ဂ = ဂိမ်း ကစားခြင်းကိုမှ ချစ်သလား…

alinsettAugust 10, 20121min37515

 

 

ရောက်တတ်ရာရာ..ထွေရာလေးပါးမက  ပြောလာတာ…

 

အခုဆို   ဂ   ငယ်ဆီကို ရောက်လာပါပြီ။

 

ဂငယ်နဲ ့ ပက်သက်တာလေး… ရေးမယ် ဆိုတော့    ဂဃနဏ မသိပဲ..  ဝင် ဝင်ပြောတတ်သူတွေ အကြောင်း..

 

ရေးရင် ကောင်းမလား…ပေါ့  ။စဉ်းစားတယ် ။

 

ဒါပေမယ့်   မိမိ ကို  မိမိ  တိုက်ခိုက်  ပုတ်ခတ်တာတွေ မရေးချင်တာကြောင့်…..  အဲဒီ ခေါင်းစဉ်ကို…လက်ရှောင်လိုက်ရပါတယ် ။

နောက်ဆုံးတော့…..

ကျွန်တော့်အတွေးထဲကို….   ဂိမ်း ကစားခြင်းမှာ…   တပ် ငြိ  နေတဲ ့ လူငယ်  တွေ အကြောင်း..ဝင်လာတော့လည်း……

ကဲ….

ဂိမ်း ကစားခြင်းကိုမှ ချစ်သလား…… လို ့…

 

စလိုက်ကြပါစို ့…။

__________________

 

လူငယ်တော်တော်များများက   ဂိမ်းဆိုင် တွေထဲ… ကို မှ   ဝင်ထွက်ချင်လာတဲ ့အခါ….. ကျွန်တော်..တွေးမိပါတယ် ။

 

ဂိမ်း ကစားတာ..ဘာအကျိုးရှိသလဲ..လို ့  ။ အခုဆိုရင်   အင်တာနက် ဂိမ်း..တွေက  ခေတ်ကောင်းလာတော့  အင်တာနက်ဆိုင်ထဲမှာ…

 

ဗဟုသုတ ရှာချင်တဲ ့လူငယ်က နည်းပြီး..ဂိမ်း ကစားသူက များနေပါပြီ။

ဘာ အကျိုးရှိသလဲ..။။

 

တချို ့ ဂိမ်းတွေက  ဉာဏ်ရည်နဲ ့ ယှဉ်ပြီး..ကစားရာတာ ဆိုတော့…

ဦးနှောက်ကို အလုပ် ပိုလုပ်ခိုင်း နိုင်လို ့….. ကောင်းတာပေါ့ နော် ။

 

ဖြတ်ထိုးဉာဏ်…  နဲ ့ လ ျင်လျင်မြန်မြန်..ဆုံးဖြတ်နိုင်စွမ်း..တွေ.. တိုးတက် လာမယ်..။

 

ပြီးတော့ အရှုံးကို..ခံစားတတ်သွားမယ် ။  အနိုင်ရခြင်းကို…   ကျေနပ် တတ်လာမယ် ။

 

မဆိုးပါဘူး ။ ဒါဖြင့်…

 

လူငယ်တစ်ယောက်ကို   တစ်သက်လုံး..ဂိမ်းကစားခြင်းနဲ ့ မ ကင်းကွာစေနဲ ့  ။  အဲဒီ လူငယ်   နောင်တစ်ချိန်မှာ..ဘာဖြစ်လာနိုင်မလဲ.။

 

ဒါ..မေးသင့်တဲ ့မေးခွန်းလား… ။   ဂိမ်းကစားခြင်း ကို စွဲ စွဲလမ်းလမ်း… ပြုမူခဲ့သူ  ဘယ်သူတွေ… သိပ္ပံပညာရှင် ဖြစ်လာဖူးသလဲ. ။

ဘယ်သူတွေ… ဂိမ်းကစားလို ့ ချမ်းသာဖူးသလဲ. ။

ဘယ်သူတွေ..

ဂိမ်း ကစားလို ့…လူဖြစ်ကျိုး.နပ်ဖူးသလဲ. ။

______________________

 

အချိန်ကုန်မယ် ။

 

အဲဒါ..အဆိုးဆူံး အချက်ပါ ။

 

ဂိမ်းကစားခြင်းထဲမှာသာ…နစ်ဝင် တွယ်တာနေတဲ ့ ကလေးတစ်ယောက်ဟာ…

 

အခြားအရာတွေအ တွက်  တီထွင်ကြံဆ ဖို ့…. အချိန် နည်းသွားမယ် ။

 

လောက ကို အပေါ်စီးကနေ  စိုးမိုး လျွှမ်းခြုံပြီး..မြင်နိုင်အောင် ကြိုးစားရမယ့်  ကလေးငယ်ဟာ….

