ကုန်တိုက်သို ့အလည်

aye.kkAugust 11, 20122min28528

မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်မြို ့၊တာချီလိတ်မှတဆင့်၊ထိုင်းနိုင်ငံမယ်ဆိုင်
ဖက်ခြမ်းရှိ(TESTO-Lotous)ကုန်တိုက်သို ့အလည်သွားစဉ်၊ကုန်တိုက်နှင့်
ကုန်တိုက်ရှုခင်းများအား၊အမှတ်တရရိုက်လာသောပုံများဖြစ်ပါသည်။။

ကုန်တိုက်အဝင်ရှုခင်း။

ကုန်တိုက်မျက်နှာစာ။

ကုန်တိုက်ထဲကစားသောက်ဆိုင်တန်း။

ကုန်တိုက်မြင်ကွင်းအလှ။

ကုန်တိုက်ထဲလည်နေသူတွေ။

ကုန်တိုက်ထဲကပလပ်စတစ်ပန်းအရောင်းဆိုင်။

ပန်းအစစ်လိုလှ။

လိုချင်စရာပလပ်စတစ်ပန်းများ။

ကုန်တိုက်အပြန်တက္ကစီဂိတ်။

ကုန်တိုက်အပြန်ဘတ်စ်ကားရပ်စောင့်ရန်နေရာ။

28 comments

  • aye.kk

    August 12, 2012 at 12:44 am

    ကုန်တိုက်မှာလျှော့ဈေးချတဲ့အချိန်ဆို…
    ဈေးဝယ်လို ့အကောင်းဆုံးပါဘဲ။။

    • pooch

      August 12, 2012 at 3:45 pm

      ဒီဇင်ဘာတွေ ဘုရင်မွေးနေ့တွေဆို ဈေးပိုချတယ် ထင်တယ်နော် အန်တီအေး

      • aye.kk

        August 12, 2012 at 5:41 pm

        pooch,ရေ….။
        ဘုရင်မွေးနေ ့ကတော့အထူးနှုံးပါဘဲ။

  • Hnin Hnin

    August 12, 2012 at 1:17 am

    မအိပ်သေးဘူး ထင်ပါ့..အခုလေးတင် စာတက်လာတယ်…း)…

  • Hnin Hnin

    August 12, 2012 at 1:24 am

    ကုန်တိုက်က သန့်ရှင်းသပ်ရပ်၊လူရှင်း၊ပတ်ဝန်းကျင်လည်း ရှင်းတယ်နော်..အန်တီကေ..
    အပင်လေးတွေကလည်း စိမ်းစိမ်းစိုစိုနဲ့ လှတယ်။
    နှင်းနှင်းတော့ အိမ်နဲ့လမ်းလျှောက်သွားရင်ရောက်တဲ့ ကုန်တိုက်မှာပဲ ဝယ်နေဖြစ်တယ်။
    နီးတဲ့ တလောကဖွင့်တဲ့ Junction Square တောင် မရောက်ဖူးသေးပါဘူး။ နက်ဖြန်တော့
    အန်တီကေ့ကို အားကျမခံ cousin အစ်မနဲ့ ဖွင့်တာမကြာသေးတဲ့ သိမ်ကြီးဈေး ဂမုန်းပွင့်
    သွားမွှေကြမလို့။ ဓာတ်ပုံတော့ ရိုက်လာတော့ဘူးနော်။ အန်တီကေ့ ပုံတွေလောက် မလှမှာစိုးလို့ း)။

    • aye.kk

      August 12, 2012 at 5:45 pm

      Hnin Hnin,ရေ..။
      အန်တီဂမုန်းမျိုးစုံရိုက်ထားတာရှိတယ်။
      အချိန်ရရင်တင်ပေးမယ်နော်။။

