၁။ လူတွေဟာ လူ့ရဲ့ပြဿနာကို လက်ခံရမှာပါ…အဲဒီမှာရှေးကလို ရှင်မောဂ္ဂလန် ဘယ်လိုဝဋ်လိုက်တယ်ဆိုတာမျိုးနဲ့ မရှင်းရပါဘူး…လူမှာ ဘယ်ဝဋ်လိုက်တယ်သာ မြင်အောင်ကြည့်ပြီး ပြင်ဖို့ လုပ်ရမှာပါ…

၂။ ဆေးပညာရဲ့ မှားယွင်းမှုများကို လူသိရှင်ကြား မဖေါ်ထုတ်ရဲ့ခြင်းဟာ ဆေးပညာဖွံ့ဖြိုးမှုကို နောက်ကျစေတယ်.. ထို့အတူ သဘောတ တရားမှား တခုကို လူသိရှင်ကြား မဖေါ်ထုတ်ရဲ့ခြင်းဟာလည်း… မှန်ကန်တဲ့ သစ္စာတရား…ကွယ်ပျောက်ဖို့.. အကြောင်းတရားတွေဘဲ…

၃။ အရိယာဟာ ကံအမြင်မှန်မမှန်နဲ့ ဖြစ်မဖြစ်ပိုင်းခြားရမှာဘဲ…ကံအမြင်မမှန်ရင် အရိယာလို့ ထင်စရာတွေ ဘာတွေရှိရှိ အနရိယာ ပုထုဇဉ်ဘဲ…ကံ အမြင် သိသိ ထင်ထင် အမြင်မှန်ရင် အရိယာဘဲ…

၎။ ပရမတ္တသံဃာ ဖြစ်ချင်ရင် ပရမတ်ကို ၀ိပဿနာရှု့ဖို့ဘဲ… အရိယာ သံဃာဖြစ်ချင်တော့ သံသရာကို ဘာဝနာရှု့ရလိမ့်မယ်…

၅။ ပရမတ်မှာ ဖြစ်ပျက်ရှိသလို… သံသရာမှာလည်း ဖြစ်ပျက်ရှိတာဘဲ…ဒါပေမဲ့ သံသရာရဲ့ ဖြစ်ပျက်ကတော့ ဓါတ်ခဲနာရီရဲ့ စက္ကန့်ကပြတဲ့ အစက်ကလေးခုန်ပြနေသလို ဖြစ်ပျက်ကို ပြမှာမဟုတ်ဘူး…ကိလေသာက…ကံအ ဖြစ်ပြောင်း…ကံက ၀ိပါက် အဖြစ်ပြောင်း…၀ိပါက်က ကိလေသာ အဖြစ်ပြန်ပြောင်း နေတဲ့ အဖြစ်အပျက်ပြတာကို မြင်ရလိမ့်မယ်…

၆။ ပြုပြင်မပေးတာနဲ့…ပြုပြင်မခံတာဟာ လူ့လောကကို နှစ်နာစေတယ်..

ရ။ ပြုပြင်ခံလို့ ကျဆုံးမှာထက် ပြုပြင်မခံလို့ ကျဆုံးမှာက ပိုမြင်စရာဖြစ်ရင်…ပြုပြင်ခံ
ရမှာ ကြောက်တာကို လွန်မြောက်မှာပါ…

၈။ လူသားတွေဟာ ဘာသာတရား အတွက်ဖြစ်သင့် သလား?…
ဘာသာတရားဟာ..လူသားတွေ အတွက်ဖြင့်သင့် သလား?…
ဘာသာကောင်းစားဖို့ လူတွေကထောက်ကူပြုရမှာလား?…
လူသားတွေ ကောင်းစားဖို့ ဘာသာတွေက ထောက်ကူပြုရမှာလား?…

၉။ နိုင်ငံအုပ်ချုပ်သူ အာဏာဟာ အားရှိတဲ့ သူတွေရဲ့ လက်ထဲမှာရှိတဲ့ အရာဘဲ.. အချော့အမော့အားလား?..အခြောက် အဟောက်အားလား?…တနည်းနည်းနဲ့ အားရှိအောင် လုပ်နိုင်သူတွေဘဲ အာဏာရှိကြတယ်..အဲဒီအာဏာရှိသူတွေဆီက အာဏာကို နောက်ထပ်အားရှိသူပေါ်လာရင် လုယူတာဘဲ…ပေါ်မလာရင် နောက် လူကိုလွှဲပေးတာပေါ့…အဲဒါလူတွေရဲ့ ရှေးအတီတေကစတဲ့ လူ့ဖြစ်စဉ်တွေဘဲ…

၁၀။ အစွဲဟာ စွဲတဲ့ လူကို ဒုက္ခပေးတာဘဲ…ကိုယ့်မှာအားမရှိဘဲနဲ့…အစွဲဘဲဝင်နေ ရင် အားရှိတဲ့ အုပ်ချုပ်သူနဲ့ ဖက်ပြိုင်ပြီး အနိုင်မရဘဲ..အရှုံးဘဲရမှာဘဲ…

About Ko out of...

Ko out of... has written 91 post in this Website..

   Send article as PDF