အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၆၆)

ကျွန်တော်နဲ့ နီးလိမာ ဈေးဝယ်ထွက်ကြတယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိတော့ တက်စီနဲ့ လစ်ရတယ်လေ။သူနဲ့

ဈေးဝယ်သွားရင်စိတ်ညစ်စရာကြီးဗျာ။ တကယ်။သူဝယ်တာ အလှကုန်ပစ္စည်းနဲ့ အဝတ်အစားပဲ။ မက်ဒေါ်နယ်တို့

ပီဇာဟတ် တို့ များ ဘယ်တော့မှ မသွားဘူး။သူဝယ်ထားသမျှ အိတ်ကြီးအိတ်ငယ်အသွယ်သွယ်ကို တနင့်တပိုးသယ်ပြီး

သူ့နောက်လျှောက်လိုက်ရတယ်..ကျွန်တော့်အတွက်တော့ ဘာမှ..တစ်ခါမှ တောင်ဝယ်မပေးဖူးဘူးဗျာ..။

ဒီနေ့ အထည်ဆိုင်တစ်ဆိုင်ကို ဝင်ကြတယ်။ တကယ်ဈေးကြီးတဲ့ ဆာရီတွေရောင်းတာ။ရာနဲ့ချီတဲ့ ဆာရီတွေကို

နှစ်နာရီလောက်လျှောက်ကြည့်ပြီး သုံးထည်ဝယ်တယ်။ ရူးပီးငါးသောင်းဖိုးပဲ။အဲဒါ ကျွန်တော် နှစ်နှစ်လုပ်အားခလောက်

ရှိတာပေါ့။ကျွန်တော်တို့လည်း ဆိုင်ထဲက ပြန်ထွက်ရော ကျောင်းဝတ်စုံဆင်တူနဲ့ကောင်မလေးတစ်သိုက် အနားကပ်

လာကြတယ်။ သူတို့ကြည့်ရတာ စိတ်လှုပ်ရှားနေတဲ့ပုံပဲဗျ။

သူတို့အထဲက ခပ်သွက်သွက်တစ်ယောက်က –

“တဆိတ်လောက်ရှင်…ဒီမယ်..အန်တီက ရုပ်ရှင်မင်းသမီး နီးလိမာ ကုမ္မာရီ လားမသိဘူးနော်…”

“ဟုတ်ပါသတဲ့ရှင်..” နီးလိမာက ကျေကျေနပ်နပ်ကြီး ပြန်ဖြေလိုက်တယ်။မေးတဲ့ကောင်မလေးက သူ့အဖွဲ့ဘက်ပြန်လှည့်ပြီး –

“ကဲတွေ့လား..ဟဲ့ ညည်းတို့ကို ငါမပြောဘူးလား နီးလိမာ ပါလို့ဆို…”

ကောင်မလေးက ကျွန်တော်တို့ဘက်ပြန်လှည့်လာပြီးတော့ –

“နီးလိမာဂျီး သမီးတို့က နီးလိမာဂျီးရဲ့ အမာခံ ပရိသတ်တွေပါ…မားဂျီး ကိုတွေ့ရတာ အိပ်မက်တွေ အသက်ဝင်လာသလို

ပါပဲလား…အဲ..သမီးတို့မှာ အော်တိုစာအုပ်တော့ ပါမလားဘူး…လေ့ကျင့်ခန်းစာအုပ်မှာပဲ အမှတ်တရ လက်မှတ်ထိုးပေးပါ

နော်…”

“အိုး..ထိုးပေးရမှာပေါ့..”

နီးလိမာက သူ့အိတ်ထဲက ဘောပင်လေး ထုတ်ပြီး တစ်ယောက်ချင်းစီရဲ့နာမည်လေးတွေမေးလို့ လက်မှတ်ထိုးပေးလိုက်တယ်။

လက်ရေးကတော့ ပဲပင်ပေါက် လက်ရေးပေါ့ဗျာ..။ ရီတာ သို့ ခင်မင်စွာဖြင့် နီးလိမာ…အင်ဒူ သို့ ခင်မင်စွာဖြင့် နီးလိမာ…

မယ်လ်တီ သို့ ခင်မင်စွာဖြင့် နီးလိမာ..စသည်ဖြင့်ပေါ့လေ။ကောင်မလေးတွေကတော့ သူတို့စာအုပ် ပြန်ကြည့်ပြီး စီစီညံပြီး

ပျော်မြူးနေကြတာပေါ့။

နီးလိမာလည်း ပျော်နေရှာတယ်။ ဒီတစ်ခါပဲ သူ့မှတ်မိတဲ့သူ ကျွန်တော်မြင်ဖူးသေးတာ။ ကျွန်တော်လည်း သူ့အစား

