‎”ဘာလုပ်စားကြမလဲ ” တဲ ့

thunderstormAugust 10, 20121min1009

‎”ဘာလုပ်စားကြမလဲ ”

”ခင်ဗျားဘာလုပ်နေလဲ၊ ကျွန်တော်တော့ ဘာလုပ် စားရမှန်း  မသိတော့ပါဘူးဗျာ”ဆိုတဲ့

စကားဟာ အခု နှစ်ပိုင်းတွေအတွင်း မတွေ့ဖြစ်တာ  နည်းနည်းကြာပြီ ဖြစ်တဲ့

လူလတ်ပိုင်းမိတ်ဆွေအချင်းချင်း ပြန်တွေ့ဖြစ်ရင်  မပါမဖြစ်တဲ့ စကားတစ်ခွန်းလို

ဖြစ်လာပါတယ်။   မှန်ပါတယ်။ လူလတ်တန်းစားတွေ ဂွင်(ခွင်)ပျက် နေတာ ကြာခဲ့ပါပြီ။

အနည်းဆုံးဆင်းရဲသားက မရှက် မကြောက် ဘာပဲဖြစ်ဖြစ် ရရာ အလုပ်လုပ်စားခွင့် ရနိုင် တယ်။

ကာယအားသုံး အနှေးယာဉ်လုပ်သား၊အထမ်း သမားလုပ်ဦးတော့ ပြန်တမ်းဝင်အရာရှိ

လစာလောက် တော့  မကျ။ စည်ပင်စည်းကမ်းဖောက်ပြီး လမ်းဘေး ဈေးသည်လုပ်၊

ကြုံသမျှရင်ဆိုင်၊သင့်သလိုဖြေရှင်း၊ တစ်လစာရင်းချုပ်ရင် ညွှန်ချုပ်လစာလောက်တော့

အေးဆေး။   အမြင့်ဆုံးလူတန်းစာကလည်း အခုထက်ထိ ခရိုနီ တွေနဲ့ပေါင်းပြီး စားကွက်တွေ

ရှာနိုင်တုန်း။ ဘေးပန်း အနေနဲ့လုပ်တဲ့ ကားဝယ်ရောင်းမှာ သန်းထောင်ကျော်  တန်ကားတွေ

နှစ်ရာကျော်လောက် ဖြစ်ကုန်လို့ မွဲမသွား။ သိန်းနှစ်ရာလောက်နဲ့ ဝယ်ထားတဲ့ မြေကွက်တွေက

နှစ်ထောင်မက ဖြစ်ကုန်လို့ ဒူးနံ့နေရုံသာ။   ဆိုက်ကားလည်း မနင်းနိုင်၊ ခရိုနီနှင့်လည်း

မပေါင်းနိုင်တဲ့ လူလတ်တန်းစား  အများစုမှာတော့ တကယ့်ကို ဂွကျကျ ဖြစ်နေခဲ့တာ ကြာပါပေါ့။

ဒီနေရာ မှာ  အထက်လွှာအားလုံး ခရိုနီနဲ့ပေါင်း ပိုကြီးပွားလာ တယ်လို့တော့ လုံးဝမဆိုလိုပါ။

တကယ့် ကိုယ့်အား ကိုယ်ကိုး ကြီးပွားလာသူတွေ၊ ဘိုးစဉ်ဘောင်ဆက်  ချမ်းသာလာသူတွေ၊

မိဘလက်ငုတ်လုပ်ရင်း ပိုတိုးတက် လာသူတွေလည်း ဒုနဲ့ဒေးပါ။   ဒါပေမဲ့ လူလတ်တန်းစားလို့

သတ်မှတ်နိုင်တဲ့ အလွှာထဲက အများစုအတွက်တော့  ရှိစုမဲ့စုအထုပ်ကလေး တစ်နေ့တစ်ခြား

ပွန်းပါးလာနေခဲ့ရပါပြီ။ ဥပမာ တစ်ခါ က  ကျွန်တော့်သူငယ်ချင်း ဂျီဒီအိုင်ဆင်း အင်ဂျင်နီယာ

တစ်ယောက် အစိုးရအလုပ်က  ထွက်ပြီး သင်္ဘောတက် သွားခဲ့ပါတယ်။ အဲဒီခေတ်က

လုပ်တတ်တဲ့ပုံစံအတိုင်း  ဂျပန်မှာ ခုန်ဆင်းနေရစ်လို့ အိုဗာစတေးနဲ့ ရရာအလုပ် လုပ် ငွေရှာပြီး

