ့် မလုပ်လို့

မဖြစ်ပါဘူး”

“ဘယ်လိုကြောင့်လဲ ဘုရား”

“ သာသနာ့ဘောင်နေလာခဲ့တာ ကြာပြီ၊ သဒ္ဓါလို့ ပြုကြတဲ့

ကောင်းမှုတွေလဲ အပြုခံခဲ့လှပြီ မဟုတ်လား”

“ ဟုတ်ပါတယ် ဘုရား ”

တရားကလေး အမှန်အကန်တွေ့ပြီဆိုခါမှ ဒါပြောလျှင်

တောထုတ်ခံရမယ်ဆိုတာ သိပြဲီး မပြောတော့ပါဘူးလုပ်လို့ တော်ပါ့မလား

“ ဒါလုပ်ဖို့ သာသနာ့ဘောင် ဝန်ထမ်းနေတာပဲ ဘုရား ”

“ ဟုတ်တယ်၊ ဝန်ထမ်းဖို့နေပြီး ဝန်ရောက်လာတဲ့အခါမှ ထွက်ပြေးတယ်ဆိုလျှင်

ဘယ်လိုပြောမလဲ ”

“ စစ်တပ်ဆိုလျှင် တပ်ပြေးဖြစ်မလား ဘုရား ”

“ တပ်ပြေးဆို တော်သေးတယ် ”

“ ဘာဖြစ်မလဲ ဘုရား ”

“ ရှေ့တန်းဆုတ်ခွာမှုဖြစ်မှာ ”

“ အပြစ်ကြီးတာပဲ ”

“ ဟုတ်တာပေါ့။ ပြည်သူတွေ ကျွေးမွေးတာကို အကြာကြီးစားသုံးပြီး

အလုပ်မရှိ နေလာခဲ့တယ်။ အလုပ်ရှိတော့ ကြောက်စရာကြီးဆိုပြီး

ရှေ့တန်းက ဆုတ်မှတော့ အပြစ်ကြီးတော့တာပေါ့

“ ဒီလိုလား ဘုရား ”

အသိဉာဏ်ရှိသူဆိုတာ ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ရတယ်

“ ဘုန်းကြီးတို့ကို နားမလည်စရာလို့ အောက်မေ့နေတာ ”

“ ဘယ်လို နားမလည်စရာ ဖြစ်တာလဲ ”

“ အေးအေးဆေးဆေး နေလို့ရသားနဲ့ အပိုတွေလုပ်ပြီး အခုလို

ရင်ဆိုင်ရတာတွေကို မပျင်းမပြု ဘာ့ကြောင့် လုပ်နေရသလဲ လို့ပေါ့ ”

မသိလို့မလုပ်တာက အရေးမဟုတ်ဘူး။ သိလာတော့ မလုပ်ပဲနေလို့က

မရတော့ဘူး

“ မလုပ်လျှင် ဝန်လည်းမကျေဘူးပေါ့ ဘုရား ”

“ ဟုတ်တယ် ”

“ မန္တလေးထောင်ချပြီးမှ သူတို့ပြောကြတဲ့အကြောင်း ပြောပါအုံးဘုရား ”

“ ဒီတစ်ခါခေါ်တာက မှတ်ပုံတင်ရုံးက မဟုတ်တော့ဘူး ”

“ ဘယ်သူက ခေါ်တာလဲ ဘုရား ”

“ ပုသိမ်ကြီး ကောင်စီရုံးက ခေါ်တာပဲ ”

“ သူတို့က ဘုန်းကြီးတို့ကို ဘာပြောကြလဲ ဘုရာ့ ”

“ ကျုပ်တို့ကို အခုလို ဓမ္မဝိဟာရီဝတ်နဲ့ မနေကြဖို့ပါပဲ ”

“ ဘုန်ကြီးတို့က ဘာပြန်ပြောကြလဲ ”

“ ဘာ့ကြောင့် ဒီလိုအဝတ်နဲ့ မနေစေချင်တာလဲ မေးရတာပေါ့ ”

“ သူတို့က ဘာပြန်ပြောကြလဲ ဘုရား ”

“ ဒီပုသိမ်ကြီးလမ်းက လူကြီးတွေ သွားလာနေတယ်။ သူတို့က

ဘုန်းကြီးတို့ သွားလာနေတာမြင်ရင် မကောင်းလို့ပါ ဆိုတာမျိုး

ပြောကြတယ် ”

“ ဘုန်းကြီးတို့က ဘာပြောကြလဲ ”

“ ဘာဖြစ်သလဲ။  သူတို့မြင်လည်း ဘာမကောင်းစရာရှိသလဲ ပြောတယ် ”

“ သူတို့က ဘာပြောသေးလဲ ”

“ ကိုယ်ကျင့်ချင်တာကို ဘာအဝတ်နဲ့ဖြစ်ဖြစ် ကျင့်လို့ရတာပဲ။

ဒီလိုဝတ်မှ ဖြစ်လို့လား ပေါ့ ”

