ရတုအဆက်ဆက်

ခင္ခAugust 12, 20121min20216

ရတုအဆက်ဆက်

မိမိတို့ ဆောင်ရွက်ခဲ့တဲ့အရာတစ်ခု သက်တမ်းနှစ်တွေကြာလာရင် အဲဒီနှစ်တွေကိုအမှီပြုပြီး ဘဲဖြစ်ဖြစ်၊ အကြိမ်အရေ အတွက်ကိုဘဲဖြစ်ဖြစ် ရတုအခေါ်လေးတွေနဲ့တင်စားတတ်ကြပြီး ရတုအဆက်ဆက် ဖြတ်ကျော် ခဲ့မှု့အပေါ်မှာလည်း   ကျေနပ်ဝမ်းမြောက် တက်ကြပါတယ်၊ ဒါကြောင့်  ရတုတွေရဲ့အခေါ်အဝေါ်လေးတွေကို သိရှိရအောင် ဖတ်ဖူးတဲ့ တိုလီမိုလီ စာပေစုထဲက ပြန်ရေးပေးမလို့ပါ။ သိပြီးသားတွေလည်း ဖြစ်ချင်ဖြစ်နေကြမှာပါ။

  • 1 st year    – Paper ( စက္ကူ ရတု )
  • 2 nd year  – Calico ( ပိတ်ချော ရတု )
  • 3 rd year   – Leather( သားရေ ရတု )
  • 4 th year   –  Silk 0r Book , fruit 0r flwers ( ပန်း ရတု )
  • 5 th year   – Wood ( သစ်သား ရတု )
  • 6 th year   – Iron ( သံ ရတု )
  • 7 th year   – Copper 0r Brass ( ကြေး ရတု )
  • 8 th year   – Bronze ( ကြေးနီ ရတု )
  • 9 th year   – Pottery ( အိုး ရတု )
  • 10th year  – Tin ( သံဖြူ/သွပ် ရတု )
  • 11th year   – Steel ( စတီး ရတု )
  • 12th year   – Linen ( အထည်/အဝတ်အစား ရတု)
  • 13th year   – Lace( ဖိနပ်ကြိုး ရတု )
  • 14th year   – Ivory ( ဆင်စွယ် ရတု )
  • 15th year   – Crystal ( သလင်းကျောက် ရတု )
  • 25th year  – Silver ( ငွေ ရတု )
  • 30th year  – Pearls ( ပုလဲ ရတု )
  • 35th year  – Coral and Jade ( ကျောက်စိမ်း ရတု )
  • 40th year  – Ruby ( ပတ္တမြား ရတု )
  • 45th year  – Sapphire ( နီလာ ရတု )
  • 50th year  – Golden ( ရွှေ ရတု )
  • 55th year  – Emerald ( မြ ရတု )
  • 75th year  – Diamond ( စိန် ရတု )

ရတုတွေတစ်ခုပြီးတစ်ခုပြည့်လို့ ဖြတ်ကျော်သွားကြတာတွေအပေါ်မှာ တင်စားခေါ်ဝေါ်တဲ့ သတ်မှတ်ချက်လေးတွေပါ။ အများအားဖြင့် ၂၅ နှစ်ပြည့် ငွေရတု၊ နှစ် ၅ဝ ပြည့် ရွှေရတု နဲ့ ၇၅ နှစ်ပြည့် စိန်ရတု အခန်းအနားတွေကတော့ လူသိများ ကြတာတွေဖြစ်ပါတယ်။ အခုကျွန်တော် ရဲ့ ရွှေရတုမြောက်ပိုစ့်ဖြစ်လို့ ရတုတွေစဉ်းစားမိရင်း ရေးဖြစ်သွားတာပါ။

ရွာထဲကမိသားစုရှိသူများလည်း ရတုအဆက်ဆက် ပျော်ရွှင်စွာဖြတ်ကျော်နိုင်ကြသလို၊ ချစ်သူလေး   တွေရှိသူများလည်း ချစ်သက်တမ်းရတုလေးတွေမှာ ကြင်နာစွာဖြတ်ကျော်နိုင်ကြပြီး၊ အပျို ၊ လူပျို နဲ့ လူလွတ်များလည်း ဆန္ဒများပြည့်၍   အေးချမ်းစွာဖြင့် ရတုတွေကိုဖြတ်ကျော် နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်နော်လို့—–။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

 

16 comments

  • မောင်ပေ

    August 12, 2012 at 9:53 pm

    အေးဗျာ ဖတ်တော့ဖတ်ဘူးပါတယ်
    မှတ်တော့ မမှတ်မိဘူး
    ကိုခင်ခ ပိုစ့်ကိုတော့ ကူးသွားပါပြီ

