အလွန်ကောင်းသော video ပါ။

ပုိင္ေလးAugust 11, 20121min37121

အလွန်ကောင်းသော videoပါ။

အစ အဆုုံးသေသေချာချာကြည်ကြည့်ပါ။  ကုုလားပါလိုုမကြည့်ပဲမနေပါနဲ့ ပြီးလျှင်သေချာ သုုံးသပ်ပါ….သူလောက်နိုုင်ငံတော်ချစ်ရဲ့လား….လေးစားရဲ့လားလိုု

http://www.youtube.com/watch?v=Qeqs3BObXY8&feature=related

ရုုပ်ရှင်ရုုံထဲမှာ နိုုင်ငံတော်အလံနှင့် နိုုင်ငံတော်သီချင်း ဖွင့်တာ မဖွင့်တာ သူအလုုပ်။ ကိုုယ်က မိမိနိုုင်ငံတော်ကိုု ချစ်ရင် ဘယ်နေရာရောက်ရောက် သီချင်းသံကြားတာနဲ့ အရိုုသေပေးရမှာ ဘယ်သူတာဝန်လည်း??????

လွတ်လပ်စွာ ကွဲလွဲနိုုင်သည်။

21 comments

  • Foreign Resident

    August 11, 2012 at 2:15 pm

    အလံကို အလေးပြုစေချင်ရင် ၊
    အလေးပြုချင်စိတ် ပေါ်လာအောင် ၊
    အဲဒီ Feeling ရအောင်လုပ် ။

    ” အလေးမပြုရင် အရေးယူမယ် ” ဆိုပြီး ၊
    မာရေကြောရေ လာပြောနေလို့ကတော့ ၊
    ဒီတစ်သက် ရုပ်ရှင်ရုံမှာ လာမကြည့်ဘူး ။
    အလေးပြုခိုင်းတဲ့ အဝတ်စကို ချတောင်နင်းလိုက်ဦးမယ် ။

    အဝတ်စလေးမှာ ကြိုက်သလို ဆေးရောင်ချယ်ပြီး ထားတာကို ၊
    ဘာမဆိုင် ညာမဆိုင် လေးလေးစားစား ဦးမညွတ်နိုင်ဘူး ။

    • ပိုင်လေး

      August 11, 2012 at 2:34 pm

      မကြိုက်သော်လည်း ယခုုအခါတွင် ထိုုအလံသည် မြန်မာနိုုင်ငံအထိန်းမှတ်ဖြစ်သောကြောင့် လေးစားကြပါရန် မေတ္တာရပ်ခံပါသည်။.

    • ပိုင်လေး

      August 11, 2012 at 2:39 pm

      မိမိနိုုင်ငံတော်အလံကိုု မိမိမှ မလေးစားလျှင် မည်သူလေးစားမည်နည်း။ မိမိမှ မမြတ်နိုုးလျှင် မည်သူ မြတ်နိုုးမည်နည်း။

      • Foreign Resident

        August 11, 2012 at 2:45 pm

        အခုလောလောဆယ်တော့ ၊
        လေးလဲ မလေးစားဘူး ၊ ရွံရှာမုန်းတီးမှုလည်း မရှိဘူး ။
        အေး ၊ ရှေ့လျှောက် လေးစားလာမလား ၊ မုန်းတီးသွားမလားကတော့ ၊
        ရှေ့လျှောက် တွေ့ရတဲ့ အခြေအနေပေါ်မှာပဲ မူတည်တယ် ။

        • ပိုင်လေး

          August 11, 2012 at 3:16 pm

          အော်…ပျက်စီးချင်း။ အထက်သည် ကောင်းသည် မကောင်းဖြစ်စေ။ အောက်ချေကမခိုုင်မြဲ မစည်းရုုံး မချစ်ခင်ကြရင် မည်သည့်မျှမအောင်နိုုင်။ ပျက်စီးချင်း…ပျက်စီးချင်း။ မိမိနိုုင်ငံကိုု ချစ်မှ လေးစားမှ အားလုုံးစည်းရုုံမှ မည်သူမျှ မကျူးကျော်နိုုင် မဆော်ကားနိုုင်ပါ။

