ဝှက်မထားနဲ့ .. ထုတ်ပြလိုက်ပါ

ကျွန်တော် မိုးလင်းတော့ ..
လူတွေ ဆီမှာ လက်နက်တစ်ခု လိုက်ရှာတယ်..
ကျွန်တော့ လက်နက်ကို စတင် ထုတ်ပြလိုက်တဲ့ အချိန် ..
သူတို့ဘက်ကလဲ .. ပြန်ပြီး တုံ့ပြန်လာကြတယ်..
အချို့ကလဲ အဲဒီလက်နက်ထွက်လာဖို့အတွက်
တမင်တကာ ရန်စက်ကွင်း တစ်ခု ဖန်တီးပေးခဲ့ရတယ်.. ။

ကျွန်တော် သဘောကျတယ်..
အဲဒီလက်နက်ကိုင်ဆောင်ထားတဲ့ ဘယ်သူ့ကိုမဆို 
ကျွန်တော် လေးစားတယ်.. 
အချို့ဆို ကိုယ့်လက်နက်ကို မပိုင်ဆိုင်ပဲ …
မာန်သာ ထုတ်နေတယ် 
အားမပါသလိုပါပဲ … ။ 

သူတို့ကိုတော့ အားနာတယ်… 
ကောင်းကင်ကို ဇောက်ထိုးလုပ်ကြည့်မှ
သူတို့ဆီက လက်နက်ကို မြင်ရတယ် ..
သဘာဝ က ပေးတဲ့ လက်နက် 
ဖန်တီးမှုတစ်ခု မပါတဲ့ လက်နက်
နူးညံ့ပျော့ပျောင်းတဲ့ လက်နက် 
တည်ငြိမ်အစွမ်းထက်တဲ့ လက်နက် ..
ကြည်နူးမှု တစ်ခု အတွက် နိဒါန်း 
ဒါဆို ဒီလက်နက် ..
ဘာလို့ ဖွက်ထားဦးမှာလဲ …
ရဲရဲဝံ့ဝံ့ .. လောကကြီးကို ..
ပြုံးပြလိုက်စမ်းပါ …။ 

 

(ကျွန်တော်ထင်တယ်.. ကျွန်တော့ လက်နက်ကို .. ဘာကြီးလား .. ညာကြီးလား ဆိုပြီး မထင်သွားကြနဲ့နော် ..။ အပြုံး .. အပြုံး တစ်ခုက အင်မတန်မှ အစွမ်းထက်တဲ့ လက်နက်ပါ..။ )

တစ်ဇောက်ကန်း

26 comments

  • P chogyi

    August 11, 2012 at 9:33 am

    ကိုခင်ခ ကပြောတယ်
    ကျောင်းအုပ်ကြီးဆူတာကို
    ပြုံးပြမိလို့ စိတ်ဆိုးသွားတယ်တဲ့။
    ခွေးရူးလိုက်ကိုက်တုန်း ပြန်ပြုံးပြရင်လဲ
    ကျိန်းသေအကိုက်ခံရမှာ
    အဲဒီလက်နက်အဆင်မပြေလောက်ဘူးထင်တယ်နော်။

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      August 12, 2012 at 6:28 pm

      လောကကြီးကို ပြုံးခိုင်းတာလေ.. ခွေးလိုက်လို့ ပြုံးပြရင် ခွေးက ဖြဲပြမှာပေါ့ ..။ သွား .. ပြောပါတယ်..။ ကျောင်းအုပ်ကြီး စိတ်ဆိုးနေတော့လဲ စပ်ဖြဲဖြဲ မပြုံးပြပဲ .. ရှက်ပြုံးလေးလိုလို မျက်နှာငယ်ပြုံးလေးနဲ့ .. သနားလောက်အောင် မျက်လုံးလေး အရည်လဲ့နေအောင်ထိ ကြည့်ပြီး ပြုံးပြလိုက်ရင် အဆင်ပြေမှာပါ ..။ လက်နက်ကို အသုံးချပုံလဲ လိုသေးတယ်လေ..။ 🙂

