လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက် မဟုတ်မမှန်ကြောင်း အမေရိကန်ပြည်ထောင်စု ပြောကြား

ကို သာAugust 10, 20121min26528

မြန်မာနိုင်ငံကို မဟုတ်မမှန် စွပ်စွဲပြော ဆိုနေသည့် OIC အစ္စလာမ် မစ်နိုင်ငံများအဖွဲ့က
ရခိုင်ပြည်နယ်မှ လူမျိုးရေး တင်းမာမှုများကို အထူးစိုးရိမ်နေဆဲ
ဖြစ်သော်လည်း OIC အစ္စလာမ်မစ်နိုင်ငံများအဖွဲ့က စွပ်စွဲသလို လူမျိုးတုံး
သတ်ဖြတ်နေသည်ဆိုသည်မှာ မဟုတ်မမှန်ကြောင်း အမေရိကန်ပြည်ထောင်စုက
ပြောကြားလိုက်ပါသည်။

မြန်မာလုံခြုံရေး တပ်ဖွဲ.များက ဘင်္ဂါလီ ရိုဟင်ဂျာ ဦးရေနည်းသွားအောင်
အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းဆိုသည်မှာ မဟုတ်သည့်အကြောင်း အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ Patrick Ventrell က ပြောကြားပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas
Quintana ပြီးခဲ့သည့် သီတင်းပတ်က ရခိုင်ပြည်နယ်ကို သွားရောက်ချိန်တွင်
အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်များလည်း လိုက်ပါသွားခဲ့ကြသည်။

ဘင်္ဂါလီ ရိုဟင်ဂျာများကို မြန်မာအစိုးရက တရားမဲ့ လူမျိုးတုံးသတ်ဖြတ်
ကျူးလွန်နေတာကို နိုင်ငံတကာက ရပ်တန့်သွားအောင် အရေးယူ ဆောင်ရွက်ပေးခြင်း
မရှိလို့ စိတ်ပျက်ရကြောင်း OIC အတွင်းရေးမှူးချုပ် Ihsanoglu က
ပြောကြားပြီး နာရီပိုင်း အကြာတွင် အမေရိကန်ပြည်ထောင်စုက ထိုသို.ပြောကြားခြင်း
ဖြစ်သည်။

ထိုသို. ရက်ရက်စက်စက် ကျူးလွန်နေသည်ဟု့ စွပ်စွဲခံနေရသည့်နေရာကို
အချက်အလက် ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန့် ဆွစ်ဇာလန်နိုင်ငံ
ဂျီနီဗာမြို့မှာရှိသော ကုလသမဂ္ဂ အစ္စလာမ်မစ်အဖွဲ့က လူ့အခွင့်အရေး ကောင်စီကို
အရေးတကြီး မေတ္တာရပ်ခံသင့်သည်ဟု့လည်း OIC အစ္စလာမ်မစ်နိုင်ငံများအဖွဲ့
အတွင်းရေးမှူးချုပ်က အကြံပေးပါသည်။

ထို.အပြင် ဖြစ်ရပ်များနှင့် ပတ်သက်ပြီး အစ္စလာမ်မစ်စုံစမ်းရေး ကော်မတီတစ်ရပ်
ဖွဲ့စည်းရန်လည်း သူကအဆိုပြုပြီး နောက်တကြိမ်ကျင်းပမည့်
ဝန်ကြီးအဆင့်ညီလာခံတွင် အစီရင်ခံစာတစ်စောင် တင်သွင်းသင့်သည်ဟုဆိုပါသည်။

28 comments

  • နွေဦး

    August 10, 2012 at 11:49 am

    “အချက်အလက် ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန့် ဆွစ်ဇာလန်နိုင်ငံ
    ဂျီနီဗာမြို့မှာရှိသော ကုလသမဂ္ဂ အစ္စလာမ်မစ်အဖွဲ့က ”
    လာရင် ပြန်မောင်းထုတ်ရန်သာရှိသည်.. ပြည်တွင်းလုံးဝဝင်ခွင့် မပြုသင့်ပါ..။