      • Hnin Hnin

        August 13, 2012 at 4:47 am

        ဂမုန်းတော့ စိတ်ဝင်စားတယ်။ အိမ်မှာတော့ စစ်တုံ့နီ ဆိုလား နီညိုရဲလိုအရောင် သူများပြောလို့ လာဘ်ကောင်း၊အတို်က်အခိုက်ကောင်းတယ်ဆိုလား အဲဒါ ဖေဖေက
        ပွားပြီး စိုက်ထားတာ ရှိတယ်။ ကွင်းထိုးတဲ့ဂမုန်း(ကွင်းထိုးဂမုန်းလားတော့မသိ)
        အဲဒါလည်း ရှိတယ်။ တခြားဂမုန်းတွေလည်း ရှိသေးတယ်။ ဂမုန်းပင်တွေက သေချာတော့ မသိပါဘူး။ အပင်ဆိုရင် လှရင် စိတ်ဝင်စားပြီး ကြည့်မိတာပါပဲ။ သူတို့အလှက အပြင်ကပြန်လာလို့ မောနေရင်တောင် အမောပြေသွားစေတယ်။ ဒီအိမ်မှာတော့ ရှားစောင်းလက်ပပ်ပင်ဝယ်ရင်းနဲ့ နှင်းနှင်း ဝယ်ထားတဲ့Money Plant လို့ပြောတဲ့
        မြေပဒေသာကျွန်းကအပင်လည်း ရှိတယ်။ လွန်ခဲ့တဲ့ ၂နှစ်က နွယ်တစ်ခက်လောက်ပါတဲ့ ချိတ်ဆွဲပန်းအိုးပြားလေးနဲ့ အပင်ပေါက်စ ၃၀၀ဝပြောတာ ၂၅၀ဝ ပေးခဲ့ရတယ်။ အပင်က စဝယ်လာစတုန်းကတော့ နွယ်၂ခက်၊၃ခက်အထိ ဆက်တက်သေးတယ်။ နောက်တော့ သူတို့အုန်းခွံတွေနဲ့ ထည့်စိုက်ထားတာ အမြစ်တွေပိုမြင်မြင်နေရလို့ ရုပ်ဆိုး၊ သေမလား
        ဆိုပြီး သဲတွေထည့်လိုက်ကတည်းက အားဆေးထည့်လည်း သဲမကြိုက်ဘူးထင်တယ်၊
        နွယ်လည်း မတက်တော့ဘူး။ နွယ်မတက်လည်း ပြတင်းပေါက်အရှုပ်သက်သာပါတယ်
        ဆိုပြီး ပြန်လည်း သဲတွေ မထုတ်ဖြစ် တော့ပါဘူး။ အရှေ့ကအိမ်ဆို ပြတင်းပေါက်တစ်ခုလုံး
        နွယ်တက်နေတာ အရွက်စိမ်းတွေ အပြည့်ပဲ။ တကယ်ရော ပိုက်ဆံတွေ ဒီရေအလား၊
        နွယ်အလား ထိုးတက်ပြီး ဝင်ရဲ့လား မသိနော်။ ဆိုင်ကညွှန်းလို့သာ စိတ်ဝင်စားပြီး
        ဝယ်လာတာ နွယ်မတက်တော့လည်း စိမ်းစိမ်းစိုစိုလေးနဲ့ လှနေတာမြင်ရင်ကျေနပ်
        နေတာပါပဲ။

        အန်တီကေ- ဂမုန်းပွင့်သွားတာ ရေးမယ်နော်- ခွင့်ပုပါ ( ပုပါဘူး..ရှည်ပါတယ်..း)..)