  • မောင်ပေ

    August 11, 2012 at 9:54 am

    ဒီလိုရှိတယ်ဗျ..
    ပြုံးသင့်တာလဲမှန်သလို ပြုံးတာကလဲ အရမ်းကောင်းပါတယ်
    တစ်ခုရှိတာက
    ကိုယ့်ရှေ ့မှာပေါ့… သီလရှင်ဆရာလေးတစ်ပါး ချော်လဲတာမျိုးကို ကြုံရတဲ့အခါမျိုးကြ ပြုံးပြပြန်လို ့မဖြစ်တာလဲ တစ်မျိုးပေါ့
    နောက်…
    ကိုယ့်အလုပ်ရှင်က အကြောင်းတစ်ခုခုနဲ ့ဒေါသအရမ်းထွက်နေတဲ့အချိန်မျိုး ကိုယ်ကသွားပြုံးပြလိုက်ရင်လဲ သူ ့ဒေါသက အထွဋ်အထိပ်ကို ရောက်သွားနိုင်ပြီး…

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      August 12, 2012 at 6:30 pm

      အကို မောင်ပေရဲ့ .. ဒါကတော့ ဒီလိုရှိတယ်လေ.. သီလရှင်လေး ချော်လဲသွားရင် ပြန်ပြီးတော့ ထူပေးပြီးတော့ ကိုယ့်ဘက်က ပြုံးပြလိုက်ပြီး .. ဆရာလေးရယ် သတိထားမှာပေါ့ ဆိုရင် သူလဲ မချိပြုံးလေးနဲ့ .. ဘယ်လိုဖြစ်သွားတယ် မသိပါဘူးဆိုပြီး .. ဟက်ဟက်ပက်ပက်တောင် ရယ်သွားဦးမယ်..။ လက်နက်ကို ထုတ်သုံးပုံလေး လိုသပေါ့..။ 🙂

  • ရွှေတိုး

    August 11, 2012 at 10:11 am

    ဘာလက်နက်ပါလိမ့်လို ့ တထိတ်ထိတ်နဲ ့ ဖတ်လိုက်ရတာ တော်သေးတယ် ့အပြံ ုးဖြစ်နေလို ့ ______
    တိုးလေးလဲ အဲ့လက်နက်ကိုသဘောကျပါတယ်။ခင်မင်ရင်းနှိံးဖို ့ အကောင်းဆုံးလက်နက်ပါပဲ. ့

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      August 12, 2012 at 6:31 pm

      ကျွန်တော်ပြောပါတယ် .. ကြည့် အဲဒီလိုကြီးကို တွေးထည့်လိုက်တာပဲ ..။ ပြုံးမိသွားတယ်ဆိုရင်ပဲ .. အမြတ်ပါ..။ 🙂

  • ahnyartamar

    August 11, 2012 at 10:51 am

    အပြုံးနဲ့ အိပ်ယာမှနိုးထပေါ့…ဟုတ်လား

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      August 12, 2012 at 6:32 pm

      မဟုတ်ဘူး.. ပြုံးပြုံးလေးကို အိပ်တာ..။ 😀

  • manawphyulay

    August 11, 2012 at 11:47 am

    လောကကြီးကို ရဲရဲဝံ့ဝံ့ ပြုံးပြချင်ပေမယ့်
    ပြုံးလိုက်တဲ့အခါ
    မချိပြုံးဖြစ်နေရင်ကော ဘယ်လိုလုပ်မလဲ

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      August 12, 2012 at 6:34 pm

      မချိပြုံးဆိုတာ .. ကိုယ့်အနားမှာ အပြုံးတွေ ပျောက်နေလို့ ဖြစ်ရတာပါ ..။ မချိပြုံးပဲ ဖြစ်ပါစေဦး .. ကိုယ်ပြုံးလိုက်တဲ့ အခါ .. ကိုယ့်အနားမှာ အပြုံးတွေ ပွင့်ဝေလာရင် .. ဟိုကြော်ငြာလေးလိုပေါ့ … ဘယ်လိုပြောရမလဲ .. ဘယ်လိုပြောရမလဲ .. 🙂

  • maung khinmin

    August 11, 2012 at 1:00 pm

    တစ်ဇွတ်ထိုး တို ့ကတော့ ….

