ဝိပဿနာ ဆိုတာ…ဘုရားဟောတဲ့ တရားလား?…

Ko out of...August 9, 20121min24425

-ဝိပဿနာဆိုတာ.. ဗုဒ(Buddha)ဘာသာ တရားလို့မှတ်ကြသူများပါတယ်…

ဝိဝိဇေန ပဿတီတိ ဝိပဿနာဆိုပြီး အနိစ္စာ ဒိ အာဟာရေန အနိစ္စ အစရှိတဲ့
အခြင်းအရာတွေနဲ့…ဝိဝိဇေန အထူးထူး အပြားပြားအားဖြင့် ပဿတိရှု့တတ်၏…ဂရုတိ
ဝိပဿနာ ဒါကြောင့် ဝိပဿနာ ခေါ်တယ်လို့ လုပ်ကြပြီး ဗုဒဘာသာတရားမှတ်ကြတာဘဲ…

တကယ်တော့ ဝိပဿနာဆိုတာ သာသနာပ တရားဘဲ…သာသနာတော်မှာ..ရုပ်နာမ်၊ ပရမတ်ကို
အနိစ္စ စတာတွေကို ရှု့တာမရှိဘဲ သာသနာပမှာသာ ရှိတာဖြစ်လို့ဘဲ…မြတ်စွာဘုရားဟာ
ဘုရားဖြစ်အောင် ကျင့်တုံးက အာဠာကတို့၊ ဥဒကတို့ ဆီမှာ ရုပ်နာမ်
တွေစတာတွေရှု့ခဲ့ရတာဘဲ…ဘာအသိထူးမှ မရခဲ့ဘူး.. လွတ်မြောက်တဲ့ အသိ ဉာဏ်လည်း
မရခဲ့ဘူး…သာသနာတော် မပေါ်ခင်ကတည်းက ဒီရူပါ ရူပဖြစ်တဲ့ ရုပ်နာမ်ပရမတ်ကို
အနိစ္စ အစရှိတာ တွေနဲ့ ရှု့တဲ့ ဝိပဿနာတရားဟာ သာသနာတွင်း
တရားမဟုတ်ဘဲ..သာသနာပ တရားသာဖြစ်တယ်..

ဒီလိုဖြစ်တာ သိတာတွေဟာ ဘုံသုံးပါးတရားတွေ.. ဒုက္ခတရားတွေလို့ မြတ်စွာဘုရားက
တဖွဖွ ပြောနေခဲ့တာ အထပ်ထပ် ကြားဖူးနေကြတာဘဲ…ရူပါရူပ တရားအာရုံထားမှုဟာ
ရူပဘုံသားနဲ့ အရူပဘုံသား ဆိုတာလည်း သိကြရမှာပါ…အဲဒီရူပါရူပ တရားကို
ရှောင်ရန်တရားနှစ်ပါးထဲမှာ ဒုတိယ ရှောင်ရန်ဖြစ်တဲ့ အတ္တကိလမထာ နုယောဂေါ
တရားဘဲ…

လောကမှာရှိတဲ့ အာရုံက သုံးမျိုးဘဲ…ကာမအာရုံ၊ ရူပအာရုံ၊
အရူပအာရုံ…ရူပအာရုံနဲ့ အရူပအာရုံဟာ… ရုပ်အာ
ရုံနဲ့ ရုပ်မဲ့ အာရုံတွေဘဲဖြစ်တယ်…ဒါတွေကို ရုပ်နာမ်တွေလို့
ပြောနေကြတာဘဲ..ဒီအာရုံတွေဟာ မဇိ္ဈမပဋိပဒါ တရားဖြစ်တဲ့ မဂ်ဖိုလ်တရားတွေရဲ့
အာရုံမဟုတ်ဘူး…မဂ်ဖိုလ်တရားရဲ့ အာရုံဟာ အဲဒီအာရုံသုံးမျိုးထဲက
တစ်မျိုးမျိုးကို အာရုံပြုပြီး လွန်ကျူး..ပြုမူပြောဆို နေထိုင်တဲ့ ကံတွေဘဲ
ဖြစ်တယ်..

မဂ္ဂအရိယာ သစ္စာရဲ့ အရှု့ခံအာရုံဟာ..ရုပ်နာမ်မဟုတ်ဘူး…ကာမလည်း
မဟုတ်ဘူး..နိဗာန်လည်း မဟုတ်ဘူး..ကံ အာရုံဖြစ်တဲ့ ဒုက္ခအရိယာ သစ္စာထိုက်တဲ့
လွန်ကျူးမှုအာရုံဘဲ ဖြစ်တယ်လို့ ဆိုလိုပါတယ်…
အဲဒီအာရုံ လက္ခဏာဖြစ်တဲ့ ပျက်စီးမှု၊ ဆိုးဝါး၊အသုံးမကျမှုတွေကိုသာ
အနိစ္စတွေပါလား..ဒုက္ခတွေ၊အနတ္တ
တွေ အဖြစ် မှတ်သားစရာ ထင်နေပါကလား စသည်ဖြင့် ရှု့ရမှာ…

ဒါကြောင့်…ဝိပဿနာဆိုတာ ရုပ်နာမ်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ တွေနဲ့ရှုတာ
ဖြစ်လို့ သာသနာတော်တရား မဟုတ်ဘဲ…သာသနာပ တရားလို့
ပြောရတာပါ…ဒီလောက်ဆိုရင် ဝိပဿနာရဲ့ အနက်မှန် ပေါ်လောက်
ပြီထင်ပါတယ်….အကျယ်သိလိုပါက…ဒီမှာလေ့လာ နိုင်ပါတယ်…

https://myanmargazette.net/116672/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen

http://www.ariyathitsa.org/

25 comments

  • chityimhtoo

    August 9, 2012 at 8:29 pm

    အော်ငါ့နှယ့်နော် ရိုုုဟင်ဂျာဖတ်လိုက် ဝိပဿနာဖတ်လိုက်ရအားကိုမအားရပါဘူး.လိုင်းကလည်း redlink
    ဆိုတော့ တအားကောင်းတစ်ဖေါင်းဖေါင်းနဲ့ reload လုပ်နေရတာ..ကဲကဲ home page ကိုတော်တော်သွား
    ယူရမယ်..လာရော့..အားတင်းထား