    • htoosan

      August 10, 2012 at 12:23 pm

      ကိုနွေဦးရေ ..ကိုယ်မှန်ရင် ဒီလို အဖွဲ့ မျိုး များများ လာစေရမှာပါ .. မုန်းစရာ မလိုပါဘူး .. ကိုယ်အမှားလုပ်ထားရင်သာ ပြန်မောင်းထုတ်ရမှာပါ .. 😀

      • မွန်မွန်

        August 10, 2012 at 12:54 pm

        လာပြီး သတင်းမှန်ကို ရီပို့တင်ရင်တော့ ကောင်းတာပေါ့… ဘယ်သူ့မှကို အယုံအကြည်မရှိတော့ဘူး…

  • shwe kyi

    August 10, 2012 at 12:03 pm

    အမှန်တရားဆိုတာကတော့ တချိန်ချိန်မှာပေါ်လာမှာပဲ အချိန်ကြာတာနဲ့ မြန်တာပဲရှိတယ်။
    ကိုယ်ပြုသောကံကိုယ့်ထံပြန်လိမ့်မယ်။ အလှည့်ကျရင်တော့မနွဲ့ကြစတမ်းပေါ့။
    အခုတော့ တို့မြန်မာတွေကပဲလူသားချင်းစာနာမှုမရှိသူတွေဖြစ်ရတယ်လို့ပဲ။

  • မောင်ပေ

    August 10, 2012 at 12:14 pm

    ဒါပဲပေါ့
    အရှိကို အရှိအတိုင်းပြောပေးတဲ့ Patrick Ventrell နဲ ့အဖွဲ ့ဝင်တွေ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေဗျာ

  • အတိသဌ္ဇနာဂရ

    August 10, 2012 at 12:17 pm

    သေကြ၊ကျေကြတာတွေဗျာ စိတ်မချမ်းသာရပါဘူး။အမြန်အေးချမ်းပါစေဗျာ။

  • htoosan

    August 10, 2012 at 12:21 pm

    ယခု တူရကီ နိုင်ငံခြားဝန်ကြီး မြန်မာပြည်ရောက်နေပြီး သူလည်း ရခိုင် သွားကြည့်ပြီး နောက်လ OIC အစည်းအဝေးမှာ အဖြစ်မှန် တင်ပါ့မယ် ဆိုတဲ့ အကြောင်း မနေ့ က ရေဒီယို သတင်းမှာ နားထောင်မိပါသည်။ ဦးသိန်းစိန်ကလည်း အင်တာနက်ကနေ တင်တဲ့ ပုံတွေ မြန်မာပြည် က ပုံတွေ မဟုတ်ကြောင်း ထောက်ပြ ပြောဆိုခဲ့ပါသည်။

  • ကိုရင်မောင်

    August 10, 2012 at 1:00 pm

    မြန်မာပြည် ကို အီရတ် နဲ့အာဖန်ကန်နစ္စတန်နိုင်ငံတွေလိုသဘောထားပြီး
    ရာဇသံပေးတဲ့ ပုံစံမျိုးလာလုပ်မနေနဲ့ ပြည်တွင်းထဲကမြန်မာမွတ်ဆလင်တွေပါအနေကြပ်
    သွားနိုင်တယ်နော်….ဒင်းတို့ပါအမှန်အတိုင်းပြောဘို့အချိန်တန်ပြီ…….

  • kai

    August 10, 2012 at 1:05 pm

    အစ္စလမ်မစ်နို်င်ငံတွေနဲ့..ထိပ်တိုက်ဖြစ်လာတဲ့..မြန်မာပြည်အနောက်ဖက်ကမ်းခြေအရေးမှာ.. ယူအက်စ်ကမြန်မာပြည်ဖက်က ဝင်ရပ်ပေးမယ့်သဘော” ပြ”လိုက်တာဟာ.. တိုင်းပြည်အတွက်.. အင်မတန်ကောင်းတဲ့အလားအလာဖြစ်ကြောင်း..

