ကျွန်တော်နှင့် ဖရဲမ တို့ရဲ့ မင်္ဂလာဦးည

အရင့်ရောင်August 10, 20121min41930

မင်္ဂလာပွဲက ရှင်းရှင်းလေး…မနက်မှာ နှစ်ဖက်မိဘအိမ်နီးနားချင်းရပ်မိရပ်ဖတွေနဲ.

အတူ သံဃာတော်တွေကိုမင်္ဂလာဆွမ်းကပ်တယ်..နေ.လည်မှာမိဘမဲ.ဂေဟာမှာအလှူငွေ

သွားထည့်တယ်။ညပိုင်းရောက်တော. ဖရဲမရဲ.သူငယ်ချင်းတွေနဲ.ကျွန်တော့်ရဲ့အပေါင်းအသင်းတွေ

စုပြီးအိမ်မှာလဖက်သုတ်စားကြတယ်လေ။စကြနောက်ကြနဲ.ပေါ.။

မှတ်မှတ်ရရ  ကျနော်တို. မင်္ဂလာဦးညအကြောင်းကိုပြောပြရဦးမယ်..

ဖရဲမရဲ့အမေကတော.အစောကြီးဝင်အိပ်သွားပေမယ့်လူငယ်တွေကတော.

စလို.ပြောင်လို.ကောင်းတုန်း ရှစ်နာရီခွဲလောက်မှာမိန်းခလေးတွေပြန်သွားကြပေမဲ.

ကျွန်နော့်သူငယ်ချင်းသုံးယောက်ဖြစ်တဲ့ ဘဲဥ၊မောင်ပေ၊ဖတ္တီးကပ်တို့ကတော.စပ်ဖြဲဖြဲ မျက်နှာပေးတွေနဲ.လေကန်နေကြတုန်းလေ။(ဒါတောင် အင်ဇာဂီ တို့ ရဲစီ တို့ အုပ်စုကအမူးလွန်ပြီး စောစောပြန်သွားလို့နော်)

နောက်ဆုံးကျနော်တောင်းပန်မှပြန်သွားကြတာ.သူတို.သွားမှကျနော်တံခါးတွေပိတ်ပြီး

အိပ်ခန်းထဲဝင်လိုက်တော. သနပ်ခါးလေးပါးပါးလူးထားတဲ.ဖရဲမကို  ကုတင်စွန်း

မှာခေါင်းလေးငုံ.ပြီးထိုင်နေတာတွေ.ရတယ်.ဘာကြောင်.မှန်းမသိပေမဲ.ဖရဲမဆီကို

သွားနေတဲ.ကျနော.ခြေထောက်ကဒူးတွေလည်းတုန်နေတယ်ဗျ……..

`တော်တော်ဆိုးတဲ.ကောင်တွေ…´    ကျနော်ကပြောလိုက်သော်လည်း ဖရဲမထံမှ

ဘာတုန်.ပြန်သံမှမကြားရချေ။ကျနော်က ကုတင်တဖက်စွန်းမှာဝင်ထိုင်လိုက်သည်။

`ဖရဲမလေး(အသဲလေး)…..တော်တော်ပင်ပန်းသွားလား….´

` ဟုတ်….ရပါတယ်..ကိုကို  ´

` အိပ် စို. နော်  ´

`ဟုတ်ကဲ. ´

ကျနော်က ခေါင်းအုံးပေါ်သို. အိပ်ချလိုက်သော်လည်း ဖရဲမကလုံးဝမလှုပ်…..

` အိပ်ကြစို.လေ   ဖရဲမ(အသဲလေး)´

` ဟုတ်ကဲ. ကိုကို ´

ပြောသာပြောသည်သူမက လုံးဝမလှုပ်ချေ……..