“ ဘုန်းကြီးတို့ပြောတာ လုပ်ပါအုံး ”

ကျုပ်တို့အဝတ်ဟာ ကျုပ်တို့အကျင့်ရဲ့ အလံတံခွန်ပဲဆိုတဲ့သဘော

ပြောတယ်

“ သူတို့က ဘာပြောသေးလဲ ”

“ သူတို့ဟာ နိုင်ငံတော်ရဲ့ တာဝန်ရှိသူတွေအဖြစ် ပြောတာလို့ ခပ်တင်းတင်း

ပြောပါတယ် ”

“ ဘုန်းကြီးတို့က ဘာပြန်ပြောသလဲ ”

“ ကျုပ်တို့က နိုင်ငံထဲနေသူဖြစ်လို့ နိုင်ငံတော်ရဲ့ လမ်းညွှန်ကို

ခံယူရမှာပါ။ ဒါ့ကြောင့် မဝတ်စေချင်လျှင် မဝတ်ရဘူးလို့ တားမြစ်တဲ့

စာတစ်ကြောင်းလောက် ရေးပြီးပေးပါ။ ခင်ဗျားတို့ဟာ မြို့နယ်ဖြစ်ပေမယ့်

နိုင်ငံတော်ရဲ့ အစိတ်အပိုင်းဖြစ် ကျုပ်တို့ လိုက်နာပ့ါမယ်လို့ ပြောလိုက်တယ်။

ဒီလိုတော့ ဘယ်ဖြစ်မလဲလို့ သူတို့က ပြောပါတယ်။ ကျုပ်တို့ အမြတ်တနိုး

အရာကို စွန့်စေချင်သူက စာကလေးတစ်ကြောင်းရေးပေးဖို့

ဝန်လေးလို့တော့ ဘယ်ဖြစ်မလဲလို့ ပြောခဲ့တယ် ”

“ ဘယ်သူတွေက မေးကြတာလဲ ”

“ ကောင်စီပါတီနဲ့ လူဝင်မှုဌာနသုံးခုက တာဝန်ရှိသူတွေပဲ ”

“ ပါတီကောင်စီက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေလား”

“ မဟုတ်ဘူး၊ လူမှုရေး၊ သာသနာရေးတာဝန်ခံတွေပဲ ”

“ တကယ် သူတို့က မဝတ်ရလို့ အမိန့်စာထုတ်ပေးလျှင် ဘုန်းကြီးတို့က

မဝတ်ပဲနေ မှာလား ”

“ ဘယ်နေမှာလဲ ”

“ ဘာလုပ်မှာလဲ ”

“ တရားစွဲမှာပေါ့ ”

“ ဘယ်မှာစွဲမှာလဲ ”

“ ဥပဒေပညာရှင်နဲ့ တိုင်ပင်စွဲရမှာပေါ့ ”

“ ဘယ်သူ့ကိုစွဲမှာလဲ ”

“ ဒီအမိန့် ထုတ်ပေးသူကိုပေါ့ ”

“ ဘာနဲ့စွဲမှာလဲ ”

အခြေခံဥပဒေက  ပေးထားတဲ့ ပြည်သူ့ရပိုင်ခွင့် ဆုံးရှုံးအောင်

လုပ်ဆောင်မှုနဲ့ စွဲရမှာပေါ့ ”

“ အခြေခံဥပဒေက ဘယ်လိုပေးထားလို့လဲ ”

ပြည်သူပြည်သားတွေဟာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်

ရှိတယ်လို့ ပေးထားတာပေါ့ ”

“ ဒါဟာ ဘာသာကြီးလေးခုပဲ ပေးတယ်ဆိုလျှင်ရော ”

“ ဒီလိုမဟုတ်ကြောင်း ချေရမှာပေါ့ ”

“ ကိုးကွယ်တာ တားတာမဟုတ်ဘူး။ ဝတ်ဆင်တာ တားတာဆိုလျှင်ရော ”

ဝတ်ဆင်တာဟာ ဒီကိုးကွယ်ယုံကြည်မှုရဲ့ အင်္ဂါရပ် အချက်တစ်ချက်ဖြစ်လို့

အတူဖြစ်တယ် ပြောရမှာပေါ့

“ ဘုန်းကြီးက ဥပဒေတွေ သိနေပြီလား ”

ကိုယ်ပေးထားတဲ့ အခွင့်အရေး ကိုယ်သိဖို့တော့ ဖြစ်ရမှာပေါ့

“ တရားရုံးအဆင့်ဆင့်က အရှုံးပေးရင် ဒီအဝတ်ချွတ်ရမှာပေါ့ ဘုရား”

“ မချွတ်ပါဘူး ”

“ ဘယ်လိုလုပ်မှာလဲ ”