        • water-melon

          August 11, 2012 at 9:23 pm

          ဘဘကီး အက်ဖာက တော်တော်ကျယ်တာဘဲ
          ဘာကျယ်တာလဲတော့မသိဘူး
          ဟီ ဟီ ဟီ ဟီ

    • water-melon

      August 11, 2012 at 9:22 pm

      Feeling တော့ စာလုံးပေါင်းတတ်သားဘဲ
      ဟဲဟဲ ဟဲဟဲ ဟဲဟဲ ဟဲဟဲ ဟဲဟဲ ဟဲဟဲ ဟဲဟဲ ဟဲဟဲ ဟဲဟဲ

  • မောင်ပေ

    August 11, 2012 at 6:53 pm

    အခုခေတ်မှာ နိုင်ငံကိုချစ်ကြောင်း ပြနိုင်တဲ့ အလွယ်ဆုံးသော တစ်ခုထဲသောနည်းကတော့ နိုင်ငံတော် အလံ ကို အလေးပြုတာပါဘဲ…။ ကိုပိုင်လေးရေးထားသလိုပါဘဲ… ဘယ်အစိုးရလက်ထက်မှာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကိုတော့ ကိုယ်ချစ်ရမှာပါပဲ ။
    လွတ်လပ်စွာ ကွဲလွဲကြပါ

    • water-melon

      August 11, 2012 at 9:25 pm

      မှန်ပါ့ ကိုပေရယ်
      တချို့တချို့လူတွေများ
      နိုင်ငံခြားမှာနေနိုင်တယ်ဆိုပြီး
      ဘဝင်လေဟပ်နေတာ အများကြီးဘဲ

      • Foreign Resident

        August 12, 2012 at 3:51 am

        ကို ဖရဲ ရေ ။

        နိုင်ငံတကာကို ရောက်တဲ့လူတွေဟာ ၊ အမြင်ပိုပြီးပွင့်လင်းသွားတာ မှန်သော်လည်း ၊
        နိုင်ငံခြားမှာနေလို့ကျနော့်ရဲ့ အတွေးအခေါ်တွေဟာ ဒီလိုဖြစ်လာတာ မဟုတ်ပါဘူး ။
        အဓိက က Logical Thinking ( အကျိုးအကြောင်းဆင်ခြင်တွေးနည်း ) ကြောင့်ပါ ။

        အာဏာရှိ ၊ လက်နက်ရှိ လူတစ်စုက ၊
        သူတို့ဘာသာ စိတ်ကြိုက်ရွေးချယ်ထားတဲ့
        အဝတ်စ တစ်ခုကို ဆေးခြယ်ပြီး လေးစားခိုင်းတိုင်း ၊
        မလေးစားနိုင်ဘူး ဆိုတဲ့ သဘောတရားကိုပြောနေတာပါ ။

        ( တိတိကျကျပြောရရင် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဇင်ဝိုင်း အခုပြောနေတဲ့
        ” အလေးမပြုရင် အရေးယူမယ် ” ဆိုတဲ့ပုံစံ ကို မကြိုက်တာပါ )

        ကျန်တဲ့ ကိုဖရဲက Personal ဆန်ဆန်ပြောတဲ့ ကိစ္စတွေကိုတော့ ၊
        ကျနော် ဘာမှ မပြောလိုပါဘူး ။
        ဒါက ကိုဖရဲ သမိုင်းကို ကိုဖရဲ ရေးနေတာပဲလေ ။