` ဖရဲမလေး…..ကိုကို.ကိုပြောစရာ ရှိလို.လား…´

` မရှိပါဘူး……ဟင့်အင်း ရှိတယ်ကိုကို….မနက်ဆွမ်းကပ်တုန်းက…ဘုန်းဘုန်း က

အိပ်ရာမဝင်မီ..လင်ယောက်ျားကို  ကန်တော.ပြီးမှ..အိပ်ရမယ်တဲ့….အဲ့ဒါ…´

`အား…လိမ်မာလိုက်တဲ. ကိုကိုမိန်းမ ကွာ..တကယ့်မယားကောင်းလေးဘဲ ´

`ကိုကို…နော်…ဖရဲမလေးကိုမနောက်နဲ. ´

` မနောက်ပါဘူး ကဲ…ကန်တော. ကန်တော. ´

`ကျနော်က  ထထိုင်ရင်းပြောလိုက်သည် ´

`ရပါတယ်ကိုကို…ခဏလှဲနေလိုက်ဦးနော်…ဖရဲမဘုရားအရင်ကန်တော.လိုက်ဦးမယ်´

ကျနော်တစောင်းလေးပြန်အိပ်ပြီး…လက်အုပ်လေးချီပြီး ဘုရားရှိခိုးနေသာ..အသစ်စက်စက်

ချစ်ဇနီးလေးကို   မြတ်မြတ်နိုးနိုး ကြည့်နေမိသည်။ဖရဲမက လက်အုပ်လေးချီ  မျက်စိလေးမှိတ်ပြီး

ဘုရားကိုအာရုံပြုနေသည်မှာ    အရမ်းကြည်.လို.ကောင်းသည်။

ပါးပြင်ကသနပ်ခါးကလည်း  အခုမှခြောက်သွားဟန်တူသည်  ရနံ.သင်းသင်းလေး

ထွက်နေသည်၊ခါးကလေးကိုမတ်၍ လက်အုပ်ချီထားသော သူလေး၏ ကိုယ်ဟန်ကောက်ကြောင်း

လေးကအနုပညာလက်ရာတစ်ခုလိုကြည်.လို.ကောင်းနေသည်။

ဖရဲမဘုရားရှိခိုးနေသည်မှာတော်တော်လေးကြာသည်။ဘုရားစာများတော်တော်လေးလည်း

ရဟန်တူသည်၊ဓမ္မစင်္ကြာလည်းဆက်ပြီးတောရွတ်နေသေးသည်။နဲနဲတော.ကြာသည်ဟုထင်သည်။

ကျနော်.မျက်ခွံတွေလေးလာသည်…ကျနော်တော်တော်လေးအိပ်ငိုက်နေလေပြီ။ခဏနေတော.

ဖရဲမဦးချလိုက်သည်ကိုတွေ.လိုက်ရတော.ကျနော.မျက်လုံးတွေပြန်ကျယ်လာသည်။(ဘာမှတော.

မဆိုင်ဘူးထင်တယ်နော်)ပြီးတော.ကျနော့်ကိုအားနာဟန်နှင့်ကြည့်လိုက်ပြီး…

`ခဏနော်…ကိုကို..မင်္ဂလာဦးမှာ…မေတ္တာပို.လိုက်ဦးမယ်..ဖရဲမကအလွတ်မရသေးလို. ´

ပြောပြောဆိုဆိုနဲ့ ဖရဲမကအနီးမှာရှိနေသောစားပွဲပေါ်က…တရားစာအုပ်လေးကိုဆွဲယူပြီး…

မေတ္တာပို.ကိုစပြီးရွတ်နေပါတော.သည်။

`အရှေ.အရပ်…………….´

ကျနော်နားထောင်နေမိသည်…အရှေ.အရပ်တခုထည်းတော်တော်ကြာသည်ထင်၊ပြီးတော.

အနောက်အရပ်၊နောက်တော.တောင်အရပ်၊မြောက်အရပ်သို.မေတ္တာပို.နေသည်ကိုကျနော်

နောက်ဆုံးကြားပြီး အိပ်ပျော်သွားလေတော.သည်။

(နောင်လာနောက်သားများသတိထားစရာ)

ကျနော့်နဖူးလေးနွေးသွားသောအသိကြောင်.မျက်လုံးကိုဖွင်.ကြည်.လိုက်တော.