ငါးနှစ်လောက်အကြာ ၂ဝဝဝ ခုနှစ် လောက်မှာ သူပြန်ရောက်လာပါတယ်။   သူ ဘာလုပ်

စားမလဲလို့ တိုင်ပင်ဖူးတယ်။ ကျွန်တော်ကိုယ်တိုင်က ၉၉  စီးပွားပျက်ကပ်အပြီး ရုပ်ပြထွက်ဝေရေး

လုပ်ရင်း အရင်းပြုတ်လို့  ငုတ်တုတ်ထိုင် နေရချိန်ဆိုတော့ သူ့လည်း လမ်းမညွှန်ရဲပါ။

ဒါနဲ့ပဲ သူခမျာလည်း  နိုင်ငံခြားပြန်တို့ ထုံးစံ ကားဝယ်ရောင်း လေးတစ်ဖက်ကလုပ်ရင်း

လက်ဖက်ရည်ဆိုင်လေး ဖွင့် လှစ်ကြည့်တယ်။ ဆိုင်ဖွင့်ခွင့် ပါမစ်အသစ်က မလွယ်  တာမို့

ဆိုင်ဟောင်းလေးတစ်ခုရဲ့ လိုင်စင်နဲ့ ပစ္စည်း ဟောင်းတွေကအစ  ဈေးဖြတ်ဝယ်ပြီး ဖွင့်တာပါ။

မကြာပါဘူး ပတ်ဝန်းကျင်က အင်အားကြီး ဆိုင်ခွဲကို မယှဉ် နိုင်တာနဲ့ သူ့ဆိုင်လေး ရပ်တန်

့လိုက်ရပါတော့တယ်။   အဲဒီတုန်းက  ကားဈေးကလည်း အရမ်းကြီး မတက်သေးပါဘူး။

ဆူပါစလွန်း ၉ရ မှ သိန်းအစိတ်  လောက်ပေးရချိန်မှာ သူငယ်ချင်းလည်း စိတ်ပျက်ကာ

ရှိတဲ့ကားလေး ပြန်ရောင်းပြီး  နိုင်ငံခြားပဲ ပြန်ထွက်ဖို့ ကြိုးစားပါတယ်။ ဂျပန်ကိုတော့ ပြန်ရောက်ဖို့

မဖြစ် နိုင်တော့လို့ ဥရောပဘက်သွားလုပ်ဖို့ ကြိုးစားပါတယ်။ ရောက်သွားပါတယ်။  ဒါပေမဲ့

အထောက်အထား မခိုင် လုံလို့ Reject ထိပြီး ပြန်လာရပါတယ်။  အဲဒီအချိန်ကျ တော့

ဆူပါစလွန်းက သိန်းတစ်ရာလောက် ဖြစ်သွား ပြီလေ။    နောက်ဆုံးတော့ စင်္ကာပူကိုပဲ

ထွက်သွားတော့ တယ်လို့ ကြားလိုက်ရပါတယ်။  အင်ဂျင်နီယာပေမယ့် ဂျပန်မှာ ရရာအလုပ်

လုပ်ခဲ့တာမို့ စင်္ကာပူမှာ သူအဆင်  ပြေနိုင်ပါ့မလား။ ကိုယ်က ကြားထဲက တွေးပူမိသေး တယ်။

လူချင်း အဆက်အသွယ်  ပြတ်သွားခဲ့ပြီး မနေ့ တစ်နေ့ ၂ဝ၁၂ ဇူလိုင်လထဲမှာတော့ မမျှော်လင့်ဘဲ

ပြန်ဆုံ မိပါတယ်။ ဆူပါရုဒ်တက္ကစီတစ်စီး မောင်းလျက်နဲ့ပါ။ တက္ကစီနှစ်စီး  ထောင်ထားတယ်တဲ့။

ဒရိုင်ဘာမလာလို့ ကိုယ်တိုင်မောင်းလာတာတဲ့။ မျက်စိမျက်နှာက  သိပ် မကောင်းလှဘူး။

ကားပါမစ်ပေါ်လစီ အဆင့်ဆင့်အကြောင်းပြောရင်း  သူ  ညည်းရှာတယ်။ ရိုက်ချက်က

ပြင်းလိုက်တာဗျတဲ့။ ဘာလို့လဲဆိုတော့ အခု  မောင်းလာတဲ့ ၈၈-၉ဝ ထုတ် ဆူပါရုဒ် CE 96

သိန်းနှစ်ရာ့ငါးဆယ်လောက် ပေးဝယ်  ခဲ့ရတာတဲ့။ အခု ရန်ကုန်မှာ ၉၂ မော်ဒယ်လ်ထက် နှိမ့် ရင်