    • မောင်ပေ

      August 10, 2012 at 1:09 pm

      ကျွန်တော် စိတ်ကူးကြည့်မိတာကတော့
      အမေရိကန်ရေတပ်စခန်းရယ်
      ပက်ထရီးရော့ဒုံးပျံတွေရယ်
      သိပ်မကြာခင် မြင်ရလောက်မယ်ဗျ
      ကြေးမုံတို ့တော့ မျက်ခုံးဘယ်လောက်လှုပ်နေပြီလဲမသိ

      • kai

        August 10, 2012 at 1:39 pm

        ဒီပြဿနာက.. ချိုင်းနားနဲ့..ငြိနေတာမဟုတ်လောက်ဘူး..
        ချိုင်းနားဟာ.. အစ္စလမ်မစ်နိုင်ငံတွေရဲ့..ထောက်ပံ့အင်အားတခုဖြစ်တယ်လို့…ယူဆရမှာပါ..
        ချိုင်းနားဟာ..သူ့အကျိုးစီးပွားဖြစ်တဲ့..ဂက်စ်ပိုက်လိုင်းကြောင့်..မြန်မာပြည်ဖက်ကရပ်နေမယ်ထင်ရပါတယ်..။

        အိနိ္ဒယသမ္မတ..မြန်မာပြည်ကိုလာပြီးမှဖြစ်လာတာကို.. သတိပြုမိဖို့လိုလိမ့်မယ်..
        အိနိ္ဒယဟာ.ူ့ဆီကခွဲထွက်သွားတဲ့.. အစ္စလမ်မစ်နိုင်ငံ(ပါကစ်စတန်နဲ့ဘင်္ဂလားဒေရှ့်) နဲ့..ဘယ်တုံးကမှ..အဆင်ပြေတာမဟုတ်..

        အခုအဖြစ်တွေဟာ..ဒေသဆိုင်ရာ..မဟာဗျုဟာကျကျဖြစ်နေတယ်ထင်တာပါပဲ..
        အစ္စလမ်မစ်အစွန်းရောက်တွေနဲ့.. အနောက်နိုင်ငံတွေရဲ့.. ခရူးဆိတ်စစ်ပွဲအဆက်ထဲ.. ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့..နိုင်ငံအနေနဲ့..ကြားမညပ်သွားဖို့..ဆွဲပါမသွားဖို့.. မြန်မာလူထုသတိရှိဖို့လိုမယ်ထင်မိတယ်..။
        တတ်နိုင်ရင်.. ဝင်မပါပဲနေသင့်သည်ထင်ပါကြောင်း…။ 🙂

        • Foreign Resident

          August 11, 2012 at 7:49 am

          အမေရိကန် ကလည်း မြန်မာပြည် ဖက်ကရပ်တယ် ။
          တရုတ်ကြီး ကလည်း မြန်မာပြည် ဖက်ကရပ်တယ် ။
          အိန္ဒိယ ကလည်း မြန်မာပြည် ဖက်ကရပ်တယ် ။

          အခုလက်ရှိလည်း မြန်မာ-ဘင်္ဂလား ဆိုင်ဘာစစ်ပွဲမှာ
          တရုတ် နှင့် အိန္ဒိယ က မြန်မာ ဘက်က ဝင်တိုက်ပေးနေပါတယ် ။
          တရုတ် ဟက်ကာတွေ တော်တော် လက်သံပြောင်တာတွေ့ရတယ် ။
          တရုတ် ဟက်ကာတွေက ရေးသွားသေးတယ် မြန်မာကိုလာမထိနှင့် ဆိုပဲ ။
          မွတ်ဆလင်တွေကတော့ ဘင်္ဂလား ဘက်က ဝင်တိုက်နေတယ် ။

          အဲလို ဆိုလို့ကတော့ ၊ တိုင်းပြည်မြေဇာပင် ဖြစ်ရင်ဖြစ်ပါစေ ၊
          မြန်မာပြည်သားတွေ အမြင်မှာ ဒီစစ်ပွဲ တိုက်ပျော်တယ် ထင်ကြမှာပဲ ။
          လွန်ရောကျွံရော လူသေလှ ငါးသောင်း တစ်သိန်းပေါ့ ။
          ဟုတ်ဖူးလား ။ 😛