ကျနော့်မျက်နှာကို မိုးပြီးကြည်.နေသောဖရဲမကိုပြုံးပြုံးလေး မြင်လိုက်ရသည်။

` ကိုကိုအိပ်နေတာခလေးလေးလိုဘဲ  ဖရဲမတောင်ကန်တော့ပြီးသွားပြီ´

`အင်း  ဟုတ်တယ်…. ကိုကိုအိပ်ပျော်သွားတယ် ´

` ကိုကို ´

` ပြောလေ..ဖရဲမ ´

` ကို ကိုး………. ´

“ပြောလေ………..´

`ဖရဲမ ကိုပဲတသက်လုံးချစ်ရတော.မယ်နော်…သိလား..ကိုကို ´

`ဟုတ်ပါပြီ ချစ်လို့ပဲယူကြတာပေါ.  နော်´

ဖရဲမကကျနော်.ရင်ဘတ်ကို လက်ညှိုးလေးနဲ.ထောက်ပြီး….

` ကိုကို က..ဖရဲမကိုလေ  အနိုင်လည်းမကျင်.ရဘူး  အပြစ်လည်း

မရှာရဘူး…အပြစ်လည်းမမြင် ရဘူးနော်….သိလား´

`ဟုတ်ပါပြီ…ဖရဲမ ကိုပဲချစ်မယ်…ဖရဲမ.သဘောကျ…ဖရဲမလေး

ဘာပဲလုပ်လုပ်..ဘာပဲဖြစ်ဖြစ်..အပြစ်မမြင်ဘူးနော်..သိပြီလား ´

ကျနော်ကပြောပြောဆိုဆို….ခေါင်းရင်းကမီးခလုပ်ကြိုးလေးအားဆွဲ၍မီးပိတ်လိုက်တော့

အခန်းတခုလုံးမှောင်သွားသည်။ဖရဲမရဲ့ကိုယ်လုံးလေးအား ရင်ခွင်ထဲဆွဲပွေ.လိုက်တဲ.

အချိန်မှာ ဖရဲမထံမှစကားလုံးလေးတစ်ခုသဲ.သဲ.ကြားလိုက်ရသည်။

`ကြောက်တယ်…ကိုကိုရယ်…´    တဲ.

အင်းအချစ်ကိုတွေ.ရမှာဘာလို.များကြောက်ပါလိမ်.  ………..

ကျနော် မသိခဲ့သောသူမနှင့် သူမ မသိခဲ့သော….ကျနော်တို.ပေါင်းခဲ.ကြချိန်မှာ

ပျော်စရာလေးတွေလည်းရှိသလိုအဆင်မပြေမှုလေးတွေလည်းတွေ.ခဲ.ရသည်။သိချင်လား

ကျနော်လည်းပြောပြမှာပါ..အရင်ဆုံးပြောချင်တာကအိပ်တဲ.အချိန်လေ။

ကျနော်ကမီးဖွင်.ထားရင်မအိပ်တတ်ဘူး။ဖရဲမကမီးပိတ်ထားရင်ကြောက်ပြီး

အိပ်မပျော်ဘူးပိုဆိုးတာကဖရဲမက အိပ်ရင်ဟောက်တာပါဘဲ၊ဟောက်တာဟောက်တာ

မော်တော်အင်ဂျင်ထက်တောင်ကျယ်အောင်ဟောက်တာ၊ဘာတတ်နိုင်မှာလည်းဗျာခံပေါ.။

ကျနော်.ကြောင်.ဖရဲမအဆင်မပြေတာကကျနော်ကအိပ်ဆော.တာတဲ.။ဟုတ်

တယ်ဗျကျနော်ကငယ်ငယ်ထဲကအိပ်ဆော.တာလေ….ပြီးတော.အအိပ်ကလည်းဆိုးသေး..

ဒါကြောင်.လည်းအရှက်ကွဲရတာလေ၊တစ်နေ.ကျနော်ညဘက်အိမ်ပြန်နောက်ကျနေလို.မနက်သုံး

နာရီလောက်မှပြန်အိပ်ရတယ်။

ကျနော်အိပ်နေတုန်း ရှစ်နာရီလောက်မှာ ဖရဲမရဲ့အမဝမ်းကွဲလင်မယားလာလည်

ကြတာလေ၊သူ.တို.နဲ.အတူမျောက်မူးလဲ အမွှာနှစ်ကောင်လည်းပါလာခဲ.တာလေ၊ ကျနော်.

