(၁) ဂျာမနီ နိုင်ငံ ဟမ်းဘတ် မြို.က ဒေါက်တာ ရုဒေါ့ဖ်ဗီယက်သီးစ် ဟာ ၁၅၂၁ ခုနှစ်မှာ ကမ္ဘာ.ပထမဦးဆုံး အမျိုးသား သားဖွားဆရာဝန် ဖြစ်လာခဲ့ပါတယ်။ အမျိုးသမီး တစ်ယောက် ကလေးမွေးရာမှာ အခက်အခဲဖြစ်လို. သူ မိန်းမ တစ်ယောက်လို ဟန်ဆောင်ပြီး ကူညီ မွေးဖွားပေးခဲ့ပါတယ် ။ ဒီလို ကူညီပေးခဲ့တဲ့အတွက် ဆုလာဒ်ကတော့ ၀မ်းနည်းစရာပါပဲ ….။ သူ.ကို တိုင်မှာချည်ပြီး မီးရှို.သတ်တာကို ခံခဲ့ရပါတယ် ။

(၂) တစ် ကနေ တစ်သန်းထိ အစဉ်လိုက် ရေတွက်မယ်ဆိုရင် အချိန်ဘယ်လောက်ကြာမယ်ထင်ပါသလဲ ။ ဒီစာကို ဆက်မဖတ်သေးဘဲ အချိန် ဘယ်လောက်ကြာနိုင်မလဲ စဉ်းစားကြည့်ပါ ။ သွားမစမ်းလိုက်လေနဲ့ မိတ်ဆွေ …။ မစားမသောက် မအိပ် ပဲ ရွတ်မယ်ဆိုရင်တောင် ဆယ်ရက် နဲ့ ဆယ်ည ကြာတဲ့ထိ မပြီးနိုင်ပါဘူး ။

(၃) Anno Domini ( AD ) ဆိုတဲ့ ခရစ်သက္ကရာဇ် ကို ခရစ်တော် မွေးဖွားတဲ့ နှစ်မှ စတွက်တာ မဟုတ်ပါဘူး ။ အမှန်တော့ AD တစ်ခုနှစ် မတိုင်မီ လေးနှစ်( BC 4 ခုနှစ်) လောက်ကတည်းက ခရစ်တော်ကို ဖွားမြင်တော်မူခဲ့တာပါ ။

(၄) ဟိုးရှေးရှေးတုန်းက အင်္ဂလန်မှာ ဘုရင့် ရဲ့အမိန့် မရပဲ ပြည်သူပြည်သားတွေဟာ လိင်ဆက်ဆံခွင့်ရှိကြပါဘူးတဲ့… သူတို့ဟာ ကလေးလိုချင်ရင် ဘုရင့်ခွင့်ပြုချက်ရမှ…အဲဒီခွ င့်ပြုမိန်. စာလွာကို အိမ်တံခါးဝမှာချိတ်ပြီး လိင်ဆက်ဆံမှုပြုရပါတယ်လို. သိရပါတယ် ။ ဗဟုသုတ အနေနဲ.ပြောပြပါ့မယ် ။ အဲဒီ ခွင့်ပြုမိန်. ကတော့ဒီလိုလေးပါ… ” Fornication Under Consent of the King ” (*****)

(၅) သစ်ခွပန်းဟာ ဘီယာ ကြိုက်တယ်ဆိုတာ မိတ်ဆွေတို.သိပါသလား ။ အတည်ပြောတာပါ ။ သစ်ခွပင်တွေကို ဘီယာ တစ်ဆ ရေခြောက်ဆ နဲံ တိုက်ကျွေးပေးရင် အပင်ကို ရှည်ထွက်နှုန်း ပိုကောင်းပြီး ပိုလည်း သန်မာစေပါတယ် ။ နှစ်ရက်ခြား တစ်ခါလောက် ကျွေးနိုင်ရင် ပိုကောင်းပါတယ် ။ ( သစ်ခွပင် စိုက်ထားတဲံသူများ စမ်းကြည့်ပါ ။ဒါ အမှန်ပါ ။ အာမခံပါတယ် ။)

