ကိုယ် ဝယ်မဲ့အစားအသောက်က ပါဝင်တဲ့ပစ္စည်းတေ

zaylayJuly 5, 20101min530

အမေရိကန်ပြည်ထောင်စုမှာတော့ ၁၉၉၄ ခုနှစ်ကတည်းက အစားအစာထုတ်လုပ် ရောင်းချသူများကို ပါဝင်သည့် ပစ္စည်းများ၏ ပမာဏများကို ဖော်ပြပေးရန် လုပ်ဆောင်ခဲ့ပါတယ်။

ကိုယ် ဝယ်မဲ့အစားအသောက်က ပါဝင်တဲ့ပစ္စည်းတွေ ကိုမဝယ်ခင်မှာစစ်ဆေးခြင်းအားဖြင့် မိမိစားချင်တဲ့ အစားအစာနဲ့ ပါဝင်တဲ့အာဟာရကို ချင့်ချိန်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် အစားအသောက်တခုကို ဝယ်မယ်ဆိုရင် ဒါလေးတွေ ကြည့်ရှုပြီး ရွေးချယ် စေချင်ပါတယ်။

၁။အစားအစာတွင်ပါဝင်သော အာဟာရပမာဏ၊ အချိုးအစား များကို သေချာစွာဖတ်ရှုခြင်း

၂။ ပြည့်ဝဆီ saturated fat ပါဝင်မှုနည်းသော အစားအစာများကိုရွေးချယ်ခြင်း

၃။ ဆားဓါတ်ပါဝင်မှု ကိုဖတ်ရှုပြီး ထို အစားအစာတွင် ဆားပမာဏကိုသိရှိကာ သင်၏ဆားစားသုံးမှုကို ချင့်ချိန်နိုင်ခြင်း

၄။ သကြားဓါတ်ပါဝင်မှုနည်းပြီး အမျှင်ဓါတ်ပါဝင်မှုများသော အစားအစာများကို ရွေးချယ်နိုင်ခြင်း

၅။ ဗိုက်တာမင်နင့် အခြားသော mineral များသည် သင်၏ကိုယ်ခန္ဓာ လုပ်ငန်းဆောင်တာများကို ကူညီနိုင်စွမ်းရှိပေရာ ၎င်းတို့ပါဝင်မှု ပမာဏကို ဖတ်ရှုခြင်း

၆။ အရိုးနှင့် သွားများ ကိုသန်မာစေသော ထုံးဓါတ်(calcium)ပမာဏကို ဖတ်ရှုခြင်း

၇။ ကယ်လိုရီလိုအပ်သည် မိမိ၏တနေ့တာ လုပ်ငန်းဆောင်တာများနှင့် သက်ဆိုင်ပေရာ မိမိ လှုပ်ရှားမှုအလိုက် ကယ်လိုရီပါဝင်မှု ပမာဏကို စိတ်ကြိုက်ရွေးချယ်မှုပြုလုပ်နိုင်ခြင်း

မွန်းသက်ပန် (ဆေး-၁)