        ဒီနေ့သွားတာ သိမ်ကြီးဈေးကြီးကလည်း တနင်္ဂနွေနေ့မို့ပိတ်တာမသိဘဲ သွား
        တော့ ပိတ်တာနဲ့ကြုံ၊ ဈေးရှေ့က ဂမုန်းပွင့်ကလည်း အဝင်ဝကို မျှော်ကြည့်လိုက်တော့ လူကရိုးတိုးရိပ်တိပ်၊ခပ်ကျဲကျဲနဲ့။ ဂမုန်းပွင့်ဘက်ပဲ ခြေအရင်လှမ်းလိုက်တယ်။ အပေါက်ဝက security တွေက လူကိုလည်းမကြည့်၊ အစ်မ ပိုက်ဆံအိတ်ဖောင်းနေတာလည်း မစစ်၊
        အေးဆေးလွှတ်ပေးလိုက်တယ်။ ဒါနဲ့အပေါ်ဆုံးထပ်ကို အရင်သွားကြတာပေါ့။
        အပေါ်ဆုံးထပ်ကတော့ လိုင်းစုံတယ်။ လျှပ်စစ်ပစ္စည်း၊စာရေးကိရိယာ၊ အမှတ်တရပစ္စည်းဆိုင်၊(Branded) အဝတ်ဆိုင်အနည်းငယ် စသည်။ စိတ်ဝင်စားတဲ့
        ဆိုင်တွေပဲ ကြည့်ဖြစ်တယ်။ အဝတ်တွေကလည်း Fancy ပုံတွေများတော့ အလန်း၊
        အလှုပ်တွေ မကြိုက်လို့ အမြန်ပတ်ပြီး ဒုထပ်ကို ဆင်းလိုက်ကြတယ်။ ဒုတိယထပ်ကတော့
        အမျိုးသားဝတ်၊ အမျိုးသမီးဝတ်၊ ကလေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေနဲ့ကလေးဝတ်တွေ။
        ကလေးဝတ်တွေကတော့ တစ်ထပ်လုံးကို တော်တော်နေရာယူထားတယ်။ အဝတ်လေးတွေကလည်း အိမ်နားကဆိုင်ထက် ပိုပြီး ဒီဇိုင်းစုံစုံလင်လင်နဲ့ သစ်လွင်ပြီး အတော့်ကိုလှပ ချစ်စရာကောင်းတယ်။ ဈေးချိုချိုလို့ ဆိုရမယ့် ကျပ် ၁၇၀ဝတန် ချည်သားချောချော အပွင့်ဂါဝန်လှလှလေးတွေလည်း ရနိုင်ပါတယ်။ အသိတစ်ယောက်ကို
        လက်ဆောင်ပေးခဲ့တဲ့ ပစ္စည်း၊အသား တပုံစံထဲ တူပြီး စိန်ဂေဟာထက် ၇၀ဝ သက်သာတဲ့ ဂါဝန်လေးကိုပြန်တွေ့ခဲ့ရလို့ ရင်ခံခဲ့ရပါသေးတယ်..ဒီမှာ..ဒီဂါဝန်လေး ၅၃၀ဝ ကြည့်ပါဦး
        ဈေးကကွာလိုက်တာလို့ အော်လိုက်မိတဲ့အထိပါပဲ..း)..။ ဒီအထပ်က ကလေးမိဘတွေ အတော့်ကို ကြိုက်နှစ်သက်မယ့်နေရာပေါ့ (ပိုက်ဆံလည်း အတော်ကုန်မယ့်နေရာ..
        ကလေးဝတ်တွေက (ဘာမဟုတ်တဲ့အသားလည်း) ဝမ်းဆက်ဆိုတာနဲ့ အမြဲလိုဈေးတွေကြီးနေတတ်လို့ပါ)။ အစ်မက ကလေးဝတ်လေးတွေ ဝယ်ဦးမလားတဲ့။ ဟိုနေ့ကမှ ၃စုံ ဝယ်ထားတာ မဝယ်တော့ဘူးလို့။ နှင်းနှင်းအတွက်ပဲ Shorts တွေ ဝယ်ဖြစ်တယ်။ အစ်မကတော့ အလုပ်ပြောင်းကာနီး ဩကာသတွေ အတော်များနေလို့
        ဒီနေ့ဘာမှမဝယ်ဘူးလို့ ဆုံးဖြတ်ချက်ချထားပါတယ်တဲ့။ တကယ် ချီးကျူးလောက်
        ပါပေတယ်။ သူအရမ်းကြိုက်တဲ့ စကတ်ကို လုံးဝမဝယ်ခဲ့ပါဘူး။ ဝင်ငွေလည်း မြင့်သူပါ။ ယူသုံးမယ်ဆိုလည်း ရပါတယ်။ ဒါပေမယ့် စိတ်ခိုင်ပါတယ်။ ဈေးဝယ်ထွက်ရာမှာ မိန်းကလေးတွေထားနိုင်ခဲတဲ့ မိန်းကလေးတစ်ယောက်ရဲ့ သံမဏိစိတ်ဓာတ်ပါ..း)..။
        နှင်းနှင်းကိုလည်း ဒီလောက် ဘောင်းဘီတွေအများကြီး ဘာလို့ဝယ်လဲတဲ့။
        နွေရောက်ရင် ဝတ်ဖို့ပါ။ အိမ်နားက ဆိုင်ထက် ၇၀ဝ တောင် သက်သာတယ်လို့။
        ဪ..ဘာမှမဝယ်ဘူးထင်ရတဲ့လူက စိတ်ဓာတ်က ပျော့သွားတော့
        ဝယ်ဖြစ်သွားတယ်..း)..။ အောက်ဆုံးထပ်ကတော့ Cosmetic Counters များနဲ့
        ဖိနပ်၊အိတ်များ တော်တော်နေရာယူပါတယ်။ ဖိနပ်တွေကတော့(နှင်းနှင်းအမြင်)
        သိပ်မလှပါဘူး။ စိတ်ထင် တောဆန်ပြီး မြို့ဆန်ဆန် elegant ဖြစ်တဲ့ပုံတွေ