အခန်းထဲပြေးဝင်လာတဲ.ခြေသံကြားလို.လုံချည်ကိုဆွဲတင်စောင်ကိုမြန်မြန်ဆွဲခြုံလိုက်ရတယ်။

ဒါတောင်ဒီကလေးနှစ်ကောင်ပြေးထွက်သွားပြီး….အသံပြဲကြီးနဲ.

`မေမေရေ မေမေ ဟိုအခန်းထဲကဘဘအိပ်နေတာဖင်ကြီးပေါ်နေတယ်

ဖင်ကလည်းမဲမဲပြောင်ပြောင်ကြီး…….ဟီးဟီး ရီ ရတယ်..´

`တယ်……..ဒီကလေးတွေ ..ဘာတွေလျှောက်ပြောနေတာလည်း..တော်စမ်း ´

တော်သေးတာပေါ.သူတို.အဖေကဟောက်လိုက်ပေလို.ဒါတောင်မှ….

`သားတို.ကမြင်တာပြောတာကို ´….လုပ်လိုက်သေးတယ်သူတို.မိသားစု

မပြန်မချင်းကျနော်အပြင်မထွက်တော. ပေပြီးအိပ်နေရတယ်လေ။

အင်းကောင်းချက်လေးတွေလည်းပြောပြရဦးမယ်နော်..ဖရဲမက လေကျနော့်ကိုအရမ်း

ဂရုစိုက်တာ၊ကျနော်ဆိုင်ကပြန်လာရင်အမြဲပြုံးပြီးကြိုနေတတ်တာ၊ညမအိပ်ခင်မှာလည်းအမြဲတမ်း

ကျနော.ကိုနင်းပေးနှိပ်ပေးတတ်တာ၊စားတာသောက်တာဆိုလည်းကျနော်ကြိုက်တတ်တာကိုမေး

ပြီးချက်ပေးတာ၊ပထမတော.သူမေးရင်ကျနော်ပြောပေမည်.နောက်မပြောရဲတော.ဘူး။

ဘယ်ပြောရဲပါ့မလည်းတစ်ခါ ကျနော်က ကြက်ဟင်းခါးသီးဟင်းချက်လို.ကြိုက်တဲ.အကြောင်းလေး

ပြောမိပါတယ်နောက်နေ.ကြက်ဟင်းခါးသီးကြော်နောက်နေ.ကြက်ဟင်းခါးသီးအစာသိပ်နောက်နေ.

ကြက်ဟင်းခါးသီးပြုတ်၊ကျနော.ကိုကြက်ဟင်းခါးသီးပါတ်လည်ရိုက်တာမနည်းတောင်းပန်ပြီး

မချက်တော.ဖို.ပြောရတယ်ဗျာ။

မိန်းမယူပြီးမှ ကျုပ်တို.ယောက်ကျားတွေမသိသေးတဲ.အကြောင်းအရာတွေလည်းသိလာ

တာရိုတယ်ဗျ၊ညားပြီးကာစတနေ.မှာ ကျနော်အိမ်ပြန်သွားတော. ဖရဲမကျနော့်ကိုရှောင်ဖါယ်ရှောင်

ဖါယ်လုပ်တယ်ဗျ၊ညကျတော.လည်းကျနော့်ကိုမနင်းပေးတော.ဘူး။ပိုဆိုးတာကဖရဲမကကျနော့်အ

နားမှမအိပ်တော.ဘဲသူ.ဘာသာသူခွဲအိပ်ဖို.ပြင်ဆင်နေတာတွေ.တော.ကျနော်လည်းမေးရတော.

တာပေါ.၊

` ဖရဲမလေး(အသဲလေး) မင်းဘာဖြစ်နေတာလည်း..ကိုကို.ကိုဘာများမကျေနပ်လို.လည်း ´

( ရှည်သွားပြန်ပြီနော်နောက်တပိုင်းလောက်ဆက်ဖတ်ပေးဦး

တကယ်ဇာတ်သိမ်းရေးပါ.မယ်ဗျာ….ဟီးဟီး)

အားနာစွာနဲ.