မထားတော့ဘူးဆိုတဲ့  သတင်းထွက်နေတော့ ဘယ်လို လုပ်ရပါ့ဆိုပြီး သောကရောက်နေရှာရဲ့။

အဟောင်းနှစ်စီး ရောင်းလိုက်လို့မှ တစ်စီး ပြန်ရပါ့ မလား။ ကုမ္ပဏီကြီးတွေရဲ့

တက္ကစီတွေကလည်း  ရှိလာ ဦးမှာဆိုတော့ ဘာဆက်လုပ်စားရပါ့မလဲလို့ ညည်းတွား

နေပြန်ပါတော့တယ်။   အဲ့ဒီလိုမျိုးပဲ နိုင်ငံခြားသွား အလုပ်လုပ် ပြန်လာပြီး မြန်မာပြည်မှာ

လုပ်စရာ မရှိတဲ့အဆုံး တက္ကစီသမား တစ်ပိုင်း ဖြစ်သွားကြတာ  ကျွန်တော့်ပတ်ဝန်းကျင်မှာတင်

မနည်းလှပါဘူး။ အဲဒီအထဲမှာ ပညာတတ်တွေလည်း  ပါလေရဲ့။ အများစုက အပြင်သွားပြီး

မိသားစုစားဝတ် နေရေးအတွက် ရရာလုပ်ပြီး  ငွေပဲ အဓိက ရှာခဲ့ကြရတဲ့ အကျိုးဆက်ဖြစ်မယ်

ထင်ပါတယ်။    အပြင်မထွက်ဘဲ ပြည်တွင်းမှာပဲ ကုပ်ကပ်နေပြီး  ရုန်းကန်ရတဲ့ လူတွေကကော

ကောင်းကံထောက်မသူ တစ်ချို့ကလွဲရင် ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုးနဲ့  မုန်

့ဟင်းခါးစီးပွားရေးထဲက ရုန်းမထွက်နိုင်ပါဘူး။ စားဝတ်နေရေး မပြေလည်လို့  ကြံရာမရ

တစ်ယောက် ယောက်က အိမ်ရှေ့မှာ မုန့်ဟင်းခါးချက်ရောင်းလို့  အထိုက်အလျောက်

အဆင်ပြေသွားတာ မြင်တာနဲ့ ပတ်ဝန်းကျင်မှာ  မုန့်ဟင်းခါးဆိုင်တွေပဲ အလျှိုလျှို ထွက်

လာတတ်တာ အဲဒါ  မုန့်ဟင်းခါးစီးပွားရေးပါပဲလို့ တစ်ခါက ဖတ်ဖူးလို့ ပြောတာပါ။

တစ်ယောက်လုပ် ရင် လိုက်လုပ်တတ်ကြတာ မြန်မာ့သဘာဝလို့ပဲ ပြောရ လေမလား။   ကားနဲ

့ပတ်သက်ရင်ကိုပဲ မြန်မာမီနီ/QQ ချယ်ရီတွေ ဝင်မလာခင်က ပုံသေဝင်ငွေရဖို့ CNG တက္ကစီ

တစ်စီးထောင်ချင်ရင်  အနည်းဆုံးသိန်း (၁၅ဝ) ကနေ (၂ဝဝ) လောက်သုံးပါမှ

ပြုပြင်ထိန်းသိမ်းလွယ်ကူတဲ့  ကားဟောင်းတစ်စီးရပါတယ်။ ကားဟောင်းလဲလှယ်

ပါမစ်ပေါ်လာသလို  ပြည်တွင်းတပ်ဆင်မီနီကော တရုတ် က ဝင်တဲ့ချယ်ရီကော ပေါ်လာတော့

ဆီစားသက်သာလို့  တက္ကစီဆွဲ အဆင်ပြေတယ်ဆိုပြီး ဝိုင်းဆွဲလိုက်ကြတာ သိန်း (၁၃ဝ-၁၄ဝ)

အထိ  ဖြစ်သွားခဲ့ပါတယ်။ တခြား ဘာမှ မလုပ်တတ်တဲ့ လူလတ်တန်းစား တော်တော် များများ

အဲဒီဈေးနဲ့ဝယ်ပြီး တက္ကစီလုပ်ခဲ့ကြပါတယ်။ တက္ကစီဆွဲရင် မျက်နှာပန်းအလှလို့ အုံနာတွေကအဲဒီ

ကားလေးတွေကို ကြူကြူသင်းလေး တဲ့။ မနာလိုတဲ့  တခြားတက္ကစီမောင်းသူတစ်ချို့ကတော့

ငါတို့ဈေးကွက် ကို ဝင်ဖဲ့နေတဲ့  ဝက်ပုတွေတဲ့။   မကြာပါဘူး၊ ဘယ်သူမဆို ၂ဝဝရ မော်ဒယ်

အထက်တင်သွင်းခွင့်လည်း ရလာရော ကြူကြူလည်း မသင်းနိုင်တော့ပြန်ပါဘူး။  တချို့ဆိုချယ်ရီ