  • garuda

    August 11, 2012 at 8:30 pm

    ဟုတ်ပါ့ ကောင်းတယ်နော်။ ကုလားပါလည်းကိစ္စမရှိပါဘူး။ ကျွန်တော်ငယ်ငယ်က ကုလားကား ကြိုက်ခဲ့ဘူးတယ်။ မြန်မာရုပ်ရှင်တော်တော်များများလည်း ကုလားအက ကို အတုခိုးခဲ့ကြတယ်လေ။ အခုတော့ ဟောလီးဝုဒ် က မဟုတ်ရင် ဘာကားမှ သိပ်စိတ်မဝင်စားတော့ဘူး း)

  • Liquid_Sn@ke

    August 12, 2012 at 5:59 am

    ခုပဲကြည့်ပြီးတယ် ….
    အလွန်ကောင်းတဲ့ … မဟာဗျူဟာမြောက် အုံးနှောက်ဆေးတဲ့ ရုပ်ရှင်တိုလေးပါ…

    ချစ်ပါတယ်ဗျ …လေးလည်း လေးစားပါတယ်…
    အလေးလည်း ပြုသလို …အရိုအသေလည်းပေးပါတယ်…

    အဲ .. ရုပ်ရှင်မပြခင် … ရုပ်ရှင်မကြည့်ရခင် နိုင်ငံတော်အိ ကျေးဇူးနှင့် သစ္စာကို စောင့်သိရိုသေပါအိ
    ဆိုတာမျိုး လာလာ ပြတာကတော့ … လွဲသလား လို့ဗျာ …ဆိုရှယ်လစ် ..အမွေဆိုး ကျန်နေသလားလို့ ။။။

    ကိုဘလက်ပိုစ့်မှာ ကတည်းကလည်းပြောပြီးသား ပါ … ချစ်ပါတယ်…
    ဆယ့်ရှစ်နှစ်သမီး ရည်းစားထားသလို … အားနေ ချစ်လာဟင် လာလာ မေးတာ တော့
    ရီလေးဗန့် မဖြစ် သလိုပဲ ….။

    ရုပ်ရှင်ရုံဆိုတာ ရုပ်ရှင်ကြည့်ဖို့ .. အပမ်းဖြေဖို့ထားတာလေ… …
    လွတ်လပ်ရေးနေ့လို ဟာမျိုးမှာ …သူများတွေနဲ့ မတူ ကိုယ့်အိမ်၁အိမ်ထဲ …
    အလံမထူမိလို့ ဒဏ်ရိုက်ရင် တမျိုးပေါ့ဗျာ …
    နည်းနည်း တော့ လွဲနေသေးတယ်…
    အပေါ်က အန်ကယ်ဖော ရဲ့ အတွေးကို လက်မထောင် ထောက်ခံသွားကြောင်း ပြောပါရစေ …

    ဗျို့ အဘဖောရေ ..
    သည်လူတွေ ….အနှီ အကျင့်တွေ စွဲနေရင်ကတော့
    အဟိ နောက်ဆို ..
    Fornication Under Christian King ဆိုတဲ့ ပုံစံမျိုး ခေတ်မျိုး အထိ စွက်ဖက်ခံရမလား …
    ကန့်သတ်ခံရမလား မဆိုနိုင်…