  • kyaw swar kaung

    August 9, 2012 at 10:10 pm

    စာရေးသူက ဘာကိုပြောချင်တာလဲ…..
    အချိန်တိုင်း စက္ကန် ့တိုင်း ဖြစ်နေ ပျက်နေတဲ့ အကြောင်းတရားက ဘုရားမပွင့်မှီ ကတည်းက ရှိနေတာပါ..
    ကျင့်ကြံ အားထုတ်ရင်း ဘရားရှင်က ဒီဖြစ်ပျက် အရာကို တွေ ့ရှိတယ်…နောက် အချိန်နဲ ့အမျှ ဖြစ်နေ ပျက်နေတာကို
    သိစေလိုလို ့ ဖြစ်နေပျက်နေတာကို အထူးပြုပြီး မြင်အောင်ကြည့်ခိုင်းတယ်..။
    သာသနာမပေါ်ခင်ကတည်းက ရှနေတဲ့တရား(အမှန်) ကို ဘုရားရှင်က စတင်တွေ ့ရှိပြီး ဟောပြောတာမို ့
    ဗုဒ္ဓဟောပြောသော ဝိပဿနာတရားလို ့ပြောကြတာပါ…

    လျှပ်စစ် အဖိုဓါတ်နဲ ့ လျှပ်စစ်အမဓါတ်တွေ ့ရင် မီးအလင်း ဖြစ်လာမယ်ဆိုတာ နဂိုရှိနေတဲ ့ အကြောင်းအရာ တခုပါဘဲ..
    ဒါပေမယ့် သောမတ်အက်ဒီဆင်က ဒီဓါတ်၂ခုကို ပေါင်းစပ်ပြီး လျှပ်စစ်မီးရအောင် တီထွင်နိုင်လို ့ လျှပ်စစ်မီးနဲ ့ပါတ်သက်ရင်
    သောမတ်အက်ဒီဆင်ကို ဂုဏ်ပြုကြတာပါ…..
    ……
    ……
    ဒီနေ ့ ကမ္ဘာတဝှမ်းလုံးက လူတွေ အိုင်တီပညာ တဖက်ကမ်းခပ်တော်ကြပေမယ့်…ဒီ လျှပ်စစ်မီးက နဂိုထဲက ရှိနေတာပါကွာ…
    သောမတ်အက်ဒီဆင် ရှာတွေ ့မှ…မီးရတာ…မဟူတ်ပါဘူးလို ့…ဘယ်သူမှ မပြောပါဘူး…….
    …………………..
    …………………..
    …………………..
    လောကတွင် ချီးမွမ်းဂုဏ်ပြုထိုက်သောသူကို ချီးမွမ်းခြင်း
    ကျေးဇူးတင်ထိုက်သောသူကို ကျေးဇူးစကားပြောဆိုခြင်းသည် မင်္ဂလာတပါးဖြစ်ပေသည်…။

    ကျော်စွာခေါင်

    • Ko out of...

      August 10, 2012 at 6:49 am

      ရုပ်နာမ် ဓါတ်ပရမတ်တွေရဲ့ အဖြစ်၊အပျက် အသေးစိတ်ကို
      မြင်လို့လည်း..လောကလူသားတွေ အကျိုး
      ရှိအောင်သူတို့ထားနိုင်ခဲ့တာပေါ့…ဓါတ်သဘောရဲ့ အသေးဆုံးကို သိပံပညာရှင်တွေ မြင်ကြလို့လည်း…ကျွန်တော်တို့ အင်တာနက်ကွန်ယက်တွေနဲ့ ယခုလိုဆက်သွယ်နိုင်တာပေါ့… ဒါအထူးအထွေပြောစရာ မလိုပါဘူး..

      – ဘုရားက ရုမ်နာမ်အကြောင်းမပြောပါဘူး..မပြောလိုလည်း…ရုပ်နာမ်ကြောင့် ဖြစ်တဲ့ ခံစားချက်ဒုက္ခဝေဒနာရောဂါကြောင့်…ဆေးဆရာဇီဝက ကိုခေါ်ရတာပေါ့…

      – ဘုရားဘာ ရောဂါကို ကုသပေးတယ်ဆိုတာသိအောင်ပါ…

      ၁။ ရောဂါ (ရုပ်နာမ်ကြောင့်ဖြစ်..ခံစားချက်ဒုက္ခဝေဒနာ ခံစားချက်)

      ၂။ ပယောဂ (လောကဓံ တရားရှစ်ပါး)

      ၃။ ယောဂ …(အနုယောဂ..ထပ်ခါ ထပ်ခါ ပြုလုပ်ခြင်း)

      နံပါတ် ၁/၂ က်ို ဘယ်သူမှ မလွန်ဆန်နိုင်ဘူး…ဘုရားလည်း မလွန်ဆန်နိုင်ဘူး..

