ဘယ်ထဲမှာပါလဲ…

lu ta loneJuly 5, 20101min822

http://www.granitegrok.com/pix/question%20mark.jpg

ကဲ သူငယ်ချင်းတွေပျင်းနေမှာစိုးလို့ အကောင်းဆုံးဗဟုသုတလေးပေးမယ်
ကိုယ်ဘယ်ထဲပါလဲစဉ်းစားနော်.

၁။ ယဉ်ကျေးသူ ………………..အီးမပေါက်ခင် “ခွင့်ပြုပါနော်” ဟုပြောပြီး
အီးပေါက်ပြီးသောအခါ “ဆောရီး” ဟုပြောတတ်သူ။ > >

၂။ မရိုးသားသူ………………….ကိုယ်ကအီးပေါက်သော်လည်း ဝန်မခံပဲ
“ကျွန်တော့်ခွေးလက်ချက်ပေါ့” ဟုလွှဲချတတ်သူ။

၃။ မိုက်မဲသူ…………………….အီးပေါက်ချင်သော်လည်း မပေါက်ပဲ အံတင်းကြိတ်မှိတ်
အောင့်ထားသူ။ > >

၄။ ဗဟုသုတကြွယ်ဝသူ………ဘယ်အချိန် ဘယ်နေရာတွင် အီးပေါက်ရမလဲ သိသူ။ > >

၅။ ဒုက္ခသည်…………………..အီးအလွန်ပေါက်ချင်သော်လည်း ပေါက်၍ မရနိုင်ပဲ
အားမလိုအားမရ ဖြစ်နေသူ။ > >

၆။ အုံ့ပုန်း………………………လက်သည်မပေါ်အောင် (သို့) သူ့လက်ချက်မှန်း
ဘယ်သူမှမသိအောင် အီးပေါက်သူ။ > >

၇။ ဝါကြွားသူ………………….အီးကျယ်ကျယ်ပေါက်ရခြင်း၌ ဂုဏ်ယူတတ်သူ။ > >

၈။ နှိပ်စက်တတ်သူ………….လူများသောနေရာတို့တွင် ရွေးပြီး အီးပေါက်သူ။ >
>

၉။ သိပ္ပံဆရာ…………………အီးမှန်မှန်ပေါက်သော်လည်း လေထုညစ်ညည်းမှာကို စိုးရိမ်သူ။
> >

၁၀။ ရှက်တတ်သူ……………အီးပေါက်ပြီး မျက်နှာ တစ်ခုလုံး နီရဲလာသူ။ > >

၁၁။ အကြံပိုင်သူ…………….အီးပေါက်သော်လည်း သူ၏ အီးပေါက်သံကို
သူတစ်ပါးမကြားစေရန် အာလူးကျော် (ဝါ) ငါးမုန့်ကျော် ကိုတစ်ကျွတ်ကျွတ်ဝါး၍
အီးပေါက်သူ။ > >

၁၂။ ကျပ်မပြည့်သူ…………အီးပေါက်လိုက်လို့ ငါ့ခန္ဓာကိုယ်ထဲက လေတွေ
လျှော့သွားပြီဟု ထင်မှတ်လျက် Balace ဖြစ်အောင် လေကိုတစ်ဝကြီး တစ်ရှူးရှူး
ရှူသွင်းတတ်သူ။ > >

၁၃။ ကပ်စေးနဲသူ………….အီးကို အကုန်တစ်ရှိန်ထိုး မပေါက်ပဲ ဖြည်းဖြည်းချင်း
တစ်ဆစ်ချင်း ညှင်း၍ပေါက်သူ။ > >

ကဲ..သင်ဘယ်ထဲမှာပါလဲဗျာ။

2 comments

  • zamte

    July 6, 2010 at 6:31 am

    ကျနော်တော့ အဆင်ပြေတဲ့နေရာမှာ အဆင်ပြေသလို ကြည့်လုပ်လိုက်တယ်။ ဘယ်နံပါတ် စာရင်းထဲဝင်သွားသလဲ။

  • photharlay

    July 14, 2010 at 3:56 am

    မိုက်တယ်ကွာ

Leave a Reply