မှန်လိုက်တဲ့ ဗေဒင်

may flowersAugust 10, 20121min10916

မချစ်စုတစ်ယောက်ဗေဒင်ကို ယုံကြည်ကိုးစားပုံများကတော့ အံ့မခန်းဖြစ်ရပါတယ်။ဘာလေးဖြစ်ဖြစ် ဗေဒင်လေး

သွားမေးလိုက်ရမှ ဘာလေးလုပ်လုပ်ဗေဒင်လေးမေးပြီးလုပ်မှ အဆင်ပြေတယ်ထင်တတ်တာလား။ တစ်နေ့တစ်

နေ့ဗေဒင်အကြောင်းပြောလိုက်ရမှ ထမင်းစားဝင်တယ်ထင်သူဆိုတော့ ဘယ်နေရာမှာ ဘယ်ဗေဒင်ဆရာက မှန်

လိုက်တာ၊ ကွက်တိပဲလို့ပြောများမပြောလိုက်လေနှင့် မချစ်စုကသွားပြီးသားပဲ ရောက်ပြီးသားပဲ။ ကြာတော့ သူ့

ယောက်ျားက စိတ်ဆိုးလာတယ်။ တစ်ခါလာလဲဒီဗေဒင်၊ နှစ်ခါလာလဲဒီဗေဒင်နဲ့ ဗေဒင်အမေးကောင်းလို့ ထမင်း

ချက်တာနောက်ကျဖူးပေါင်းများပြီ။ ဗေဒင်မေးဖို့ ကားခ ခရီးစရိတ်မရှိလို့ ချေးငှားသုံးပြီး လကုန်တော့အကြွေးသ

မားတွေလာလိ်ု့ အကြွေးဆပ်ရပေါင်းများပြီမဟုတ်လား။ဒါနဲ့  ချစ်စုယောက်ျားက နောင်ဗေဒင်မေးရင် အသိပဲ ဆို

ပြီး ကြိမ်းမောင်းထားတော့ မချစ်စု  ခုတစ်လောတော်တော်လေးငြိမ်နေရတယ်။ သူ့မယောက်ျားအကြောင်းကို

လည်း သူမကောင်းကောင်းကြီးသိတယ်လေ လူဖြောင့်စိတ်တိုသမားဆိုတော့ တော်ကြာအိမ်ပေါ်ကဆင်းခိုင်း

နေမှ ခက်ရချည်ရဲ့လို့ တွေးမိတာလည်းပါတာပေါ့။

ဒါပေမဲ့ တစ်ပါတ်ကျော်ကျော်လောက်ကြာတော့ မချစ်စုဈေးသွားရင်း သတင်းတစ်ခုကြားလာတယ်။ မှော်ဘီ

တိုက်ကြီးဘက်မှာ ဗေဒင်ဆရာတစ်ယောက်တော်တော်နံမည်ကြီးတယ်ဆိုပဲ။ သွားချင်လိုက်တာမှာ ပြောမပြော

ချင်တော့ပါဘူး။ သူ့ယောက်ျားကလည်းကြောက်ရ၊ ဗေဒင်ဆရာဆီကိုလည်း သွားချင်နဲ့ မချစ်စုတော်တော်လေး

စိတ်မသက်မသာဖြစ်နေလိုက်တာလေ။ ဒါနဲ့ စိတ်လေးဘာလေးများငြိမ်လိုငြိမ်ငြားဆိုပြီး နေ့လည်နေ့ခင်းဘက်

မှာ အဝတ်စုတ်ကလေးတွေကို ချုပ်နေလိုက်တယ်။ စိတ်ကတော့ ဗေဒင်ဆရာဆီမှာပေါ့။ စိတ်ကအပြင်ရောက်

နေတော့ (စိတ်မပါတော့) လက်ကို အပ်စူးမိပါလေရော။ ဒါနဲ့ယောင်ယမ်းပြီး အပ်ကိုလွှတ်ချလိုက်မိတယ်။