      ဘုရားဟာ..အောက်ဆုံးတခုဖြစ်တဲ့ အနုယောဂ မလုပ်သူဖြစ်တယ်…

      – ကျေးဇူးတင်ထိုက်ကို တင်တာ မင်္ဂလာဆိုတာလည်း..ကျွန်တော် သိပ်လက်ခံတာပေါ့…

      ဒါကို တရားအားထုတ်လို့ ဘာမှ မသိ၊ ဘာမှမရှိတော့ တဲ့လူတွေက ..ဒါလောကီတရားလို့ပြော
      ကြတယ်…ဒါဆိုရင် ၃၈ဖြာမင်္ဂလာထဲက တစ်ခုနှစ်ခု ကိုထုတ်ကြည့်မယ်..
      ဥပမာ…မတာပိတု ဥပဋ္ဌာနံ ဧတံ မင်္ဂလ မုတ္တမံ ဆိုရင်…တရားအားထုတ်လိုက်လို့ ဓါတ်တွေ အဖြစ်ရောက်သွားရင် မိဘဆိုတာ မရှိ..ဓါတ်တွေအဖြစ်နဲ့ဘဲမြင်တယ်..မိဘဆိုတာ မရှိတော့..မိဘကို ရိုသေရကောင်းမှန်မသိဘူး..ဖြစ်သွားတယ်..

      – အရိယာ သစ္စာန ဒဿနံ ဧတံ မင်္ဂလ မုတ္တမံ လိုဘုရားပြောတာဘဲတွေ့ရပါတယ်..

      ပရမတ္တ သစ္စာန ဒဿနံ ဧတံ မင်္ဂလ မုတ္တမံ ဆိုတာ ကျွန်တော် မတွေ့ရပါဘူး…

      • Pye Kun Zaw

        August 10, 2012 at 9:40 am

        ကိုယ်ဖြစ်ချင်တာကို လိုရာဆွဲပြီးပြောနေတာပါဘဲ။ မိမိတရားနှင့်မကို်က်တဲ့အရာတွေကျတော့ ဘုရားမဟောဘူးလုပ်လိုက်တာပေါ့။ ဖြစ်နိုင်ရင် သီးသန့်ဘာသာခေါင်းစဉ်တပ်ပြီးဆွေးနွေးတင်ပြပါ။ ဗုဒ္ဓဘာသာအမည်မခံပါနှင့်..

        • Ko out of...

          August 10, 2012 at 11:14 am

          ဘုရားပရိနိဗာန်စံ ခါနီး သူရဲ့ တရားကို hand over အဖြစ် ဘယ်သူကိုမှ လက်မလွှဲခဲ့ပါဘူး…

          ဝိနိယ နဲ့ဓမ္မဟာမင်းတို့ရဲ့ ဆရာဘဲလို့ဘုရားကိုယ်တိုင်ပြောခဲ့တာဘဲ…

          အမှန်တရားတခုကို လူတစုက မူပိုင်ယူထားတာ..မသင့်သော်ပါ…ဒီအမှန်တရားကို လူတွေများများ ကျင့်သုံးဖို့ဆိုတာ နည်းပညာဖြန့်ဝေပေးရပါတယ်…

          အသီးသီးသောပညာရပ်တွေကို…ပညာရှင်တွေ ဖြန်သလိုမျိုး ဖြစ်ရမှာ..သူတို့သိတဲ့နည်းပညာတခုကို မချန်ခဲ့ပါဘူး…..အကုန်လုံးထားခဲရမှာ…ဒါကို ငါကြိုက်တဲ့လူကိုဘဲ မူပိုင် အဖြစ်ပေးမယ်ဆိုတာ မလုပ်ပါဘူး..

          အခု သင်္ချာ တပုဒ်ရဲ့ သီအိုရီနိယာမ တခုကို…ဘယ်သူတော့ ဒီပုံသေနည်း fomula ကိုယူ..
          ဘယ်သူကတော့ မယူနဲ့ အဲလို မဟုတ်ပါဘူး…
          ပုံသေနည်း fomula မှန်ရင်ဘယ်သူဘဲယူယူပေါ့…အခုလည်းတရားဆိုတာမှန်ရင် ဘယ်သူဘဲ
          ယူယူဖြစ်ရမယ်…အခုတော့ ငါတို့နဲ့မတူဘူး…ငါတို့မိဘဘာသာကို စော်ကားတယ်လို့..အသားလွတ်ပြောတာ မသင့်သော်ပါ..

          မြင့်မိုရ်တောင်ကို မယုံကြည်တာနဲ့…မိဘကျေးဇူး မသိဘူး လို့ပြောတာ မသင့်သော်ပါ…
          ကျွန်တော် မြင့်မိုရ်တော်ကို မတွေ့ရပေမဲ့..မိဘမေတ္တာကျေးဇူးကို ကျွန်တော်တွေ့ပါတယ်..
          ရိုးရာ ပတ်ဝန်းကျင်တွေရဲ့ မေတ္တာကိုတွေ့ပါတယ်…

  • အတိသဌ္ဇနာဂရ

    August 9, 2012 at 10:20 pm

    ရှိနေတာတွေကို တွေ ့အောင်ရှာနေကြရတယ်ဆိုတဲ့ သဘောပေါ့နော်။အကို ဆိုလိုတာက။

    • Ko out of...

      August 10, 2012 at 1:39 pm

      ဒါပေ့ါ…အတိသဌ္ဇနာဂရ ..တကယ်တော့ သိတာနဲ့ ရှိတာဟာ အတူတူပါ.. မရှိတဲ့ အရာ တခုကို
      ဘယ်လို လုပ်သိမလဲ? ရှိမှဘဲ သိလို့ ရမှာပေါ့..

      ဒါကြောင့် သူတို့က သိတယ်ဆိုတာ…စိတ္တဇသိပေါ့…စိတ္တဇဝင်ရင်..သစ္စာ ကွယ်ပြီပေါ့..

