မန်းဂေဇက် ချစ်သူများစာပေဆုပေးပွဲ (ဂျုလိုင်လ)

padonmarAugust 13, 20121min85079

ကြက်သွေးရောင် ကတ္တီပါကားလိပ်ကြီး သည် လေပြေအဝေ့မှာ တလှုပ်လှုပ်လွန့်လူးလျက် ရွှေပွဲလာ ပရိသတ်ကြီးကို

ဆွဲဆောင်နေပါသည်။

ကတ္တီပါကားလိပ်အထက်တွင်ကား မန်းဂေဇက် ချစ်သူများစာပေဆု ရံပုံငွေ အငြိမ့်သဘင် နှင့် ဆုပေးပွဲ အခမ်းအနား ဟူသော

နဖူးစည်းကြီးက ခန့်ညားစွာ တည်နေပါသည်။

ဇာတ်ခုံရှေ့တွင် မြန်မာဆိုင်းဝိုင်းကြီး နှင့် စန္ဒယားတို့က တစ်ဖက်တစ်ချက်စီနေရာယူထားကြသည်။

ပွဲကြည့်ပရိသတ် များအတွက် ဆိုဖာထိုင်ခုံများမှာ ဇာတ်ခုံကို “ပ”ပုံ ဝိုင်း၍ ၃ တန်းခွဲ စီထားသည်။

အထူးအစီအစဉ်အဖြစ် အလယ်ခုံတန်းတွင် မိသားစုများ၊ဘယ်ဖက်ခုံတန်းတွင် ရွာသူအပျိုချောများ၊ညာဖက်ခုံတန်းတွင်

ရွာသားလူပျိုမချောတချော၊မပြိုတပြိုများ ထိုင်ရန် စီစဉ်ထားသည်။

ရွာသားများမှာ အပျိုလေးတွေနားကပ်ထိုင်ခွင့်မရဟုသိရစဉ်က မကျေနပ်ကြသော်လည်း မေတ္တာလက်မှတ်များဖြစ်၍ ခန္တီစ

သည်းခံနေကြရသည်။

သို့သော် ထိုင်ခုံများစီစဉ်ထားပုံမှာ ရွာ့အလှလေးများကို မစောင်းတစောင်းလေး မြင်နေရမှန်းသိသဖြင့် ကျေနပ်သွားကြသည်။

ပရိသတ်ကြီးမှာ တဖွဲဖွဲရောက်လာပြီး ထိုင်ခုံနံပါတ်များကို ပါလာသော မေတ္တာလက်မှတ်များနှင့် တိုက်၍ မိမိတို့နေရာရှာနေကြသည်။

အခမ်းအနားစီစဉ်သူ ဗလာဒီမာရဲစည်မှာ ဆီးရီးယားမှ အချိန်မီပြန်လာပြီး ဂန္ဓာလရာဇ်ပြည်ဖြစ် LED လက်နှိပ်ဓာတ်မီးကြီးတစ်လက်ဖြင့်

နေရာရှာသူများကို ဟိုသွားဒီသွားဟု အမိန့်ပေး usher လုပ်နေသည်။

ပရိသတ်များပိုများလာသဖြင့် ရဲစည် တစ်ယောက်တည်း မနိုင်တော့သောကြောင့် အရင့်ရောင်၊အလင်းဆက်၊ချစ်ရင်ထူး၊အီးတီ၊

ကိုရင်စည်သူ တို့က ကူပြပေးရင်း ကလေးငယ်များကို တွဲသယောင်၊အပျိုလေးများကို ဆွဲသယောင်၊အဖိုးကြီး အဖွားကြီးများကို

မမြင်သယောင်၊ကာလသားများကို မတူမတန်သယောင် လုပ်နေကြသည်။

ရွာ့ဓာတ်ပုံဆရာများဖြစ်သော ကိုစိန်သော့၊ရွှေမင်းသား၊Mလုလင်၊ရွှေထီး၊ဂန္ဓာရီ ဆြာအုပ်၊တို့နှင့်အပြိုင်

ရွာသူဓာတ်ပုံဆရာမလေးများဖြစ်သော ညလေး၊သကြားလုံးကြော်၊We R One တို့ကလည်း အားကျမခံ လက်စွမ်းပြနေကြသည်။

Flash အရောင် တဖျပ်ဖျပ် အောက်တွင် ရွာသူလေးများအဖွဲ့ကလည်း နေကြာစေ့၊အချဉ်ထုပ်၊အာလူးကြော်၊ငါးမုန့်ကြော်ထုပ်များနှင့်

ရေသန့်ဘူး ဆွဲလွဲပြီး နေရာယူကြသည်။

အပျိုလေးများအဖွဲ့ ခေါင်းဆောင်ဖြစ်သော သဂျီးသမီးချာတူးက “ပါပါကပြောထားတယ်။ဗမာတွေ ပွဲပြီးလို့ပြန်ရင် အမှိုက်တွေ

ပွကျန်နေတတ်တယ်၊အမှိုက်ပုံးထဲ ရောက်အောင်မထည့်ကြဘူးတဲ့၊ပါပါစိတ်ချမ်းသာအောင် ၊အဝမှာ အမှိုက်ပုံးထားပေးပါတယ်အထဲရောက်အောင်လည်းထည့်ကြပါ”ဟု

ပြောနေသော်လည်း အချင်းချင်း ရေပက်မဝင်ပြောနေရသောကြောင့် မကြားကြဘဲ အောက်သို့သာပစ်ချနေကြသည်။