နောက်  မှအပ်ကိုပြန်ရှာတော့ ဘယ်လိုမှရှာလို့မရတော့ဘူးတဲ့..ဒါနဲ့ မချစ်စုလည်းဆက်ပြီး အဝတ်တွေမချုပ်

တော့ပဲ စိတ်ပျက်လက်ပျက်ထိုင်နေလိုက်တော့တယ်။ ဒီလိုထိုင်နေရင်း မချစ်စုမျက်နှာဝင်းကနဲ ဖြစ်သွားပြီး

ချက်ချင်းထ အဝတ်အစားလေးလဲကာ ကားဂိတ်ရှိရာကို ချီတက်လာခဲ့တော့တယ်။ သူမ ဦးတည်ရာကတော့

အရမ်းမှန်တယ်ဆိုပြီး နံမည်ကြီးနေတဲ့ ဗေဒင်ဆရာကြီးဆီကိုပါပဲ။

ဒါနဲ့ဗေဒင်ဆရာကြီးဆီကိုရောက်တော့ မချစ်စုအလှည့်ရောက်ဖို့ အရင်ရောက်နေတဲ့ သူနှစ်ယောက်လောက်ကို

စောင့်လိုက်ရတယ်။ ပြီးမှ မချစ်စုအလှည့်

ဗေဒင်ဆရာကြီးက မျက်မှန်ပေါ်ကနေကျော်ပြီး မချစ်စုကိုမျက်လုံးပင့်ကြည့်ပြီး နံမည်၊ အသက်၊ မွေးနှစ် အကုန်

မေးပြီး တွေ့မြင်သမျှကိုစပြီးဟောပါတယ်။ နောက်..ဟောလို့အပြီးမှာတော့ သိချင်တဲ့အကြောင်းအရာကို

မေးဆိုပြီးစကားဖွင့်ပေးတော့

“ဟုတ်ကဲ့ အဘ..သမီး  ဒီနေ့အပ်ချုပ်နေရင်း…အပ်လေးကျပျောက်သွားလို့ပါ….အဲဒါပြန်ရ..မရ သိချင်လို့ပါ”

ပေါ့…ဗေဒင်ဆရာကြီးက စာရွက်နဲ့ ဘောပင်ကိုင်ပြီး ဟိုခြစ်ဒီခြစ်ပြီးတော့ မချစ်စုကို လှမ်းကြည့်တယ်။ ပြီးတော့

“ မိန်းခလေး ရဲ့ အပ်က အိမ်အပြင်ဘက်ကနေရေရင် ရှစ်ခုမြောက်ကြမ်းပြင်နဲ့ ကိုးခုမြောက်ကြမ်းပြင်အကြားမှာ

ညပ်နေတယ်  သေသေချာချာရှာကြည့်…နောက်ပြီးတစ်ခုမှတ်ထားဦး”

လို့ဆိုပြီး စကားကိုခဏရပ်ထားလိုက်တော့ သိချင်စိတ်နဲ့ မရိုးမရွဖြစ်နေတဲ့ မချစ်စုက

“ဘာများပါလိမ့် ဆရာကြီး”

လို့ မစောင့်နိုင်ပဲ ဖြတ်မေးလိုက်ပါတယ်။ ပြောမှာပေါ့ ဆိုတဲ့အကြည့်နဲ့ ဆရာကြီးက ပြန်ကြည့်ပြီး

“တစ်ခုမှတ်ထား…ဒီအကြောင်းကို မိန်းခလေးရဲ့ ယောက်ျားကို မပြောမိစေနဲ့ မိန်းခလေးမှာ ပြင်းပြင်းထန်ထန်

ဒဏ်ရာရကိန်းမြင်တယ်”

လို့ ပြောပါတယ်။ ဒါနဲ့မချစ်စုလည်း ကိုယ်မေးချင်တဲ့ဗေဒင်ကို ယောက်ျားမရှိချိန်လေးပြေးမေးလိုက်ရတော့ စိတ်