30 comments

  • မောင်ပေ

    August 10, 2012 at 12:06 pm

    ကလေး..ကလေး နဲ ့
    မနက်မိုးလင်း ပုဆိုးစိုနေမှ
    အင်း….
    အဲဒီလိုကြားဖူးတာပါပဲ

  • မွန်မွန်

    August 10, 2012 at 2:20 pm

    နာတော့ မျက်လုံးထဲမှာ သူတို့ကို မိန်းကလေးတွေလို့ မြင်နေပြီ… ဘိုလိုရုပ်မရဲ… 😛 😛 😛

    • အရင့်ရောင်

      August 10, 2012 at 4:16 pm

      ဘယ်ဒုတိုလဲ………..
      မြင်စရာရယ် ရှားလိုက်တာနော်…….
      ဟီးးးးးးးး

    • အရင့်ရောင်

      August 10, 2012 at 4:07 pm

      လေးပေါက်ရယ်…..
      အရင့်ရောင်လေ………
      ဟိဟိ
      ဖရဲမကအတင်းကို ယူပါဟြေနေတော့ ယူလိုက်တာ
      ဟဟဟ

  • Khaing Khaing

    August 10, 2012 at 3:10 pm

    အော် ဖရဲမ ဘွလည်း သနားစရာပါ .. ဗလဗိုင်ကိုလိုက်နေတာပဲ ဟိုလူနဲ့ညား ဒီလူနဲ့ညား ……… ခက်တာက ညားတဲ့သူတွေကလည်း ယောကျာ်းတွေချည်းပဲ ………

    • အရင့်ရောင်

      August 10, 2012 at 4:09 pm

      ဖရဲမ က ဘယ်သူနဲ့ညားလို့တုန်း……….
      နာ့အရင် ညားထားတယ်လား……….
      အိမ်ရောက်မှတွေ့မယ်……….
      ဟိဟိ

  • ရွာစားကျော်

    August 10, 2012 at 3:22 pm

    ဖရဲသီးလည်း ထပ်ခြမ်းကွဲရှာပေါ့.. ဟိ

  • etone

    August 10, 2012 at 4:08 pm

    အွန် …. ဖရဲမ .. ဖရဲမ .. မွေးရကျိုးမနပ်လိုက်တဲ့ သမီး ……..
    တသက်လုံး လူဖြစ်အောင် ကျွေးမွေးလာတဲ့ မိဘကိုတောင် နေ့တိုင်း ရှိခိုးပြီး အိပ်ရမှန်း မသိခဲ့ပဲ …… လောလောလတ်လတ် ယူထားတဲ့ ယောကျာ်း ကို.. (သူ့လုပ်စာတောင် တပြားမှ မစားရသေးပဲ ) ရိုသေပြနေလိုက်တာ ….. မပြောလိုက်ချင်ဘူး ……… အမိုက်မ …… ။
    ခွိခွိ 😆 😆

    • အရင့်ရောင်

      August 10, 2012 at 4:11 pm

      မိဘထက်ချစ်လို့ တစ်သက်လုံးအတူနေဖို့
      ကျွန်တော့်ကို လက်ထပ်တာလို့ ဖရဲမ ဟြေတာပဲ
      သိတတ်ပါတယ်လေ……..
      ဘာဟြေဟြေ သဘောကျပါ၏
      ဟိဟိ

      • etone

        August 10, 2012 at 4:30 pm

        သား သမီးတွေများ …..မွေးရကျိုးတကယ်မနပ်လိုက်တာနော် … မိဘထက် … သွေးမတော် သားမစပ်တဲ့ လူကို ပိုချစ်တယ်ဆိုတဲ့ စိတ်မျိုးဖြစ်နေကြတာ .. အံ့ဩမိပါတယ် … ။ ရင်သွေးဆိုတာ ရတနာမဟုတ်ပဲ … ရတာနဲ ့ရင်နာအောင် လုပ်မယ့် ဟာလေးတွေဆိုလျှင် … မမွေးတာပဲကောင်းတယ် … 😀