 

အသိပညာ ကြွယ်ဝဖို ့…. စာအုပ်တွေ  …. ဖတ်ရမယ် ။ ရေဒီယိုက  လာတဲ ့သတင်းတွေ ကို  နားထောင်ရမယ်  ။

ပြီးတော့…….. အချို ့သော ပညာရပ်တွေကို….  သင်ယူရမယ် ။

 

ပညာက ကိုယ် ့အနားကို မလာရင်တောင်  ပညာဆီကို..

ကိုယ် က မရောက်ရောက်အောင် သွားနိုင်ရမယ် ။    အဲဒီ အတွက်       အချိန်တွေ..ပုံအော ပေးရမယ့် ကလေးငယ်ဟာ….

 

ဂိမ်း ကစားခြင်းထဲမှာသာ…. နစ်ဝင်သွားတဲ ့အခါ…………..

 

ဆုံးရှုံးမှုတွေ..ရှိလာမှာပါ ။

______________________—

 

ဂိမ်း ဆော့တာနဲ ့ စာဖတ်တာ..ဘယ်ဟာ..ပိုကောင်းသလဲ..လို ့မေးလာရင်….

 

ဘယ်သူမဆို………စာဖတ်တာက ပိုကောင်းတာပေါ့..လို ့ ဖြေမှာပါ ။   ဟုတ်ပါတယ်  ။

ဒါပေမယ့်  ကောင့်တဲ ့စာ…တွေ  ဖတ်မှ ပါ ။ ဗဟုသုတ ရမယ့် စာတွေ..ဖတ်နိုင်မှ ဖြစ်မှာပါ ။

ကလေးတွေ..စာဖတ်ချင်လာအောင်….  လုပ်ရမယ်.. ။

 

ကဲ..ဒါဖြင့်…..     ရပ်ကွက်တွေ.. ၊ မြို နယ်တွေမှာ….    စာအုပ်တွေ .ပေါပေါများများ..ဖတ်နိုင်မယ့်…

 

စာကြည် ့တိုက်တွေ.. လိုနေပြီ။

 

ကျွန်တော်တို ့ နိုင်ငံမှာ…  စာကြ ည့်တိုက်တွေ…တော်တော်များပါတယ်  ။

 

( သတင်းစာ ထဲက သတင်းတွေ အရ…..ဆိုရင်ပေါ့လေ.. ။  တော်တော်များပါတယ် ။  )

 

ဒါပေမယ့် ကျွန်တော် ေ နတဲ ့ရပ်ကွက်ထဲမှာတော့… စာကြည့်တိုက်က……….   ဆိုင်းဘုတ်ပဲ.ရှိပါတယ်  ။

 

စာအုပ် မရှိပါဘူ း။   တစ်အုပ်မှ မရှိပါဘူ း။

တချို ့ စာကြည့်တိုက်တွေမှာ…..    စာအုပ်တွေ ရှိတယ်..ဆိုပါဦးတော့….   ။

 

ဘာ စာအုပ်တွေ ..ရှိသလဲ…။   ဘယလောက် ရှိသလဲ…..

 

ရှိတဲ ့စာကြညိ့် တိုက် ဟာ…   အနီးနား ပတ်ဝန်းကျင်က  ကလေးငယ်တွေ../  လူငယ်တွေကို…. ဘယ်လို နည်းလမ်းတွေ သုံးပြီး..ဆွဲဆောင်နိုင်မလဲ….။

 

ဂိမ်း ကစားခြင်း ထက်  ပို ချစ်စရာကောင်းတဲ ့ ပိုပြီး..အကျိုးရှိစေမယ့် ….  စာဖတ်ခြင်းဆီ..ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာဖို ့….ဆိုတာ…

 

လူငယ်တွေ..စိတ်ဝင်စားလာအောင်..ဆွဲဆောင်နိုင်မှ ဖြစ်မှာပါ  ။

 

ဆွဲဆောင်မှုတွေ…..များပြားလာတဲ ့…. ဒီ ခေတ်မှာ…. စာကြည့်တိုက် တွေ လည်း..ဆွဲဆောင်မှုရှိမှ ဖြစ်တော့မှာလေ…။ ဆွဲဆောင်မှု…..လိုပါတယ် ။

 

အရင်ဆုံး….