ကျေနပ်မှုရသွားပြီး အိမ်ကိုပြန်လာခဲ့တာပေါ့လေ။ ရောက်ရောက်ချင်း ဆရာကြီးပြောလိုက်တဲ့ ကြမ်းပြင်နှစ်ခု

ကြားမှာရှာကြည့်တော့ တကယ်ပဲပျောက်နေတဲ့ အပ်လေးကိုပြန်ရှာတွေ့တော့ တော်လိုက်တဲ့ဆရာကြီး၊ မှန်

လိုက်တဲ့ ဆရာကြီးဆိုပြီး ဝမ်းတွေသာလို့ပေါ့။ ညနေ ယောက်ျားပြန်လာတော့ ဆရာကြီးမှာလိုက်တဲ့ ယောက်ျား

ကို ပြန်မပြောနဲ့ဆိုတဲ့ စကားကိုမေ့ပြီး သူမဗေဒင်ဆရာကြီးဆီကို သွားခဲ့ကြောင်း၊ အရမ်းမှန်လွန်းလို့ လက်ဖျား

ခါလောက်ကြောင်း၊ အပ်ပျောက်တာကအစ မှန်အောင်ဟောပြောနိုင်တဲ့ ဆရာကြီးဖြစ်ကြောင်း အားပါးတရကြွား

လုံးထုတ်ပြီး ပြောပြမိတော့တာပါပဲ။ ဒါနဲ့မချစ်စု ယောက်ျားက

“နင် အပ်ပျောက်တာကိုဆရာကြီးဆီသွားမေးတာ ဗေဒင်ခဘယ်လောက်ကုန်ခဲ့လဲ”

လို့ မေးတော့ ဗေဒင်ခ ၂၀ဝ နဲ့ ကားခ ၄ဝ ပေါင်း၂၄ဝ လောက်ပဲ ကုန်ခဲ့တယ်ပေါ့လေ။ ဒါနဲ့ ချစ်စု ယောက်ျားက

“ အပ်တစ်ချောင်းဘယ်ဈေးလောက်ရှိလဲ”

လို့ပြန်မေးတော့

ကြားဖူးတဲ့ ဟာသလေးကို ပြန်ပြီးပုံဖော်ရေးသားလိုက်တာပါ။

သုံးကျပ်လောက်တော့ ရှိမှာပေါ့တော့ ဘာလုပ်လို့လည်း”

လို့ မချစ်စုက မေးခွန်းပြန်ထုတ်ပါတယ်။ ဒါနဲ့ ချစ်စုယောက်ျားက သုံးကျပ်တန်အပ်လေးပျောက်တာကို နှစ်ရာ

ကျော်သုံးပြီး ဗေဒင်သွားမေးရလားဆိုပြီး မချစ်စုကို နားရင်းနှစ်ချက်ခန့်အုပ်ပြီးနှစ်ပေလောက်သာအမြင့်ရှိတဲ့

မြေစိုက်အိမ်လေးပေါ်မှ တွန်းချလိုက်တာ မြေကြီးပေါ်မှာ မချစ်စုခင်မျာခွေခွေလေးလဲကျနေရာက

“အောင်မလေး မှန်လိုက်တဲ့ဗေဒင်ဆရာတော့်” တဲ့လေ။

ကြားခဲ့ဘူးတဲ့ ဟာသအကြောင်းလေးကို ပုံဖော်ရေးဖွဲ့ထားတာပါ။

 

 

16 comments

  • aye.kk

    August 10, 2012 at 5:22 pm

    ပြောတိုင်းယုံကသင့်ဒုက္ခ။

  • ko khin kha

    August 10, 2012 at 7:10 pm

    ရွှေအပ်ပျောက်လို့ မေးတာဆိုလည်းအဟုတ်သား၊
    (အဲဒီမှာ ချစ်စုက ဒီလိုပြောရမှာ မေးချင်လို့မေးတာဟုတ်ပါဘူး ရှင်နင်းမီပြီး အနာဖြစ်မှာကို တွေးပူလို့ဆိုရင် ————–။)