ရွာတော်ရှင်ဆူး၊နန်းမတော်မယ်ပု၊ဆရာမလေးမိုးစက်၊ပန်ပန်၊မွန်မွန်၊မိုက်လေး၊မဂွက်ထော်၊မမအညာသူ၊စနိုးဝှိုက်၊ကိုရင်မောင့်ညီမ

ရွှေကြည်၊ရွေအိ၊ရွေပုံ့၊ချယ်ရီနွယ်၊ငြိမ်းငြိမ်း၊မနောဖြူလေး၊မမအုံ၊ ကြေးမုံ၊WOW၊မွန်ကစ်၊မေဂျူလိုင်၊နှင်းဆီငုံ တို့မှာ အလှဆုံးပြင်ဆင်လာကြသဖြင့်

မော်ဒယ်လေးများသဖွယ်လှပနေကြပါသည်။

အပျိုကြီးများဖြစ်သော အေးကေကေ။အန်တီမိုး၊မအိ၊သည်းနုအေးတို့ကလည်း အားကျမခံ စတော့ကင်၊စကဒ်တို၊ကြိုးတစ်ချောင်း

ဝတ်လာကြသဖြင့် လန်းနေကြပါသည်။

အလယ်မိသားစုတန်းရှေ့ဆုံးတွင်ကား မန္တလေးမှပင် လာရောက်အားပေးသော တီချာကြီးမှာ ရန်ကုန်မှရွာသူားများကို

ယခုမှတွေ့ရသဖြင့် “ လာနှုတ်ဆက်သူတိုင်းကို ပျူပျူငှာငှာဆက်ဆံကြနော်”ဟု သားလေး ကိုဆန်နီ ၊မြေးလေး မောင်ပေတို့ကို

မှာနေပါသည်။

(ပင်လယ်ပျော်၊ခိုင်ခိုင်နှင့် သမီးလေး မိသားစု)နှင့် (ရွှေတိုက်စိုး၊အုပ်အုပ်နှင့် သားလေးမိသားစု)မှာ လက်မှတ်ထပ်နေသဖြင့်

ငြင်းနေကြပါသည်။ဗလာဒီမာရဲစည် ကြားလိုက်ရ၍ အမြန်လာပြီး တောင်းပန်ကာ ရွှေတိုက်စိုးတို့မိသားစုကို ရှေ့ဆုံးတန်း၏ရှေ့၌

ပလပ်စတစ်ခုံချပေးပြီး နှစ်သိမ့်လိုက်ရပါသည်။

ထို့နောက်တန်းတွင်ကား အာဂ၊နွယ်ပင်နှင့် ဒို့ဘိုးဘွားအမွေဆက်ခံမည့်သားလေး ငါကွ တို့မိသားစု၊

ရွာ့သမက်ကြီး၊မှီနှင့် သားသား၊မီးမီး တို့မိသားစု၊

ရွာစားကျော်၊ရှင်မွေးလွန်းနှင့် သားလေးဖိုးသောကြာ မိသားစု၊

ဒေါက်တာ YKKO ၊အိတုန် နှင့် သားအမွှာလေး ၂ယောက် မိသားစု၊

မစ္စတာ နိုဗွီ၊မနိုဗွီ၊သမီးလေးဂျူနို မိသားစု၊တို့ကလည်း အသီးသီး နေရာယူကြပါသည်။

အော်ဇီ မှ ကိုဘုန်းကျော်၊ဇနီး ၊သားသားနှင့်မီးမီး မိသားစု၊

ဆင့်ကာပူရ(ခရက်ဒစ် တူ ရှုံးလူ)မှ မိုချို၊သူ့ အိမ်ကလူကြီး နှင့် သားလေးတို့မိသားစုလည်း ပြန်လာ၍ အားပေးကြပါသည်။

ညာဖက်မှ ရွာ့ကာလသားများမှာ မထိုင်နိုင်ကြသေးဘဲ အလယ်ခုံတန်းကိုကျော်ကာ ဘယ်ဖက်မှ ရွာ့ကွမ်းတောင်ကိုင်များကို

ပါဝါတစ်သောင်း မျက်ကပ်မှန်လုပ်၍ ကြည့်ရင်း ဖွက်ယူလာသော ဘီဘီများမော့နေကြပါသည်။

စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ အမတ်မင်းမှာ သူရ၊ဖက်တီးကက်၊၊ဘဲဥ၊ဘဘဖရဲ၊နွေဦး၊The Best၊ Ster၊ မိုင်ဆွန်ခ၊နီဂိမီ၊

ဘီလူးကြီး၊မောင်သန်းထွဋ်ဦး၊ကက်ပတိန်အမေရိကား၊ကမ်းကြီး၊သာလိကာ၊ ရဲရင့်လှိုင်၊ပိုင်လေး၊မောင်ဘလှိုင်၊ကိုဝင်း၊မိုးမင်းသား တို့ လက်ထဲမှ

ယောကျင်္ားလေးသုံးရေမွှေးများ(ဒါလည်းခရက်ဒစ်တူ ရှုံးလူပါဘဲ)ကို သိမ်းရကောင်းနိုး၊ဘော်ဘော်တွေမို့

ကျောပေးထားရကောင်းနိုးနှင့်စိတ်ညစ်နေပါသည်။

ကိုနေချား၊Knowledge Seeker၊အဘနီ၊ကိုဇော်မင်း၊ကိုမင်းဇော်၊ကိုသာ၊တညင်သား၊ကိုဖိုးထောင်၊ငပွကြီး၊စွယ်တော်ရွက်၊ကိုသစ်မင်း၊

