ဇီးသီးသည်မဗျိုင်းဘဝမေ့တယ်ဆိုတာလက်တွေ့ပါဘဲ၊

ဇီးသီးသည်မဗျိုင်းဘဝမေ့တယ်ဆိုတာလက်တွေ့ပါဘဲ၊ ၁။အရင်အင်တာနက်ဆိုတာမသိတဲ့ဘဝ…
၂။သိခဲ့တော့လဲ 2003လောက်မှာဟိုပိတ်ဒီပိတ်နဲ့ ဟိုကျော်ဒီကျော် ကိုယ်ပိုင်သုံးတယ်ဆိုတာအထက်တန်း
လွှာတွေမှာတောင်ခပ်ရှားရှား လူလတ်တန်းစားတွေအတွက်တော့ internet ဆိုင်ပေါ့။မသုံးတတ်တော့ဆိုင်
ကဝန်ထမ်းကိုမျက်နှာချိုသွေးပြီးလုပ်ပါအုံး ကယ်ပါအုံးဆိုပြီး internet ဆိုတာကြီးကိုနတ်တစ်ပါးသဖွယ်တင်မြောက်ပြီးသုံးခဲ့ရတဲ့ဘဝ…၃။2007…2008လောက်မှာတော့ public Access Center တွေကိုမြန်မာနိုင်ငံကွန်ပျူတာပညရှင်များအသင်းမှတွင်တွင်ကျယ်ကျယ်ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီးလူငယ်အများစုနှင့်ဆိုင်ရာလုပ်ငန်းများမှလူများအပေါင်းသုံးနိုင်ခွင့်သုံးရန် အသိများရရှိခဲ့သော်လည်းနည်းပညာအခက်အခဲကြားမှာသုံးခဲ့တာများယခုအချိန်အထိ httpမှာ ‘s’လေးမှမထည့်လိုက်ရရင်ဘယ်လိုကြီးမှန်းမသိအောင်နည်းမျိုးစုံနဲ့ ခဲရာခဲဆစ်သုံးခဲ့ရတဲ့ဘဝ…
၄။ဒီလိုသုံးခဲ့တာ2009လောက်မှာစပြီးကိုယ်ပိုင်အိမ်သုံး၊စီးပွားရေးသုံးအစရှိတဲ့ အထက်တန်းလွှာအားလုံးနီးပါးနှင့်လူလတ်တန်းစားသုံးပုံတစ်ပုံလောက်ဟာဝယ်ယူအသုံးပြုနေနိုင်ပါပြီ။ဒီလိုတိုးတက်လာတာနဲ့အမျှလဲ ကောင်းကျိုးဆိုးကျိုးဟာဒွန်တွဲနေမှာပါပဲ၊ဥပမာ-သင့်ကိုယ်သင်သွားကိုက်အောင်လုပ်ဘူးလားသွားကိုက်ဖူးသူများဘယ်သူမှမခံစားနိုင်တဲ့ အခံရအခက်ဆုံးသွားကိုက်မှူ့ကိုလုပ်မယူပါဘူး…ဒီဥပမာအတိုင်းပါဘဲ Redlink မှလိုင်းကျတာလိုင်းကျပ်တာကိုကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုတမင်သက်သက်မလုပ်ပါဘူးလိုင်းမကောင်းလို့မဝယ်ရင် RedLink ပဲနစ်နာမှပါ။ရာသီဥတုနဲ့ နယ်စပ်ဖြတ်ကျော်လမ်းကြောင်း SEME WE-3 ပေါ်တွေမှာများစွာမှိခိုပါတယ် 55%လောက်ပေါ့ RedLink မှာလဲ 45% ပေါ့ ဒီ45%ထဲမှာအသုံးပြုတဲ့နေရာ၊အဆောက်အအုံထုထည်ပေါ်လဲအများကြီးမှီခိုပါသေးတယ် အားလုံးချုံငုံပြီးပြောတဲ့ internet ဆိုတာကြီးကိုသုံးနေတဲ့ လိုင်းအားလုံးဟာ speed Test နဲ့ပဲစမ်းစမ်း ဘာနဲ့ပဲစမ်းစမ်းဒီမြန်မာနိုင်ငံမှာ အပြည့်ရတယ်ဆိုတဲ့ ၊အမြဲ stable ဖြစ်တဲ့လိုင်းကိုသိသူများရှိပါသလား???
ရှိရင်ထိုသူမှတဆင့်…ဈေးနှူန်းအရလစဉ်ကြေးအရ Connection အရ Redlink ထက်သာရင်ပေါ့နော်….
ဘဝ…ဘဝ…ဘဝ…ဘဝနော်။

REDLINK ရဲ့ customer ပေါ်စော်ကားချက်ကို ဖေ့ဘုတ်ပေါ်ကိုတင်ခဲ့ပါတယ်။
ကဲငါလည်းအောင်သိန်းလင်းတို့ ဖယောင်းတိုင် ကိုကိုလှိုင်တို့ဇော်မင်းတို့လိုဘဲ မြန်မာနိုင်ငံမှာ RedLink ထက်သာတဲ့လိုင်းရှိသေးလား…လစဉ်ကြေးသက်သာတာရှိသေးလား…
ပြောရမယ်ဆိုရင်သုံးချင်သုံးမသုံးချင်နေပေါ့ကွာ….