(၆) ၀င်ရိုးစွန်း အာတိတ်ဒေသမှာ ဒီဇင်ဘာလ တစ်လလုံး ည ချည်းသာဖြစ်နေပါတယ် ခင်ဗျာ… နေ. အချိန်လုံးဝ မရှိပါဘူးတဲ့ ။ (

၇) ခြင်တစ်ကောင် တောင်ပံခတ်တဲ့ နှုန်းဟာ တစ်စက္ကန်.ကို အကြိမ် တစ်ထောင်ရှိပါတယ်တဲ့ ခင်ဗျ .. ကျနော် စိတ်ထင်တော့ ဒါဟာ တောင်ပံ ခတ်တာ မဟုတ်တော့ပါဘူး ။ တုန်ခါမှု (vibration) နဲံ ပျံသန်းတာမျိုး ဖြစ်မှာပါ ။

(၈) ပန်းခြံတွေမှာတွေ့ ရတဲ့ မြင်းစီးစစ်သည်ရုပ်တုတွေ သေချာကြည့်ကြည့်ပါ ။ မြင်းရဲ့ခြေထောက် တစ်ဖက်ဟာလေထဲမှာရှိနေရင် အဲဒီစစ်သည်ဟာ စစ်ပွဲမှာ ရတဲ့ဒဏ်ရာကြောင့် သေတာကိုရည်ညွန်းပါတယ် ။ ခြေထောက် နှစ်ဖက် လေထဲမှာ ရှိနေရင် စစ်ပွဲမှာကျတာကို ရည်ညွန်းပါတယ် ။ ( စစ်သူကြီး ဗန္ဓုလ ရဲ့ ရုပ်တု ကိုကြည့် ကြည့်ပါ ) မြင်းခြေထောက် လေး ဖက်စလုံး မြေပေါ်မှာ ရှိနေရင်တော့ ရိုးရိုးသေတာပါ ခင်ဗျာ။ (အဲ… ခြေထောက်လေးဖက်လုံး လေထဲမြှောက်နေတာကိုတွေ.ရင်တော့ ဒါဟာ Angel စီးတဲ့မြင်းပျံလို.ပဲ မှတ်လိုက်ပါ သယ်ရင်း…ငှဲ..ငှဲ..)

(၉) ပုဂံမင်းစော ” အနော်ရထာ” ဟာ ကျွဲရိုင်း အခွေ.ခံရလို. နတ်ရွာစံခဲ့တာပါ ။ ( မဟာရာဇ၀င်ကြီး ပထမတွဲ မှာတော့ အနော်ရထာမင်းကြီး ကို နတ်ရွာစံအောင် ခွေ.ခဲ့တဲ့ ကျွဲရိုင်းသည် ကျွဲ စင်စစ်မဟုတ် ၊ အနော်ရထာမင်းစောအပေါ် အညှိုးအတေးထားခဲ့သော ထိန်ပင်စောင့် နတ်ဘီလူးသာဖြစ်သည် ။ နတ်ဘီလူး က ကျွဲယောင်ဆောင်ပြီး ခွေ.ခဲ့ခြင်း ဖြစ်သည် ။ ( မြန်မာ့ စွယ်စုံကျမ်း တွဲ – ၈ / စာ – ၂၈၄ ) )

(၁၀) ပုဂံခေတ်က စိုးစံခဲ့တဲ့ ” နရသီဟပတေ့မင်း ” ကို မိတ်ဆွေတို. သိကြမယ် ထင်ပါတယ် ။ သူ.ရဲ့ နာမည် ရင်းက ” မင်းခွေးချေး ” ပါခင်ဗျ ။ သူ.အဖေ ” ဥဇနာမင်းကြီး “နတ်ရွာစံတော့ သူ. ကို ” နရသီဟပတေ့မင်း ” ဆိုတဲ့ ဘွဲ့ ပေးပြီး မင်း အဖြစ်တင်မြှောက်ခဲ့တာပါ ။ (မတရားပြောတယ်မထင်ပါနဲ့ ။ပုဂံမင်းများရာဇ၀င်မှာ ရှာဖတ်နိုင်ပါတယ် ။)

FORWARD MAIL တစ်ခု မှနေကူယူထားတာပါ။

About intro

Lionel Intro has written 162 post in this Website..