    တစ်ဇွတ်ထိုးကို ရေးချလိုက်တာပေါ့ …. ဘာလိုလိုညာလိုလို

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      August 12, 2012 at 6:35 pm

      လူရိုးလေးပါ .. အဲဒီလိုကြီး ထင်ပါနဲ့ .. 😛

  • မဟာရာဇာ အံစာတုံး

    August 11, 2012 at 1:35 pm

    အဟီးးးးးးးးးး
    အဲ့ဒီလို ကျနော့်ရဲ့ လက်နက် (ပြုံး) ကို ထုတ်ပြလိုက်တဲ့အခါ
    ကောင်မလေးက သူ့ကိုယ်သူ မလုံမလဲ ဖြစ်သွားဟန် တူပါတယ် ..
    ပြီးတော့ ကျနော့်ကို ပြန်ပြီး ကြည့်တယ် ..
    သူ့အကြည့်က လက်နက်ရဲ့ ဆန့်ကျင်ဘက်
    စွေသော အကြည့်တွေနဲ့ …
    လက်နက် ထုတ် မတတ်တာ ပြောဘာဒယ် … 😀

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      August 12, 2012 at 6:37 pm

      ဟဲဟဲ .. ကျွန်တော် ထင်တယ်.. လက်နက်ကို အားကိုးပြီး မျက်လုံးကြီး ပြူးပြလိုက်တယ်နဲ့ တူတယ် ..။ အဲဒီတော့ ဟိုကလဲ မျက်လုံးချင်း မဆုံရဲတော့ပဲ .. ထောင့်ကို ကပ်သွားတာ နေမှာပါ ..။ တစ်ဖက်လှည့်ပြီး လက်နက်ကို ထုတ်ချင်ထုတ်လိုက်မှာ ..။ မမြင်လိုက်တာနဲ့ တူပါတယ်..။

  • mayjuly

    August 11, 2012 at 1:37 pm

    မိန်းကလေးတွေအတွက်ကတော့ လူတိုင်းကို ထုတ်မပြသင့်တဲ့အရာပါ ..(အပြုံးကိုပေါ့နော်) ..

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      August 12, 2012 at 6:41 pm

      ဒါကတော့ ပြုံးပုံ ပြုံးနည်းနဲ့ ဆိုင်သေးတယ်လေ..။ ကိုယ့်ချစ်သူကို ပြုံးပြတော့ မျက်လုံးလေး တစ်ဝက်လောက်ပဲ ဖွင့် ခေါင်းကို ငုံ့ နှုတ်ခမ်းလေး ကွေးရုံလောက် ပြုံး ။ အဲ .. ကိုယ့်ကို ပြူးကြည့်နေတဲ့ လူတွေအတွက်ကျတော့ ဘီလူးပြုံးလေး ပြုံးပြရမှာပေါ့ ..။ ကိုယ့်ကို ရန်လိုနေတဲ့ သူတွေအတွက်ကျတော့ ဝင်းဦးပြုံးလေးနဲ့ လှလှပပ ပြန်လည် ချေပတတ်ရမှာပေါ့ ..။ ပြောပါတယ်.. ပြုံးပုံ ပြုံးနည်းနဲ့ပဲ ဆိုင်ပါတယ်ဆို..။

  • ရဲစည်

    August 11, 2012 at 3:38 pm

    ကျနော်လဲ မနက်ခင်းတင် မဟုတ်ဘူး တနေ့လုံးတညလုံး ပြုံးနေရတယ်
    (တလောကမှ လေဖြန်းသွားလို့)
    ကျနော့် အပြုံးတွေ မလှပေမဲ့ မျက်လုံးအိမ်ထဲက မျက်ရည်ကြည်တွေက ဒါဟာ အမှန်တကယ်မို့ သက်သေပါ
    (မျက်သားတွေတက်ပီး ယားကျိကျိနဲ့ တိမ်စွဲနေပီလေ)
    တခါတလေမှာ အားလုံးအတွက်ရော ကိုယ့်အတွက်ပါ ဟက်ဟက်ပက်ပက် ရယ်ပေးချင်ရဲ့
    (ဒါပေမဲ့ သွားတွေမရှိတော့ ရှက်သလိုလို နာကျင်ကြေကွဲ သလိုလိုဘဲ)

    ဒီနေ့ ……………………………..
    ကျနော် အကောင်းဆုံး လုပ်နိူင်ခဲ့ပီ
    မျက်လုံးကို ဖွဖွမှိတ်
    နှုတ်ခမ်းတွေက တွန့်ကွေးယုံ ပြုံးလိုက်
    ခဟဟ ရယ်မောလိုက်ပီး
    လက်နှစ်ဘက်ကို ရင်ဘတ်ပေါ်ယှက်လို့
    နောက်ပြန်လှည့်မကြည့်တော့တဲ့ အချိုးနဲ့
    လောကကို နှုတ်ဆက်ကြောင်း …….

