*** ပန်းပွင့်တဲ့ …ည ***

ပါးပြင် နွေးနွေး ….

မွှေးမွှေး ပေးတုန်း

တိမ်ထဲ ပုန်းဝင်

စန္ဒာရှင် လ

လိုက်သိလှ စွာ

အလင်းခွာ ချ

ထိုခဏ ၀ယ်

ကြယ်လည်း ကြွေခိုက်

ရှက်လိုက်တာ ကွယ်

ပါးမယ် နီမြန်း

အပျို ဖြန်းကလေး

ထွက်ပြေး ရင်မှ

ဒီလို ညကို …..

သတိရ လို့ 

နေသေး သည် ။။။

မောင်ခင်မင်(ကျွန်ေးချာင်း)

၁၂.၈.၂၀၁၂

About maung khinmin

maung khinmin has written 85 post in this Website..

   Send article as PDF