ကိုဆာမိ၊ကိုခင်ခ၊ကိုစံလှကြီး၊ကိုငြိမ်းချမ်း၊ဦးကျောက်ခဲ၊မောင်ခင်မင်၊ဦးဖက်တီး၊ဆရာထက်တို့မှာ လူကြီးများဖြစ်၍

ဣန္ဒြေဆယ်နေကြရပါသည်။

ကြောင်ကြီး၊ကြောင်လတ်၊ကြောင်လေး တို့မှာ ကြောင်ဂိုဏ်းဝင်ချင်သည်ဆိုသော သကြားလုံးကြော်အတွက် နာမည်ပေးရေး

အခြေအတင်ဆွေးနွေးနေကြပါသည်။ကြောင်မျိုးနွယ်များ တိုးပွားရေး ဒို့အရေးဟု ပွဲသိမ်းလျှင် တိုင်ပေးရန် ညှိနှိုင်းနေကြပါသည်။

ပုပု နှင့်ဖြိုးမှာ ဘယ်ဖက်တန်းမှာ ထိုင်ရမလား၊ညာဖက်တန်းမှာထိုင်ရမလား ရွေးရခက်နေကြသည်။

ကိုထွန်းဝင်းလတ်မှာ အဝင်ဝတွင် ဖလားတစ်လုံးနှင့် အလှူခံနေသည်။

ရွှေအိမ်စည်၊ကောင်းမြတ်ထွဋ်နှင့်သူရဿဝါက လာသောပရိသတ်မှတ်တမ်းကို ကွန်ပူတာဖြင့် တစ်ခါတည်း

ရက်ကော့ယူရန်ကြိုးစားနေသော်လည်း ပရိသတ်ကြီးမှာ သူတို့ကို ဂရုမစိုက်ဘဲ သွားချင်ရာသွား၍ အချင်းချင်း

ဝမ်းသာအားရနှုတ်ဆက်နေကြသောကြောင့် ခေါင်းသာ အတွင်ကုပ်နေကြရပါသည်။

သတင်းထောက် မြတ်ကျော်ကလည်း သတင်းရယူနိုင်ရန် အင်တာဗျူးရမည့်သူလိုက်ရှာနေသည်။

မိသားစုများမှ ပါလာသော ကလေးငယ်များက ပျင်းလာသောကြောင့် ပွဲထွက်ပါတော့ဗျို့ ဟု အော်ကြပါတော့သည်။

ဤသို့ အုတ်အုတ်ကျက်ကျက် စည်ကားနေစဉ် ဇာတ်ခုံရှေ့ ဆိုင်းဝိုင်းနှင့် စန္ဒယားမှ ကမ္ဘာမကြေတီးလုံးပေါ်ထွက်လာရာ ပရိသတ်တို့မှာ

မထချင်ထချင် မတ်တပ်ရပ် အလေးပြုကြရပါသည်။

တီးလုံးဆုံးလျှင် ကြက်သွေးရောင် ကတ္တီပါကားလိပ်ကြီးမှာ တရွေ့ရွေ့ တက်သွားပြီး ဇာတ်ခုံ လယ်တွင်

ပန်းရောင်ထိုင်မသိမ်းဝတ်စုံဆင်မြန်းထားသော အသက်၁၅ နှစ်ခန့် အသားဖြူဖြူ၊မျက်ဝန်းကျယ်ကျယ်၊နှာတံပေါ်ပေါ် မင်းသမီးလေးနှင့်

ဘယ်ဖက်တွင် ပုဆိုးဝါ+စိမ်းကွက်၊ခေါင်းပေါင်းဝါ၊ဖဲအကျီင်္ဝါ ဝတ်ထားသော လူရွှင်တော် ၄ဦး၊ညာဖက်တွင် ပုဆိုးနီ+မည်းကွက်

၊ခေါင်းပေါင်းပန်းရောင်၊ဖဲအကျီင်္နီ ဝတ်ထားသော လူရွှင်တော် ၄ဦး(လူရွှင်တော်တွေကတော့ အရုပ်ဆိုးဆိုး အဖိုးကြီးတွေချည်းပဲမို့

ဥပဓီရုပ် မဖော်ပြတော့ဘူး)

လက်အုပ်ချီကန်တော့လျက် ၊နောက်ဖက်တွင် ကျောပေးလျက်ထိုင်နေသော မင်းသမီး ၃လက် တွေ့ရပါသည်။

ပန်းရောင် မင်းသမီးလေးက မိတ်ဆက် စကားစတင်ပြောကြားပါသည်။

“ဗုဒ္ဓံ သရဏံ ဂစာ္ဆမိ၊ဓမ္မံ သရဏံ ဂစာ္ဆမိ၊သံဃံ သရဏံ ဂစာ္ဆမိပါရှင်၊

ချစ်ခင်လေးစားရပါသော ရွှေပွဲလာ မိဘပြည်သူအပေါင်းတို့ရှင်၊

သမီးကတော့ မန်းဂေဇက် ချစ်သူများ အဖွဲ့ကြီးရဲ့ ရှေ့ထွက်မင်းသမီးလေး ပဒုမ္မာဖြစ်ပါတယ်ရှင်၊

သမီးတို့ အငြိမ့်အဖွဲ့ကြီးဟာ တကယ့် အနုပညာရှင် ပဂေးကြီးတွေ မဟုတ်ဘဲ အပျော်တမ်း ဝါသနာရှင်တွေ ဖြစ်တဲ့အတွက်

အမှားအယွင်း အချွတ်အချော်လေးတွေများတွေ့ရင်လည်း အပြစ်တော်မဝင်ဘဲ အချစ်တွေသာဝင်ပေးကြပါလို့ တောင်းပန်ချင်ပါတယ်။