      ဒါကြောင့် တန်ခိုးမပြဖို့ ဘုရားအတန်တန်ပြောတာပေါ့…

  • mgmaung

    August 9, 2012 at 10:51 pm

    “ဝိပဿနာ”ဆိုတဲ့ ဝေါဟာရကို ခေတ်စကားနဲ့ နားလည်ကြည့်မိတော့ . . .
    အထူးပြုလေ့လာ၊ ဆင်ခြင်၊ သုံးသပ်ခြင်းလို့ နားလည်မိပါတယ်။

    ဒီနေရာမှာ ဘာတွေကို အထူးပြုလေ့လာ၊ ဆင်ခြင်၊ သုံးသပ်ရမှာလဲ . . .?
    ဒါကို လေ့လာမိခဲ့တဲ့ ဒုက္ခ (၃) မျိုးနဲ့ ဝေဖန်ပေးကြည့်မယ်။

    ၁။ ဒုက္ခ ဒုက္ခ = (သမုတိသစ္စာသိ ဒုက္ခ) လူကိုယ်ကောင်ကြီးရဲ့ ဆင်းရဲမှု၊
    ၂။ ဝိပရိဏာမ ဒုက္ခ = (ပရတ္တသစ္စာသိ ဒုက္ခ) လူကောင်ကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့
    ရုပ်၊ နာမ် ဖြစ်ပျက် ဆင်းရဲမှု၊
    ၃။ သင်္ခါရ ဒုက္ခ = (အရိယသစ္စာသိ ဒုက္ခ) လူ့ရဲ့ လွန်ကျူးမှု ကံ (သင်္ခါရ)တွေရဲ့ အဖြစ်အပျက် ဒုက္ခ။

    ၁။ ဒုက္ခ ဒုက္ခ နဲ့ ၂။ ဝိပရိဏာမ ဒုက္ခကို
    သိဖို့ အတွက်ကတော့ ဘုရားပွင့်စရာတောင်မလိုပါ။

    ဘုရားမပွင့်ခင်ကတည်းက ဒီဒုက္ခ နှစ်မျိုးကို သိကြပြီး ဖြစ်နေလို့ပါပဲ၊
    ဒါဆို ဘုရားပွင့်လာတာ ဘယ်ဒုက္ခတွေကို လူတွေသိအောင် အဓိကလမ်းညွှန်ပေးဖို့လဲ . . . ?
    သင်္ခါရ ဒုက္ခလို့ ဆိုရတဲ့ လူ့အမှု ကံတွေ လွန်ကျူးကြခြင်းရဲ့ ဆင်းရဲအမှန်တွေကို သိအောင်လမ်းညွှန်ပေးဖို့ပါလို့။

    ဒါဆို ဗုဒ္ဓနည်းကျတရားအားထုတ်နည်းမှာ အရှုခံအာရုံက ပရမတ် ရုပ်၊ နာမ်တွေ ဖြစ်သင့်လား ?
    လူ့အမှု ကံတွေ လွန်ကျူးကြခြင်းရဲ့ အဖြစ်အပျက် ဒုက္ခတွေလားဆိုတာ ဝေဖန်ပြီးမှ တရားအားထုတ်သင့်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 9, 2012 at 11:07 pm

    ပိုစ့်ပါ ဝါဒတွေကို ကျုပ်ကတော့ ဘာမှ မေပြာလိုပါဘူး ပြောဘို့လည်းဆန္ဒမရှိပါဘူး
    တစ်ခါမှလည်းမပြောဖူးပါဘူး
    ဒါပေသိ နည်းနည်းသောက်မြင်ကပ်လာလို့ 😀
    ကျုပ်ယုံကြည်တဲ့ သဘောထဲကနေ ဝိပဿနာအလုူပ်တွေဖက်က ကြိုကန်ပေးတာ
    ( ဒီနေရာကနေဘဲ တိုက်တွန်းပါတယ် ကိုယ်အိန္ဒြေကို ငြိမ်စွာထား၍ စိတ် ( သတိ ) ကို
    တည်အောင်ထားခြင်းမှသည် မှန်သော သတိပညာတို့ကို ရရှိရန် အားထုတ်ကြစေကုန်သတည်း။ )
    ပိုစ့်ပါ ဝါဒတွေကို အများအားဖြင့်တော့ မိုးပြာ လို့ပြောကြတာဘဲ ( လုံးဝမစွတ်စွဲပါ သူများအစားပြောပေးတာ 😀 )
    ယနေ့ ခေတ်ကြီးမှာ ဒဿန တရားတွေ သိပ်ခေတ်စားတယ်
    ဥပမာ
    အင်္ဂုလိမာလ ကြီးက မြတ်စွာဘုရားကို လက်ညှိုဖြတ်ဘို့လိုက်တယ် လိုက်သလောက်မမိဘူး
    ရဟန်းကြီးရပ်ဦး လို့အော်ပြောတော့
    မြတ်စွာဘုရားက အင်္ဂုလိမာလ ငါရပ်နေတယ် ပြေးနေတာမင်း လို့မိန့်လိုက်တော့ အင်္ဂုလိမာလကြီး
    သံသရာရဲ့သဘောကိုမြင်ပြီးတရားရသွားတယ်
    ဆိုတော့ကာ
    ခင်ဗျားတို့ပြောခြင်တာက အချိန်ကုန်ခံပြီးဝိပဿနာ တရားထိုင်မှ နိဗ္ဗာန် ဆိုတာ မြင်တာမဟုတ်ဘူး
    စားရင်းသောက်ရင်း ကမြင်းကြောထရင်း လည်းတရားရနိုင်ပါတယ်
    ဒီလိုဆို
    ခင်ဗျားတို့ကို ကျုပ်မေးခွန်းတစ်ခုမေးကြည့်မယ်
    မှတ်ချက်။ ။ ဖြေရန်လုံးဝမလိုအပ်ပါ
    စာပေထဲပါတဲ့ မြတ်စွာဘုရားရှင်တော်မြတ်ရဲ့ တစ်ခွန်းသော တရားတော်မြတ်တွေကို ကြားမိယုံနဲ့
    တရား ( ဒဿန ) ရသွားတဲ့ ပုဂ္ဂိုလ်တွေအကြောင်း ခင်ဗျားတို့ အခေါက်ခေါက်အခါခါ ဖတ်ပြီး
    ခင်ဗျားတို့ ဘာများဖြစ်သွားသဒုံး
    ခု ရဟန်းတာကြီးတွေဖြစ်သွားပြီလား
    Fuck You