QQ တက္ကစီ ဆွဲလက်စ ကားကို ၆ဝ/၇ဝ လောက်နဲ့ ချရောင်းတယ်လို့  တောင် ကြားရတယ်။

အသစ်ကို သိန်း (၈ဝ)လောက်နဲ့ ရတော့မယ်ဆိုတာကိုး၊  ချယ်ရီဆိုဒ် ဂျပန်ကားသေးသေး

လေးတွေ ဝင်လာတော့လည်း သိန်း ၁ဝဝ/၁ဝဝ ကျော်  ဝန်းကျင်နဲ့ နောက့်ဆို ဒီထက်

ဈေးကျဦးမယ် မှန်းကြ ပြန်ကြတယ်လေ၊  ရေရှည်မှာလည်း ဂျပန်ကားနဲ့ တရုတ် ကား

ကွာလတီက အသိသာကြီးရယ်။    အခြေအနေကတော့ တက္ကစီကားသစ်လေးတစ်စီး

သိန်းတစ်ရာနဲ့ ရင်းနှီးလုပ်ကိုင်တဲ့  သူတချို့ခမျာလည်း လပိုင်းအတွင်းမှာပဲ သိန်းဆယ်ချီ

ဆုံးရှုံးနိုင်ပြီး မရေရာ  တဲ့ စီးပွားရေးဝန်းကျင်နဲ့ ရင်ဆိုင်မြဲ ရင်ဆိုင်နေရတာပါပဲ။   တစ်ခါတော့

လူငယ်လေးတစ်ယောက်က လာပြီး တိုင်ပင်တယ်။ သိန်းနှစ်ရာလောက် မိဘက  ထုတ်ပေးနိုင်

တယ်။ အင်တာနက်ဆိုင်လေးတစ်ဆိုင် ဖွင့်ရ ကောင်း မလားလို့တဲ့၊  ကျွန်တော်က

ကွန်ပျူတာဟာ့ဒ်ဝဲလ်လေး ဘာလေး နည်းနည်းပါးပါး သိတယ်ဆိုပြီး  လာတိုင်ပင် တာပါ။

နေရာအဆင့်သင့် ရှိလားဆိုတော့ မရှိ။ ကောင်း မယ်ထင်တဲ့  လမ်းမတန်းတစ်နေရာရာ

လိုက်ငှားရမှာတဲ့။ အဖြေက ကျွန်တော့်မှာ  အသင့်ရှိပြီးသားပါ။ ဒါပေမဲ့ ပိုလေးနက်အောင်

ရင်းနှီးတဲ့ အသိမန်နေဂျာရှိတဲ့  အင်တာနက်ဆိုင်ကြီး တစ်ဆိုင်ဆီ ခေါ်သွားလိုက်ပါ တယ်။

ပိုင်ရှင်  လုံးဝနီးပါး မျက်နှာလွှဲထားရတဲ့ မန်နေဂျာ က မခြင်းမချန် ရှင်းပြပါတယ်။  သူ့အပြောက

အင်တာ နက်ဆိုင်တွေရဲ့ ရွှေ့ခေတ် ကုန်သွားပါပြီတဲ့၊ ခုမှလာပြီး  နေရာကအစ လိုက်ရှာရင်

လမ်းမတန်းမှာ အိမ်ဈေးတွေ တက်လွန်းလို့  အခန်းငှားခတွေကလည်း ခေါင်ခိုက်နေ

တဲ့အကြောင်း၊ လစဉ်ဝင်ငွေကတော့ မရေမရာ၊  နိုင်ငံခြား ကို ဖုန်းခေါ်ပေးတာ

တရားမဝင်ဘူးဆိုလို့ ဝင်ငွေကျနေ လို့  ဂိမ်းသမားတွေနဲ့ အားဖြည့်၊ တစ်ခါ ဂိမ်းသမားများ