    😳
    အိုဘယ့် ရီပါ့ဘလစ်ကင်န် …

  • hein htet

    August 12, 2012 at 12:51 pm

    အဲလို ပြည်ပကအော်ကျယ် အော်ကျယ်လုပ်နေတဲ ့ကောင်တွေ…ပြည်ပက နေ လက်သီးလက်မောင်းတန်ပြီး..ပြည်တွင်းက ကိုယ့်လူမျိုးကို..ဘာမှမတတ်တဲ ့ငအတွေလို စိ်တ်ထင်ပြီး…ကိုယ့်ကိုယ် ကို အတွေးခေါ်တွေ အပြင်ရောက်မှ အရမ်းရင့်သန်လာတယ်ဟုထင်မြင်နေသော ဇီးသီးသည်မဗျိုင်းတွေကို တော်တော် စိတ်နာတယ်ဗျာ..မကျေနပ်ရင်လည်း.ကျုပ်ကို ထုတ်သာပစ်လိုက်တော့..ဒီအဖွဲ ့ထဲကနေ…လူတိုင်းတော့ဟုတ်ဘူးပေါ့ဗျာ.. ကိုယ့်နိုင်ငံတော် အလံကို လေးပြုတာ ဘာများခဲယဉ်းနေလို ့လဲ….စစ်ခွေးအုပ်စု(သန်းရွှေ)တို ့အဖွဲ ့ကိုမုန်းတာမုန်းတာပဲ…ဒါပေမဲ ့သန်းရွှေ တို ့လုပ်ထားတဲ ့အလံမို ့ကိုယ့်နိုင်ငံတော် အလံကို အလေးမပြုဘူးဆိုတာတော့ဟုတ်သေးဘူး..ဒီနိုင်ငံတော် အလံကြီးကို နိုင်ငံတကာကြားထဲမှာ သုံးနေတယ်..နိုင်ငံတကာဘောလုံးပွဲတွေ အားကစားပွဲတွေ.. သံရုံးတွေ..နေထူးနေမြတ်တွေမှာ သုံးနေတယ်..ကိုယ့်နိုင်ငံသားတွေ အားလုံး စိတ်တိုင်းကျ လုပ်ထားတဲ ့ရွေးချယ်ထားတာမဟုတ်ပေမဲ့..ကိုယ့်နိုင်ငံကို ခုလောလောဆယ်ကိုယ်စားပြုနေတယ်..အဝတ်စ တစ်ခု ပေါ်မှာ ခြယ်လှယ်ထားတဲ ့ဟာဆိုတာမျိုးတွေ မသုံးသင့်ဘူး..(အဲဒါတော့သိသင့်တယ်ထင်တာပဲ)..အဲတော့ဘာပဲဖြစ်ဖြစ်အလေးပြုသင့်တာပဲ..ဆိုတော့ကာ..အလေးမပြုချင်လည်းနေပေါ့လေ..အဲတော့လည်း ပြည်ပမှာ ကိုယ့်နိုင်ငံအလံကို မီးရှို ့ပြီးဆန် ့ဒ ပြနေတဲ့ ပြည်ပြေးတွေ..ပြည်ပအားကိုးနေတဲ့လူတွေ..စတဲ ့ စစ်အစိုးရ လက်ထက် က ဆောင်ပုဒ်တွေကို အမှန်တကယ်ရှိတယ်လို ့ထင်နေတဲ ့သူတွေ ပိုတိုးလာတာပေါ့.

  • ကိုရင်မောင်

    August 12, 2012 at 6:38 pm

    ပြည်သူတွေရဲ့ရင်ထဲကလေးစားလောက်တဲ့ အလံဖြစ်ဘို့အရေးကြီးတာပါ…….
    မြန်မာပြည်ကြီးလွတ်လပ်ရေးရစဉ်က လွင့်ထူခဲ့တဲ့….
    …ကြယ်ပွင့်ကြီး တလုံးကို ကြယ်လေး ငါးပွင့်က ခြံရံ လို့….
    …ကမာ္ဘမကြေသီချင်းနဲ့ဆို… အို…ဘာပြောကောင်းမလဲ..
    ခုမြင်ခုထရပ်လို့အလေးပြု့လိုက်မဲ့ဖြစ်ခြင်း…
    ….ခုလူငယ်တွေကသိချင်မှသိကြမှာပါလေ…….