    • မိုက်ကယ်ဂျော်နီအောင်ပု

      August 9, 2012 at 11:09 pm

      ခင်ဗျားတို့သာ ရဟန်းတာတွေဖြစ်ရင် အရိယာတွေဖြစ်ရင်
      ကျုပ် မဂ် ဖိုလ် ကန်းသွားပြီ
      Fyck you
      ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရင် ကျုပ်ကို လာဆဲ

      • mggwa

        August 10, 2012 at 9:04 am

        ကိုယ့်ကိုယ်ကိုယ်တော့ ယုံတယ်ဗျာ၊
        But ခင်ဗျာလိုတော့ မဆဲဘူး၊
        ကျုပ်မှာ ဆဲတတ်တဲ့ Software မထည့်ထားလို့ပဲ 😀

      • Wow

        August 10, 2012 at 11:56 am

        ပုတို့ကတော့ ပြောလိုက်ရင် ကွက်တိ….
        ဒါကြောင့်ချစ်ရတာ 😀

    • Ko out of...

      August 10, 2012 at 1:31 pm

      မိုက်ကယ်ဂျော်နီအောင်ပု….

      တရား ( ဒဿန ) ရသွားတဲ့ ပုဂ္ဂိုလ်တွေအကြောင်း ခင်ဗျားတို့ အခေါက်ခေါက်အခါခါ ဖတ်ပြီး
      ခင်ဗျားတို့ ဘာများဖြစ်သွားသဒုံး..ဆိုတာကို ပြန်ကြာပေးရမယ်ဆိုရင်…

      အခု Fuck You လို့ဆဲတတ်တဲ့ရဲ့ ပါးစပ်ကို….အပြစ်မမြင်ပါဘူး…ဘာဖြစ်လဲ ဆိုတော့ ပါးစပ်ဟာ အသုံးချခံ ပစ္စည်းဖြစ်နေလို့ဘဲ….ဒီပါးစပ်နဲ့ ဩကာသ လည်းဆိုပါတယ်….ကောင်းတာရော…
      ဆိုးတာရောပြောတဲ့ ဒီပါးစပ်ဟာ…ဘာမှ မပြောင်းလဲဘူး…

      အခုလည်း….အခေါက်ခေါက်အခါခါ ဖတ်ပြီး
      ခင်ဗျားတို့ ဘာများဖြစ်သွားသဒုံး..ဆိုတာ…ဘာမှ မဖြစ်သွာပါဘူး…လူတော့ မပြောင်းသွား ပါဘူး…ဒါပေမဲ့ ဒဿနပြောင်းတာပေါ့….ဘုရားတပည့် ဖြစ်တဲ့…သောတာပန် ပုဂိ္ဂုလ်ဟာ…
      ဒဿန ပုဂိ္ဂုလ်ပါ…ဘာဝနာ ပုဂိ္ဂုလ်မဟုတ်သေးပါဘူး…တနည်း အမြင်ပြောင်းသွားတဲ့ ပုဂိ္ဂုလ် လို့
      ပြောရမှာပါ…

      ဒါကြောင့် လက်ဖြတ်တဲ့ လူဆိုး အင်္ဂုလိမာလဟာ …ဘုရားနဲ့တွေ့သွားလို့ လူကောင်းဖြစ်တာ…
      လူအကောင်ကြီး မပြောင်းလဲသွားပါဘူး..အမြင်လေးပြောင်းလဲသွားတာပါ…အခုလည်း လူပြောင်းဖို့ မလို…အဝတ်ပြောင်းဖို့ မလို..အမြင်မှန်ပြောင်းသွားရင်..
      ဆဲ တတ်တဲ့ လူလေး အဖြစ်က လွတ်မြောက်အောင်…အစွဲကိုမှန်မှန် ကန်ကန် မြင်ပြီး…လူယဉ်ကျေးလေးတွေ..
      တန်ဖိုးရှိတဲ့ လူလေးတွေ ဖြစ်လာအောင် ဒီပိုစ့်ကို ရေသားလိုက်ရတာ ဖြစ်ပါကြောင်း တုံ့ပြန်
      လိုက်ရပါပေ သတည်း….

      • မိုက်ကယ်ဂျော်နီအောင်ပု

        August 10, 2012 at 6:09 pm

        ( မယဉ်ကျေးတဲ့စကားကို မယဉ်ကျေးတဲ့စကား လို့ သိအောင်ကြိုးစားပြီး
        နောင်မဖြစ်အောင်အားထုတ်ပါမယ်ဗျာ )
        ဗုဒ္ဓမြတ်စွာဘုရားကတော့ ငြိမ်ငြိမ်နေပြီးမှ
        ပဋိစသမုပ္ပါဒ် တရားကိုဆင်ခြင်မိပြီး တရားရတယ်ခေါ်မလား
        ဘာခေါ်ရမတုံးဗျာ
        အဲ့သည်ငြိမ်ငြိမ်နေပြီး မှန်စွာတွေးတာကိုဘဲ ဝိပဿနာ လို့
        ခေါ်ကြတယ်ထင်ပါ့ ( အထင် )
        လူကြီးမင်းတို့အာဘော်အတိုင်းဆို
        အဲ့သည်သူတွေက ငုတ်တုတ်ကြီးထိုင်နေသူတွေဖြစ်ပြီး
        သူတို့ဖက်ကကြည့်တော့ လူကြီးမင်းတို့က
        နွားနို့မသောက်ဖူးတဲ့ နွားကျောင်းသားတွေဖြစ်ဗျန်ရော 😀
        ဒါကတော့ ကျုပ်အာဘော်မဟုတ်ရပါဘူး
        ဆရာတော်တစ်ပါးဆုံးမတာမှတ်သားဖူးလို့ပါ
        ကျုပ်အာဘော်ကတော့ ယနေ့လူတို့ခေတ်ထဲ ( ကိလေသာမျိုးစုံခေတ်ထဲ )
        လူတွေငြိမ်ငြိမ်နေပြီးတရားအားထုတ်တာကို ပိုလက္ခံသဗျ
        ( လူကြီးမင်းတို့လိုဒဿနဆရာတွေဆို လွှတ်ကောင်းပေါ့ )
        တစ်ခုတော့ရိုးသားစွာ အကြံပေးတာပါ
        လူကြီးမင်းတို့ အာဘော်တွေက ခြင်ထောင်ထဲကနေလည်း
        တရားအားထုတ်လို့ရနေသလိုဖြစ်နေသလားဘဲ