သမီးတို့ အဖွဲ့သားတွေနဲ့မိတ်ဆက်ပေးပါရစေ၊

သမီးနဲ့ တွဲဖက်ပြီး ချစ်ပရိသတ်ကြီးကို ဖျော်ဖြေအသုံးတော်ခံမယ့် လူရွှင်တော်ကြီးများကတော့

သမီးရဲ့ ညာဖက်က ဘဘ မန္တလာ ကိုပေါက်၊ ဘဘ ချိုပေါ့ကျ ကိုဘလက်၊ဘဘ ဂျာပွန်ပြန် ဗရမ်းသပွတ် ကိုလင်းဝေ၊ဘဘ

ဘူတန်ပြန် အမြန်ရထားကြီး ကိုနိုဇိုမီ တို့ဖြစ်ပါတယ်ရှင့်။

(ညာဖက်မှ လူရွှင်တော်ကြီးများက ပရိသတ်ကို ဦးညွှတ်ကန်တော့လျက်)

သမီးရဲ့ဘယ်ဖက်ကတော့ ဘဘ စီဂျေကြီး ကထူးဆန်း၊ဘဘ အကြော်သယ် ဦးကြီးမိုက်။ဘဘ အဆဲခံချင်တယ်ဦးဖေါ၊ ဘဘ

ဖားမြွေဖွတ် အင်ဇာဂီ တို့ဖြစ်ပါတယ်။

(ဘယ်ဖက်မှ လူရွှင်တော်ကြီးများက ပရိသတ်ကြီးကို လက်အုပ်ချီလျက်)

သမီးတို့ကို အားဖြည့်ပေးမယ့် မြန်မာသံတေးဂီတ အတွက်ကတော့ ဝိုင်းတော်တီး စိန်ဗိုက်ဗိုက် (စိန်ဗိုက်ဗိုက်ပေါ် မီးဆလိုက်

ထိုးပေးထားစဉ် စိန်ဗိုက်ဗိုက်မှ မင်းအုပ်စိုးအိုက်တင်ဖြင့် စံတော်ချိန်တီးလုံးကို အားရပါးရတီး၍အသုံးတော်ခံ) နဲ့

အနောက်တိုင်းတေးဂီတ အတွက် စန္ဒယားမြို့မခိုင် (မြို့မခိုင်ပေါ် ဆလိုက်ထိုးပေးစဉ် ကိုဝင်းဦးအိုက်တင်ဖြင့်

စန္ဒယားဘေးချထားသော ရမ်ပုလင်းမှရေနွေးကြမ်းကို ဖန်ခွက်ထဲငှဲ့ထဲ့၍ တစ်ကျိုက်တည်းမော့လိုက်ပြီး မှုန်ရွှေရည်တီးလုံးကို

လက်စွမ်းပြတီးခတ်) တို့ဖြစ်ကြပါတယ်ရှင့်။

မီးအလင်းအမှောင် နဲ့ ပရိသတ်ကို ဖမ်းစားနိုင်အောင် ပံ့ပိုးပေးတာကတော့ အီလက်ထရစ်ချန်ပီယံမောင်မောင်အံ ဖြစ်ပါတယ်ရှင့်

(မောင်မောင်အံမှာ ကိုယ့်ကိုကိုယ် ဆလိုက်ထိုးပြရန် မဖြစ်နိုင်သဖြင့် သူ့မျက်နှာကို ပရိသတ်မြင်ရန် ရဲစည်လက်ထဲမှ

လက်နှိပ်ဓာတ်မီးယူကာ မီးထိုးပြ)

အားလုံးထဲမှာ သမီးက အငယ်ဆုံး၊ဝါအနုဆုံးပီပီ ချစ်ပရိသတ်ကြီးများ မင်းသမီးတစ်လက်ထက်တစ်လက် ပိုမို၍ အနုပညာအရသာ

ခံစားသွားရစေဖို့ သမီးရဲ့ ဘဘ ဇာတ်ဆရာကြီး ဦးဦးပါ က စီစဉ်ထားပါတယ်ရှင်။

ပရိသတ်ကြီးကိုကျောပေးပြီး မိတ်ကပ်ဖို့ရင်း မှန်ထဲက ချောင်းကြည့်နေတဲ့ သမီးရဲ့ မမတွေနဲ့လည်း ချစ်ပရိသတ်ကြီးကို

မိတ်ဆက်ပေးပါရစေ။

အဝါရောင် ဝတ်စုံလေးနဲ ပိန်ပိန်ပါးပါးလေး လှနေတာကတော့ ၁၆ နှစ် သမီး ဗုဒ္ဓဂါယာပြန် မင်းသမီးချောလေး“ချစ်မမ”ပါရှင့် ၊

လက်ခုပ်လေးများချီးမြှင့်ပေးကြပါ။

ခရမ်းရောင် ဝတ်စုံလေးနဲ့ လှရက်သူကတော့ ၁ရနှစ်သမီး ယူနိုက်တက် ကလဒမ်းပြန် “လတ်ခင်ခင်”ဖြစ်ပါတယ်ရှင့်၊

ဩဘာလက်ခုပ်လေးများ ကြားချင်ပါတယ်ရှင်။

နောက်ဆုံး မိတ်ဆက်ပေးရမယ့် ထောင်ထောင်မောင်းမောင်း ခေါင်းဆောင်မင်းသမီးကတော့ သမီးတို့ထဲမှာ သဘာအရင့်ဆုံး