        သိပ်မတွေ့မိဘူး။ အိတ်တွေကတော့ Branded တွေလည်း တွေ့ပါတယ်။ တုလားစစ်လားတော့ မသိပါဘူး။ ဖြတ်သွားရင်းကြည့်မိသလောက်တော့ လှပါတယ်။ အလှကုန်ကောင်တာတွေတော့ မျက်စိတပတ်လည်ပါပဲ အများကြီး ကြည့်လိုက်ရုံပဲ။
        လိုချင်တာ အစုံရနိုင်တဲ့ Store ဆိုင် အသေးလေးနဲ့ J’DONUTS လည်း ပါသေးတယ်။ စတိုးလေးမှာ ခဏဝင်မွှေကြည့်ပြီး ကျန်တာ စိတ်မဝင်စားတာနဲ့ မပတ်ကြည့်ကြတော့ဘဲ J’DONUTS က မုန့်ဝင်ဝယ်ပြီး ထွက်ကြပါတယ်။ မမဝေ- အပြင်တန်း ခဏပတ်ကြည့်
        ချင်တယ်လို့ အစ်မကိုပြောလိုက်ပြီး ပတ်ကြည့်ကြသေးတယ်။ သိမ်ကြီးဈေးရုံထဲကဆိုင်ေ
        တွက ပိတ်နေတော့ ဈေးရုံအပြင်တန်းမှာပဲ ဈေးသည်တွေ ရှိတယ်။
        ဆိုင်ထိုင်သည်နဲ့ အောက်ခင်းထိုင်သည် ၂မျိုး။ သွားရင်းနဲ့ ဆိုင်ထိုင်သည်ဆီက
        ပုံမှန်အနံနဲ့ ၁ကိုက်ခွဲ ချည်ထည် အသားချောကွက် အရောင်စိုစိုလေးတွေရွေးပြီး တူလေးချုပ်ပေးဖို့ ဝယ်ဖြစ်သေးတယ်။ ၁ကိုက်ခွဲအစ ၁စ ၁၀၀၀။ ၁ဝစ ယူရင် ၁စ လက်ဆောင်တောင် ပေးဦးမှာဆိုပဲ။ တခါမှ မကြားဖူးဘူး။ ဈေးလျော့ပေးတာပဲ ကြိုက်တယ်။ ၅စပဲ အကြိုက်တွေ့တာ ၅၀ဝ လျော့လိုက်ပေါ့၊ အတူတူပဲလေလို့ ပြောလိုက်တော့ မရလို့ပါ အစ်မရယ်၊စိတ်မဆိုးပါနဲ့၊ ၁ဝစ ဝယ်ရင်တော့ ၁စ ပိုပေးမှာပါ၊ အခု ၅စဆိုတော့ အစ်မကို ကြွပ်ကြွပ်အိတ် အကြီးအမဲကို လက်ဆောင်ပေးမှာပါ၊အစတွေပြောင်းထည့်ပေးလိုက်
        ပြီနော်တဲ့။ ဘာမှထပ်မပြောနိုင်တော့ပါဘူး။ ဈေးရောင်းတတ်လိုက်တာနော်။ ပိတ်စနဲ့ပီတိ
        တွဲပြီးဆိုင်ကထွက်တော့ ဆက်ရန်ရှိသေးသည်။ သိမ်ကြီးဈေးရုံထဲမှာ ဂျင်းဆွဲသား၊ဘောင်းဘီ ချုပ်ဝတ်မယ်လို့ အားခဲထားတဲ့ အစတွေ ဝယ်လို့မရတော့ အစ်မက ဗိုလ်ချုပ်ဈေး ဆက်သွားမလားဆိုတာနဲ့ဆက်ကြတယ်။ ဟိုရောက်တော့ ရောက်ရောက်ချင်းဆိုင်မှာပဲ အကယ်ဒမီရတဲ့ ဇာတ်ပို့မင်းသမီး ဝါဝါအောင်နဲ့ သွားတိုးနေတယ်။ အထဲမှာထက်ကို အပြင်မှာကျတော့ အသားအရေ ဝင်းဝါ၊လှပြီးချောသားပဲ။ အစ်မကလည်း အပြင်မှာ
        ချောတယ်နော်တဲ့။ သူကလည်း အစတွေဝယ်နေတာ၊ ဈေးဆစ်သံကြားလိုက်တယ်။ ကိုယ်ကလည်း ဘာရမလဲ ဆစ်ပေါ့ း) ။ ၂ခါ ၃ခါ ဆစ်မှ ၁စပဲ လျော့ပေးပြီး ၁ကိုက်
        ၂၅၀ဝတန် ကို ၂၃၀ဝ ပါတဲ့။ ကြိုက်ရောင်း ကြိုက်ဝယ် ဈေးများလားနော်။
        ဒေါ်ဝါဝါအောင်က စတွေ့လိုက်ကတည်းက မောနေတဲ့ပုံ။ အစတွေလည်းဝယ်ပြီးရော စိမ်ပြေနပြေထိုင်ပြီး ခဏအမောဖြေနေပုံပဲ။ ရှုတင်ကများ ခဏသူ့အခန်းလွတ်ချိန်
        ပြေးလာသလားပဲ။ နှင်းနှင်းတို့လည်း တစ်ဆိုင်ထဲနဲ့ စိတ်ကြိုက်အစတွေလည်း ရပြီမို့ ဗိုလ်ချုပ်ဈေး မပတ်တော့ဘဲ အိမ်ပြန်ဖို့ အောက်ဆင်းလိုက်ကြတော့တယ်။ ဒီတခါတော့ အိမ်ပြန်ရောက်တော့ ခြေထောက်တွေ အသားကြေပြီး နာတဲ့အထိတော့ မဖြစ်ခဲ့ပါဘူး။ အကိုက်အခဲပျောက်ဆေးလည်း မသောက်လိုက်ရပါဘူး။ လျှို့ဝှက်ချက်ကတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ အတော်ပတ်လိုက်ကြမယ်ဆိုတဲ့ ဒီဂရီမပြည့်မီခဲ့လို့ပါပဲ
        ..း)…