ပြန်တော့  ဆူညံဆဲဆိုတတ်လွန်းလို့ အွန်လိုင်းသုံးတဲ့ မိန်းကလေးပရိသတ်က လျော့သွား၊

နက်ဝပ်မကောင်း တာက ပုံမှန်ပြဿနာ၊ အခုနောက်ဆုံး (၂)သိန်းဖုန်းနဲ့  အင်တာနက်သုံးလို့

ရသွားတော့ ဖောက်သည်က ထပ် လျော့နဲ့၊ ဒါတောင် အခု  မီးစက်မမောင်းရလို့ နည်းနည်း

ခံသာနေတာဆိုပြီး ဇာတ်စုံရှင်းပြပါတယ်။    ဆိုင်ထဲက ပြန်ထွက်လာကြရင်း လိုက်ပို့တဲ့

မန်နေဂျာက လမ်းမတစ်ဖက်ခြမ်းက  လှည်းလေးနဲ့ ကြက် ကင်ရောင်းသူကို ပြရင်း

ပြောလိုက်သေးတယ်။ အဲဒီ  ကြက်ကင်ရောင်းတဲ့သူက ညနေဘက်လေးတင်ရောင်း တာ သူနဲ

့ကျုပ်ဆိုင်  တစ်နေ့ဝင်ငွေချင်းယှဉ်ရင် သူက တောင် များဦးမယ်တဲ့၊ ကြည့်ရတာ သူ့အုံနာက

ကွန်ပျူ တာတွေ ရောင်းပစ်ပြီး ဆိုင်ဖြုတ်ရင် သူကိုယ်တိုင်  ကြက်ကင်ထွက်ရောင်းချင်နေတဲ့ပုံ။

ကျွန်တော့်ချာတိတ်က ပြောသေးတယ်။ တကယ်  တော့ သူက နက်ဝပ်ဂိမ်းဆိုင်ဖွင့်ချင်တာ

အမေက ကလေးတွေ ပျက်စီးစေလွန်းလို့  သဘောမတူလို့တဲ့၊ ဒီလို ပါပဲ ကျွန်တော်တို့ လူမျိုးထဲမှာ

တချို့က  ကိုယ်ပိုက်ဆံ ရရုံနဲ့ ပြေလည်တာမျိုး မလုပ်ချင်တာတွေ ရှိပါတယ်။  သမ္မာအာဇီဝလို့

မသတ်မှတ်တတ်ကြဘူး။ ဂိမ်းဆိုင် တောင် မဖွင့်စေချင်တာဆိုတော့  ဘီယာဆိုင်တို့၊ တည်း

ခိုခန်းတို့၊ ကာရာအိုကေဆိုင်၊ အနှိပ်ခန်းတို့တော့  စကားထဲ တောင် ထည့်ပြောမှာ မဟုတ်ဘူး။

ခက်တာက အဲဒါ မျိုးကမှ ပိုက်ဆံရတယ်လို့  ပြောကြတာပဲ။ သိတဲ့အတိုင်း ဒါမျိုးကလည်း

လုပ်ချင်တိုင်း လွယ်လွယ်လုပ်လို့  ရတာ မှ မဟုတ်တာ။ လုပ်ပြန်ရင်လည်း ပိုင်ရာဆိုင်ရာတွေကို

ပုံမှန်ပူဇော်ပသရ၊  စရိုက်ပေါင်းစုံကို သည်းခံရ၊ ကိုယ့် ရှေ့မှာတင် ဆင်းရဲသူမိန်းကလေးတွေ

ပျက်စီးမှာကို မျက်နှာလွှဲထားရနဲ့၊ ပြီးတော့ လေးညှို့သံလည်း နားစွင့်ရင်း  ညောင်သီးစားရတာမို့

တော်ရုံ အေးအေးချမ်းချမ်း လုပ်စားချင်တဲ့ သူတွေက  စိတ်မကူးချင်ကြဘူး။

အသိတစ်ယောက်ကတော့ ၂ သိန်းတန်ဖုန်း မထွက်ခင်  ကြိုတင်မျှော်မှန်းပြီး ဖုန်းဆိုင်လေး ဖွင့်ခဲ

တယ်။ တကယ်လည်း  အချိန်ရောက်ရော ဆင်းမ်ကတ် တစ်ဆင့် ပြန်ရောင်းခွင့်က

အကြောင်းအမျိုးမျိုးပြပြီး သူတို့ မရတော့ဘူး။ အထူး အခွင့်ရဆိုင်တချို့ကသာ

ရောင်းတာဆိုတော့ ဆင်ခြေဖုံးက သူ့ဆိုင်ကို ဟမ်းဆက် ဝယ်ရုံလောက်နဲ့  ဘာလာကြပါ့မလဲ၊

ငွေဖြည့်ကဒ်က လည်း တစ်သောင်းရင်းမှ နှစ်ရာပဲ မြတ်တာ၊ ရှုပ်ပါ  တယ်၊ စောစောက

အင်တာနက်ဆိုင် မန်နေဂျာထုံး နှလုံးမူတွေးကြည့်တယ်။ လမ်းဘေးမှာ ဘမ်းလေးချ ပြီး

ဂျာနယ်လေးတွေသာ ယူရောင်း-တစ်စောင် တစ်ရာ ကျော် ကျန်တယ်၊  ကုန်သလောက်ပဲ

ယူရောင်း၊ ဒါကမှ ဟုတ်တုတ်တုတ်ရယ်။   တကယ်တော့  ဒီလူလတ်တန်းစား ဘာလုပ်ငန်း

လေးပဲ လုပ်ချင်လုပ်ချင်  နေရာအတွက်ကတင် ကုန်  ကျစရိတ်က တနင့်တပိုးပါ။ အခုကတော့

အဆိုးဆုံး ပါပဲ။  ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေရဲ့ လမ်းမတွေပေါ် မှာကိုပဲ မြေကွက်တစ်ကွက်ရဲ့