 

စာကြည်တိုက် နည်းပါးတဲ ့ပြဿနာ….

 

စာအုပ် ရှားပါးတဲ ့ပြဿနာ…….

စာအုပ်ကို ချစ်လာအောင်…. ဆွဲဆောင်ရမယ့်နည်းလမ်း  ပြဿနာ……

 

ဒါတွေကို ရှင်းလင်းနိုင်မှ…..

 

လူငယ်တွေ  ဂိမ်းကစားခြင်း ထဲက ရုန်းထွက်ပြီး……

 

စာဖတ်ခြင်းထဲ…… ရောက်လာမှာပါ ။

 

_____________________-

 

ကဲ….

 

ကျွန်တော်..တို ့…  ဘာလုပ်ကြမလဲ…။

_______________________

 

င်္ဒီမေးခွန်းကို..မေးရတာဟာ….

 

ကျွန်တော်ကိုယ်တိုင်က….  ဘာလုပ်ပေးရမှန်း..မသိတော့ လို ့ပါ ။

 

( ကျွန်တော် ဟာ….   ကြက်ဖ တစ်ကောင်လို ဖြစ်နေပါပြီ။          သူများတွေကို..  အိပ်ရာက နိုးအောင်.. အောက်အီးအီးအွတ်….လို ့..အော်ဟစ် နှိုးနေပေမယ့်..

 

ကျွန်တော်ကိုယ်တိုင်ကတော့….  အိပ်တန်းပေါ်က မဆင်းချင်သေးတဲ ့ကြက်ဖကြီးလိုပါပဲ..။  )

 

တွန်..ပြီ…. နှိုးခွင့်လေး…ရှိနေသေးတာ  ကို ပဲ…….

 

( လောလောဆယ်..)    ကျေနပ်ရပါတယ်  ။  ကဲ..မေးကြည့်ပါဦးမယ် …။

 

ကျွန်တော်နဲ ့အတူ….

 

ဘယ်သူကူပြီး…တွန်…. နှိုးချင်ပါသေးသလဲ….

_____________________________

 

ကျွန်တော့် ရဲ ့ကြက်ဖ ဥပမာ က နည်းနည်းရိုင်းသလို ဖြစ်သွားရင်တော့..အားလုံးကို  တောင်းပန်ပါတယ် ခင်ဗျာ။ ဥ ပမာ..အဖြစ်သာ..ဖတ်ရှု.ကြစေလိုပါတယ် ။

 

ရိုးရိုးလေး.တွေးမိတဲ  ့အတွေးကို…

ရိုးရိုးလေး..ပဲ..  ချရေးဖြစ်တာပါ ။

________________________

 

လေးစားစွာဖြင့်…

 

အလင်းဆက်

 

alinsett.art@gmail.com

 

 

 

 

 

 

 

 

 

 

 

15 comments

  • P chogyi

    August 10, 2012 at 10:54 am

    ဂလိုဆိုတော
    ဂိမ်းကစားတာဟာ
    ဦးနှောက်အာရုံကြောထိခိုက်ပြီး
    ဂိသွားနိုင်ကြောင်း ဝိုင်းပြောပေးပါမယ်။

  • အလင်းဆက်

    August 10, 2012 at 11:04 am

    ပြောကြပါဗျာ.။
    ကျွန်တော်လည်း…မနေနိုင်တော့လို ့..ထ ..ပြောကြည်တာ ။
    ကျွန်တော်ကိုယ်တိုင် ဂိမ်းကစားတာမျိုး.မရှိတော့….. ဆိုးကျိုးကောင်းကျိုး.ဘယ်ဟာ ပိုများသလဲ
    သေချာမသိဘူးလေ. ။
    ဒါကြောင့်..ကျွန်တော်.. အစပျိုးလိုက်တဲ ့ဒီ ပို့စ်မှာ ဝိုင်းဝန်းပြီး.. ဆွေးနွေးပေးကြပါခဗျာ.။

    ခင်မင်လေးစားစွာ

  • အတိသဌ္ဇနာဂရ

    August 10, 2012 at 12:19 pm

    ဂိမ်းဆော့တာကိုလဲ အနည်းအကျဉ်းခွင့်ပြုပေးသင့်ပါတယ်အကိုရေ။

  • shwe kyi

    August 10, 2012 at 12:21 pm

    မျက်လုံးထိခိုက်တယ်။ အချိန်ကုန်မှန်းမသိနိုင်အောင်ဆွဲဆောင်ထားတော့ ငွေကုန်တယ်။
    အချိန်ကုန်တယ်။ P chogyi ပြောသလိုအာရုံကြောထိခိုက်ပြီးဂိမယ်။
    ခေတ်ကာလသဘောအရ သိသင့်ပေမယ့် စွဲလမ်းမနေသင့်ပါဘူး။
    ဆိုင်ထဲမှာတယောက်တပေါက်ဆူညံဆဲဆိုရိုင်းဆိုင်းလာနေသလိုပဲ။ အဲဒါကြောင့်ဂိမ်းနဲ့တွဲဖွင့်ထားတဲ့ဆိုင်တွေမထိုင်ဖြစ်တော့ဘူး။

