ဖြစ်နိုင်ရင် သူတို.တတွေရဲ. ဓါတ်ပုံတွေနဲ.တကွ ဒီပို.စ် လေးကိုရေးပြီး တင်ချင်တာပါ။ စာနဲ.ပဲရေးပြီး သတိ နဲ. အသိ ပေးဖြစ်လိုက်တယ် ဆိုရင်ပဲ ကျေနပ်သင်.ပြီ လို. ထင်ပါတယ်လေ။ သိပြီးသားလူတွေအတွက်တော. အပ်ကြောင်းထပ်ချင်လဲ ထပ်နေ နိုင်တာပေါ.ဗျာ။ မသိတဲ.လူတွေအတွက်ကတော. တော်တော်ထူးဆန်းသဗျ။ အမြို. မြို. အနယ်နယ်မှာတော. ဒီလိုလူမျိုးတွေ ရှိမှာပေါ.ဗျာ။ ဒါပေမယ်. ဘယ်လိုအခေါ်အဝေါ် တွေကွဲပြားမယ်တော. မသိဘူး။ ကျုပ်တို. ရွှေမန္တလာမှာတော. သူတို. တွေကို ဇိပ် လို. ခေါ်တယ်ခင်ဗျ။ ဇိပ် လို.စာလုံးပေါင်းသလား ဇိတ် လို.ပေါင်းသလားတော. မသိ ၊ဒီအသံထွက်ကတော. သေချာတယ်။  ဒီခောတ် ဒီအခါမှာ ဒါမျိုးတွေ ရှိသေးသလား ဆိုတဲ. အတွေးကလဲ ကျွန်တော်.ကို မကြာမကြာ ချောက်လှန်. တတ်တယ်ဗျ။ အတွေးအမြင်ဗဟုသုတ ကျယ်ပြန်. ရတဲ. ခောတ်ပေကိုး နော. ။။

ဒါပေမယ်.လဲ နယ်သူနယ်သား ရွာသူရွာသား လူရိုးကြီးတွေဆိုတာကလဲ ကုန်မှ မကုန်နိုင်ဘဲ။ သူတို.တွေကလဲ ဒီလိုလူမျိုးတွေကို အမှီပြုပြီး လိမ်ညာခြောက်လှန်. ပြီး စားသောက်နေရတာလေ။ သူတိုလိုနယ်က၊ရွာကမပြောပါနဲ. ကျွန်တော်.ကိုတောင် မန္တလေးသားလူရေလည်တဲ.အကောင်ဖြစ်ပါ ရဲ.နဲ. စကာလှမ်းပြောတာ ခံလိုက် ရရင် ငိုင်ပြီး ကြောင်သွားအောင် ပြောနိုင်ပါပေတယ်ဗျာ အနှီ သကောင်.သားများက–။

ကဲ နိဒါန်းတွေလဲ ရှည်နေပြီ ထင်ရဲ. ၊ ကိုရွှေဇိပ်များရဲ. ပညာနဲ.အသုံးတော်ခံပုံလေး ကြည်.လိုက်ကြရအောင်။ မိတ်ဆွေက နယ်က နေအိတ်ကလေးလွယ်ပြီး လာတဲ. ဧည်.သည်ဆိုပါတော. သူတို.တွေ ကျက်စားတတ်တဲ.နေရာ လဲ ရောက်ပြီဆိုပါတော. သူတို.ထဲက တစ်ယောက်က ရင်းရင်းနှီးနှီး ဖက်လှဲတကင်းနဲ. နှုတ်ဆက်ပြီ —–ဟာ–ကိုယ်.ဆရာ –ဘယ်လာတာတုံးဗျ–ဈေးဝယ်လာတာလား–ဘယ်မှာတည်းလဲ– ဒီအချိန်မှာ မိတ်ဆွေက သူ.စကားကြောင်. ဇဝေဇဝါ ဖြစ်သွားပြီလေ အဲဒီမှာ ဆက်ပြီး—ဟာ–ကျုပ်ကို မမှတ်မိဘူးလားဗျ–ဘကြီးစိန်တူ– မောင်ပေလေဗျာ–အနောက်ပိုင်းကလေဗျာ–ကိုယ်.ဆရာကလဲ—။လို. စကားစပြီး ခင်းလိုက်ရောဗျာ။။။