ပေါက်ဈေးဟာ သိန်း  ထောင်ချီနေပါပြီ။ ဥပမာ တောင်ဥက္ကလာ၊ ပါရမီလမ်း မပေါ်မှာ

နောက်ဆုံးရောင်းထွက်သွားတဲ့ဈေးက ပေ ၂ဝx ၆ဝ ဂရန်မြေပေါ် နှစ်ထပ်အိမ်ဟောင်းလေး

တစ်လုံးပဲ ပါတာ ကို သိန်း  နှစ်ထောင့်ငါးရာတဲ့၊ ပေါက်ဈေးအရတွက် ရင် ဒေါ်လာ

နှစ်သိန်းရှစ်သောင်းကျော်ပေါ့ဗျာ။   တစ်လ ဒေါ်လာတစ်ထောင် အသားတင် စုဆောင်း 

နိုင်တဲ့သူတောင်ဒီပိုက်ဆံပြည့်ဖို့ဆိုရင် (၂၄)နှစ်နီးပါးစုမှရပါလိမ့်မယ်။ ဒါတောင်ရမှာက ပေ ၂ဝ

x၆ဝ မြေကွက်လေးရယ်နော်၊ ဒီမြေကွက်ပေါ် ဘာများ ကြီး ကြီးကျယ်ကျယ်  လုပ်လို့ ရမှာတဲ့လဲ။

ပြီးတော့ တစ်လ ဒေါ်လာတစ်ထောင် (ကျပ် ၈ သိန်း ရ သောင်း) စုနိုင် အောင် ဝင်ငွေကလည်း

ကောင်းဦးမှ။ သာမန်လူနေ ရပ်ကွက်  လမ်းမတန်းလေးမှာတောင် အဲဒီလောက် အဆမတန်

မြေဈေး မြင့်တက်နေပုံနဲ့  ဘယ်လိုများ ဆက်စခန်းသွားကြမလဲဆိုတာ ကျွန်တော့်ဖြင့် တွေးမ

ကြည့်ရဲတော့ဘူး။  မာခရို-အီကိုနော်မီပညာရှင်တို့ဘာတို့ ကြည့်လုပ်ကြပါဦး။   အရင်တုန်းက

ကျွန်တော်တို့တစ်တွေဟာ ရန်ကုန် မြို့လယ်ခေါင်လောက်ကိုသာ  ဝယ်နိုင်ဖို့ အိပ်မက်မမက်

ရဲတာ၊ အခုတော့ ကိုယ့်ရပ်ကွက် လမ်းမတန်းကိုသာ  စိတ်ကူးမယဉ်နိုင်တော့ပါဘူး။ နေရာက

တိုးတက်မှု ရှိလွန်းလို့လားဆိုတော့ အခုထိ  ပလက်ဖောင်းတောင် မရှိသေးဘူး ရေစီးရေလာက

မကောင်းတော့ ကတ္တရာ လမ်းမဘေးမှာပဲ  ရေတွေရွံ့တွေအိုင်လို့၊ လေးလမ်းသွား ခင်းထားတဲ့

ကတ္တရာလမ်းမှာ ကားတွေက အသွား အပြန် တစ်ကြောစီပဲ သုံးနိုင်တာမို့ မကြပ်သင့်ဘဲ ကြပ်

ညပ်နေလိုက်တာများ။   အဲဒီမြေဈေး အဆမတန် ကြီးလွန်းတဲ့ ကိစ္စတစ် ချက်တည်းနဲ့ပဲ

လူလတ်တန်းစားတို့ရဲ့ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားလိုတဲ့ စိတ်ကူးတွေ အိပ်မက် တွေ

စွန့်ဦးတီထွင်လိုစိတ်တွေအားလုံး မြှုပ်နှံ သင်္ဂြိုဟ် ခံနေရကြတယ်ဆိုရင် လွန်မယ်မထင်ပါ။  

မြန်မာ့မြေဈေး မြင့်တက်ပုံ ဩချလောက်တာတော့ အထူးပြောနေစရာလည်း  မလိုတော့ပါဘူး။

အခုနေများ နိုင်ငံခြားသား မြေဝယ်ခွင့် ပေးလိုက်ရင်  တောင်ဥက္ကလာ တို့ မြောက်ဒဂုံတို့