  • မောင်ပေ

    August 10, 2012 at 12:26 pm

    ဂိမ်းကစား
    ပိန်းသလား
    ဘိန်းစား
    မှိန်းသွား
    ကြိမ်းဝါး

  • R Ga

    August 10, 2012 at 12:56 pm

    ဘယ်သူတွေ… ဂိမ်းကစားလို ့ ချမ်းသာဖူးသလဲ. ။

    ဘယ်သူတွေ..

    ဂိမ်း ကစားလို ့…လူဖြစ်ကျိုး.နပ်ဖူးသလဲ. ။

    ဒီမေးခွန်းအတွက်တော့ နည်းနည်းပြောမယ်။ ဂိမ်းကစားလို့ ချမ်းသာထက်ပိုက်ဆံရပြီး နာမည်ကြီးကျတဲ့လူတွေ အများကြီးရှိပါတယ်။ နိုင်ငံတကာမကြည့်နဲ့ ဦး ပြည်တွင်းမှာတင် ဂိမ်း တွေကစားရာကနေ ကိုယ်တိုင် ဂိမ်းထွင်ပြီး နိုင်ငံခြားကုမ္ပဏီတွေကိုရောင်းချလို့ ပိုက်ဆံရသွားတာတွေတွေ့ရပါတယ်။နောက် ပြီးတော့ Dota လိုအဖွဲလိုက် ကစ ားရတိုက် ပြိုင်ပွဲတွေ ဝင်ပြိုင်ရင်းနဲ့လည်း ပိုက်ဆံတွေရှာနိုင်ပါတယ်။
    ကျွန်တော် သူငယ်ချင်းရဲ့ ညီဆိုရင် အဲဒီဂိမ်းနဲ့ ပဲ မိဘကို ရှာကျွေးနိုင်ခဲ့ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုဂိမ်းတွေကို ကမ္ဘာဖလားလို ပြိုင်ပွဲတွေမှာ ဝင်ကစားလို့ နာမည်ကျော်နေတဲ့လူတွေ အများကြီးပါပဲ.။ ဒီတော့ ကျွန်တော်က ဂိမ်း ကစားလို့ လူဖြစ်ကျိုးနပ်တဲ့လူတွေလည်းအများကြီး ရှိတယ် ဆိုတာ သိစေချင်ပါတယ်။ ဂိမ်း နဲ့ ရင်းပြီး ပိုက်ဆံတွေအများကြီး ရှာဖွေသွားတဲ့ လူတွေလည်း ဒုနဲ့ဒေးပါ။ နောက်ဆုံး ကျွန်တော်စိတ်ထင် လူငယ်တွေ အရက်ဆိုင်တို့။ KTV တို့။ အနိုပ်ခန်းတို့ သွားတာထက်စာရင် ဂိမ်းဆိုင်မှာ ဂိမ်းဆော့နေတာ ပိုကောင်းပါဦးမယ်လို့ထင်ပါတယ်။ ဘယ်အရာမဆို အလွန်အကျွံဆိုရင် တော့ မကောင်းနိုင်ဘူးပေါ့။ ဒီတော့ ဂိမ်းကိုလည်း မအိပ်မစား ကစားနေရင်တော့ မကောင်းဘူပေါ့ဗျာ။

  • ချစ်တိုးလေး

    August 10, 2012 at 1:24 pm

    တိုးလေးကတော့ ဂိမ်းကစားတာကို လုံးဝအားမပေးပါဘူး။
    မောင်ဝမ်းကွဲလေးတွေ ရှိပါတယ် တယောက်က ဆေးကျောင်း ဒုတိယနှစ်ကို မဖြေရတာ ၂ နှစ်ရှိပါပြိံ။တယောက်က ကွန်ပြူတာတက်နေတာပါ သူလဲမနှစ်က. ကျောင်းခေါ်ချိန်မပြည့်လို ့မဖြေရပါဘူး။ သူတို ့၂ယောက်လုံးက ဂိမ်းပဲတချိန်လုံးဆော့နေကြတာပါ။KTV တို ့အနှိပ်ခန်းတို ့မသွားပေမယ့် ကျောင်းမတက်ဘဲ ဂိမ်းဆော့နေတာတော့ မကောင်းဘူးလို ့ထင်ပါတယ်။