        • Liquid_Sn@ke

          August 11, 2012 at 7:59 am

          ဆိုက်ဘာ စစ်ပွဲကို လက်ရှောင်ဖို့ လူငယ်တွေကို တိုက်တွန်းလိုပါတယ်…
          အီးဥ ဆိုတာ ..(အီလက်ထရောနစ် ဥပဒေ) ဆိုတာ သက်ဆိုင်ရာ နိုင်ငံတိုင်းမှာ ရှိတာပါ…
          အချောင် … ကိုယ့်ထမင်းကို်ယ်စားရင်း နားကားကြမှာ စိုးရိမ်မိပါကြောင်း…

        • Foreign Resident

          August 11, 2012 at 10:45 am

          ” ဆိုက်ဘာ စစ်ပွဲကို လက်ရှောင်ဖို့ တိုက်တွန်းလိုပါတယ် ”

          ရှောင်ပါတယ်ကွယ် ။ သိနေတာလေးတွေလဲ မပြောပါဘူး ။
          တော်ကြာ ကိုယ့်စကားလေးတစ်ခွန်းကြောင့် ၊
          MG ကို လာထိခိုက်မှာလည်း စိုးလို့ပါ ။
          ကျေးဇူးရှင် အားလုံးကို ကြောက်ပါတယ် ။

        • Foreign Resident

          August 12, 2012 at 11:17 am

          စကားမစပ် အမေရိကန် CIA ရဲ့ World Fact Book ထဲမှာ ၊
          မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစု စာရင်းကနေ ၊
          ရိုဟင်ဂျာ တိုင်းရင်းသား ဆိုတာကို ဖယ်ထုတ်လိုက်ပြီနော် ။

          —https://www.cia.gov/library/publications/the-world-factbook/geos/bm.html—
          People and Society ::BURMA
          Ethnic groups:
          Burman 68%, Shan 9%, Karen 7%, Rakhine 4%, Chinese 3%, Indian 2%, Mon 2%, other 5%

  • ပင်လယ် ပျော်

    August 10, 2012 at 1:54 pm

    အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ပြီးသွားရင်ကောင်းမယ်…မဟုတ်ရင် ဒီမိုကရေစီ လမ်းကြောင်းထိခိုက်နိုင်တယ်…နိုင်ငံတကာမှ effects တွေအများကြီးဝင်လာနိုင်တယ်….

  • myanmarcitizen

    August 10, 2012 at 4:33 pm

    အမေရိကန်နိုင်ငံရဲ့ သဘောထားကို ဝမ်းမြောက်ဝမ်းသာကြိုဆိုလိုက်ပါတယ်။နောက်ပြီး အစွန်းရောက်အဖွဲ့တွေက မြန်မာနိုင်ငံကို ဘာဖြစ်သွားမယ် ညာဖြစ်မယ် လာပြီးရာဇသံပေးတာကို သိပ်အသဲနာတယ်ဗျာ။

    • kks240979

      August 11, 2012 at 3:17 pm

      စိတ်မပူပါနဲ့ဗျာ။ ခွေးလှေးခုန်လို့ ဖုန်မထပါဘူး။

  • အတိသဌ္ဇနာဂရ

    August 10, 2012 at 8:34 pm

    ကိုတောင်ဖက်သားရေ အဲဒါ ကလေပစ်တဲ့ ဟောင်ပွာပွာ ကောင်တွေကြောင့်
    ပြည်တွင်းက သူတွေ အနေအစားပျက်ပါ၏။