  • KyawThein

    August 9, 2012 at 11:48 pm

    တော်တော်မျက်နှာပြောင်တိုက်တဲ ့ ပို့စ်ပဲ
    ဝိပဿနာကို သာသနာပ အကျင့် တဲ ့
    ကိုယ် ့ဝါဒကိုယ်ဖြန် ့တာ မပြောလိုပေမဲ ့ ဒီလိုစော်ကားတိုက်ခိုက်တာကို လက်မခံပါ
    ကန့်ကွက်ပါတယ် ။ ရှုံ ့ ချပါတယ် ။
    လက်ရှိကျင့်ကြံအားထုပ်နေတဲ ့ အကျင့်နဲ ့ကျမ်းစာတွေကို ဘုရားဟောမဟုတ်ဖူးလို့
    လက်လွတ်စပါယ်ပြောနေတာတော့ နည်းလမ်းမကျဘူး။
    ခင်ဗျားတို့အကျင့်နဲ့ ခင်ဗျားတို့ဝါဒက ဦးဉာဏ တီထွင်တာလား
    ဒါမှမဟုတ် အံစာတုံးရေးနေတဲ့ ရတနာသိုက် ထဲကရလာတာလား
    အရူးကွက်တွေ မထွင်နဲ့ကွာ

  • ကိုရင်မောင်

    August 10, 2012 at 3:37 am

    မိုးပြာဂိုင်းမှာ သူတို့ပေတန်နဲ့သူတို့တိုင်းပြီးရဟန်းကိစ္စပြီးတဲ့သူတွေ
    တော်တော်များနေပုံရတယ် …….
    ပြည့်တဲ့အိုးများဘောင်ဘင်ခတ်ရိုးထုံးစံမရှိပါ…
    မပြည့်သေးတဲ့အိုးသာဘောင်ဘင်ခတ်နေတယ်ဆိုတာ ဒါကိုခေါ်တာပေါ့……
    တချိန်က ကျောက်သင်္ဘောဂိုင်းကိုးကွယ်တဲ့ ဦးလေးကြီးတယောက်တွေ့ခဲ့ဘူးတယ်…
    လမ်းမှာတွေ့လို့ထုံးစံအရ ဦးလေးထမင်းစားပြီးပြီလားလို့မေးမိပါတယ်…
    စားပြီးပြီဆိုလဲ စားပြီးပြီပေါ့ မစားရသေးဘူးဆိုလဲ မစားရသေးပါဘူးငါ့တူရာ ပေါ့
    ခုတော့ပြန်ဖြေပုံလဲကြည့်ပါအုံး.. စားပြီးပြီးလို့တော့ဘယ်ဟုတ်ပါ့မလဲကွာတဲ့….
    ပြီးတော့မှ ငါပြောတာမင်းနားလည်ရဲ့လားဆိုပြီး ရှင်းပြနေလို့ မနည်းစကားဖြတ်ပြီး
    သွားခဲ့ရဘူးတယ်……

    • mggwa

      August 10, 2012 at 9:18 am

      ဟုတ်တယ် ကိုရင်မောင်ရဲ့ မပြည့်သေးတဲ့အိုးသာဘောင်ဘင်ခတ်နေတယ်ဆိုတာအမှန်ကွယ့်။
      ဦးဌေးလှိုင်ဆိုတဲ့ စာရေးစားသူကြီး လုပ်စားလိုက်တဲ့ ဘာတဲ့ ရဟန်းဘာဆိုလား၊ ပုဂ္ဂိုလ် ဘာဆိုလား အဲဒီစာအုပ်ကြီးဟာလေ ဘောင်ဘင်ခတ်လိုက်တာမှ အသံတွေကို မြည်နေတာပဲကွယ့်။
      လျှိုဝှက်ဆန်းကျယ် သိုင်းဝတ္ထုကြီးကျနေတာပဲနော့ 😀

  • Ko out of...

    August 10, 2012 at 8:02 am

    မိုက်ကယ်ဂျော်နီအောင်ပု/KyawThein/ကိုရင်မောင် ….

    ကျွန်တော်မျာများပြန်လည် ဆွေးနွေးဖို့ မရှိပါဘူး…သို့သော် ကျွန်တော် တခုလေးတော့..စဉ်းစားစရာလေး

    ပေးလိုက်ပါရစေ…

    ဥပမာ.. လူတွေ တစ်ယောက်နဲ့ တစ်ယောက်နုတ်ဆက်တဲ့ အခါ… ကျွန်တော်က ဘယ်သူပါ…ဘယ်ဋ္ဌာနက အကြီးအကဲပါ…လို့နုတ်ဆက်တာဟာ..သူဋ္ဌာနရဲ့ Department အကြောင်းကို ပြောတာလား? အဲဒီဋ္ဌာနက သူ
    ရဲ့ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက် (Performance, act, task) အကြောင်းကိုပြောတာလား?