  • ပင်လယ် ပျော်

    August 10, 2012 at 2:30 pm

    ဪ…တစ်ခုမကောင်း…တစ်ခုကောင်း လောကနိယာမပဲလေ…

  • TTCG

    August 10, 2012 at 3:21 pm

    ဘယ်သူတွေ… ဂိမ်းကစားလို ့ ချမ်းသာဖူးသလဲ. ။
    ဘယ်သူတွေ.. ဂိမ်း ကစားလို ့…လူဖြစ်ကျိုး.နပ်ဖူးသလဲ. ။
    ————————————————————
    Counter Strike ပေါ်ခါစမှာ နာမည်ကြီးခဲ့တဲ့ Fatal1ty, SK တို့… အခုခေတ် World`s best Dota Clan Navi (Natus Vincere) တို့ကို မကြားဘူးသေးထင်တယ်…
    မြန်မာနိုင်ငံမှာတော့ မသိဘူး… နိုင်ငံခြားမှာတော့ နာမည်ကြီး Game Clan အဖွဲ့တွေက ပြိုင်ပွဲဆုကြေးထက် Sponsor ကြေး Advertisement ကြေးနဲ့ ရပ်တည်နေကြတာပါ… ဥပမာအနေနဲ့ ပြောရရင် Creative က ထုတ်တဲ့ Fatal1ty Gaming Mouse, Sound Blaster card & Headphone ဆိုရင် သူတို့ Creative Product မှာ Fatal1ty နာမည်ပါထဲ့ထုတ်ရတဲ့ အထိတောင် အောင်မြင်ခဲ့တာပါ
    နောက်တစ်ခုက Game Company တွေက သူတို့ Game တွေ မထုတ်ခင် Professional Gamers တွေကို ပိုက်ဆံပေးပြီးတော့ အစမ်းဆော့ခိုင်းပါတယ်… Bugs တွေကို ရှာတဲ့အနေနဲ့ပါ
    ၂၀၁၁ မှာ Dota2 ကို BetaVersion ကြော်ငြာအနေနဲ့ ွှWorld Best Dota Clans တွေကို စုပြီးတော့ ပြိုင်ပွဲလုပ်ခဲ့ပါတယ်… ပထမဆုက USD 1 Million ပါ… ထုံးစံအတိုင်း Navi ကပဲ ရသွားပါတယ်… တိုက်ရိုက်ထုတ်လွှင့်ပေးပါတယ်… ကြည့်တဲ့လူ ဘယ်လောက်များလဲဆိုရင် ကျွန်တော်ဘယ်အချိန်ဝင်ဝင် Server Full ကြီးပဲပြနေတာပါ
    အခုခေတ်မှာ Game ပြိုင်ပွဲတွေဟာ အားကစားတစ်ခုလို လက်ခံနေကြပါပြီ… E-Sport လို့တောင် တင်စားလာကြပြီ… နှစ်စဉ် E-Sport World Cup လုပ်ပြီးတော့ ပြိုင်ပွဲတွေ လုပ်လာတာ အတော်ကြာခဲ့ပါပြီ… ၂၀၀၉ (သေချာမမှတ်မိပါ) တုန်းက S.Korea ကောင်လေးတစ်ယောက် WarCraft 3 World Cup မှာ ပထမရသွားပါတယ်… Live Announcer Korean အမျိုးသားနဲ့ အမျိုးသမီးဆိုရင် ဝမ်းသာလွန်းလို့ ပြောရင်း ပြောရင်း မျက်ရည်တွေကြလာတာ… Youtube မှာ ရှိပါတယ်… ရှာကြည့်ပါ… Gamer တွေဟာ နိုင်ငံတစ်ခုကို ကိုယ်စားပြုနိုင်တဲ့ အထိကို ဖြစ်လာကြပါပြီ
    သေချာတာကတော့ ကျွန်တော် နောက် ၁ဝ နှစ် အလုပ်လုပ်ရင်တောင် သူတို့ ၁ နှစ်ဝင်ငွေကို မယှဉ်နိုင်သေးပါဘူးဗျာ… မြန်မာနိုင်ငံလို အစစအရာရာ နောက်ကျကျန်ခဲ့တဲ့နိုင်ငံမှာတော့ ဂိမ်းဆော့လို့ သူဌေးမဖြစ်ပေမယ့် သူများနိုင်ငံမှာတော့ ဂိမ်းဆော့ချင်းဟာ Professional အလုပ်ဖြစ်ခဲ့တာ ရာစုနှစ် တစ်ခုရှိခဲ့ပါပြီ
    Youtube ကနေ သူတို့ဆော့ထားတာတွေကို အရင်ကြည့်လိုက်ပါဦး… သူတို့လို ကိုယ်လုပ်နိုင်တယ်… ကိုယ့်မှာလည်း အရည်အချင်းရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ရင် SG or Malaysia ကိုအရင်ထွက်… Game Center တွေမှာ အရင်Challenge လုပ်ကြည့်ပါ
    ဂိမ်းကစားပြီးတော့ ချမ်းသာချင်တဲ့ လူဖြစ်ကျိုးနပ်ချင်တဲ့ မြန်မာနိုင်ငံက လူတစ်ယောက်အတွက်တော့ ဒီနည်းပဲရှိတယ်လို့ထင်တာပဲ