ပီတိ ဖြစ်မိပါတယ်။ရုတ်တရက် နီးလိမာက ကျွန်တော့်ကို ဂရုတစိုက် လှည့်ကြည့်တယ်။ ပူလို့ချွေးတွေပြန်နေရတဲ့ကြားထဲ

သူ့ ရဲ့ အထုတ်အပိုးတွေ တလေးတပင်မထားရတဲ့ ကျွန်တော့်ကို သနားသွားသလား မပြောတတ်ဘူး။

“အဲ..ရမ်..မင်း ဆာ နေရောပေါ့..ကဲ..လာ..လာ..ရေခဲမုန့် သွားစားကြရအောင်..”

ရေခဲမုန့်က အဆာမပြေပေမဲ့ ကျွန်တော်ကြိုက်တယ်လေ။ ကျွန်တော်လည်း ပျော်ပြီး အသံတောင် စီခနဲထွက်သွားလိုက်သေးသဗျ။

 

********************************

 

တစ်ခါတစ်လေမှာ နီးလိမာက ကျွန်တော့်ကို ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး အကြောင်း သင်ပြ ပြောပြတတ်တယ်။

ရုပ်ရှင်တစ်ကားဖြစ်လာဖို့ တတ်သိကျွမ်းကျင်တဲ့ ပညာရှင်တွေ အများကြီး စုပေါင်းလုပ်ကိုင်ကြရတာတဲ့။ သူပြောပုံလေး

ပြန်ပြောရရင် – “ဒီမယ်..ရမ်..လူတော်တော်များများက ရုပ်ရှင်ဆိုတာ မင်းသားမင်းသမီး နဲ့ ဒါရိုက်တာက ပဲ ဖန်တီးတယ်လို့

ထင်ကြတာ…ပိတ်ကားနောက်ကွယ်က ပံ့ပိုးပေးကြတဲ့လူတွေ အများကြီးရှိတယ်ဆိုတာ သိကြတာမဟုတ်ဘူး။ အဲ့ဒီလူတွေ

သာမရှိရင် ရုပ်ရှင်တစ်ကား ဘယ်ဖြစ်ပါ့မလဲ…အဲဒီ ပညာရှင်တွေက သူတို့ အပိုင်းသူတို့လုပ်ပြီးတဲ့ အချိန်မှာ ဒါရိုက်တာက

လက်ဖျောက်လေး တီးပြီး သရုပ်ဆောင်တွေကို လိုက်တ်..ကင်မရာ…အက်ရှင် ဆိုပြီး ပြောတာပေါ့..”။ သူက

သရုပ်ဆောင်ပညာတင် မဟုတ်ဘူး ရုပ်ရှင်နဲ့ ပတ်သက်လို့ အကုန်နီးပါးသိတာ။ ရိုက်ကူးရေးမှာ အလင်းက ဘယ်လို

အရေးပါတာ..ဘယ်လိုအလင်းပေးရတာ…မိတ်ကပ်ပညာ ဆိုတာ ဘယ်လို့…စတန့် မင်းသားတွေ ဘယ်လိုသရုပ်ဆောင်

တယ်..တောက်တိုမယ်ရ အကုန်လုပ်ပေးရတဲ့ ကောင်လေးတွေက အစ ဘယ်လိုအရေးပါပုံကို ရှင်းပြတာ။

နောက် ..ဇာတ်လမ်းအမျိုးအစား တွေအကြောင်း ပြောပြတယ်။ “ဒီနေ့ခေတ် ဇာတ်လမ်းတွေတော့..ငါအတော် စိတ်ပျက်တာကွယ်..

ဘယ့်နှယ်..ဇာတ်လမ်းတစ်ခုလုံး အကုန်ပြွတ်သိပ်ထည့်တာ..အချစ် အလွမ်း စွန့်စားခန်း ဆိုပြီးလေ…အဲဒါ သိပ်မဟုတ်ဘူးဟဲ့…ရုပ်ရှင် ဇာတ်

ကားကောင်းတစ်ခုက သူ့ရဲ့ ဇာတ်လမ်းအမျိုးအစား..သိမ်းစ် ကို လေးစားရမယ်..လိုက်နာရမယ်လေ…ငါကတော့ ကိုယ့်ဆီလာတဲ့ ဇာတ်လမ်း

တိုင်းကို သေချာရွေးတာပဲ….ဒီဇာတ်လမ်းက ဘယ်လိုအမျိုးအစားလဲ…ပရိသတ်ကို ဘာပေးချင်တာလဲ…ငါ့အခန်းကရော ဘယ်လိုပါသလဲ..ဒါ