  • Oo Oo

    August 10, 2012 at 10:59 pm

    အကြံကြီးကြံထားတဲ့ ဘင်ဂါလီရိုဟင်ဂျာတွေရဲ့ ကောက်ကျစ်မှုကတော့ တော်တော်လေးခရီးပေါက်နေပြီ ပြောလို့ရတယ်
    သူ့ဆွေသူ့မျိုးတွေကလည်း ဝိုင်းကိုက်ဖို့တာစူနေကြပြီဆိုတော့..မြန်မာနိုင်ငံအနေအထားက တော်တော်လေးတော့အန ္တရယ်
    များနေပြီလို့ယူဆလို့ရတယ်.. တယောက်နဲ့အများ အင်အားချင်းကွာနေတဲ့ဒီပွဲမှာ အမှန်တရားကတော့ပျောက်နေအုံးမှာပဲ..
    ဒါပေမယ့် ပူပါနဲ့ ကမာ္ဘအင်အားကြီးနိုင်ငံတွေထဲမှာ အစ္စလာမ်မစ်နိုင်ငံ မရှိပါဘူး..သူတို့ထင်တိုင်ကြဲ ဖို့ကို အင်အားကြီးနိုင်ငံ
    တွေကလဲခွင့်ပြုမှာမဟုတ်ပါဘူး..တရုတ်ကလည်း သူ့အိမ်ကပ်လျက်မှာမူစလင်အိမ်တစ်အိမ်တိုးလာမှာကို လိုလားမယ်လို့
    တော့မထင်ပါဘူး..
    (မတူတဲ့အမြင်နဲ့ .. အကောင်းဘက်ကလှည့်တွေးကြည့်တာ…အဟဲ)

  • aung myint

    August 11, 2012 at 4:55 am

    နွေူဥိ
    ပြော ပြော
    လာမည်ကြာမည်မျော်

  • maungmoenyo

    August 11, 2012 at 8:01 am

    မြန်မာအစိုးရရဲ့ ပြည်တွင်းရေးဆောင်ရွက်မှုတွေကို ကျောထောက်နောက်ခံပြု ထောက်ခံပေးတဲ့ ကနဦးသတင်းကောင်းတခုပါ။
    သေခြာတာတခုကတော့ အစိုးရနဲ့တပ်အတွင်းမျက်စိမှိတ်ဝါဒပြင်းထန်သူတွေ ကိုယ်ရှိန်သတ်တဲ့လက္ခဏာလို့တွက်ဆယူလို့ရပါတယ်။
    အော် – မဟာလူမျိုးကြီးဝါဒ။ supremacy………new world order…ပြောချင်တာပြော။ ကိုယ်ကဖြစ်မှန်းမသိဖြစ်နေတတ်တဲ့ လူမျိုးရေးကိုင်စွဲတဲ့ဝါဒ… ဒါတွေအားလုံးကို….humanitarian ဆိုတဲ့လူသားချင်းစာနာထောက်ထားစိတ် ပေတံနဲ့တိုင်းရင်….ပေမမှီဒေါက်မမှီတွေဖြစ်မှန်းမသိဖြစ်သွားကြတာ..ဝမ်းနည်းစရာပါဘဲ။ ရှက်စရာကောင်းတဲ့ကိစ္စလည်းဖြစ်ပါတယ်။ ငြင်းလို့မရတဲ့ သမိုင်းတင်ရစ်တဲ့အဖြစ်တွေပါ။

  • ဦးဦးပါလေရာ

    August 11, 2012 at 12:34 pm

    ကျုပ်အမြင်တော့
    “ဘက်” ဆိုတာက အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်တယ်…။

    ဆိုတော့ …
    ကွင်းထဲရောက်နေမှတော့
    ကစားတတ်မှဖြစ်မယ် ….

    • kai

      August 11, 2012 at 1:03 pm

      ဦးပါရယ်.. တည့်တည့်ပဲပြောပါရစေ..
      အဖတိုင်းပြည်အကျိုးစီးပွားကောင်းဖို့.. လိုလားတယ်ဆိုရင်…
      … ဒီခတ်ကွင်းက.. မြန်မာတွေ.. ဝင်ကိုမဝင်သင့်တဲ့.. ခတ်ကွင်းဖြစ်ကြောင်း.. :mrgreen:
      ဘယ်တော့မှ “ပွဲ”မပြီးတဲ့.. ခတ်ကွင်းဖြစ်ကြောင်း..
      ပါးနပ်လိမ်မာစွာ.. ရှောင်သွားကြဖို့..ဖြစ်ကြောင်း…