ဘွဲ့ရပညာတတ်ဖြစ်တဲ့ တညင်ပြန်ဖားအောက်ပြန်ထားဝယ်ပြန်မော်လမြိုင်ပြန်တစ်ပြည်လုံးပြန် “နှင်းဝေဝေ” BSc(Easy Cook) ဖြစ်ပါတယ်ရှင့် ။

(လက်ခုပ်သံများ အရှည်ကြာဆုံး ဂင်းနစ်စံချိန် ကျိုးသွား)

အဖွဲ့သားတွေနဲ့ မိတ်ဆက်ပေးအပြီးမှာတော့ ဆုပေးပွဲမတိုင်မီ သမီးက ချစ်ပရိသတ်ကြီးကို

သမီးတတ်သမျှမှတ်သမျှလေးဖြေဖျော်သွားပါမယ်ရှင်”

“ဘဝဇာတ်ဆရာအလိုကျ ဆိုခဲ့ရ ကျမဘဝပါရှင်…………………”

သီချင်းတစ်ပိုဒ်ဆိုပြီး အကဆုံးသော် မန္တလေးမှ တီချယ်ကြီးက သဘောကျသဖြင့် မြေးလေးမောင်ပေအား ဆုတော်ငွေ ငါးထောင်ကျပ်

ကို စင်ပေါ်တက်၍ ဆုပေးစေပါသည်။

ထိုအခါ ရန်ကုန်မှ ပင်လယ်ပျော်နှင့် ခိုင်ခိုင်က အားကျမခံ ဆုတော်ငွေ တစ်သောင်း ၊

ဆင့်ကာပူရမှ မိုချိုနှင့်မိသားစုမှ စင်းဒေါ်လှ ၁၀၀၊

အော်ဇီမှ ကိုဘုန်းကျော်နှင့် မိသားစုက အော်ဇီဒေါ်လှ ၁၀ဝ တို့ကို အဖွဲ့သားများသို့ ဆုချသွားပါသည်။

မင်းသမီး ပဒုမ္မာ က

“သမီးလေး ပရိသတ်ကြီးကို ကျေးဇူးတင်လို့ သီချင်းလေးတစ်ပုဒ်နဲ့ ထပ်မံဖြေဖျော်သွားပါမယ် ”ဟုဆိုပြီး

“အငြိမ့်မင်းသမီးများ ရည်းစားထားတဲ့ လူဆိုတာမျိုးဟာ…

သဘောထားလည်း ကြီးအုံးမှပေါ့ သခင်ရယ်………..”သီချင်းနှင့် ဖြေဖျော်ကာ အကပိုဒ်အဆုံးတွင် ဇာတ်ခုံ ညာဖက်မှ

ကာလသားများဖက်သို့ မျက်စပစ်၍ ကတ္တီပါ ကားလိပ်ကြားသို့အဝင် ဗလာထမီနားငြိပြီး ခြေချော်ကာမှောက်ရက်လဲသွားသောကြောင့်

ကတ္တီပါကားလိပ်ကြီးကို ကိုယ်တိုင် ကြိုးဆွဲနေရသောဇာတ်ဆရာကြီး ဦးဦးပါက ပြည်ဖုံးကားကြီးကို

ကမန်းကတန်းချလိုက်ရပါကြောင်း။
………………………………………………………………………

ပြည်ဖုံးကားပြန်အဖွင့်…..

အမှတ်မရှိသေးသော ပဒုမ္မာမှာ ခြောက်လက်မ ပင်ဆယ်ဟီးကိုစီးပြီး ထိုင်မသိမ်းအစား မြန်မာချည်ထည်ဝတ်စုံ

အဖြူရောင်လက်ရှည်နှင့် အဖြူခံပေါ်ရောင်စုံချိတ်ကိုဝတ်၍ ဇာတ်ခုံ ညာဖက်မှ ထွက်လာပါသည်။

ဇာတ်ဆရာကြီး ဦးဦးပါ မှာ ဖဲတိုက်ပုံ အနက်ပေါ်တွင် ကနုတ်ပန်းပုံ စီးကွင့်ထိုးလျက် ပိုးပုဆိုး ဖက်ဖူးရောင် ဝတ်ဆင်ကာ ဇာတ်ခုံ

ဘယ်ဖက်မှ ထွက်လာပါသည်။

ပန်ပန၊်ရင်ငြိမ်းနွေး၊ချာတူး၊မနောဖြူလေး တို့က ကပ်ကျေးဗန်း၊စာအိတ်ဗန်း တို့ကို ကိုင်ဆောင်လျက် အသင့်ရပ်နေကြပါသည်။

ပဒုမ္မာက

“ခုချိန်ကစပြီး မန်းဂေဇက်ချစ်သူများစာပေဆု ချီးမြှင့်ပွဲ ကျင်းပတော့မှာ ဖြစ်တဲ့ အတွက် ဆန်ကာတင် စာရင်းမှာ ပါသူများကို

ဦးဦးပါကကြေငြာပေးပါရန်ပန်ကြားပါတယ်၊ဆန်ကာတင်များလည်းစင်မြင့်ပေါ်သို့ ကြွရောက်ပေးပါရန်

ဖိတ်ကြားအပ်ပါတယ်”ဟုကြေငြာပေးလိုက်ပါသည်။

ဆက်လက်၍ ပဒုမ္မာက ပန်ပန့်လက်ထဲမှ စာအိတ်ကို ရင်ငြိမ်းနွေးလက်ထဲမှ ကပ်ကျေးဖြင့် ဖွင့်ဖောက်၍ ဦးဦးပါ