တွေကို သေသေချာချာ သဘောပေါက်အောင် လေ့လာပြီးခါမှ ငါလက်ခံတာ..မင်း ငါ့ဇာတ်လမ်းတွေကြည့်ရင်…နောက်သုံးလေးခန်း မသေခင်

လေး ဆိုနေ ကနေတာ မင်းတွေ့ရမှာမဟုတ်ဘူးကွ..အဲဒါပဲ..ရမ်…ဇာတ်ကောင် တစ်ခုက သူ့ဇာတ်လမ်းနဲ့ အစေးကပ်ရမယ်..ကိုက်ညီရမယ်ကွဲ့

..သရုပ်ဆောင် ကလည်း အနုပညာအလုပ်မှာ သူ့ကိုယ်ပိုင် အမှတ်လက္ခဏာ..ကိုယ်ပိုင်စတိုင်လ် ရှိရမှာပေါ့…ကိုယ်အနိုင်ဆုံး ဇာတ်ရုပ်မှာ အ

ကောင်းဆုံး စတိုင်လ် နဲ့ သရုပ်ဆောင်မှ..ဒီလောကမှာ နေရာအခွင့်အလမ်းလေး ရလာမှာ…အဲ…သရုပ်ဆောင်ကောင်း တစ်ယောက်ဟာ သူ့

ဇာတ်ရုပ် မှာ အံကျရုံ မဟုတ်သေးဘူး..ဇာတ်ရဲ့ အမျိုးအစားကိုပါ ဖော်ကျူးနိုင်သူဖြစ်ရမကွဲ့..ဒါမှ ဒိတ်ဒိတ်ကျဲ သရုပ်ဆောင်ကောင်း..ဟုတ်

လား..ဟို…တိုင်းမ်စ် အော့ အိန္ဒိယ မှာ နှလုံးသား သံယောဇဉ် ဆိုတဲ့ ဇာတ်ကားသစ်ကို သုံးသပ်ထားတာ မင်း ဖတ်မိသေးလား မသိဘူး..

သုံးသပ်သူက မင်းသမီး ပူးဂျာ..သေတဲ့အခန်း သရုပ်ဆောင်တာ လုံးဝ ကို့ရို့ကားယား ဖြစ်သွားတဲ့ အကြောင်း..ပြီးတော့ ..ဒီဇာတ်လမ်းမျိုး

နီးလိမာ ကုမ္မာရီ သာ သရုပ်ဆောင်လိုက်ရင် သိပ်ကောင်းမှာ တဲ့…ကနေ့ခေတ် တက်သစ်စ မင်းသမီးလေးတွေဟာ နီးလိမာ ဆီမှာ ပညာ

သင်ကြားသင့်သတဲ့..ဂန္ထဝင် မင်းသမီးကြီးပေါ့လေ…အမလေး..အဲဒီဟာ ဖတ်ရတာ ငါဖြင့် ဝမ်းသာလိုက်တာ…ဟဲ့..ဇာတ်ရုပ်တစ်ခု..ဇာတ်

လမ်းအမျိုးအစားတစ်မျိုးရဲ့ စံ အဖြစ် ဂုဏ်တင် ရည်ညွှန်းခံရတာလောက် သရုပ်ဆောင်တွေအတွက် ပိုကောင်းတဲ့ ချီးမွမ်းတာမျိုး ရှိပါဦးမ

လား…ငါတော့ စံ အဖြစ် သုံးသပ်ခံရပြီလေ..”

 

“အဲ…ဒါဖြင့်..မာဂျီး ရဲ့ သူမတူတဲ့ စတိုင်လ် ကရော..ဘာတုန်းခင်ဗျ..”

 

သူ တစ်ချက်ပြုံးတယ်။

“ဒီမယ်..ရမ်…နီးလိမာ ကုမ္မာရီဆိုတာ အိန္ဒိယ ရုပ်ရှင်လောကမှာ ဘာကြောင့် အဆွေးဘုရင်မ ရယ်လို့ ခေါ်ကြတာ မင်းသိဖို့

ငယ်ပါသေးတယ်…ကိုင်း..လာ..မင်းကို ပြစရာရှိတယ်..”

 

သူ့ အိပ်ခန်းကို ခေါ်သွားပြီးတော့ သတ္တု ဗီရို တစ်လုံးကို ဖွင့်ပြတယ်..။ကျွန်တော်လည်း မျက်လုံးနည်းနည်း ပြူးသွားတယ်ဗျ..။

ဗီရိုထဲမှာ တိပ်ခွေတွေ ပြည့်ကျပ်လို့ပဲ။

“အဲဒီအခွေတွေ အကုန်လုံးက ငါသရုပ်ဆောင်ထားတဲ့ ကားတွေ ချည်းပဲ..”