လမ်းမတန်းတွေမှာ မန်ယူက ရွန်းနီ တို့  ရီးရဲယ်က စီရော်နယ်ဒိုတို့ ပေ ၄ဝx ၆ဝ တွေ ရ

သလောက် လာဝယ်ကြမလား  မသိဘူး၊ခင်ဗျာ- ရန်ကုန် မြို့လယ်ကောင်ဟုတ်လား၊ ဘယ်-

ဒီကမ္ဘာကျော် ဘော  လုံးသမားတွေ လောက်နဲ့ အဲဒီနား ဘယ်လိုလုပ် ကပ်နိုင် မှာလဲ၊ မိုက်ခရို

ဆော့ဒ်သူဌေး ဘီဂိတ်လ်တို့ ဖေ့ဘတ်စ် သူဌေး မိုက်ကယ်ဇူကာဘတ်စ်၊  လေဒီဂါဂါတို့လောက်မှ

ရန်ကုန်ဒေါင်းတောင်းမှာ ဝယ်နိုင်မှာဗျ၊    လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကတည်းက နေရာ

ကောင်းတွေ ကြိုတင် လက်ဝါးရိုက်  ရယူထားနိုင်တဲ့ သူတွေကတော့ ဘီလီလျံနာ

ဆယ်ထပ်ကွမ်းလောက် ဖြစ်ကုန်ကြမလား  မသိဘူး။ အဲဒီလို ပြောပြန်တော့လည်း သူတို့ကို

မနာလိုလို့ ပြောတာတဲ့။  မြန်မာတွေဟာ အချင်း ချင်းကောင်းစားတာ မုဒိတာ

မပွားတတ်ကြဘူးတဲ့။    ဟုတ်ကဲ့၊ မျက်စိကြီး နားကြီး ပုဂိ္ဂုလ်တချို့က တော့

ဝေဖန်သုံးသပ်ပြကြပါတယ်။  သန်းခြောက်ဆယ် ဝန်းကျင်လောက် လူဦးရေနဲ့ ရာခိုင်နှုန်း

ဘယ်လောက်မျှ မရှိတဲ့  လက်တစ်ဆုပ်စာ လူတစ်စုရဲ့ လက်ထဲမှာ တိုင်း ပြည်ရဲ့ ဥစ္စာဓန မြေယာ

လုပ်ပိုင်ခွင့် စတာတွေ အများစု ရောက်ရှိနေပြီး ရှေ့ဆက်ပြီးတော့လည်း  ဒီပုံစံနဲ့ပဲ စီးပွားရေး

ယန္တရားကြီး လည်ပတ်မောင်းနှင်နေဦးမယ် ဆိုရင်ဖြင့်  ရင်လေးစရာ ကောင်းတယ်တဲ့။

အဲဒီအတိုင်းတော့ မဖြစ်ပါစေနဲ့လို့ ဆန္ဒပြုရုံ တင်ပြ ရုံမှတစ်ပါး ကျွန်တော်တို့ ဘာများ

တတ်နိုင်ဦးမှာလဲ။   လောလောဆယ်တော့ သူများတွေအတွက် မပြော နဲ့။

ကျွန်တော်ကိုယ်တိုင်တောင်  တတ်တဲ့ပညာလေး ဘေးချိတ်ပြီး လမ်းဘေး ကြက်ကင်ရောင်းရနိုးနိုး၊

ဂျာနယ်ပဲ  ရောင်းရကောင်းနိုးနိုး၊ ကံကောင်းလို့ အောင် ဘာလေ အမြင့်ဆုံးဆု

သိန်းတစ်ထောင်ငါးရာ ပေါက်ရင် တောင် ဘယ်နေရာမှာ ဘာလုပ်စားရမှန်း မသိတော့ရိုး

အမှန်ပါဗျာ။

မင်းမြတ်စံ ဆိုတဲ့သူရေးတာပါ ကိုယ်တိုင်လဲခံစားနေရတာမို  ့ပြန်လည်ဝေမျှပေးလိုက်ပါတယ်

9 comments

  • may flowers

    August 10, 2012 at 4:41 pm

    ခံစားချက်ချင်းတူတူပါပဲ thunderstorm ရေ။

  • laypai

    August 10, 2012 at 4:52 pm

    ဘာလုပ်စားကြမလဲ တဲ့။
    ကျနော် မေး ချင် နေတဲ့ မေး ခွန်း ကို လာ မေး နေတယ်။
    သူ အမေး တွေ ထဲ မှာ အဖြေတချို့ တွေ ရ လို့ ကျေးဇူး တင် ပါတယ် ခင်ဗျာ။