“ အလုပ်နှစ်ခု တစ်ခုလုပ်ရမှာပဲ ”

“ နှစ်ခုက ဘာတွေလဲ ”

“ ထောင်ကျခံတာနဲ့ နိုင်ငံရပ်ခြားထွက်သွားတာပဲ ”

“ နိုင်ငံရပ်ခြား ဘယ်လိုသွားမှာလဲ ”

“ ဘာသာရေး မလွတ်လပ်မှုအတွက် ခိုလှုံခွင့်တောင်းပြီး သွားရမှာပေါ့ ”

“ အဲဒီလို ခွင့်တောင်းလို့ ရမလား ”

“ ရမှာပါ ”

“ ရဖူးတာ ရှိသလား ”

“ ရှိတယ်လို့ ထင်ပါတယ်။ အတိအကျ မလေ့လာရသေးဘူး ”

“ မဟုတ်လျှင်ရော ”

“ ထောင်အကျ ခံရမှာပေါ့ ”

“ ဘုရား —–”

 

8 comments

  • mgmaung

    August 9, 2012 at 10:22 pm

    ပစ္စုပ္ပန်ကမ္မဝါဗုဒ္ဓဘာသာ ဖြစ်ပေါ်လာပုံအကြောင်း ဆရာတော်ရှင် ဉာဏရဲ့ ဓမ္မဝိဟာရီနိဒါန်း ပိုစ့်များကို ဆက်လက် စောင့်မျှော် ဖတ်ရှုလျက်ပါ မောင်မိုးပြာ။

  • KyawThein

    August 9, 2012 at 11:55 pm

    တခြားလူတွေကိုအားနာရင် ဒီမှာတော့ စောင့်မဖတ်ပါနဲ ့ကိုမောင်မာင်

    • mggwa

      August 10, 2012 at 9:07 am

      မင်းကလည်း မဖတ်ချင်ရင် စောင့်မကြည့်နဲ့ပေါ့။ 😉 🙂

  • kai

    August 10, 2012 at 2:59 am

    “ နိုင်ငံရပ်ခြား ဘယ်လိုသွားမှာလဲ ”
    “ ဘာသာရေး မလွတ်လပ်မှုအတွက် ခိုလှုံခွင့်တောင်းပြီး သွားရမှာပေါ့ ”

    ရန်ကုန်က.. အမေရိကသံရုံးဆီဆက်သွယ်ဖို့သင့်ပါတယ်..။ သံရုံးက.. ဒီလိုလုပ်ထားတာတွေ.. သေသေချာချာသိနေမယ်လို့ ထင်မိပါတယ်..။
    မြန်မာပြည်ရဲ့… ဘာသာရေး မလွတ်လပ်မှုအတွက် အမေရိကနိုင်ငံမှာ.. ဘာသာရေးအရခိုလှုံခွင့်ရမယ်လို့ထင်မိပါကြောင်းနဲ့… မိုးပြာရဲ့အယူအဆ..တရားတွေဟာ.. အမေရိကမှာ သာသနာပြုရင်.. ထိရောက်နိုင်တယ်ထင်ပါကြောင်း…။

    • realman

      August 10, 2012 at 11:47 pm

      ဒါတကယ့်ကိုပဲ သေသေချာချာ စဉ်းစားကြည့်ရင် ဝမ်းနည်းဖို့ကောင်းပါတယ်။
      လူအာဏာရှင်တွေက တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့ကြလို့ ပြည်သူတွေ ခေတ်နောက်ကြခဲ့ရသလို
      ဘာသာရေးအာဏာရှင်တွေကလည်း အသိဉာဏ်တံခါးတွေ (ရိုးရာမြန်မာထေရဝါဒအယူမှတပါး ကျန်တဲ့အယူတွေ လေ့လာခွင့် မပေးခဲ့) ပိတ်ခဲ့လို့ ဘာသာရေးအစွန်းရောက်မှုတွေ ဖြစ်နေခဲ့ရတာ ဝမ်းနည်းစရာဖြစ်ပါတယ်။

      ကိုယ့်အယူမှ အမှန်၊ ကိုယ်အယူနဲ့ မတူရင် အလွဲတွေပဲလို့ ရန်သူလို ဆက်ဆံနေကြခြင်းသည်
      အသိအမြင် မဖွံ့ဖြိုးသေးတဲ့ ဘာသာရေးအစွန်းရောက်မှု လက္ခဏာတွေပါပဲ။

  • shwemyintin

    August 10, 2012 at 5:15 pm

    ဦးခိုင် ပေးတဲ့အကြံအတွက် ကျေးဇူးပါ။

  • အတိသဌ္ဇနာဂရ

    August 10, 2012 at 9:36 pm

    အတော့်ကို စဉ်းစားဖို ့ရားလဲခက်လှတဲ့ အတွေးအခေါ်တွေပါလား။သို ့သော် မဝေဖန်ရဲပါ။

Leave a Reply