  • အတိသဌ္ဇနာဂရ

    August 10, 2012 at 8:36 pm

    မေဖလားဝါးလေးရေ ဗဟုသုတရော၊ရယ်မောစရာအဖြစ်ပါ
    ခံစား ဖတ်ရှုသွားပါတယ်ဗျားးး

  • kai

    August 11, 2012 at 3:30 am

    တခါက.. ပြင်သစ်အဲယားဖရန့်လေယဉ်.. တောင်အမေရိကအသွား..ပင်လယ်ထဲပျက်ကျတယ်..
    ဘာကြောင့်မှန်းမသိတာမို့.. သိရအောင်.. လေယဉ်ထဲကခရီးစဉ်နဲ့လှုပ်ရှားမှုတွေမှတ်တမ်းတင်ထားတဲ့.. black box ကိုရှာကြတာပေါ့..
    အမှတ်မမှားရင်.. သူတို့တွေ. ပင်လယ်ထဲ.. အဲဒီသေတ္တာရဖို့.. .ဒေါ်လာသန်းချီသုံး…လူရာချီလုပ်အားသုံး.. ရှာကြရပါတယ်..

    ငအ,တွေနော..
    မြန်မာပြည်က.. ဗေဒင်ဆရာမေးလိုက်.. ဒေါ်လာ၁ထောင်ကုန်မှာတောင်မဟုတ်..

    ကွိကွိ..

    • shwe kyi

      August 11, 2012 at 10:11 am

      ဗရာကြော် သူကြီး။ မှန်လိုက်လေခြင်း။

      မမေဖလားဝါး ရေဟာသလေးအတွက်ကျေးဇူးပါ။

    • ster

      August 11, 2012 at 4:05 pm

      ဒီက ဗေဒင်ဆရာတွေက lat,long နဲ. မဟောတတ်ဖူးတဲ.။ 🙂

  • etone

    August 11, 2012 at 10:46 am

    မေဖလားဝါးရေ ….
    ဖတ်ပြီး ရယ်လိုက်ရလို့ stress တွေ နည်းနည်း ပြေလျော့သွားတယ် … ကျေးဇူးပါနော် … ။

    ဗေဒင်တွေ ဘာတွေကို အယုံကြည်မရှိပေမယ့် …..စိတ်ရဲ့ ထွက်ပေါက်အနေနဲ့ … တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ သွားမေးဖူးတယ် …. ။
    ဖိနပ်လည်းပျောက်ဖူးသလို … ပေါက်တတ်ကရ စကားတွေလည်း တတ်ခဲ့တယ် …. ။ ဗေဒင်ဆရာမရဲ့ လှုပ်ရှားဟန်တွေကိုပါ …. မျက်စိထဲမှန်လာပြီး .. သူငယ်ချင်းတွေ ဆုံတိုင်း …. အရွှန်းဖောက်နေကြမို့ …. မှန်တာ မမှန်တာ အပထား …. ရယ်နေရလို့ကို သွားဖြစ်ခဲ့တာ …. ။ 😀 😀

  • မောင်ပေ

    August 11, 2012 at 11:25 am

    ဗေဒင်
    ငွေမြင်
    လေပြင်
    အခြေအတင်
    ဟောတော့လေသတည်း။

  • R Ga

    August 11, 2012 at 11:57 am

    ဆင်ဖိုးထက် ချွန်းဖိုးက ပိုကြီးနေတယ်။

  • မဟာရာဇာ အံစာတုံး

    August 11, 2012 at 12:25 pm

    အိမ်ပေါ်က ယောက်ျား တွန်းချလိုက်လို့ ကျသွားတာတောင်မှ
    မှန်လိုက်တဲ့ ဗေဒင်ဆရာ … တဲ့ ..
    ပြောဖြစ်အောင် ပြောလိုက်သေးတယ် … 😀
    အားပေးသွားပါတယ်ဗျ ..