လက်ထဲထည့်ပေးလိုက်ရာ ဦးဦးပါက အောက်ပါအတိုင်း ဆန်ကာတင်စာရင်း ကြေငြာသွားပါသည်။

TTNU

ဧရာ လှိုင်း

aye.kk

ရှူံးနိမ့်မှုများနဲ့..လူ

စံလှကြီး

ဘုန်းကျော်

ဝင့်ပြုံးမြင့်

ကောင်းမြတ်ထွဋ်

surmi

etone

သကြားလုံးကြော်

ကြောင်ကြီး

အံစာတုံး

Kyeemite

Blackchaw

Mocho

Htet way

ဆက်လက်၍ ဆန်ကာတင်များ ရင်ခုန်စွာနှင့် စင်မြင့်ပေါ်တွင်နေရာယူအပြီးတွင် ဂျူလိုင်လအတွက်

အကောင်းဆုံးဆုရစာရေးသူအမည်နှင့် ပို့စ် အမည်ကို ကြေငြာပေးပါရန် အထူးဧည့်သည်တော်အား စင်မြင့်ပေါ်သို့ကြွပါရန်

ဖိတ်ကြားရာ အထူးဧည့်သည်တော်ကြီးမှာ လေယာဉ် ဒီလေးဖြစ်သည့်အပြင် ရထားလမ်းရေကျော်ကာ

ကားလမ်းများပိတ်နေပါသောကြောင့်

နက်ဖန်မှ ကြေငြာတော့မယ်

79 comments

  • နှင်းဆီ ငုံ

    August 14, 2012 at 3:34 pm

    ဇာတ်လမ်းဖတ်ပြီး နောက်က Comment တွေဖတ်ရတာ လသာတဲ့ညမှာ စကားဝိုင်းဖွဲ့ပြီး ပြောနေကြသလိုပဲ ပျော်စရာကြီး …

  • padonmar

    August 14, 2012 at 8:15 pm

    ကိုနွေဦးရေ
    ဦးဦးပါထွက်သွားပြီး
    ဘုန်းဘုန်းတွေကို ဦးတော်တင်လို့ “နစ္စဂီတတွေ မို့လို့မေတ္တာလက်မှတ်မပေးတာပါဘုရား။
    ဝါဆိုထမင်းလေး ဘုဉ်းပေးသွားပါ”လို့ လျှောက်လိုက်ပါကြောင်း

  • mocho

    August 15, 2012 at 9:38 am

    အန်တီ padonmar ရေ
    မို့ ချို့ ဆီ ကို အိမ် တိုင်ရာ ရောက် ….အဲ….ပိုစ့် တိုင်ရာက် လာ ဖိတ် ပေးတဲ့ အတွက် ကျေးကျေး ပါ။ စာပို့ သမားနောက် ကျ ပေမယ့် ….မိုချို ပဲ ..ဘယ် နေလိမ့် မလဲ …ပွဲခင်းထဲ အစော ကြီးထဲက ရောက်ပြီး အူတတ် နေတာ။

  • aye.kk

    August 15, 2012 at 1:26 pm

    ဒေါက်တာပဒုမ္မာ။
    အိမ်တိုင်ရာရောက်ဖိတ်ပေးတဲ့အတွက်။ကျေးဇူးတင်ဝမ်းသာမိရပါတယ်။
    စတော့ကင်၊စကဒ်တို၊ကြိုးတချောင်းနဲ ့ပွဲခင်းထဲမှာအားလုံးနဲ ့ထပ်တူထပ်မျှပျော်ရွှင်သွားခဲ့ရပါကြောင်း..။
    အကြောင်းပြန်အပ်ပါတယ်ရှင်။။

  • ကြောင်ဝတုတ်

    August 15, 2012 at 3:05 pm

    မန့်တာနောက်ကျတဲ့အတွက် ခွင့်လွှတ်စေချင်ပါတယ်…
    အခုဆို လူတစ်ယောက်ကို လစာပေးပြီးခေါ်ထားရတဲ့အနေအထားပါ… ယားရင်ကုတ်ဖို့ပါ…

    အန်တီရေ…
    ပွဲကြည့်သွားတယ်နော်…

  • Moe Z

    August 15, 2012 at 3:11 pm

    ပွဲအပြီး ပွနေတဲ့အမှိုက်တွေအကုန်သိမ်းပြီးမှ ပြန်သွားပါတယ်ရှင့် 🙂

  • ရဲစည်

    August 15, 2012 at 4:10 pm

    ပျော်စရာကြီးမို့
    ဖတ်ရင်း ထပ်ဖတ်ရင်း
    ရယ်ရင်း ထပ်ရယ်ရင်း
    အန်တီ ပဒုမ္မာရေ
    အရမ်းကောင်းပါတယ်ဗျ
    သားကို ပွဲ စီစည်သူတော့ မလုပ်ပါနဲ့ ဦးပီးပေါ်ကြီး ရှိထားနှင့်လို့ပါ
    ကြိုဆို ဧည့်ခံရေးလောက်ဆို ရပါပီ
    ရွာသူ ရွာသား လူစုံတတ်စုံမို့ ဝမ်းသာရပါတယ်

    အန်တီပဒုမ္မာရဲ့ ရေးနိူင်ဖတ်နိူင်အားကို ကြည့်ပီး ” ငါတို့မအိုသေးဘူးနော်လို့” ပြောနေသလို ခံစားရပါတယ်။
    ဘရာဗိုပါ..
    ရွှီး … ရွှီး …. ဖြောင်း …ဖြောင်း