        သီချင်းတွေထဲမှာလဲ ရှိပါတယ် …. ဘာတဲ့ … အားကိုးထိုက်တဲ့ မောင်ရယ် မေချစ်တယ် မိဘထက် ပိုတောင် ပိုသေးတယ် တဲ့ ……. ကဲ ကြည့် …. နားထောင်ရင်းတောင် ထရိုက်ချင်စိတ်ပေါက်လာတယ် … ။ နောက်တစ်ပုဒ်မှာလည်း ကြားမိပါသေးတယ် …. ။ ဖေဖေမေမေထက် မင်းက ပိုချစ်ပြမလား ဆိုတာ ……… ။ ဘယ်လို တေးရေးတွေက … အမြီးအမောက်မတည့် ကျေးစွပ်ဖို့ စာတွေ စပ်လိုက်လည်း မသိဘူး … ။ နားထောင်ရတာတော့ လုံးဝ ကန့်လန့်ပဲ ကိုရင့်ရေ … ။ 🙁

  • Rose Minn

    August 10, 2012 at 4:10 pm

    ဖြစ်မှ ဖြစ်ရလေ ဖရဲရယ် ငါဖြင့်နင့်ကို ယောင်္ကျားလေးထင်တာ အခုတော့ ယောင်္ကျားလေးပါပဲ။ 😛 အိမ်တွင်း မှု တော်ချက်က ကိုရင့်ပြောမှသိတယ်။
    လေးစားပြီး အလေးပြုသွားပါကြောင်း ကိုရင့်ရေ ။ လူပျိုကြီး အတွေ့ အကြုံ တော်တော် များနေပြီထင့် 😀 သူ့စိတ်ကူးယဉ်နေတာ လေ။ အဟတ်အဟတ်

    • အရင့်ရောင်

      August 10, 2012 at 4:14 pm

      စိတ်ကူးယဉ် ဖိတ်စာထဲမှာ
      အိပ်ယာလည်းပါ…….
      ကုတင်ခြင်ထောင်စုံစွာ …..(တွန့်နေတဲ့ကိုတိန်းသန် လေသံဖြင့်)
      ဟိဟိ …….အကုန်ပါပဲလေ……..
      ဟားးးးဟားးးးးးးးး

  • Ma Ei

    August 10, 2012 at 4:19 pm

    ဖရဲသီးလေး ဆီက စကားပြန်မရတော့ပါလားနော်…

    • အရင့်ရောင်

      August 10, 2012 at 4:22 pm

      အိမ်မှာ အိမ်မှု ကိစ္စလုပ်နေရတာနဲ့ မအားရှာဘူးလေ………..
      နောက်နေ့မှ လည်လည် လွှတ်ပေးမယ်နော်………ဟိဟိ

    • အရင့်ရောင်

      August 10, 2012 at 5:01 pm

      ဟေ့ဟေ့…………
      နာ့အိမ်သူသက်ထားလေးကို ခေါ်နေတာ
      ဘူလဲဟေ့…………..

  • ko khin kha

    August 10, 2012 at 4:40 pm

    ဖရဲတော့ နှစ်ခြမ်းကွဲပါပေါ့လားကွယ်။
    နောက်အစိတ်စိတ်အမွှာမွှာ—။
    အဟဲ ဆိုင်ကယ်ပေါ်ကတွေ့လိုက်တဲ့ သစ်သီးရောင်းနေတာပြောတာနော်။

    • အရင့်ရောင်

      August 10, 2012 at 4:59 pm

      ဆိုင်ကယ်ပေါ်က သစ်သီးနဲ့မှ လာတွေ့နေတယ်နော်
      ဟိဟိ
      သစ်သီးကယ်ပေလို့ပေါ့ကွာ………..ဟီးးးးးးးးးး

  • Novy

    August 10, 2012 at 4:41 pm

    အော် … အရင့်ရောင်ရယ် စိတ်ကူးယဉ်တာတောင်
    ဖရဲမနဲ့လားဟဲ့
    မော်ဒယ်လေးတွေဘေးမှာထားပြီးတော့

    ဖရဲမရဲ့ သနခါးပါးပါးလေးနဲ့ ဘုရားကန်တော့နေတဲ့ပုံကို မျက်စိထဲမြင်ကြည့်လိုက်တာ
    အို… ရင်တောင်ခုန်တယ်