    ဒါနဲ့ စကားမစပ် ဗေဒင် ဆိုတာပတ်သက်လို့ ကြားဖူးတာလေး ရှိတယ်ဗျ ..
    အရင်တုန်းကတော့ ဗေဒင် သုံးပုံ လုံ ရှိတာမို့ ဟောရင် မှန်တာ များတယ်တဲ့ ..
    ဒါတောင် ဘုရားလောင်းကို နိမိတ်ဖတ်တော့ ပုဏ္ဏားလေး တစ်ယောက်ပဲ လက်ညိုးတစ်ချောင်း ထောင်နိုင်ခဲ့ပါတယ် …
    ခုများ အချိန်မှာတော့ဖြင့် ဗေဒင် သုံးပုံလုံးကို ထုံးလုံမွှေ ရေလိုနှောက် တတ်ကျွမ်းတဲ့ ဗေဒင်ဆရာတွေ အတော် ရှားလိမ့်မယ် ထင်တယ်ဗျ …

  • mayjuly

    August 11, 2012 at 12:35 pm

    ဗေဒင်တော့မယုံဘူး ….

    ဒါပေမယ့် မေးတော့မေးချင်သား …

    ဘာတွေပြောမလဲ သိချင်လို့ …

    • မဟာရာဇာ အံစာတုံး

      August 11, 2012 at 12:45 pm

      ဒီနှစ်ထဲမှာ မေဂျူလိုင်
      အန္တရာယ်တွေနဲ့ ကြုံကိန်း ရှိသတဲ့ ..
      အဲ့ဂလို မကြုံရလေအောင် ယတြာကတော့ ..
      ကြာသပတေးနံနဲ့စတဲ့ နာမည် ရှည်ရှည် ရှိသူကို ဂျစ်ပစ်လိုုက်ဘာဒဲ့ .. 😀

      • မောင်ပေ

        August 11, 2012 at 7:29 pm

        “ မောင်ပေပေမောင်မောင်ပေ ” ဆိုတဲ့ တစ်ယောက်က အသင့်လျော်ဆုံးပါပဲဗျား
        ကြာသပတေးနံ နဲ ့စပြီး ကြာသပတေးနံနဲ ့ဆုံးတယ်
        နာမည်ကလဲရှည်တယ်
        ဘာလိုသေးလဲ ဂျူလိုင်လေးရာ..
        ဟီဟိ

  • may flowers

    August 11, 2012 at 1:01 pm

    ခုမှ ကိုယ်တင်တဲ့ပိုစ့်ကို ပြန်ဖတ်ကြည့်မိတော့

    ကြားဖူးတဲ့ ဟာသလေးကို ပြန်ပြီးပုံဖော်ရေးသားလိုက်တာပါ။ ဆိုတဲ့ စာကြောင်းတစ်ကြောင်းက အပေါ်

    ကို ဘယ်လိုရောက် သွားလဲမသိဘူး..လုပ်တတ်တဲ့သူ၊ ပြင်တတ်တဲ့သူတွေ ပြင်ပေးပါဦးဗျို့။

  • manawphyulay

    August 11, 2012 at 1:07 pm

    ဒီလိုလူမျိုးတွေရှိနေသေးတော့လည်း ဗေဒင်ဆရာတွေ ထမင်းမငတ်တော့ဘူးပေါ့ ဟုတ်လား

  • may flowers

    August 11, 2012 at 1:57 pm

    လာရောက် ဖတ်ရှုအားပေး ကော့မန့်ပေးကြကုန်သော သူကြီးနဲ့တစ်ကွ aye.kk ၊ manawphyulay ၊

    မဟာရာဇာ အံစာတုံး ၊ mayjuly ၊ R Ga ၊ မောင်ပေ ၊ etone ၊ shwe kyi ၊ အတိသဌ္ဇနာဂရ နဲ့

    ko khin kha တို့ကို ကျေးဇူးအထူးတင်ပါတယ်ရှင်။

Leave a Reply