    ဆရာက..ကိုယ့်ကိုယ်ကို ရူပဗေဒဋ္ဌာန(Phy: Dept:)… ကပါမောက္ခပါလို့ ..တယောက်ကို တယောက် မိတ်ဆက်တာဟာ…ကိုယ်ကိုယ့်ကို ကြွားတယ် လို့ပြောတာလား? ..ဆရာရော အဲဒီလိုကြွားလိုစိတ်နဲ့ပြောတယ်လို့ထင်သလား?..တကယ်တော့ ဋ္ဌာနကို မိတ်ဆက်တယ်ဆိုတာ…ကျွန်တော်တို့က ဋ္ဌာနကိုယ်မြင်ရမလား? ရူပဗေဒပညာရှင်တစ်ယောက်ရဲ့ အရည်အချင်းကို မြင်ရမလား?

    ဒါကြောင့် ဘုရားလက်ထက်မှာ…ရဟန်းတွေ အချင်းချင်းတွေ့ရင်..ရဟန်းကိစ္စပြီးပြီလား လို့ဘဲမေးကြတယ်
    လို့ကြားဖူးတယ်…အခုခေတ်ကတော့..ကိုယ်တော်က …ကားဘယ်နှစ်စီး? စီးတဲ့ကားက မော်ဒယ်လောက်?
    ငါ့ဘယ်လိုဖုန်းကို ကိုင်တယ်..စသည်စသည်ဖြင့်…ရဟန်းတွေ အချင်းချင်းတွေ့ရင် တရားအကြောင်းမပြောဘဲ..ဘာဖြစ်လို့လူတွေ လုပ်ရမည့် အလုပ်ကိုပြောနေကြလဲ?..

    ယခုရောမြန်မာပြည်မှာ…ဘယ်ဆရာတော်က..ငါဘယ် အဆင့် အထိရောက်တယ်လို့..ဘယ်သူပြောရဲလဲ?…
    ပြောရင်…ကိုယ့်ကိုယ်ကို အမွမ်းတင်ရာ၊ကြွားရာရောက်တယ်တဲ့.. ဒီအတွက် မပြောရ….ပြောရင်ထောင်ချ. ပါရာဇိကကျ စသည် ဖြင့်ပေါ့…

    ကျွန်တော်ကဗုဒဘာသာဘဲ..သို့သော် ရိုးရာပြောတဲ့ မြင့်မိုရ်တောင်ကို ကျွန်တော်မယုံ…ကျွန်တော်မယုံတာကို..အပြစ်ပေး အရေးယူမယ်..လုပ်လို့ မရသလို…
    ခင်ဗျာတို့ မယုံတဲ့ ဆရာတော်ကို ယုံပါလို့ ပြောနေတာ မဟုတ်ဘူး…

    ကျွန်တော်က Department အကြောင်းကို ပြောနေသူမဟုတ်…(Performance, act, task)အကြောင်းကို လေ့လာနေသူပါ…

    • utawgyaw

      August 12, 2012 at 1:57 pm

      သာသနာတော် ကွယ်ပဖို့ တတပ်တအားပူးသတ်နေတဲ့ ခင်းဗျားတို့လို လူတွေကို ဘယ်လိုမုန်းမှန်းမသိဘူးဗျာ..

  • နွေဦး

    August 10, 2012 at 11:00 am

    သကြားပျော်နေတဲ့ ရေလား ဆားပျော်နေတဲ့ရေလား သိရအောင် ကြည့်နေရုံနဲ့ မရပါဘူး ။
    လျှာလေးနဲ့ တို့ပြီး အရသာခံကြည့်မှသိမှာပါ…။
    စာထဲမှာလဲ ငံတာက ဘယ်လို ချိုတာက ဘယ်လိုဆိုပြီး ဘယ်လောက်ရေးထားရေး ထား အဲသည်စာတွေဖတ်ယုံနဲ့တော့ ဘယ်လိုသိမလဲ..။စာ ထဲမှာတော့ ဘယ်လို မြည်းကြည့်ပါလို့ဘဲ ပြောနိုင်မှာပေါ့ ။ ငံတာကို ခံစားရရင် ဆားလို့မှတ် ချိုတာကို ခံစားရရင် သကြားလို့မှတ် လို့ ရေးထားတာကို ဖတ်ပြီးရုံနဲ့ ဒါက ဆား ဒါက သကြားလို့ ငြင်းနေကြတော့မှာလား ။

  • kai

    August 10, 2012 at 1:15 pm

    ကျုပ်သိသလောက်တေ့ာ.. ဝိပဿနာကို..ကမ္ဘာကိုမိတ်ဆက်အသိပေးလိုက်သူက.. ဦးဂိုအင်ကာပဲ..
    (.ဦးဂိုအင်ကာက.. အိနိ္ဒယသားမိဘတွေကနေမွေးတဲ့.. ဦးနေဝင်းလက်ထက်က.. စူဇကာစစ်ဆင်ရေးနဲ့..ပြည်နှင်ဒဏ်ပေးခံရတဲ့.. မူရင်းမိရိုးဖလာ..ဟိန္ဒူတဦးပဲ..)

    အဲဒီမတိုင်ခင်.. လက်လှမ်းမှီသလောက်..မြန်မာပြည်ရဲ့.. မင်းတုန်းမင်းခေတ်..။သီပေါမင်းခေတ်..ကိုလိုနီခေတ်ဦးတွေမှာ.. ဝိပဿနာတရားစခန်းကြီးတွေဖွင့်.. အခုလိုလူကြီး..လူငယ်..ပျိုပျိုအိုအိုတွေကို.. စခန်းသွင်း… ဝိပဿနာလုပ်နေကြတာမဖတ်ဖူး..မသိဖူးမိပါ…
    (သိရင်.. စာအထောက်အထားပြပါကွယ်.. ကျေးဇူးဆပ်ပါမည်) 🙂

    ဆိုတော့…
    ဝိပဿနာကိုရော..ယောဂကျင့်စဉ်တွေရော.. ယူအက်စ်မှာ.. စိတ်ငြိမ်အောင်..ပိန်(ဘောဒီဝိတ်ကျ)အောင်.. သင်တန်းပေးကြတဲ့.. အိန္ဒိယသား/သူတွေရှိပါတယ်..။
    တခါက.. ဖလိုင်ယာတောင်ကူးတင်ပေးဖူးတယ်မှတ်တယ်..။
    ဟောလိဝုဒ်ဖက်မှာလေ…
    တနာရီ… ဒေါ်လာ ရာဂဏန်းယူတာ…
    ဘစ်ဇနက်…ဘစ်ဇနက်..