        အန်တီကေ-ရန်ကုန်ရောက်မရောက် မသိပေမယ့် တာချီလိတ်မှာနေတယ်ဆိုလို့
        နှင်းနှင်း အခုမှ ရောက်ဖူးတဲ့ သိမ်ကြီးဈေးဂမုန်းပွင့် အကြောင်းရေးပေးလိုက်တာပါ။
        မရောက်ဖူးသေးသူများလည်း သိသွားပါတယ်။

        • aye.kk

          August 13, 2012 at 7:25 am

          Hnin Hnin,…ရေ
          ရန်ကုန်လာဘို ့ရှိပါတယ်။တွေ ့ရအောင်နော်။
          အန်တီ(ph.09-49033105)ကိုဆက်လိုက်နော်။

        • အရီးခင်လတ်

          August 15, 2012 at 2:21 am

          နှင်းနှင်း လဲ Post တင်ပါလား။
          စာရေးကောင်းတယ်။ 🙂

  • မောင်ပေ

    August 12, 2012 at 2:34 pm

    ကုန်တိုက်
    အစုံမိုက်
    ကြုံခိုက်
    ပုံနှိုက်
    ဝယ်တော့လေသတည်း။

  • aye.kk

    August 12, 2012 at 5:50 pm

    အတိသဉ္ဖာနာဂရ,..ရေ။
    မြင်သာမြင်ရ၊ကြင်ရမယ့်ရက်တွေနီးလာပါပြီကွယ်။။
    —————————————————————————————————————–
    မောင်ပေ,..ရေ။
    ဝယ်ပြီးပေးချင်လေသတည်း။။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 12, 2012 at 7:40 pm

    ဒီလိုကုန်တိုက်တွေ မြန်မာပြည်မှာရှိဘို ့
    မခိုးတတ်တဲ့အကျင့်တွေထားရမယ်လို့ ထင်ဒါဘဲ ( ထင်ဒါ )

  • အလင်းဆက်

    August 12, 2012 at 8:44 pm

    မရောက် ဖူးတဲ့ ့နေရာလေး.ရောက်ဖူးသွားပြန်ပါပြီ။
    ကျေးကျေးဘာ..