  • ရာဇဝင်လူဆိုး

    August 12, 2012 at 7:30 pm

    အလံတစ်ခု ပုံစံပြောင်းလို့ ကောင်းစားသွားတဲ့ နိုင်ငံရှိရင် ကျနော်သိချင်ပါ၏။ အဓိက က အလံဆိုတာထက် နိုင်ငံသားတိုင်းစိတ်ဓာတ်တွေ ပြောင်းဖို့၊ တိုင်းပြည် နည်းမျိုးစုံနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့က ဒီအချိန်မှာ အရေးအကြီးဆုံးပါ။ ဘာကိုမှ မငြင်းချင်ပါ။ အလံမှ ပါဝင်တဲ့ အဓိပါယ်တွေ ကောင်းမှ နိုင်ငံတိုးတက်မှာမဟုတ်ပါဘူး။(ကျနော်တို့ အရွယ်တူ ကြယ်ဖြူ ၁၄ လုံးတွေ ဘာတွေပေါ့ ။ ဘာမှ ဖြစ်မလာခဲ့ပါဘူး )။ နိုင်ငံတော် အလံကို နေ့တိုင်း အလေးပြုရုံနဲ့ တိုင်းပြည်ဘာမှ ဖြစ်မလာပါဘူး၊ ဒါကတော့ သေချာတယ်။ ဒါပေမယ့် နိုင်ငံတော် အလံကို နေ့တိုင်း အလေးပြုပြီး ချမ်းသာနေတဲ့ သူတွေကတော့ ……?????:P။ ဒါပေမယ့် လူတိုင်းမှာ ကိုယ်ပိုင် သင်္ကေတ အဖြစ် လက်မှတ်တစ်ခုရှိသလို လုပ်ငန်းတစ်ခုမှာတောင် Logo တစ်ခု၊ ပုံရိပ်အမှတ်အသားတစ်ခုရှိစမြဲပါ။ ဘာအလံပဲဖြစ်ဖြစ် မြန်မာပြည်အလံဆိုတာတော့ တကမ္ဘာလုံးက ဒါပဲ အသိအမှတ်ပြုထားတော့ တစ်ခြားတိုင်းပြည်တွေ ရောက်တိုင် း၊ နိုင်ငံတော်သီချင်းကြားတိုင်း ကျနော် အလေးပြုပြုမိတယ်..။ ကျနော် ကို..မြန်မာဆိုတာသိအောင်..။ (ရှက်ဖူး…နောက်ဆို သူတို့ထက် ငါတို့ သာရမယ် စိတ်မျိုးသွင်းထားတယ်)။
    အလံကို အလေးပြုမှ တိုင်းပြည်ကို ချစ်တာ မဟုတ်သလို၊ အလံပြောင်းမှ တိုင်းပြည်ကောင်းစားမှာလဲ မဟုတ်ပါ။ အားလုံး ညီညီညွှတ်ညွှတ်နဲ့ တိုင်းပြည်ကို အကျိုးပြုနိုင်မယ့် ကိစ္စမှန်သမျျှ ကိုယ်တတ်နိုင်တဲ့ ဘက်ပေါင်းစုံက ဝိုင်းပြီး ကြိုးစားဖို့က အဓိကလို့ ထင်မိပါကြောင်း….။

  • ကိုရာဇဝင်လူဆိုး၏ ထင်မြင်ချက် ဖြစ်သော ဤ
    ““အလံတစ်ခု ပုံစံပြောင်းလို့ ကောင်းစားသွားတဲ့ နိုင်ငံရှိရင် ကျနော်သိချင်ပါ၏။
    အဓိက က အလံဆိုတာထက် နိုင်ငံသားတိုင်းစိတ်ဓာတ်တွေ ပြောင်းဖို့၊ တိုင်းပြည် နည်းမျိုးစုံနဲ့
    ဖွံ့ဖြိုးတိုးတက်ဖို့က ဒီအချိန်မှာ အရေးအကြီးဆုံးပါ။””
    အချက်ကို ထောက်ခံပါ၏။