    မြန်မာတွေလည်း.. မြန်မာပြည်ထဲ.. နိုင်ငံခြားသားတွေအတွက်.. လုပ်သင့်တယ်..
    လည်ပါတ်ငွေ..သန်းချီသွားမယ်..မှတ်တယ်.. :mrgreen:

  • vedamaungmaung

    August 10, 2012 at 4:33 pm

    တစ်ကယ်ပြောယင် ဝိပဿနဆိုတာဗရားဟောတာ ဟုတ်မဟုတ်စီစစ်သင့်ပါတယ်လိုံထင်ပါတယ်

  • shwemyintin

    August 10, 2012 at 5:36 pm

    လွှတ်တော်လေသံဖြင့်ပြောဆိုရလျှင် ယခုအဆိုရှင်တင်သော ပို့စ် မေးခွန်းကို ကျွန်ုပ်အမြင် လက္ခံချက်အတိုင်း ပြန်၍ ဖြေဆိုရလျှင် ဝိပဿနာဆိုတာ ဘုရားဟောတဲ့တရားလား ဆိုတဲ့အမေးကို လုံးဝ လုံးဝ မဟုတ်ပါလို့ဘဲ ဖြေဆိုပါတယ်။
    သာသနာပ ဆိုတဲ့ စကားကို အနည်းငယ်ရှင်းလင်းလိုပါတယ်။ သာသနာဆိုတာ အဆုံးအမ။ အဆုံးအမဟူသည် လူသားတစ်ဦး သိရှိနားလည် သဘောပေါက်သွားပါက ရိုင်းဆိုင်းသူမှ ယဉ်ကျေးသူသို့ တစ်ဖြည်းဖြည်း ကူးပြောင်း ပေးစေသော အကြောင်းတရားတို့ပင်ဖြစ်သည်။ ပ သည်ဆိုသော စကားလုံးသည် ပလပ်သည်။ ပြင်ပ။ မရှိသော လို့ သက်ရောက်နိုင်သည်ဟု မြင်ပါသည်။
    ဝိပဿနာသည် လူသားကို အဘယ်သို့ ယဉ်ကျေးသူအဖြစ်သို့ လမ်းညွှန်နိုင်သနည်း။ လမ်းညွှန်နိုင်မှု မရှိသော အကြောင်းတရားကို သာသနာပဟု ပြောရပေလိမ့်မည်။
    လက်တွေ့တော့ ဝိပဿနာကို ကြိုက်နှစ်သက်သော သူတို့သည် အဘယ်သို့သော စိတ်များဖြင့်၊ နုတ်များဖြင့်၊ ကိုယ်ကာယတို့ဖြင့် ဝင်ရောက် ကွန်းမန့်ပေးနေကြသည်ကို ကြည့်ရှုဖတ်ရင်းပင် သိရှိနိုင်ပါသည်။
    ထိုကဲ့သို့ဖြစ်နေခြင်းပင် သာသနာ(အဆုံးအမ)နှင့်ဝေးခြင်း၊ အဆုံးအမ၏ ပြင်ပရောက်ခြင်း၊ သာသနာပခြင်းပင် ဖြစ်ပါသည်။

  • me dain

    August 10, 2012 at 8:14 pm

    အခု ကော်မန့်ပေးသောသူများ၏..ရိုင်ဆိုင်းသောစကားကြောင့်…

    ဝိပဿနာကြိုက်သောသူများသည်….ဘာနဲ့တူသလဲဆိုတော့…

    ပွေးဝဲယာနာဆေး ငြော်ငြာသောသူသည်…ကိုယ်ကိုယ်တိုင်၏ မျက်နှာတွင် ပွေးဝဲယားနာပျောက်ဆေး..

    ပွေးဝဲယားနာပျောက်ဆေး..ဟုလမ်းတွင် အသံကိုကျယ်လှောင်စွာ ငြော်ငြာပြီး …ကိုယ့်မျက်နှာတွင်..ပွေးဝဲ

    ယားနာ အပြည့်နှင့်ရောဂ်ရှိသောသူနှင့် တူနေပါသည်….

  • realman

    August 11, 2012 at 12:00 am

    လူတို့သည် ကိုယ်ကျင့်သုံးနေတဲ့ တရားဓမ္မစွမ်းရည်အတိုင်း ပြုမူပြောဆိုနေထိုင်ကြပါသည်။
    ဒါ့ကြောင့် လူတစ်ယောက်ရဲ့ အပြု၊ အပြော၊ အနေ၊ အရေးကို အကဲခတ်ခြင်းဖြင့် ထိုသူ ကျင့်သုံးနေသော တရားစွမ်းရည်ကို သိနိုင်ပေသည်။

    အဆဲသင်ပေးသော တရားများက လူကို ဆဲတတ်စေပါသည်။
    တကယ်ကတော့ လူက ဆဲတာမဟုတ်ပါ၊
    ထိုလူ သင်ယူပြီး ယုံကြည်နေသော အယူဝါဒက ဆဲခိုင်းနေခြင်းသာဖြစ်ပါသည်။

    စကားပုံ . . .
    “လူလိမ္မာသား ယဉ်ပါး၊
    လူမိုက်သား ရမ်းကား”

    ရည်ညွှန်း . . .
    လူလိမ္မာ= လိမ္မာယဉ်ကျေးစေသော အယူ၊
    လူမိုက်= ဆဲတတ်စေသော၊ မိုက်ရိုင်းစေသော အယူ

Leave a Reply