  • အလင်းဆက်

    August 10, 2012 at 3:47 pm

    ဝိုင်းဝန်းဆွေးနွေး.ကြလို ့ကျေးဇူးတင်ပါတယ် ။

    မိတ်ဆွေကြီး..R Ga.. ပြောတဲ ့သူတွေလို…ပေါက်မြောက် အောင်မြင် သွားကြရင်တော့…ကောင်းတာပေါ့နော် ။
    ဒါပေမယ့် ဂိမ်းကစား တာကို အမှီပြု..ပြီး… လူဖြစ်ကျိုးနပ်သွားသူတွေ..ရှိတယ်.ဆိုတာကိုတော့..ကျွန်တော်
    သိပ် ဘဝင်မကျဘူးဗျ ။ လူဖြစ်ကျိုး နပ်တယ်..မနပ်ဘူး.ဆိုတာကို အဓိပ္မာယ် ဖွင့်ပုံ ချင်း တစ်ယောက်နဲ ့တစ်ယောက် တူမယ် မထင်လို ့……. ဒီ အပိုင်းကိုတော့ ဆက်မဆွေးနွေးတော့ပါဘူ း
    ကျွန်တော်ကတော့… ဂိမ်းကစားပွဲတွေ.မှာ..အနိုင်တွေ..ဆက် ဆက် ရပြီး.နာမည်တွေကြီး.. ပိုက်ဆံတွေရပြီး.
    ချမ်းသာ ပြည့်စုံစွာ..နေထိုင် သွား ရရုံနဲ ့လူဖြစ်ကျိုးနပ် တယ်..လို ့ မယူဆပါဘူး။
    လူရယ်လို ့ ဖြစ်လာတာ..နဲ ့ လူဖြစ်ကျိုး.နပ် စွာ.နေထိုင် သွားဖို ့ဆိုတဲ ့အယူအဆတွေကိုပြောရရင်.
    ကျယ်ပြန့် ကုန်မှာ…။ ဆိုတော့.. လူဖြစ်ကျိုး နပ်ခြင်း မနပ်ခြင်း ကိစ္စ ကို..နောက်မှ ဆက် ဆွေးနွေး ကြပါစို ့..။
    K T V တို ့ အနှိပ်ခန်းတို ့…နဲ ့ဂိမ်း..ဆို်င်မှာ ထိုင်ဆော့နေတာနဲ ့ကို..ယှဉ်ထိုးပြ သွားတာ မဟုတ်ပါကြောင်း…
    ဂိမ်းဆော့ခြင်းနှင့် စာဖတ်ခြင်း..( စာကြည့်တိုက် တွေ ကိစ္စ ) ကိုသာ..ယှဉ်ထိုးပြောဆိုလိုက်တာ ဖြစ်ပါကြောင်း…..
    R Ga ပြောသလိုပါပဲ….
    ဘယ်အရာမဆို..အလွန်အကျွံ မဖြစ်ရင်ကောင်းတာပါပဲ..ပေါ့လေ.။
    __________________