    အာရပ်နွေဦးကို ဆီးရီးယားတွင် မီးဒုတ်သွားရှို့သူ
    ဗလာဒီမာ ဇာကရီယာရဲစည်

    • အရီးခင်လတ်

      August 15, 2012 at 4:19 pm

      အောင်မယ် ၊ အောင်မယ် ၊ မောင်ရဲစည်။
      မင်းက အရင်ကတော့ ဒီလူတွေ အိုနေပြီ လို့ တွေးနေခဲ့တဲ့ သဘောပေါ့လေ။
      တောက်(စ်) (cr – ဂဂ) 😆

  • kyeemite

    August 16, 2012 at 8:37 am

    မင်းသမီးလေးဖိတ်တာနောက်ကျပေမဲ့
    ပွဲက နာမည်ကြီးပွဲဆိုတော့ ပွဲမစခင်ထဲက
    ဇတ်စင်ပေါ်ရောက်နေတာပါဗျာ…ပွဲမစသေးတာနဲ့
    ဝိုင်းတော်တီး စိန်ဗိုက်ဗိုက်နားအသာကပ်ပီး
    ဘီအီးလေးဝင်ကစ်နေလို့ မင်းသမီးလေးပဒုမ္မာ မမြင်တာပါ…

  • char too lan

    August 20, 2012 at 12:39 pm

    မင်းတမီးကတဲ့တချင်းက ဇာတ်ဆြာအလိုကျဆိုဒေါ့
    ချူချူကျော်တိန်းရဲ့ နာဒေါ့မေ့လို့မရဒေါ့ဘူး…. ဆိုဒဲ့တချင်းလား :mrgreen:

    ရွာနဲ့အလှမ်းဝေးနေတာကြောင့် အခုမှဖတ်ရပီး အခုမှမန်းရလို့ ခွင့်လွှတ်ကြပါနော် 🙂

  • padonmar

    August 20, 2012 at 9:36 pm

    ဘယ်ဟုတ်မလဲ သဂျီးသမီးရဲ့
    မျှော်နေတုံး သဂျီးသမီးရောက်လာတာနဲ့ ၂ယောက်တွဲပြီး အတွင်းကြေ ဟစ်လိုက်တာပေါ့။
    …………
    အန်တီမမနဲ့တောင်ပြောနေဖြစ်သေး။
    ချာတူးလေးပျောက်နေတယ်လို့။

    စကားအတင်းစပ်
    နွယ်ပင်နဲ့ ရာအိမ်မှူး တိုက်တိုက်လည်း ပျောက်နေတာကြာပြီ။

  • tar tar

    August 21, 2012 at 2:05 am

    ရှေ့ထွက် မင်းသမီးလေးကတော့ အလွန်ချောမောလှပ သလို အက လဲကောင်းပါတယ်.. ဝါသနာ အရင်းခံရှိတာကြောင့် အက ကောင်းတာ အထူးပြောစရာ မလိုပါဘူး ပွဲတိုင်းလိုလို ရုံပြည့် ကြည့်ရှု့အားပေးကြပါတယ် မင်းသမီးလေးဇာတိမှာ ကပြ တဲ့ပွဲ လူမရှိလို့ ခလေးတွေကို အင်းကျီ တယောက်တထည်စီပေးပြီး လာကြည့်ခိုင်းရတဲ့အဆင့်ထိ နာမည်ကြီးပါတယ် ..ဝါသနာကို..:(

    ဒုတိယ မင်းသမီးလဲ စပွန်ဆာမရှာပဲ ပင်ကိုယ်အရည်အချင်းနဲ့ နာမည်ကြီးလာတဲ့ မင်းသမီး ….. ရုံပြည့်ရုံလျှှံ အားပေးလာအောင် ဆွဲဆောင်မှု့ ကောင်းတဲ့မင်းသမီးတလတ်ပါ…အားပေးတဲ့သူရှိရင်ရှိ မရှိရင် ဗီနိုင်းပိုစတာ ကြီးထောင် လမ်း နှစ်ဘက်ပိတ် လာသမျှလူ အကုန်လုံး ဒန်ပေါက်ကြွေးပြီး ကြည့်ခိုင်းတော့တာပဲ…..:(

    တတိယ မင်းသမီးကတော့ မြန်မာအက ကို ကမာ္ဘ ကသိအောင် အကနဲ့ ထိုးဖောက်နေတဲ့ မင်းသမီးလေးပါ အီဂျစ် ဆီးရီးယား လစ်ဗျား စသည့် နိင်ငံများအပြင် အီသီယိုးပီယား ဆိုမာလီ …..အခုလက်ရှိမှာတော့ ဖင်လန်မှ အင်္ဂလန် အင်္ဂလန်မှ ဖင်လန်
    ကပြ နေတဲ့ နာမည်ကြီး မင်းသမီးတလတ်ပါပဲ….:P

    နောက်ဆုံးမင်းသမီးကတော့ စွယ်စုံ မင်းသမီးတလတ်ပါပဲ .. သန်လျှင်မြို့ ၇၈၆ ကြိမ်မြောက် မုတ်ဆိတ်မွေးနဲ့ တရုတ်ကြီးတွေ ဖုယားပွဲမှာနိင်ငံ အနှံ့အပြား လာရောက်အားပေးကြလို့ သင်္ဘောဆိပ်ခံတံတားကြိုးသွားရတာ မင်းသမီးရဲ့ အောင်မြင်မှု့တခုပါပဲ မကြာသေးခင်ကာလ တခုက ဆံပင်ဖြူတချောင်း တွေလို့ အငြိမ့်မင်းသမီးဘဝ အနားယူတော့မယ် အသံထွက်ဘူးတယ်……

    ဇာတ်ဆရာကြီးကတော့ အထူးမပြောတော့ပါဘူး သူ့ရဲ့ဇာတ်လမ်းတပုဒ်ဟာ ရောင်းမကုန်လောက်အောင် နာမည်ကြီးခဲ့ပါတယ်
    ဝါဆိုမိုးနဲ့ပြန်လာခဲ့ပါ ဇာတ်ထုတ်ဟာ သမိုင်းဝင် အောင်မြင်မှု့တခုပါပဲ….