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      August 12, 2012 at 6:43 pm

      ကျွန်တော့ မျက်လုံးတွေ အရည်တွေလဲ့ .. မျက်ရည်လုံးတွေ ကမာ္ဘ့အကြီးဆုံး ဘူးသီးလုံးလောက်ကျ .. ကိုယ့်ရင်ဘတ်ကို ဖိ .. ကိုယ့်နဖူးကိုယ်ရိုက် .. ဇီးရွက်လောက် မျက်နှာလေးနဲ့ ညှိုးငယ်စွာ ပြုံးပြလိုက်ပါတယ်..။ သွားလေသူ စိတ်ဖြောင့်အောင်လို့ ..။ 😀

  • kotun winlatt

    August 11, 2012 at 3:43 pm

    အဟိ..ကျနော်ကြားဘူးတာလေးးပြောမယ်နော်…
    ဒီလူ..ပြုံးနေသည်…လိမ်တော့မည်..သတိထားးးးး
    ဆိုလားးးးဆိုလားးးး အဲ့ဒီတော့ကာ…..အဟိ….

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      August 12, 2012 at 6:45 pm

      လက်နက် တစ်ခုပါဆို .. အောင်မြင်မှု တစ်ခုအတွက် ဒီလက်နက် က ဘယ်လောက် အရေးပါတယ်ဆိုတာ .. သိရဲ့သားနဲ့ .. သူလိမ်တော့မယ်ဆိုတာ သိရင် ကိုယ်ကလဲ ပြုံးပြုံးလေးနဲ့ ပြန်လိမ်ပေါ့ ..။ အော်.. ခက်ပ .. ပြုံးတတ်ဖို့ပဲ လိုတယ်…။ 😛

  • aye.kk

    August 11, 2012 at 4:24 pm

    လက်နက်တခုလို..
    အသုံးချတဲ့အေးစက်တဲ့အပြုံးဟာ..
    ကြောက်စရာကောင်းလွန်းလှပါတယ်။

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      August 12, 2012 at 6:47 pm

      အလိုလေး .. လက်နက်တစ်ခုလို အေးစက်တဲ့ အပြုံးက ကြောက်စရာကောင်းတယ်.. ဟုတ်စ .. အမှန်တစ်ကယ် နွေးထွေးစွာ ပြုံးတတ်တဲ့ အပြုံးက အင်အားပိုကြီးပါတယ်..။ အေးစက်နေတဲ့ အပြုံးကို နွေးထွေးတဲ့ အပြုံးနဲ့ ဥပေက္ခာ ပြုပေးလိုက်ပေါ့ ..။ မဲ့ပြရင် အဲဒီအပြုံးက အင်အားကြီးသွားမှာပေါ့ ..။

  • metallic

    August 11, 2012 at 8:12 pm

    “အပြုံး” ဆိုတာ ဒဂုန်တာရာရဲ့ စကားလုံးဆိုလားမသိ ဖတ်ဘူးသလိုပဲ
    အ+ပြုံး = အပြုံး ဆိုတာမပေါ်ခင်ကတည်းက (ကမာ္ဘဦးတည်းက လူတွေပြုံးလာခဲ့ကြတာ)
    ခုထိပြုံးကြတုန်းပဲ

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      August 12, 2012 at 6:50 pm

      ငြိမ်ချမ်းခြင်း အမှတ်သင်္ကေတ တစ်ခုပါဗျာ..။ အ လို့ ပြုံးတယ်လို့ မထင်စေချင်ဘူး..။ 🙂 လူလည်ပြုံးတွေလဲ မြင်ဖူးတယ်ဟုတ် ..။

    • တစ်ဇောက်ကန်း တစ်ဇွတ်ထိုး

      August 12, 2012 at 6:50 pm

      ဖျား .. ဖျား … ဘာကြီးပါလိမ့် .. 😀

Leave a Reply