  • than shwe mg

    August 11, 2012 at 5:38 pm

    မကြောက်ကြပါနဲ့ ၊ကိုယ်လုပ်တာမှန်ရင်ပေါ့လေ။မကောင်းတာလုပ်ထားရင်တော့ အကုသိုလ်ကကိုယ်
    နောက်ကိုအရိပ်လို့လိုက်ခြောက်နေမှာပါဘဲ၊တော်တော်များများပြင်ဖို့ကောင်းပါပြီ၊ ကိုယ်လုပ်တဲ့ကံကိုယ်
    ဆီပြန်ရောက်မှာဘဲလေ၊ နိုင်ငံတော်ကြီးတိုးတက်ဖို့။နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်ဖို့ ။အတွေးအခေါ်
    တွေကိုပြင်ဖို့၊ကိုယ်ဘာသာမှကိုယ်ဘာသာထင်နေတဲ့လူမျိုးကြီးအစွန်းရောက်တဲံစိတ်ဓါတ်ကိုပြင်မှ
    နိုင်ငံတကာမှာရင်ဘောင်တန်းနိုင်မှာဖြစ်ပါတယ်၊ ဒါပေမယ်လက်တွေ့မှာတော့ ….တခြားစီဖြစ်နေပါတယ်
    တရားဥပဒေစိုမိုးဖို့လဲအရေးကြီးပါတယ်။အဓိကပြဿနာကတရားဥပဒေစိုးမိုးမှုမရှိတာပါ…
    လူမျိုးတုန်းသတ်ဖြတ်မှုမောင်းထုတ်မှု မဟုတ်ဘူးဆိုရှင်းပေါ့၊ တကယ်လက်တွေနဲ့တော့ကိုက်ညီမှ
    ရမှာနော်၊အစ္စလာမ်တွေကို၊မြို့ပြင်မောင်းထုတ်ထားပြီးဖိနှိပ်မှုမဟုတ်ပါဘူးဆိုဘယ်သူမှယုံမှာမဟုတ်ဘူးလေ.အစ္စလာမ်တွေကိုဖြတ်လေးဖြတ်နဲံ့ ပိတ်ထားတာပေါ်သွားရင်လဲခက်ရချည်ရဲ့
    အေးမောင်တို့ပါတီကကောင်တွေလဲအစ္စလာမ်တွေကိုစာနပ်ရိပ်က္ခာမရဘဲသေသွားအောင်လုပ်ထားတာ
    သူတို့ပါတီဝင်စာနပ်ရိက္ခာပို့တဲ့သူကိုနှောက်ယှက်လို့အဖမ်းတောင်ခံထားရသေးတယ်ဆိုတော့ခက်လှ ချည်ရဲ့။သတ်ထားဖြတ်ထားတာတွေလဲလုံအောင်မဖုံးနိုင်ရင်ခက်လှ ချည်ရဲ့ .. ဆင်သကိုဆပ်သရေနဲ့
    လုံအောင်ဖုံးကြပေတော့

    • ဒီမယ် than shwe mg ခင်များကို ကျနော့်ပို ့စ်အောက်မှာ ကိုယ့်ကိစ္စကိုယ်ဖြေရှင်းဖို ့
      ဝင်ရေးစေချင်တာ နည်းနည်းတော့ ပြန်ပြောပါ။

  • အဂျစ်

    August 12, 2012 at 3:17 am

    ပထမ ကရာဇဝတ်မှု နောက်အင်အားကြီနိုင်ငံတွေရဲ့မဟာဗျူဟာရွှေ့ကွက်တွေထဲထိပါ လာပြီ ပေါ့ ဘယ်သူတွေဘာတွေအမြတ်ထုပ်ကြအုံးမလဲ ဆိုတာ…အေးအေးချမ်းချမ်းလေနေလို့ရရင်နေ ချင်တယ်ဗျာ..

  • htoosan

    August 12, 2012 at 7:55 am

    အစိုးရ က OIC လာဖို့ ဖိတ်ခေါ်လိုက်တယ် ဆိုတာလည်း ကောင်းတဲ့ အချက် ။ အစိုးရ ရဲ့ ခေါင်းမာမှု့တွေ ပြောင်းလဲလာတဲ့ အချက်တစ်ခု အဖြစ် ရှုမြင်မိပါတယ် ။
    နာဂစ်တုန်းက ကုလသမ္မဂတောင် ချက်ခြင်း အဝင်မခံခဲ့တာ ။ အခု OIC ကိုလာခဲ့ပါ ဆိုတာ ဝမ်းသာစရာပါ။

Leave a Reply