    ပျော်ရွှင်ပါစေ (တညင်သား)

    • padonmar

      August 22, 2012 at 6:57 pm

      တညင်သားကလည်း ရုပ်ဖျက်ပြီးလာတာပါလား။
      အကျီင်္တစ်ထည်စီရတဲ့ထဲ တညင်သားလည်းပါတယ်မလား၊

  • Swal Taw Ywet

    August 21, 2012 at 10:20 am

    မမ ပဒုမ္မာ ရေ
    ဝှက်ထားတဲ့လက်တွေ ထုတ်ပြလိုက်တာပါလားဗျာ။
    ကျနော်လည်း ကိုကြီးမိုက် လက်ဆောင်ပေးတဲ့ မြန်မာစာလက်ကွက်ကပ်ပြီး အခု ပထမဆုံး မန့်တာပါ။
    စွယ်တော်ရွက် ကို လူကြီးစာရင်းထဲ ထည့်ပြီး ဘေးဖယ်ထားလိုက်တာပေါ့လေ။
    ကျနော်ကတော့ လျပ်စစ်မီးပိုင်းဆိုင်ရာ တာဝန်တွေယူပြီးလက်စွမ်းပြလိုက်မဟဲ့ လို့အားခဲထားခဲ.ရတာ၊
    ဘုရင့်နောင်ပွဲရုံတန်းက ၂ယောက်၊လှိုင်သာယာ က ၄ယောက် နဲ့ ၁၉ လမ်းက ၁ ယောက် စုစုပေါင်း ရယောက်တောင် စစ်ကူခေါ်ထားခဲ့သေးတာခင်ဗျ။
    နောက်တစ်ပွဲ အတွက် Booking မှတ်ထားပေးပါဗျို့။
    With respect,
    Swal Taw Ywet.

  • padonmar

    August 22, 2012 at 7:00 pm

    စွယ်တော်ရွက်ကလူကြီးစာရင်း မဝင်ချင်ပါဘူးတဲ့။
    လူငယ်တွေနဲ့ ဘီဘီလေးကစ်တဲ့ ဝိုင်းထဲ ဝင်ချင်သေးလား။
    ကျမက စွယ်တော်ရွက် သင်တန်းတွေနဲ့ မအားရဘူးဆိုလို့ လုပ်အားပေးမခေါ်လိုက်တာပါ။
    ကဲ Booking တဲ့နော်၊ဝိုင်းတော်သားတို့ရေ၊မှတ်ထားလိုက်ကြ။

  • CharTooLan

    May 28, 2016 at 12:49 pm

    လူဟောင်းတွေချည်းပါပဲလားလို့ဖတ်ရင်း ပြန်ကြည့်တော့
    ၂၀၁၂ ကတဲ့လား လွမ်းထှာ 🙂

  • မြစပဲရိုး

    May 28, 2016 at 1:05 pm

    လက်တွေ့မှာ တစ်ယောက်တစ်လက် ဝိုင်းဝန်းညီညာ မပံ့ပိုးကြ ဘဲ
    ပါးစပ် က အော်နေတိုင်း သာ အရာရာ အောင်မြင်တိုးတက် ရင်ဖြင့်
    ကျွန်မတို့ ရွှေပြည်ကြီး တိုးတက်တာ ကြာပြီပေါ့ရှင်။

    ဒီ နာမည် တွေ ထဲ က သုံးလ မှ တစ်ခါဘဲ Post တင် ပြီး ရေးဦး။
    ရွာထဲ သရဲချောက်စရာ အကြောင်းမရှိ။ :-(((

    စောစောစီးစီး ရွာလယ် မှာ စုန်းမ တစ်ကောင် သောင်းကျန်းသွားပါကြောင်း။

    • ခင်ဇော်

      May 28, 2016 at 6:26 pm

      မန့်လေးး ဖတ်ပြီးးး
      ဟက်ဟက်ပက်ပက် ရီ သွားးတယ်လို့ ..
      အရီးးး ရေ..
      ????

  • ခင်ဇော်

    May 28, 2016 at 6:26 pm

    ပျော်စရာကြီးး
    ?

  • kai

    May 28, 2016 at 11:16 pm

    ဟုတ်ပါ့..
    ထင်သလောက်အဝင်အထွက်.. မခက်..
    မြန်လေးရယ်မှ… မြန်..။ :k:

    • တယ်လီနော နဲ့ အူရီဒူးဖိုးဂျီ ခေတ်မှာ ရောက်လာပြီးတော့များ.. ဟွန်း
      ဖုန်းနဲ့ ကွန်မန့်ပေးရတာ လွယ်သလား ခက်သလား သဂျီး

  • Thint Aye Yeik

    June 1, 2016 at 8:09 am

    ကျနော်တော့ အူရီဒူးနဲ့ ဖုန်းထဲက ဘရောက်ဇာ သုံးပြီး ဖုံးနဲ့ပဲ ရွာထဲဝင်နေတာ။
    အဆင်ပြေနေသားပဲ။
    လိုင်းသိပ်မကောင်းချိန်တောင် ရွာထဲက ဝင်လို့ရတယ်။
    အခု ကွန်မန့်တောင် ဖုုံးနဲ့ပဲ ဝင်ပေးတာ။

    😆

Leave a Reply