***ပန်းပွင့်တဲ့ ..ည***

maung khinminAugust 12, 20121min1055

*** ပန်းပွင့်တဲ့ …ည ***

ပါးပြင် နွေးနွေး ….

မွှေးမွှေး ပေးတုန်း

တိမ်ထဲ ပုန်းဝင်

စန္ဒာရှင် လ

လိုက်သိလှ စွာ

အလင်းခွာ ချ

ထိုခဏ ဝယ်

ကြယ်လည်း ကြွေခိုက်

ရှက်လိုက်တာ ကွယ်

ပါးမယ် နီမြန်း

အပျို ဖြန်းကလေး

ထွက်ပြေး ရင်မှ

ဒီလို ညကို …..

သတိရ လို ့

နေသေး သည် ။။။

မောင်ခင်မင်(ကျွန်ေးချာင်း)

၁၂.၈.၂၀၁၂

5 comments

  • ရှက်လိုက်တာ ကွယ်
    ပါးမယ် နီမြန်း
    အပျို ဖြန်းကလေး
    ထွက်ပြေး ရင်မှ
    ဒီလို ညကို …..
    သတိရ လို ့
    နေသေး သည် ။။။
    —————————-

  • မောင်ပေ

    August 13, 2012 at 8:58 am

    ဒီလိုညမျိုး ထပ်ခါ ထပ်ခါ ကြုံချင်စမ်းပါဘိ…

  • မမ အညာသူ

    August 13, 2012 at 9:28 am

    ဦးပေနော် မကြီးမငယ်နှင့် 😛

    • maung khinmin

      August 13, 2012 at 9:42 am

      ဆြာ … ပေ့ကို အပြစ်တင်မစောနဲ ့ဗျ
      မမအညာသူ ရေ ….
      ဆြာပေ … ကထပ်ခါတောင် စကွဲ(ရ်) တင်ထားသဗျ
      ထပ်ခါထပ်ခါ ….ကြုံချင်စမ်းပါဘိတဲ့ …

      ဒီလို အရသာမျိုးက ….
      ကြီးသည် ငယ်သည်မရှိ ….
      သတိတရ …. အမှတ်ရနေတတ်သကိုးဗျ …..

  • ဝေးလွင့်တိမ်

    August 13, 2012 at 10:09 pm

    ပိုင်သကွာ

Leave a Reply