ဒီနေရာမှာ မိတ်ဆွေတို. စဉ်းစားကြည်.ပါ တနယ်တကျေး မြို.ပြနဲ.အဝေးမှာနေတဲ. လူတစ်ယောက်အဖို. တောင်ကြည်.မြောက်ကြည်.နဲ. လာနေရချိန် ကိုယ်.ကို သိလို.လာနှုတ်ဆက်တဲ. လူကိုမြင်တော. အားတက်သွားမှာ အမှန်ပါပဲ။ ဒါဟာ ဆိုက်ကိုလော်ဂျီ နည်းတွေ သုံးပြီး စည်းရုံ့းရေးစတာ၊ တစ်ချို. တွေကတော. တို.ဆေးနဲ. လူကို ပုတ်ပြီးပြောတယ်လို. ဆိုကြတယ်။ သူတို.လုပ်ပုံ ကျွန်တော်စောင်.ပြီး အကဲခတ်ကြည်.တော. လူကို ထိပြီးတော. စကားပြောတာ မတွေ.ရသလောက်ပါပဲ။ အဓိက ကတော. အပြောခံရတဲ. လူရဲ. လောဘစိတ် အတိမ်အနက်ပါပဲ။

—အော်–အင်း–အဲ–နဲ.ဖြစ်နေတဲ.မိတ်ဆွေကို –ဟာဗျာ ကိုယ်.ဆရာကလဲ ဆွေမျိုးစပ်ကြည်.ရင် ကျုပ်က ကိုယ်.ဆရာရဲ. တူဝမ်းကွဲ တော်တယ်လေဗျာ ။ တခြား ဘယ်တစိမ်းအိမ်မှ သွားတည်းမနေနဲ. အလကား မျက်နှာငယ်တယ် ကိုယ်.တူတစ်ယောက်လုံး ရှိနေမင်.ဟာ ကျူပ်နဲ.သာလိုက်ခဲ. ၊ အခု ကျုပ် အဆင်ပြေနေတယ်ဗျ ဒီမှာကြည်. ဆိုပြိး အကျီင်္အတွင်းထဲက ငွေအထပ်လိုက် ထုတ်ပြတော.တာပဲ။ အဲဒီအချိန်လေးဟာ မိတ်ဆွေအတွက် အရေးကြီးဆုံး အချိန် အခိုက်အတန်.ပဲ၊လွန်ဆန်နိုင်ဖို. ခဲယဉ်းနေတဲ.အချိန် ၊ နောက်သူတို.ပြောတဲ. လေသံဟာ တကယ်.ကို အာဝဇ္ဇန်း ကောင်းကောင်းနဲ. ပြောနေတာနော်၊ ညောင်နာနာ မဟုတ်ဘူး။

—လာစမ်းပါဗျာ–ကိုယ်.ဆရာကို ကျွေးရင်းမွေးရင်းနဲ. ကျုပ် အလုပ်အကိုင်ဘယ်လောက်ကောင်းတယ်ဆိုတာလေး ပြချင်လွန်းလို. ပါဗျာ လိုက်ခဲ.စမ်းပါ– ဒါနဲ. ကိုစိန်မောင်ကြီး ရော နယ်ရောက်တော. ဆိုင်ကယ်ဝယ်လိုက်တယ် မလား အဲ.တာအခု ကိုယ်.ဆရာနဲ. ကျုပ် အခုတွေ.သလို တွေ.ပြိး ကျုပ်နဲ. အလုပ်လိုက်လုပ်ရင်း ပွပေါက်တိုးသွားတာဗျ တစ်နာရီတောင် မကြာဘူးဗျာ ဆိုင်ကယ် တစ်စင်းဖိုး ရသွားတာ။ ဒီအချိန်မှာ မှိုင်းမိသွားပြီ ဖြစ်တဲ. မိတ်ဆွေက ဘာအလုပ်မို.တုန်း ပိုက်ဆံ ခဏလေးနဲ. များများ ရတာ တို.ဘာတို. စကားလေး ဆက်လိုက်ရင်—ကဲဗျာ ပြောနေ–ကြာပါတယ်– ဒီနား နီးနီးလေးပဲ– လာ -သွားကြရအောင်ဗျာ– စက်ဘီးပေါ်တက် –လာ- လာ ဆိုပြီး တက်နင်းတော.တာပဲ။ အဲ.ဒီမှာ အလံ ရှုး တယောက်က မောကြီးပန်းကြီးနဲ. ပြေးလာပြီး –ဟေ.သွားမှာဖြင်. မြန်မြန်သွား– ဟိုမှာ ပိုက်ဆံတွေကို ပုံတိုက်နေတာပဲ –ဘာညာလာပြောပါလေရော–ဒါနဲ. နောက်ကျရင် မရလေခြင်း ဆိုတဲ. မျက်နှာပေးနဲ. —လာ- ကိုယ်.ဆရာ မြန်မြန်ဆိုပြီး–သွားကြလေရဲ.။။။