“ဟား..တကယ်…ဘယ်နှစ်ကားတောင်လဲ..”

“တစ်ရာနဲ့ ဆယ့်လေးကား ရှိတယ်…သရုပ်ဆောင်လောကမှာ အနှစ် နှစ်ဆယ်ကာလအတွင်း ငါသရုပ်ဆောင်ထားတဲ့

ဇာတ်လမ်းတွေပေါ့..”

ပထမဆုံး အတန်းကို ညွှန်ပြပြီး –

“ဒါတွေကတော့..ငါ မင်းသမီးဖြစ်ကာစ အစောပိုင်းကရိုက်ထားတာတွေ…အများအားဖြင့် ကလိထိုးဟာသ ဇာတ်လမ်းတွေပါ…

ဟာသဇာတ်လမ်းတွေ..သိတယ်မဟုတ်လား…”

ကျွန်တော်လည်း ခပ်သွက်သွက် ခေါင်းညိမ့်ပြလိုက်ပြီးတော့..ဂေါဝိန္ဒကို ကြိုက်တယ်လို့ ပြောလိုက်တယ်။

သူက နောက်ထပ်နှစ်တန်းက ပြပြီး –

“ဒါတွေကတော့ သရုပ်ဆောင်သက်လေး ရလာလို့ ရိုက်တဲ့ ကားတွေပါ..များသောအားဖြင့်..ဒရာမာကားတွေ..အဲ..

သဲထိတ်ရင်ဖိုဇာတ်လမ်း..လူသတ်သမားကို ပြော ရယ်..သရဲကား ဆန်ဆန် နှစ်သုံးဆယ်ကြာပြီးနောက်

ဆိုတဲ့ကားတွေတော့ ပါတယ်..”

နောက်ဆုံး ကျန်တဲ့ နှစ်တန်းကို ညွှန်ပြပြီးတော့ –

“ဒါတွေကတော့ အဆွေးဇာတ်လမ်းတွေချည်းပေါ့ကွယ်…ဒီဇာတ်ကားတွေကြောင့် ဆုတွေ တံဆိပ်တွေ ရာချီပြီး

ရခဲ့တာပေါ့..ဒီကားတွေထဲမှာ ငါအကြိုက်ဆုံးကတော့ ဟောဒီကားပဲ…”

သူပြတဲ့ ခွေကို ကျွန်တော်ကြည့်လိုက်တယ်။ မွမ်းတဇ် မဟယ် တဲ့။

“ဒီကားမှာ ငါက ဧကရာဇ်ဘုရင်ကြီး ရှားဂျဟန် ရဲ့ မိဖုရား မွမ်းတဇ် မဟယ် အဖြစ် သရုပ်ဆောင်ရတာပေါ့…ငါ့သရုပ်ဆောင်မှု

အတွက်…နိုင်ငံတော်က ဆုချီးမြှင့်တယ်..ဟိုမယ်တွေ့လား…အဲဒီ အရုပ်…အိန္ဒိယ သမတကြီး ကိုယ်တိုင် ငါ့ကို လက်ဆွဲနှုတ်ဆက်ပြီး

ချီးမြှင့်တာကွဲ့..သိလား..”

“အဲ…ဒါဖြင့်…အဲဒီကားမှာ သရုပ်ဆောင်ရတာ အားအရဆုံးပေါ့…အပြောင်မြောက်ဆုံး သရုပ်ဆောင်ခဲ့တယ်ပေါ့..ဟုတ်လား..”

သူ သက်ပြင်းတစ်ချက်ချပြီးတော့ ခပ်ဖြေးဖြး ဆက်ပြောတယ်။

“အေး…အဲဒီ ဇာတ်ရုပ်နေရာကတော့ သိပ်ကောင်းတယ်..ငါလည်း အကောင်းဆုံးလုပ်ခဲ့တယ်ဆိုတာ သံသယ မရှိပါဘူး…ဒါပေမဲ့…

ငါ့အနေနဲ့ တကယ့်အကြီးကျယ်ဆုံး..ငါ့ မာစတာပိစ် အနေနဲ့ သရုပ်ဆောင်ဖို့ လိုသေးတယ်လို့ ခံစားရတယ်ကွယ်..”

One comment

  • မောင်ပေ

    August 10, 2012 at 7:13 pm

    ကိုဘလှိုင်ရေ
    အားလုံးကိုမေ ့နေရောပေါ့
    ဒီပို ့စ်နဲ ့ပြန်ချိတ်ဖို ့
    ရှေ ့၂ပိုင်းလောက်ကို ပြန်ဖတ်ရတော့မယ်ဗျာ

Leave a Reply