6 comments

  • aye.kk

    August 12, 2012 at 12:38 am

    မဗျိုင်းကတော့ကိုယ့်အတတ်ကိုယ်စူးသေရမယ့်သူပါဘဲ။။

  • Foreign Resident

    August 12, 2012 at 5:18 am

    အဘ လည်း အိမ်မှာ Red Link သုံးနေတော့ ။
    Red Link ဒါဏ် တော်တော်ခံရတာလေ ။
    သူ့ကြောင့် မနက်စောစော ၃ နာရီလောက် ထတဲ့အကျင့်ဖြစ်သွားတာပေါ့ ။

    အမှန်တော့ ၊ သူရေးထားတာ အချက်အလက် အရ သိပ်မမှားပါဘူး ။
    MPT နှင့် ရတနာပုံ တယ်လီပို့က ထိပ်ကနေ ဆို့ထားတာ ၊
    Red Link လည်း ဘာတတ်နိုင်မလည်းကွယ် ။

    ဒါပေမယ့် ၊ သူ ရနေတဲ့ / ရထားတဲ့ ၊
    Bottle Neck ကျဉ်းကျဉ်း ( Band Width နည်းနည်း / ပုရွက်ဆိတ် ဝင်သာရုံ ) နေရာလေးကို ၊
    လာလာသမျှ Customer မှန်သမျှ ( ဆင်ကောင်ပမာဏလောက်ရှိတဲ့ Customer ထုကြီး ) ကို ၊
    အတင်း စွတ်ဝင်ခိုင်းတာတော့ ၊ မစွံပါဘူးကွယ် ။
    အင်း ၊ စီးပွားရေးပေကိုး ။

    • ကြောင်လေး

      August 12, 2012 at 8:23 pm

      သုံးလို့ရအောင် /ကောင်းအောင်အရင်မလုပ်ပဲ၊ ရောင်းလို့ရသလောက်ရောင်းနေတာ သူတစ်ခုတည်းမှမဟုတ်ပဲ အဘဖောရယ်။
      ကျနော်တို့ မြန်မာနိုင်ငံသားတွေ ခမျာမှာလည်း အရင်သုံးနေသူတွေက မကောင်းဘူးလို့ အော်နေပေမဲ့ မကောင်းမှန်းလည်းသိနေပေမဲ့၊ ဒီမကောင်းမကန်းလေးတွေကိုမှ မသုံးဖူးလိုက်ရင် လူစဉ်မမီ/ လူရာ မဝင်ဖြစ်ရချည့်ရဲ့ ဆိုပြီး အလုအယက်ကို သုံးနေရတဲ့ဘဝလေးတွေပါဗျာ။ ဪ သနားစရာ

  • သစ် တည်

    August 12, 2012 at 7:08 am

    ဟုတ်ပါတယ် RedLink ပိုက်ပိုက်ပေးပြီး
    ထိုင်ရှိခိုးကြပါ…..

  • chityimhtoo

    August 12, 2012 at 11:14 am

    dog မသား redlink bandwidth မနိုင်ရင်ဘာလို့နင်းကန်ရောင်းနေလည်းစောက်ရှက်မရှိ။မင်းတို့ကိုပေးရတဲ့
    ပိုက်ဆံက 155$ အလကားရတာမဟုတ်ဘူးကွချွေးနဲစာနဲ့ရှာထားရတာ 155$ ကိုမြန်မာငွေနဲ့ 140000ကျပ်နီးပါးကျတယ်။အေးကိုယ်ပေးရတဲ့ ပိုက်ဆံနဲ့ တန်အောင်တော့လုပ်ပေးရမှာပေါ့။3MB ယူတာ
    3MB မပြောနဲ့ 1MB လောက်ရရင်တောင်လူတွေကသုံးရတာအဆင်ပြေတယ်။အင်တာနက်ဆိုင်ဆိုတာ
    ညဘက် ၆နာရီကနေ ၁၁ နာရီလောက်ဘဲလူဝင်တာ အဲ့ဒီ့အချိန်ကိုဘဲGtalk တောင်ဝင်မရမှတော့ဘာ
    လုပ်လို့ရမလည်း မင်းတို့ကြောင့်စီးပွားပျက်တဲ့လုပ်ငန်းလေးတွေအများကြီးဘဲ။ဘောဘဲကွာ RedLink

Leave a Reply