    ချစ်တိုးလေး..ရေ..ကျွန်တော့် ညီ ဝမ်းကွဲတွေ.လည်း.ဒီလိုပါပဲ.။
    _______________________
    ဦးပေ..ရေ. ကျေးဇူးပါပဲ.နော် ။ ကွန်မန်း ့ဗျာတိုလေး.အတွက်…။
    _______________________
    မရွှေကြည်ရေ… ဘဝတူတွေပါ ။
    အင်တာနက် သုံးနေရင်းနဲ ့ဟေးခနဲ…အားခနဲ..အော်သံတွေ…အကျယ်ကြီး ကြားကြားနေရတော့..
    တော်တော်လေး စိတ်ပျက်မိပါတယ် ။ ရွှေကြည့်လိုပဲ.. အဲဒီလို ဆိုင်မျိုးကို ရှောင်နေမိပါတယ် ။
    __________________________
    နာဂရ..ရေ..
    အနည်းအကျဉ်း.. ဟုတ်ပါတယ် ။ တစ်ခါတစ်လေ..စိတ်အပန်းပြေစေဖို ့…ကလေးတွေကို နည်းနည်း ခွင့်ပြု သင့်တာပေါ့နော် ။ နည်းနည်းကနေ..များ မသွားဖို ့တော့..ဘေးက လူကြီးတွေ..တာဝန်….
    ___________________________
    ပင်လယ်ပျော်…ရေ…
    အဆိုးနဲ ့အကောင်း…ဒွန်တွဲနေတတ်တာ က လောက. သဘာဝဆိုတာ.လေး..ဟုတ်တာပေါ့နော် ။
    အောကင်းအဆိုး..အကြောင်းအကျိုး..အများအမှန်ကို… ပိုင်းခြား..သိအောင်..
    ကျွန်တော်..ဆက်ကြိုးစားပါဦးမယ်..လို ့

    အားလုံးကို ခင်မင်လေးစားစွာ…
    အလင်းဆက်

  • etone

    August 10, 2012 at 3:47 pm

    ဘယ်သူတွေ ဘာပြောပြော ဂိမ်းကစားတာက ကျွန်မရဲ့ စိတ်ထွက်ပေါက်တစ်ခုပါပဲ …. ။ အပမ်းဖြေခြင်းတစ်မျိုးလို့ ယူဆပြီး ဂိမ်းကစားခြင်းကို စွဲ စွဲလမ်းလမ်း လုပ်ခဲ့ဖူးပါတယ် … ။ Angry Birdတို့ ၊ Plants Vs Zombies တို့ဆို ……လယ်ဗယ် စ/ဆုံး ဆော့ပြီးလျှင်တောင် …. ကြယ်သုံးလုံး မရတဲ့ လယ်ဗယ်တွေပြန်ဆော့ဖြစ်တယ် …. ။ ဒိုတာဆိုလည်း ခုတ်လိုက်တာပါပဲ … ။ ဒါလည်း ရူးသွပ်ခြင်း တစ်မျိုးပါ … ။ ဂိမ်းဆော့လို့ ကျွန်မရဲ့ ကိုယ်ပိုင်အချိန်တွေ ၊ အလုပ်ချိန်တွေ ၊ မိသားစု ဆက်ဆံရေး တွေ ဘာမှကို ထိခိုက်မှု မရှိသေးတာကြောင့် … အခုထိ … ဆော့နေတုန်းပါပဲ ။ 😀

    ညဘက် ဂိမ်းကစားမိလျှင် မိုးလင်းသွားတဲ့ အဖြစ်တွေလည်း ရှိခဲ့ဖူးတယ် …. ။ တရေးနိုး ပြန်အိပ်မရလို့ ဂိမ်းကစားရင်း …. မိုးလင်းသွားခဲ့ရတာတွေလည်းရှိတယ် ။ အလုပ်ထဲမှာလည်း respect ပေးရမယ့် လူတွေမရှိလျှင် မရှိသလို ဂိမ်းဆော့တာပါပဲ …… ။ ဂိမ်းကစား ခြင်းရဲ့ ဆိုးကျိုးအနေနဲ့ ဇက်ကြောတက်တာလောက်ပဲ ရှိပေမယ့် … ကောင်းကျိုး(ကိုယ့်အယူဆနဲ့ကိုယ်ခံယူထားတာ)တွေကတော့ … အချိန်ကိုက် လျှပ်တပြတ်စဉ်းစား လှုပ်ရှားတတ်လာတာရယ် ၊ ရတဲ့အချိန်ကို ထိရောက်စွာ သုံးတတ်လာတာရယ် … လူကactive ဖြစ်နေတာတွေရယ်ပါပဲ … ။

    ဂိမ်းကစားတဲ့ လူ … ဘာမှမဖြစ်ချင်လည်း နေပါစေ …… ဂိမ်းဆော့နေတုန်း ..ကိုယ့်စိတ်နဲ့ကိုယ် … စိတ်အေးချမ်းနေလျှင်ကို ကျေနပ်ပြီ :mrgreen :