  • ကြောင်ကြီး

    August 13, 2012 at 10:03 am

    အထူးလျှော့ဈေးဖြင့် ဦးကြောင်ကြီးအား အစွံထုတ်မည်…။ ဦးရေကန့်သတ်ထားပါ၍ အလျင်အမြန် ဆက်သွယ်ကြပါရန်…။ မှတ်ချက်၊ ဖြိုးမပါဂျေး..။

  • aye.kk

    August 13, 2012 at 10:55 am

    မိုက်ကယ်ဂျော်နီအောင်ပုရေ။
    တိုက်ဆိုင်လို ့ပြောပြချင်မိပါတယ်။
    အစ်မကသတိအရမ်းမေ့တတ်တဲ့သူပါ။
    ကုန်တိုက်မှာဈေးဝယ်ပြီး၊ဝယ်တဲ့ပစ္စည်းမေ့ပြီးကျန်ခဲ့တာမျိုးသုံးလေးခါလောက်
    ဖြစ်ဘူးတယ်။ဘယ်အချိန်မှာပဲဖြစ်ဖြစ်သူတို ့ကုန်တိုက်ကနေဝယ်ထားတဲ့
    ပြေစာနဲ ့တိုက်ဆိုင်ပြီးစစ်ဆေးပေးတယ်။မှန်နေရင်ပြန်ပေးတာချည်းပဲ။
    ကုန်တိုက်ထဲမှာဘယ်လိုပဲမေ့ကျန်ကျန်သိမ်းဆည်းထားပေးတတ်တဲ့အကျင့်စံနစ်သိတ်ကောင်းတယ်။
    တစ်ခါတုံးကလည်းစီပူလင်းဆေးရုံမှာ။လူနာတွေစောင့်တဲ့နားနေခုံမှာပိုက်ဆံအိတ်မေ့ပြီးထားပစ်ခဲ့မိတာ။
    ပိုက်ဆံအိတ်ထဲမှာဖုန်းလည်းပါတယ်။ဖုန်းနံပတ်ထဲကကျမအများဆုံးခေါ်ဆိုသုံးနေတဲ့
    နံပတ်ကိုနှိပ်ပြီးပိုက်ဆံအိတ်ကျန်နေခဲ့တာလာပြန်ယူဘို ့အကြောင်းကြားပေးတယ်။
    ကျမဆိုမျှော်လင့်ချက်မရှိလောက်ဘူးထင်မိတာ။
    ကျေးဇူးတင်လွန်းလို ့ဂါဝရအဖြစ်ဆေးရုံအတွက်အလှူငွေထဲ့ခဲ့တာတောင်။သူတို ့ကလုံးဝလက်မခံဘူး။
    အံ့ဩစရာပါဘဲ။။
    တစ်ခါတုံးကလည်း၊သူတို ့ဆီကလိုင်းကားစီးရင်းနဲ ့မိတ်ဆွေတယောက်က
    ကင်မရာအကောင်းစားတလုံးကားပေါ်မှာမေ့ပြီးကျန်နေခဲ့တာ။
    ထိုင်းစကားပြောတတ်တဲ့သူငယ်ချင်းကိုအကျိုးကြောင်းပြောပြပြီးအကူအညီတောင်းတော့ပြန်ရလာခဲ့တယ်။
    သူတို ့ဆီကစံနစ်တွေ..မူတွေ…လူတွေရော…ကောင်းတယ်လို ့ပြောရမယ်ထင်ပါတယ်။။။
    ————————————————————————————————————
    အတိသဉ္ဖာရေ..
    ကောင်းမွန်တဲ့စံနစ်တခုထွန်းကားလာစေဘို ့အတွက်..
    အခြေခံမူလတန်းပညာသင်ရိုးညွှန်းတန်းမှာကတည်းက..
    ကောင်းမွန်တဲ့စံနစ်တခုခိုင်ခိုင်မာမာဖြစ်ဘို ့အတွက်က၊
    လိုအပ်တဲ့လမ်းညွှန်မှုတွေပြဌာန်းပြုပြင်ပေးနိုင်မှာသာမျှော်လင့်လို ့ရနိုင်မယ်လို ့ထင်မိပါတယ်ကွယ်။။
    ————————————————————————————————————
    အလင်းဆက်ရေ…
    ဝမ်းသာမိရပါတယ်ကွယ်။
    ———————————————————————
    ကြောင်ကြီး…
    ဆက်သွယ်နိုင်ရေးအတွက်ဖွင့်ထားဦးနော်။။