  • ngamyo ngaaa

    August 12, 2012 at 11:02 pm

    နိုင်ငံတော်အလံ နိုင်ငံတော်သီချင်းဟာ ဟောင်းဟောင်း သစ်သစ် လေးစားရမှာပါ။မိမိနိုင်ငံ အပြင်ဖက်ရောက်ရင် ပိုသိသာပါတယ်။
    ဥပမာပြောရရင် တောင်ကိုရီးယားသမ္မတ မြန်မာနိုင်ငံလာတုန်းက အာဇာနည်ကုန်းမှာ ဗုံးခွဲခံရတယ်။တရားခံ ဖမ်းမိတော့
    ဘယ်နိုင်ငံသားမှန်း စစ်လို့မရဘူး ။နောက်ဆုံး နိုင်ငံတော်သီချင်းတွေဖွင့်ပြတော့ မြောက်ကိုရီးယားနိုင်ငံတော်သီချင်း
    ဖွှင်တော့တရားခံရဲ့ရင်ခုန်သံ မြန်လာလို့မြောက်ကိုရီးယားမှန်းသိရတယ်။ဒါ့ကြောင် နိုင်ငံတော်အလံနှင့်သီချင်းဟာ
    ရင်ထဲမှာစူးနစ်စွာရှိသင့်တဲ့အရာပါ။

  • kai

    August 13, 2012 at 2:04 am

    နိုင်ငံတော်နဲ့.. တိုင်းပြည်ရဲ့အလံအပေါ်အဓိပ္ပါယ်ဖွင့်ပုံ… ယူပုံတွေက.. ယူအက်စ်နဲ့ယှဉ်ကြည့်ရင်.. တော်တော့်ကိုလွဲနေတယ် ထင်မိတယ်..

    ထို်က်သင့်တဲ့..အပြန်အလှန်လေးစားမှု ( respect )အဓိပ္ပါယ်ပေါက်အောင်.. ဖွင့်ဆိုတာလည်း.. မတူဘူးဖြစ်နေတယ်ထင်မိတယ်..
    အမှန်တော့. .နိုင်ငံတော်ဆိုသည်မှာ.. အဲဒီနိုင်ငံမှာနေနေတဲ့.. “သင်”ကိုယ်တိုင်ပဲဖြစ်ကြောင်း…

    ဆိုတော့…
    ယူအက်စ်ရုပ်ရှင်ရုံတွေက.. ပုဂ္ဂလိကပိုင်တာပါ..
    နိုင်ငံတော်တော်များများလည်း..ရုပ်ရှင်ရုံတွေက ပုဂ္ဂလိကပိုင်ကြတာပါ..
    အဲဒီမှာ.. နိုင်ငံတော်အလံလွှင့်..နိုင်ငံတော်သီချင်းဖွင့်မယ်ဆို.. အဲဒီရုံပိုင်ရှင်ကို.. နိုင်ငံတော်က.. ကျော်ငြာခ..ပိုက်ဆံပေးရမှာပေါ့..
    ဘယ်ကဘက်ဂျက်နဲ့.. ဘယ်သူကပေးမှာလည်း…

    အဲဒီလိုလေးကနေ.. ချဲ့တွေးကြည့်ကြစေလိုကြောင်း..

