ကုသိုလ်တွေရကြပါစေ…သွေးလျှုပွဲ.

ခ်စ္တတ္သူAugust 9, 20121min12412

ရွာသူရွာသားအပေါင်းတို့ခဗျာ… ကျန်းမာလို့ချမ်းသာကြပါစေ… 19 – 8-12 ရက်နေ့တွင် ရွှေတိဂုံ တွင် သွေးလျှုတန်းပွဲရှိပါသည်…စိတ်ပါဝင်စားသူများ မနက်စောစော ရောက်အောင်လာခဲ့ကြပါ…လျှုမည်ဆိုလျှင် ညအိပ်ရေးဝအောင်အိပ်ကြဖို့တော့လိုမယ်နော်… ဒါဗျဲ…

12 comments

  • ချစ်တိုးလေး

    August 9, 2012 at 11:52 pm

    နယ်ကမို ့လို ့ ့သာဓုပဲခေါ်ပေးလိုက်တော့မယ်နော်.

  • Pye Kun Zaw

    August 10, 2012 at 9:32 am

    ဘယ်နှစ်လတစ်ခါ ကျင်းပတာလည်းခင်ဗျာ။ နောက်တစ်ကြိမ်ဘယ်တော့ရှိသေးလဲ။

  • ချစ်တတ်သူ

    August 10, 2012 at 10:11 am

    ပုံမှန် လေးလတစ်ကြီမ်ကျင်းပပါတယ်…လျှုချင်ရင်ရွှေတိဂုံမှာပဲ စာရင်းပေးလို့ရပါတယ်..မြောက်ဘက်စောင်းတန်းမှာ စာရင်းပေးရပါမယ်..စောစောသွားမှာ စောစောပြီးမှာပါ လူအရမ်းများလို့ပါ….နောက်တစ်ကြိမ်က 16 -12-12 ပါ

  • မောင်ပေ

    August 10, 2012 at 12:10 pm

    သာဓု သာဓု သာဓု ပါဗျာ
    နောင်လဲ လှူနိုင်ကြပါစေ

  • we R one

    August 10, 2012 at 3:03 pm

    သင့်သွေးဖြင့် အသက်ကယ်ပါ….။
    အိပ်ရေးဝ ရုံတင်မက ပဲ..။ သွေးမလှူခင် တစ်ပတ် အတွင်း အကိုက်အခဲ ပျောက်ဆေးတွေလည်း ရှောင်ဖို့မှာချင်ပါတယ်..။ သွေးမလှူခင် ဖြည့်ရတဲ့ form လေးကို လည်း မှန်မှန်ကန်ကန် ဖြည့်ပေးကြစေချင်ပါတယ်..။
    ကိုယ့်အတွက် သွေးတစ်ပုလင်း ထုတ်ပေးလိုက်ရတာ ဘာပြသနာ မှ မရှိပေမဲ့ အဲဒီ သွေးတစ်ပုလင်း မရလို့ သေးသွားကြတဲ့ လူနာတွေ အများကြီး ပါ..။ ဒါကြောင့် အသက် ၁၈ ကနေ အသက် ၅ဝ အထိ ကျန်းမာရေး ကောင်းတဲ့ ဘယ်သူမဆို လှူပေးကြပါလို့ … နှိုးဆော် အပ်ပါတယ်…။ ကျွန်မ ကတော့ ပုံမှန် လှူနေကြ ရင်ခုန်သံ သွေးလှူအသင်းမှာ ပဲ ဒီလ အတွင်းလှူဖြစ်ပါမယ်..

  • mayjuly

    August 10, 2012 at 4:39 pm

    မလှူနိုင်တဲ့ သူတွေကတော့ သာဓုပဲ ခေါ်နိုင်တော့မယ်နော် ….

    လှူနိုင်တဲ့သူတွေ ကလည်း မေးခွန်းလေးတွေကို မှန်မှန်ကန်ကန်ဖြေပြီး မှ လှူဒါန်းဖို့ ကို သတိပေးပါရစေရှင် …

  • Shwe Ei

    August 10, 2012 at 4:58 pm

    လှုချင်တယ်ချင့်။ တခါမှမလှူဘူးတော့ ဆောင်ရန်ရှောင်ရန်သိချင်တယ်ချင့်။ အိပ်ရေးဝအောင်အိပ်ရုံဘဲ ဆိုရင်တော့ အဆင်ပြေပါတယ်။ အသိပေး နှိုးဆော်မှုအတွက် ကျေးဇူးပါ။

  • laypai

    August 10, 2012 at 5:29 pm

    ၂ ခါတော့ လှူဖူးတယ်။အရေးပေါ် လှူ တာ ဆို တော့ အရမ်း ပီတိ ဖြစ်ရတယ်။
    စုပေါင်း လှူ တဲ့ ပီတိ က လည်း ရသ တမျိုး ပေးမှာ ပါ။

  • အတိသဌ္ဇနာဂရ

    August 10, 2012 at 8:56 pm

    သွေးလှုူတာကို တစ်ကြိမ်တောင်မပေးမလှုူဖူးပေမယ့် အားပေးဖြစ်ပါတယ်။
    ကိုယ်တိုင်က သူများကိုကိုယ့်ကြောင့် ဒုက္ခမဖြစ်စေလိုလို ့ပါဗျာ

  • manawphyulay

    August 11, 2012 at 11:22 am

    သွေးလှူချင်ပေမယ့် သွေးအားနည်းနေတယ် လှူလို့ မရဘူးလို့ ပြောပါတယ်။ အဲလိုဆို ဘယ်လိုလုပ်ရမလဲ

    • Foreign Resident

      August 11, 2012 at 11:41 am

      မနောရေ ၊ သွေးလှူတာက ၊
      ပေါင် ၁၀ဝ မပြည့် ရင်လည်း လှူလို့မရဘူး ။
      သွေးနီဥနည်း နေရင်လည်း လှူလို့မရဘူး ။
      သွေးအားနည်း နေရင်လည်း လှူလို့မရဘူး ။
      သွေးတိုး နေရင်လည်း လှူလို့မရဘူး ။
      လှူထားတာ ၄လ မပြည့်သေးရင်လည်း လှူလို့မရဘူး ။

      အဘက သွေးတိုး နည်းနည်းရှိတယ် ။
      ဒါပေမယ့် လှူရမယ့်အချိန်မတိုင်ခင် ၂ ရက်လောက် ၊
      သွေးကျဆေး မှန်မှန်သောက်ပြီး သွားလှူရင် OK ပါ ။

      အဘ အမေ ဆရာဝန်မကြီး ကတော့ ၊
      အဘ သွေးလှူတာကို သိပ်အားမပေးဘူး ။
      ဘာ့ကြောင့်လည်း မသိဘူး ။

      သွေးစုတ်တဲ့ အပ်ကြီးက အကြီးကြီးနော် ။
      မကြောက်ဘူးလား ။

      ” သွေးမလှူခင် ဖြည့်ရတဲ့ form လေးကို လည်း
      မှန်မှန်ကန်ကန် ဖြည့်ပေးကြစေချင်ပါတယ် ”

      အဘတို့အလုပ်က သင်္ဘောသားဆိုတော့ ၊
      သွေးသန့်ဖို့က စိတ်ချရပါတယ် ။ 😛

Leave a Reply