    • အရင့်ရောင်

      August 10, 2012 at 4:50 pm

      ကျန်တဲ့သူကို စိတ်ကူးမယဉ်ရဲပါဘူးနော်…….
      ဖရဲမ က အတွင်းသိ အဆင်းသိမို့ ပစ်စလက်ခပ် ယဉ်လိုက်တာလေ
      ဟိဟိ……….
      ရင်တောင်ခုန်တယ်ဆိုပါလားနော်…………ဟိဟိ
      အဲဒါဟြေတာနေမှာနော်………
      သူငယ်ပြန်တယ်ဆိုတာလေ………….ခစ်ခစ်ခစ်

      • Novy

        August 11, 2012 at 9:38 am

        ရင်ခုန်တာက အသက်နဲ့ မဆိုင်ပါဘူးဟယ်
        စိတ်ပျိုမှ ကိုယ်နုတာလေ 😉

        ကျုပ်တို့လို အဖွားကြီးတွေက ရင်မခုန်ရတော့ဘူးလား
        ခုံရုံးတင်ပစ်လိုက်မယ်နော် လူ့အခွင့်ရေး ပိတ်ပင်မှု့နဲ့

        • အရင့်ရောင်

          August 11, 2012 at 1:49 pm

          ခုံရုံးတော့ မတင်လိုက်ပါနဲ့ဂျာ…………..
          မပိတ်ပင်တော့ပါဘူးနော်………ဟိဟိ
          တော်ကြာနေ………..တာကြေနော် ပေါ့နော်
          ဟီးးးးးးးးးးးးး

  • pan pan chit

    August 10, 2012 at 5:04 pm

    ဖရဲမလေး သနားဘားဒယ်တော်
    သင်းမလဲ တစ်နှစ် ဘယ်နှခါယောက်ျားယူနေလဲမသိဘူး 😛

  • snow white

    August 11, 2012 at 1:11 pm

    ဟယ် ဒီသတင်းစိုးကြီးလွဲပါရစေ ငါ့ဆုတောင်းတွေမပြည့်ခဲ့ပါ တကယ်ကြီးလား ဟင် ဖရဲကလည်း ဟုတ်လို့လားမသိ ဘာမှလာမပြောသေးဘူး စိတ်ဆိုးရဘူးနော် နောက်တာ ။။

  • kotun winlatt

    August 11, 2012 at 2:44 pm

    အော….ဖရဲမ ပျောက်နေပါဒယ် အောင့်မေ့တာ..အရင့်ရောင်လက်ချက်ကိုး….
    ခုတော့..ဖရဲမတစ်ယောက် အိမ်တွင်းပုန်းးးနေရရှာဘီ…
    တနားထှာအေ….။

  • ကိုရင်စည်သူ

    August 11, 2012 at 4:03 pm

    ဖတ်ရင်းနဲ့တောင် ယောက်ျားချင်းကြီးမှန်းရေးမှန်းသိတော့
    စအိုတောင် ကျုံ့တယ်… 🙁 🙁
    ဒီလို လက်ဆမျိုးဆို ဒေါက်တာချက်တို့ အကြိုက်မျိုးနေမှာ.. 😛
    ဖရဲမတောင် ပျောက်တာကျာလှပေါ့..
    စွထုတ်စာ (စထစ) လို့မှတ်ပါတယ်နော့… 🙄

  • water-melon

    August 11, 2012 at 9:29 pm

    ဘာ ဘာ ဘာ
    တေချင်းဆိုးမှ ခွက်ပျောက်မ
    နာ အလုပ်မအားလို့
    ရွာထဲမဝင်နို်င်တာကို ညည်းက အခွင့်ကောင်းယူတယ်ဟုတ်လား
    နာတိုင်ပြောလိုက်ရမလား
    ရေငါးရေ တိုတိုဖရဲကို အဲလိုပြောနေတယ်
    ကြည့်ရက်တယ်ပေါ့ 😛

  • surmi

    August 11, 2012 at 10:31 pm

    သဘောကျသဗျာ
    ပျောက်နေတဲ ့ ဖရဲမတောင်ထွက်လာရပြီ
    ဖရဲရေ မကြာမကြာလာခဲ ့ပါဦး

Leave a Reply