  • Ma Ei

    August 13, 2012 at 11:25 am

    ကုန်တိုက်ထဲကပလပ်စတစ်ပန်းလေးတွေ လှလိုက်တာနော်…
    ပန်းကလေးတွေ၊ဂမုန်းပင်တွေ ကိုလဲ စိတ်ဝင်စားသူမို့
    မအေးရဲ့ ဂမုန်းပင်ပုံလေးတွေလဲစောင့်နေမယ်နော်…

  • Hnin Hnin

    August 13, 2012 at 4:30 pm

    ဖုန်းနံပါတ်ကို မှတ်ထားလိုက်ပါပြီ။ နှင်းနှင်းက ဒီမှာသာ အများကြီး လျှောက်ရေးနေတာ
    အပြင်မှာ စကားနည်းတယ်။ စကားဖောင်ဖွဲ့ မပြောတတ်ဘူး။
    အိမ်သားတွေနဲ့တော့ ပြောစရာရှိရင် ပြောပါတယ်။ ဒီလို ပြန်ရေးလာမယ် မထင်မိဘူး။
    ဖတ်လိုက်တာနဲ့ ဒိတ်ကနဲ လန့်သွားတယ်..း)..။ တွေ့ပြီး ဘာတွေပြောရမလဲပေါ့။

  • aye.kk

    August 13, 2012 at 6:26 pm

    Ma Ei,…ရေ။
    အန်တီသူငယ်ချင်းကဂမုန်းချစ်တဲ့သူဆိုတော့..
    ဂမုန်းမျိုးတွေစုံနေအောင်စိုက်ထားတာ…
    အန်တီကိုလည်းဓါတ်ပုံရိုက်ယူခိုင်းထားတာနဲ ့ရိုက်ဖြစ်တာ။
    မကြာခင်တင်ပေးလိုက်ပါ့မယ်။
    —————————————————————————————————————–
    Hnin Hnin,..ရေ။
    မလန် ့ပါနဲ ့၊အန်တီကအားနာမိပါတယ်။
    အန်တီရန်ကုန်လာရင်သူငယ်ချင်းတွေ..
    မိတ်ဆွေတွေကိုတွေ ့ဘို ့အချိန်မနည်းလုနေရတာပါ။
    အန်တီကိုသူငယ်ချင်းတွေကဗေဒင်တွက်ခိုင်း၊လက္ခဏာကြည့်ခိုင်းကြတာမို ့ပါကွယ်။။

    • Hnin Hnin

      August 15, 2012 at 12:33 am

      နှင်းနှင်းလည်း အားနာနာနဲ့ ပြန်ရေးလိုက်ရတာပါ။
      စကားမပြောတတ်တဲ့ အားနည်ချက်ရှိလို့ပါ။ အမျိုးလာလို့ ဧည့်ခံခိုင်းရင်တောင်
      အမျိုးပြောတာပဲ နားထောင်နေတာ း)…။ အန်တီကေရေးလာတော့ ဖုန်းပဲ
      လှမ်းဆက်လိုက်ရင်ကောင်းမလား..ရန်ကုန်ဘယ်တော့လာမှာလဲ..မေးရမလား..
      ဘာစပြောရမလဲနဲ့ပဲ..လားပေါင်းများစွာ ဖြစ်သွားသေးတယ်။ နှင်းနှင်း ဖုန်းနံပါတ်ကတော့
      ဒီမှာမို့ ပြန်ရေးမပေးလိုက်တာပါ။
      အန်တီကေ့ G-mail address ရှိရင် ရေးလို့ရရင် ရေးပေးပါ။

  • အရီးခင်လတ်

    August 15, 2012 at 2:20 am

    အစ်မ အေး ရေ
    ကျွန်မ ဘန်ကောက် မှာ နေတုန်း က အဲဒီ အင်္ဂလိပ် Tesco က ဖောက်သည်ပေါ့။
    နောက်မကြာခင် အဲဒီ ဆိုင် ရှေ့မှာ ပြင်သစ်က Carrefour ဖွင့်ပြီး အပြိုင်ကြဲ ကြတယ်။
    ကျွန်မ ကတော့ Tesco ကို ပိုကြိုက်ပါတယ်။
    အခုလဲ ဒီမှာ Tesco ကိုဘဲ သွားပါတယ်။
    ပလပ်စတစ် ပန်းတွေထဲမှာ နှင်းဆီ တွေ ကတော့ တကဲ့ အစစ် နဲ့ တူမယ် ထင်ရဲ့။
    အရမ်းလှတယ်နော်။
    ပုံလေးတွေ အတွက် ကျေးဇူးပါ။ 🙂