—-လမ်းကျတော.လဲ စက်ဘီးအေးအေးဆေးဆေး နင်းပြီးအလုပ်အကိုင် ဘယ်လိုကောင်းကြောင်း သွားမည်.နေရာမှာ ဘာမဆို ရနိုင်ကြောင်း ၊ မိန်းကလေးများ ဆိုလဲ အင်မတန် လှကြောင်း အလိုရှိပါက ရနိုင်ကြောင်း အစရှိသဖြင်. မည်သည်.အရာကို မိတ်ဆွေဝါသနာ ပါသည်.အကြောင်းအရာရောက်အောင် တီးခေါက် မေးသွားတော. တာပဲ အမျိုးကောင်းမိန်းကလေးလှလှတစ်ယောက် လမ်းမှာတွေ.ရင်လဲ သူနဲ.ပေါ. ဟိုတလောက ကိုရင်သာဂိလာတုန်းက အိပ်သွားတာလေ ။ အခု လိုချင်ရင် အခုရ အောင် စီစဉ်ပေးနိုင်ကြောင်း နူးနှပ် မြူဆွယ်ပြီး ပြောတော.တာပဲ။

—-ဒီလိုနဲ. အိမ်တစ်အိမ်လဲရောက်ရော အများသိကြတဲ. အတိုင်းပဲ မိတ်ဆွေပါလာတဲ.ငွေကို လောင်းကစား တစ်ခုခုနဲ. မြှားပြိး။ ဒါမှမဟုတ် အထက်လိုင်းလိုလို အောက်လိုင်းလိုလို နဲ. မျက်လှည်.ဆရာများ သုံးတဲ. ဆေး၊ဓါတုပစ္စည်းတွေ သုံး၊ ခြောက်လုံး လှန်.လုံးတွေနဲ. အပိုင်ယူထားလိုက်ပါလေရောဗျာ။

မန္တလေးမှာ သူတို.ကျက်စားတဲ. နေရာတွေက တော. ဈေးချို တဝိုက်၊ အဝေးပြေး ကားဝင်း တဝိုက် စတဲ. လူစည်ကားတဲ.နေရာတွေပေါ.ဗျာ။ ငွေလိမ်ယူတာကလဲ ရိုးလိုက်တာလို. မထင်လိုက်ပါနဲ.ဗျာ ။ တောသူတောင်သား ရိုးရိုးအအ လဲ ဖြစ်ရမယ်၊ ငွေပါတဲ.လူလဲ ဖြစ်ရမယ်၊ ဘသားချောများက အာရုံနဲ.ကို သိနေသလား မပြောတတ်ပါဘူးဗျာ။ ဇိပ် တဖွဲ.ကဆိုရင် မန္တလေးမြ်ု.ရဲ. မိန်းလမ်း ၂၆ ဘီလမ်းက အမှတ် ၆ ရဲစခန်းနားကပ်ပြီးတော. ကို လှုပ်ရှားနေကြသဗျာ။

 

 

 

About ထိပ်တင် တုတ်ကြီး

ထိပ်တင် တုတ်ကြီး has written 6 post in this Website..

မန္တလေးဂေဇက် အတွက် မန္တလေးသား တစ်ယောက်အနေနဲ. စာလေးပေလေးတွေ တတ်နိုင်သလောက် ရေးချင်ပါတယ်။ ကျွန်တော်ရေးတဲ.စာလေးတွေ ကြိုက်နှစ်သက်ခဲ.ကြရင်လဲ ပြန်လည်ပြီး ဝေမျှနိုင်ပါတယ်။ ကျွန်တော်.အနေနဲ. မန္တလေးဂေဇက်နဲ. ရွာသူ၊ ရွာသား အပေါင်းတို.အား စေတနာအမြဲ ထားလျှက်ပါ။ အများအတွက် အတွေးအမြင်နဲ. ဗဟုသုတ လေးတွေရဖို.သာ အများအားဖြင်. ရေးသွားမှာပါ။

   Send article as PDF