  • ko khin kha

    August 12, 2012 at 10:17 pm

    ပထမကွန်မန့်ပေးတဲ့ နာဂရချစ်သူ နဲ့ ကူးယူသွားတဲ့ ကိုပေ တို့ကိုကျေးဇူးပါ။

  • ahnyartamar

    August 13, 2012 at 9:24 am

    ကျေးဇူးပါဗျာ၊ စာအုပ်တအုပ်ထဲမှာ ဖတ်ဖူးတယ်။ (ကျောက်မျက်ရတနာ အကြောင်းရေးထားတဲ့စာအုပ်ထင်တယ်) သိချင်လို့ ပြန်ရှာနေတာကြာပြီ။ အခုတော့ အဆင်ပြေသွားပြီ။ ကျေးဇူးပါ ko khin kha ရေ………ကူးလည်းသွားတယ်ဗျို့။

  • မမ အညာသူ

    August 13, 2012 at 9:30 am

    ခုလိုမျှဝေပေးတာကျေးဇူးပါရှင်
    သိတော့သိတယ် ဒါပေမဲ့မသိဘူး………..:P

  • P chogyi

    August 13, 2012 at 9:54 am

    ကျွန်တော်ပို့စ်ရေးတဲ့သူတွေကို အားကျမိတယ်။
    ကိုယ်လည်းလိုက်ရေးကြည့်တယ် အားမရဘူး၊ မတင်ဖြစ်ဘူး။
    ကိုခင်ခအပါအဝင်အတော်များများ နေ့စဉ် အနည်းဆုံးတစ်ပုဒ်
    ရေးတင်ကြတယ်။ ချီကျူးဂုဏ်ယူမိပါတယ်။
    ရွှေရတုမှသည် စိန်ရတုတိုင် အောင်မြင်ချောမွေ့စွာရေးသားနိုင်ပါစေလို့
    ဆုမွန်တောင်းလျှက်။

  • lynn lynn

    August 13, 2012 at 10:19 am

    ကိုခင်ခရေ အခုလို မျှဝေလို့ ကျေးဇူးပါပဲ။ လင်းလင်းလည်းကူးသွားပြီနော်။ ကိုခင်ခရေ ရွှေရတုမှသည် ရတုအဆက်ဆက်ရေးသားနိုင်ပါစေ။ စောင့်မျှော်နေပါတယ်။

  • Ma Ei

    August 13, 2012 at 11:57 am

    ကိုခင်ခရေ…
    အားကျလိုက်တာ…
    ဆက်ရေးပါနော်…

  • ko khin kha

    August 13, 2012 at 12:39 pm

    ahnyartamar , မမ အညာသူ,P chogyi ,လင်းလင်း နဲ့ မအိ တို့ကွန့်မန့်အတွက် နှင့် ကူးယူခြင်း အတွက်ကျေးဇူးပါ။

  • shwe kyi

    August 13, 2012 at 1:46 pm

    လေးခင်ခရေ ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏။ များလိုက်တဲ့ရတုတွေနော် ရွှေကြည်မသိသေးဘူးဗျ။
    လေးခင်ခရေ ရွှေရတုပို့စ်မှတိုင်နောင်အဆပေါင်းများစွာသောပို့စ်တွေကိုရေးသားနိုင်ပါစေ။

  • manawphyulay

    August 13, 2012 at 3:37 pm

    မီးမီးရဲ့ ရတုက ခုမှ အသက်နဲ့တွက်မယ်ဆိုရင် စက္ကူရတုကို ရောက်နေပြီပဲ… အဟိ

    • မွန်မွန်

      August 13, 2012 at 3:56 pm

      ပုလဲရတုအလွန်လား အစ်မ…ဟီး..စတာနော်…

      သမီးလည်း ကူးသွားပါတယ်ရှင်….

  • etone

    August 13, 2012 at 4:57 pm

    အန်ကယ်ခင်ခရေ ..
    အစကတော့ … နာမည်ကြီးနေတဲ့ ရတုတွေလောက်ပဲ သိတယ် … ။ စက္ကူတို့ ပိတ်ချောတို့ကို မသိခဲ့ဖူးပဲ … ။
    ကူးမှတ်ထားလိုက်ပါတယ်နော် … မသိသေးတာ … သိစေတဲ့အတွက် ကျေးဇူးပါ … ။

  • ကိုခရေ
    ကျနော်က ရွှေတော့ကျော်ခဲ့ပြီဗျာ၊
    ပတ္တမြားအထိ နေနိုင်မယ် မနေနိုင်မယ်ကတော့
    ……………………………………………………………………….

  • ko khin kha

    August 13, 2012 at 10:48 pm

    comment မရွှေကြည် ၊ မနှောဖြူလေး ၊ မအိတုံ ၊ ကိုပေါက် ၊ မွန်မွန် ။
    ပေးကြခြင်းအတွက် ကျေးဇူးပါနော်။

Leave a Reply