  • aye.kk

    August 15, 2012 at 10:25 am

    အရီးလတ်ရေ..။
    ကွန်မန်းလေးချီးမြှင့်ပေးတာဝမ်းသာမိပါတယ်။
    ပန်းတွေမြင်ရင်ချစ်တယ်။
    ပလပ်စတစ်နှင်းဆီပန်းကလည်းအစစ်နီးပါးလောက်လှနေသလိုပါဘဲ။

  • ကိုရင်စည်သူ

    August 15, 2012 at 2:05 pm

    အန်တီရေ.. တားတားက ထိုင်းရောက်တိုင်း ရွေးချယ်စရာမျိုးစုံတဲ့ Tesco မားကတ်မှာ
    အမြဲ ရှော့ပင်ဝယ်ပါတယ်… … အဟီးးး 😀 😀
    အဲ့မှာက အတိုအစ မူလီမူလာတွေ ဈေးပေါပေါလေးနဲ့ စုံစုံရှိတော့လေ…
    အိမ်ပြန်လက်ဆောင်လေး ဝယ်သွားဒါဘာ… 😛 😛
    အန်တီသွားခဲ့ဟာထက်…ဘန်ကောက်က တက်စကိုက ပိုကြီးတယ်…
    တားတားကို ဗေဒင်ကြည့်ပေးမယ်ဆိုပီး… ရှော့ပင်တွေပဲ
    လှိမ့်ထွက်နေတယ်… ဗြဲဗြဲ.. 👿

  • aye.kk

    August 15, 2012 at 2:34 pm

    ကိုရင်စည်သူလေးရေ။
    ဘန်ကောက်ကတက်စကိုကပိုကြီးပါတယ်ကွယ်။
    အဘမင်းသိင်္ခတပည့်လေးရေ။
    တားတားလည်းဗေဒင်တတ်တာပဲဟာကို။
    အန်တီဆီမှာဆရာတော်ခင်ကြီးဖျော်ရဲ ့မူရင်းကျမ်းကိုလက်ရေးမူနဲ ့ကူးထားတဲ့
    (ပဉ္စမ၊ဆဋ္ဌမ)ပိုင်းရှိတယ်။ဖတ်ချင်ရင်အန်တီပေးပါ့မယ်နော်။

    • ကိုရင်စည်သူ

      August 15, 2012 at 4:45 pm

      အန်တီအေးရေ… တားတားက ဗေဒင်သာ တွက်တတ်တာ..
      ကိုယ့်ကိုယ်တော့ ပြန်မတွက်ရဲဘူး… 😳 😳
      အန်တီဆီမှာ ဆရာတော်ခင်ကြီးဖျော် မူရင်းကျမ်း အပိုင်း ၅ ၆ ရှိရင်
      တားတားကို အမြန်ဆုံး ပို့ပေးပါနော့… အရမ်းဖတ်ချင် မှတ်ချင်နေပီ…
      ကျေးဇူး အထူးတင်ပါတယ်..။ ။

  • Hnin Hnin

    August 17, 2012 at 12:59 am

    ကျေးဇူးပါနော်…အရီးရေ…
    ကြွားရရင်တော့ ၁ဝတန်း မြန်မာစာ ဂုဏ်ထူးမှတ် သီသီလေးနဲ့ ကပ်လွဲခဲ့လို့
    အရီးရဲ့ ချီးကျူးခံရတယ်လို့ ထင်ပါတယ်… း)…။ ဘာမှမဟုတ်တာတော့
    ဖတ်လို့ကောင်းတာနေမှာပါ။ တကယ်အဟုတ်ရေးရင်တော့ တကယ်ကောင်းမှမို့
    ဒီမှာရေးနေကြတဲ့ ပညာရှင်များကို မမီပါဘူး။ အန်တီကေ၊ Ko Khin Ka၊ TTNU တို့ကို
    တစ်လိုင်းစီ နှစ်သက်မိပါတယ်။ သူများအားကျပြီး ရေးဖို့စိတ်ကူးလေးတော့
    ဝင်ဝင်မိပေမယ့်….. း)…

Leave a Reply