    စိတ်ညစ် လို့ ( မြစ်ကမ်းစပ် သွားထိုင် ) မန်းဂေဇက် ဝင် ဖတ် ပါတယ်၊ ( သပွတ်အူ ရေ ထဲ မျှောလာတာ ) ဘာလုပ်စားရမလဲ ပို့စ် နဲ့ တွေ့ တယ်။

  • pan pan chit

    August 10, 2012 at 5:20 pm

    ကားတွေပေါတာထက် စားသောက်ကုန်တွေ ဈေးကျပီး အိမ်ဈေးတွေလည်း သက်သာစေချင်တာပဲ
    တနေ့အမှုမဟုတ်ဘူးလေ
    ကားက ကိုယ်ပိုင်မရှိလည်း ဘတ်စ်ကားစီးလို့ရတယ်
    နောက် တက္ကစီစီးလည်းဖြစ်သေးတယ်
    လုပ်စားဖို့တော့ အနော်လည်းတွေးပူတာ တပိုင်းသေလို့
    ဆူးလေးမှတ်တိုင်မှာ ရုံးဆင်းချိန် မုန့်ဟင်းခါးဆိုင်ဖွင့်ရင်ကောင်းမလားလို့ :mrgreen:

  • the best

    August 10, 2012 at 5:39 pm

    လူကြီးတွေ ကန်တော့ဖို ့ ခြင်းတွေလုပ်ရောင်းမယ်။

  • မောင်ပေ

    August 10, 2012 at 7:27 pm

    ကိုသန်ဒါစတောင်းရေ
    ကျွန်တော်လဲ အစ်ကို ့လိုပဲ ယနေ ့ဖြစ်နေတဲ့ အခက်အခဲတွေကို အသိတွေနဲ ့ပြောဆိုခဲ့ဖူးပါတယ်
    ကျွန်တော်တို ့ နောက်ဆုံး ဘယ်လိုလုပ်စားရင် အဆင်ပြေမလဲ ငွေလည်မလဲ ဆိုတာ လက်တွေ ့ကျကျ မေးမြန်းတိုင်ပင်အပြီးမှာ
    အခြေခံနဲ ့အလယ်တန်း လူတန်းစား သုံး စားသောက်ကုန် (သို ့မဟုတ်) ထမင်းဟင်း+ဆားဗစ် လုပ်ငန်းများဟာ ဒီနေ ့ခေတ်မှာ ၊ ပေါက်သွားခဲ့ရင် ငွေလည်မယ့် လုပ်ငန်းပါဘဲလို ့
    နောက်ပြီး ဘီယာဆိုင် ၊ အရက်ဆိုင် ဖွင့်တာဟာလဲ ငွေလည်မယ့် အဆင်ပြေမယ့် လုပ်ငန်းတစ်ခုပါပဲ

  • ဦးဦးပါလေရာ

    August 11, 2012 at 8:36 am

    ကျုပ်လဲ အဲဒီ ဘာလုပ်စားရမလဲ ဆိုတာအတွက် ခေါင်းစားနေတာ…။
    လောလောဆယ်တော့ အိုကေတယ်ထား
    လာမယ့် နှစ်အနည်းငယ်အတွင်း အလုပ်လုပ်စားရမယ့်ပုံစံတွေပြောင်းသွားတော့မှာ မြင်နေရပြီ…။ 🙁

  • mocho

    August 11, 2012 at 11:57 pm

    မြန်မာပြည် ပြန်ပြီး စီးပွားရေး လုပ်မယ် ချည်းပဲ အော်နေတဲ့ အိမ်က လူကြီး ကို ဖတ်ခိုင်း ရမဲ့ ပိုစ့် လေးကို ပြန်လည် ဝေမျှ ပေးတဲ့ အတွက် ကျေးဇူးပါ။

  • ဆူး

    August 12, 2012 at 12:05 pm

    အသိုင်းအဝိုင်း တခု ကနေ ထွက်လာတဲ့ စကားတချို့ ရှိတယ်..
    ရွှေခေတ်က လုပ်စားရတာ လွယ်သလောက် စိန်ခေတ်မှာ လုပ်စားရ ခက်လာတယ် ဘာလုပ်ရမှန်း ကို မသိဘူးဗျာ… တဲ့ကွယ်..

    ချမ်းသာတဲ့ လူက ချမ်းသာမြဲပါပဲ.. ဆင်းရဲတဲ့ လူကလည်း ဆင်းရဲမြဲပါပဲ..
    ကြားထဲက လူကတော့ တက်မလား ဆင်းမလား.. ကြားထဲမှာပဲ ရှိမြဲ ရှိနေမယ် ဆိုရင်တော့ တော်တော် ရုန်းကန် နေရတယ်လို့ ထင်ပါကြောင်း။

Leave a Reply