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 13, 2012 at 10:06 am

    ဟနိုင်တဲဟာ ဟနိုင်တဲ သူ့နေရာနှင့်သူပေါ့ဗျာ
    နည်းနည်းလောက်ဝင်ပွရမယ်ဆိုရင် ကွိကွိ
    ရုပ်ရှင်တွေထဲလဲ ကြည့်ဘူးဂျပေမပေါ့ နိုင်ငံခြင်း စစ်ပွဲတွေမှာ အလံတော်ကို တန်ဘိုးထားပုံတွေ
    သက်ဆိုင်ရာ အစိုးရရုံးခန်းတွေမှာ အလံတော်နေရာထားပုံတွေ
    အိုလံပစ်ပွဲတွေမှာ အလံတော်တန်ဘိုးထားပုံတွေ
    ထပ်ပြောရရင်ဒေါ့
    ဟနိုင်တဲဟနိုင်တဲ 😀 သူ့နေရာနှင့်သူပေါ့ဗျာ
    ဥပမာဗျာ
    ကျုပ်အထင် ( ထင်ဒါ )
    အဲ့သည်နိုင်ငံတော်အလံတွေကို လက်ခံချုပ်လုပ်ပေးနေတဲ့စက်ရုံမှာဆိုရင်
    အလံတော်တွေဆိုတာ
    ခေါင်းအုန်းသော်လဂေါင်း
    အိပ်ရာခင်းသော်လဂေါင်း
    တစ်ခုခုကိုလှန်းလို့မမှီပါက အလံထုတ်ကြီးကို တက်နင်း၍သော်လဂေါင်း
    လက်သုတ်ဝတ်သော်လဂေါင်း
    ခြေသုတ်ဝတ်သော်လဂေါင်း လုပ်ဂျမယ်လို့ထင်ပါတယ်
    ဟနိုင်တဲဟနိုင်တဲ သူ့နေရာနှင့်သူ
    အလံတော်တစ်ခုဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ လွပ်လပ်ခြင်းသင်္ကေတပါ
    အလံမရှိတဲ့သူတွေအများကြီးပါ ဝေးဝေးမကြည့်နဲ့ ရခိုင်က ကလားတွေပါဘဲ
    ဒါ့ကြောင့်ဒီကောင်တွေ အလံခိုးခြင်နေတာ
    ( အရင်ကတော့ ကျုပ်လည်း သူတို့ဖက်က ရပ်တည်ပါတယ် ခုတော့ ဒီခွေးသူတောင်းစားတွေက
    အခြား ကလားနိုင်ငံကကောင်တွေအားကိုးနဲ့ ကျုပ်တို့ကို လာဖျဲခြောက်တော့ ဖတ်ကင်းစပ်ကင်းဘဲ )
    ( စကားချပ် )
    တစ်ခုရှိတာက လက်ရှိအလံကတော့ ခွေးမသားတွေဘာစောက်ရူးထပြီး လဲထားလဲသိဘူး
    သူက အစိုးရစိုတော့ သူသတ်မှတ်တာတဲ့အလံတော်က နိုင်ငံတော်အလံပေါ့ဗျာ
    ပြောရရင်လည်း ဒီကိစ္စတွေက ညှိုရတာတော့ခက်တယ်ဗျ
    အလံတော်ဆိုတာကလည်း တစ်ချိန်လုံး ဖင်ကုန်းပြီးအလေးပြုရမယ့်အရာကြီးမဟုတ်ပေမယ့်
    တစ်နေ့တာမှာ မနက်တစ်ကြိမ် ညနေတစ်ကြိမ် သက်ဆိုင်ရာနေရာတွေမှာ ကြုံရင်တော့
    အလေးပြုသင့်တယ်ဆိုရမလားဘဲ
    လက်ရှိအချိန်ကတော့ နိုင်ငံတော်အလံကို သဂျီးတို့နိုင်ငံတွေလိုသဘောထားလို့ရနိုင်ဦးမည်မထင်
    ထိုင်းမှာလုပ်ကြတာကတော့
    ပန်းခြံတွေမှာ အစိုးရရုံးတွေမှာ လော်စပီကာတွေနဲ့ မနက်ရှစ်နာရီ ညနေခြောက်နာရီ ဆို နိုင်ငံတော်သီခြင်းဖွင့်ရင်
    ကြားကြားသမျှသတ္တဝါလူတွေ ငြိမ်ငြိမ်နေ မတ်တပ်ရပ်အလေးပြုရပါတယ်
    ကျုပ်ကတော့ အဲ့သည်အလေ့ထလေးကိုကြိုက်တယ်
    တစ်နေ့မှ နှစ်ကြိမ်လေး ကြုံတဲ့နေရာမှာ နိုင်ငံတော်အလံကို အလေးပြုရတာ ဘာအပမ်းကြီးလို့လဲ
    ဒဂယ်ကျုပ်ပြောခြင်တာက
    ဟနိုင်တဲဟနိုင်တဲ
    သူ့နေရာနှင့်သူ