    • shwe kyi

      August 10, 2012 at 4:06 pm

      မအိတုံရေရွှေကြည်အတွက်တော့ ဆော့နေတုန်းသာ အက်တစ်နော်။
      နားလိုက်ရင်မျက်လုံးတွေကျိမ်းနေရောပဲ။ အိပ်မှုန်စုံဝါးလိုဖြစ်နေတယ်။
      အဲဒါနဲ့ပဲ သိပ်မဆော့ဖြစ်တော့ဘူး။ တခါတလေတော့ဆော့ဖြစ်ပါတယ်။
      ညလုံးပေါက်တော့မဆော့ပါနဲ့လား ကျန်းမာရေးထိခိုက်မှာစိုးလို့ 😀

      • etone

        August 10, 2012 at 4:58 pm

        မရွှေကြည်ရေ … ကျွန်မကို စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်နော် … ။
        ကျန်းမာရေးအတွက်တော့ လောလောဆယ် ဒုက္ခမရောက်သေးပေမယ့် … အိမ်က လူတွေက မျက်ကွင်းတွေ ညိုလာလိမ့်မယ် … ဇီးကွက်မျက်လုံးလို ဖြစ်လာလိမ့်မယ်လို့ ခြောက်ထားတော့ ….. အရင်ကလောက်တော့ မဆော့ဖြစ်တော့ပါဘူး … ဒါပေမယ့်.. ဆော့တုန်း ပါပဲ …။

        အလင်းဆက်ရေ… လူတစ်ကိုယ်စိတ်တမျိုးပေါ့လေ … ။ ကော့မန့်ပြန်ရေးပေးတာ ကျေးဇူးပါနော် ။

  • အလင်းဆက်

    August 10, 2012 at 4:04 pm

    မမတုန်ရေ…
    အမြင်အယူအဆ လေးတွေ..ကို ဝိုင်းဝန်းဆွေးနွေးကြလို ့ကျေးဇူးပါပဲ.နော် ။

    ဒီ ကောင်းကျိုးလေးတွေ.
    ( ကောင်းကျိုး(ကိုယ့်အယူဆနဲ့ကိုယ်ခံယူထားတာ)တွေကတော့ … အချိန်ကိုက် လျှပ်တပြတ်စဉ်းစား လှုပ်ရှားတတ်လာတာရယ် ၊ ရတဲ့အချိန်ကို ထိရောက်စွာ သုံးတတ်လာတာရယ် … လူကactive ဖြစ်နေတာတွေရယ်ပါပဲ … ) ကို..ရတယ်..
    ဆိုးကျိဲုးအနေနဲ ့လည်း.သိပ်မသိသာ သေးဘူး…ဆိုရင်တော့ ကလေးတွေကို.. အတိုုင်းအတာလေး တစ်ခုနဲ့ ပေး ကစားသင့်တာပေါ့နော် ။
    ကျနော်ကတော့..စာသမား..မို့လားမသိဘူး ။ စာပဲ.ဖတ်စေချင်တယ် ။
    အ်ိမ်က ညီလေး.ကိုတောင်..စာအုပ်တွေ ကိုင်တာ မြင်ရင်..စိတ်ချမ်းသာနေတာ..လေ ။

    ဘာပဲပြောပြော..။ ဒီပို ့စ်လေးမှာ. ဝိုင်းဝန်းဆွေးနွေး..ပေးကြလို ့..ကျေးဇူးပါ ။

    ကိုယ့်အမြင် သူ ့အမြင်.. တွေ ကို ဝေဖန်ဆွေးနွေးပေးကြလို ့ ကျွန်တော် မသိသေးတာတွေ လည်း..သိလိုက်ရပါတယ် ။

    အားလုံးကို ကျေးဇူးတင်ပါတယ်..ခင်ဗျာ.။

    ခင်မင်လေးစားစွာ…

  • si tone

    August 11, 2012 at 3:02 pm

    အဲဒါ…. တကယ်ကိုဖြစ်သင့်တဲ့အရာပါ…… ဒါပေးမယ့် အခုခေတ် လူငယ် က အစ လူကြီး အဆုံး
    စာဖတ်တာက ၁၀% game ကစားတာက ၁၉၀% လောက် ရှိတယ်……….. ဒါပေးမယ့်
    လူငယ်လူကြီးတွေ အားလုံးကို ကျွန်တော် si tone က သေသေချာချာ နားလည် အောင်ပြောပြပါ့မယ်…

Leave a Reply