  • ဖိုးထောင်

    August 14, 2012 at 12:59 pm

    မိမိအချင်းချင်း(နိုင်ငံသားအချင်းချင်းကိုဆိုလိုပါသည်)သာ သဘောထားကွဲလွဲချင်ကွဲလွဲမယ် မတည့်ချင် မတည့်မယ် ဒါပေမယ့် အခြားတစ်စိမ်းနဲ့ပါတ်သက်လာရင်တော့ ကိုယ့်အမျိုး ကိုယ့်နိုင်ငံဘက်ကရပ်တည် မယ်ဆိုတာ ကျနော်တို့ရွာသားအားလုံးစိတ်ထဲမှာရှိနေမယ်ဆိုတာ ကျနော်သိပါတယ် ဆိုတော့…
    နိုင်ငံတော်အလံ၊ နိုင်ငံတော်အမှတ်အသား၊ နိုင်ငံတော်သီချင်းဆိုတာတွေက သက်ဆိုင်ရာအာဏာပိုင်တွေ ကသက်ဆိုင်ရာဥပဒေတွေနဲ့ ပညပ်ပြီးအတည်ပြုထားတာပါ တစ်ဦးတစ်ယောက်ကိုဖြစ်စေ၊တစ်သင်းတစ်ဖွဲ့ ကိုဖြစ်စေ မိမိနဲ့အကြောင်းမညီညွတ်လို့ အလေးဂရုမပြုဘူးဆိုသော်ငြားလည်း အရေးကြီးရင် သွေးနီးဆိုသလို အခြားအခြေအနေ အချိန်အခါတွေနဲ့နှိုင်းယှဉ်လာရင်တော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်မြေ ကိုယ့်ရေတွေဖက်က ရပ်တည်လာကြမယ်ဆိုတာသက်သေသာဓကတွေအများကြီးရှိ ပါတယ် ဥပမာ အဘဖောကိုပဲကြည့်လေ သူ အလံကိုဘာဖြစ်တယ် ညာဖြစ်တယ်ပြောနေပေမယ့် ရခိုင်ကိစ္စ လည်းဖြစ်ရော ငါးသိန်းမတည်လိုက်တာပဲမဟုတ်လား ဒါသူ့ရဲ့မျိုးချစ်စိတ်ဓါတ်ပဲပေါ့ အဘဖောဒီထဲမှာ ဘယ် လိုပဲရေးရေး သူအခြားနိုင်ငံရောက်လို့ ကိုယ့်နိုင်ငံအလံမြင် ကိုယ့်နိုင်ငံရဲ့သီချင်းကြားရင် သူလည်းဘယ် နေနိုင်မလဲ အချုပ်ဆိုရရင်တော့ ဘယ်လိုပဲအမြင်တွေကွဲကွဲ မြန်မာဟာမြန်မာပါပဲ (ရိုဟင်ဂျာ ဘင်္ဂါလီမပါ) …. အလံကိုအလေးပြုတယ်ဆိုတာ အထက်ဆိုခဲ့သလို တစ်ဦးတစ်ယောက်ကို ဖြစ်စေ တစ်သင်းတစ်ဖွဲ့ကိုဖြစ်စေ(အလံအတည်ပြုသူ၊နိုင်ငံတော် သီချင်းအတည် ပြုသူတို့ကိုဆိုလိုပါသည်) ဦးညွှတ်တယ်လို့မယူဆပဲ ကိုယ့်နိုင်ငံတော်ကိုချစ်မြတ်နိုးလို့ ဦးညွှတ်တယ်ဆိုတဲ့ အဓိပ်ပါယ်လေးယူရင်ပိုကောင်းမည်ဟု ထင်မြင်ယူဆမိပါကြောင်း
    မှားယွင်းရေးသားမိတာပါရှိပါက အနူးညွတ်တောင်းပန်ပါကြောင်း လွတ်လပ်စွာကွဲလွဲနိုင်ပါကြောင်း ညွှတ်ညွှတ်ညွှတ်

Leave a Reply