မန်းဂေဇက်ချစ်သူများစာပေဆု (ဇူလိုင်လ)

padonmarAugust 14, 201214min35667

CJ ကြီး ကထူးဆန်းက ရံပုံငွေ အငြိမ့်ပွဲ မကြည့်လိုက်ရတဲ့သူတွေ အတွက် Link လေးပေးပါလို့ တောင်းဆိုထားလို့

မန်းဂေဇက် ချစ်သူများစာပေဆုပေးပွဲ (ဂျုလိုင်လ)
https://myanmargazette.net/143974/creative-writing

အချိန်-၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၃ရက် တနင်္ဂနွေနေ့ နံနက် ၈ နာရီ

နေရာ-အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး၊နေပူတော်

Air A.K.S Pazin ပိုင် Pazin One (Air Force One နှင့် တည်ဆောက်မှုပိုင်းတွင် ချွတ်စွပ်တူ၍ အမည်သာကွဲသော)

လေယာဉ်ကြီး ဟာ မူလသတ်မှတ်ထားတဲ့ အချိန်အတိုင်း ဆိုက်ရောက်လာပါတယ်။ လေယာဉ်မှူးကြီး Mr.Cobra ဟာ လေယာဉ်မှူးခန်းမှ ထွက်ပြီး သူ့ရဲ့ဘော့စ်ဖြစ်တဲ့ A.K.S Group of Companies ရဲ့ ဥက္ကဋ္ဌကြီးMr.  Alexander Kennedy Swe ကို ချစ်ခင်လေးစားစွာ အလေးပြုလိုက်ပါတယ်။ဒီလေဆိပ်ကနေပဲ သူ့ရဲ့ဘော့စ်ပြန်အလာကို  စောင့်နေရမှာဖြစ်ပါတယ်။

ဟုတ်ပါတယ်၊သူ့ရဲ့ဘော့စ်ဟာ လွန်ခဲ့တဲ့ ၂၄နှစ်က မြန်မာပြည်ကနေဆယ်တန်းအောင်ပြီးစ ၁၈နှစ်ရွယ် ကျောင်းသားလေး အောင်ကျော်ဆွေ အဖြစ်နဲ့ ထွက်ခွာခဲ့ပြီး ဗြိတိန်နိုင်ငံမှာ စားသောက်ဆိုင်ဝန်ထမ်းလေးဘဝမှ ရိုးသားကြိုးစားခဲ့လို့ AKS Gourmet Corner အမည်နဲ့ စားသောက်ဆိုင်များ၊ AKS Petrolium အမည်နဲ့ ဓာတ်ဆီဆိုင်များ အပြင်  AKS Pazin International Air Line ကိုပါပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ အာဏာရပါတီတိုင်းကို ငွေကြေးထောက်ပံ့တဲ့အတွက် ဗြိတိန်ဘုရင်မကြီး ကွင်းအယ်လဇ်ဇဘက်က ယော့ရှိုင်းယားနယ်စားဘွဲ့  ချီးမြှင့်ခြင်းခံထား ရပါတယ်။

မြန်မာပြည်ကို မပြန်ရတဲ့ လွမ်းဆွတ်မှုတွေကို ဖြေဖျောက်ဖို့ မန်းဂေဇက်ကို မအားလပ်တဲ့ကြားက ဖတ်ရှုအားပေးနေရာကနေ မန်းဂေဇက်ချစ်သူများ စာပေဆုချီးမြှင့်မယ့် သတင်းဖတ်အပြီးမှာ ဝမ်းသာတက်ကြွစွာနဲ့ ဒေါ်လာတစ်သိန်းကို ရက်ရက်ရောရော မတည်ပေးခဲ့ပါတယ်။  ဆုပေးပွဲကြီး ကျင်းပချိန်မှာတော့ ချစ်သောမြန်မာပြည်ကို ပြန်ဖို့ ဗီဇာလည်း ကံကြီးစွာရပြီဖြစ်တဲ့အတွက် မိတင်တွေ ပို့စပုန်း လုပ်ပြီး စာပေဆုချီးမြှင့်ပေးဖို့ အချိန်ကိုက်ရောက်လာပါတယ်။

ဇာတ်ဆရာကြီးဦးဦးပါက မင်းသမီးတွေနဲ့ အဖွဲ့ကို Mr.AK Swe ရောက်ရင် လေးစားချစ်ခင်မှုကိုပြတဲ့အနေနဲ့ အဘဆွေလို့ ခေါ်ခိုင်းပါတယ်။  အဘဆွေရဲ့ လေယာဉ်ကြီးဟာ မင်္ဂလာဒုံလေဆိပ်ရဲ့ ပြေးလမ်းမဆန့်အောင် ကြီးမားတဲ့အတွက် နေပူတော်လေဆိပ်မှာ လာဆင်းရတာဖြစ် ပါ တယ်။

ကြွေသားလိုဖွေးဖွေးဖြူဆွတ်နေတဲ့ ကုတ်အကျီနဲ့ ဘောင်းဘီ ကိုဝတ်ဆင်ကာ ဗြိတိန်ရဲ့ တော်ဝင်နှင်းဆီနီလေးတစ်ပွင့်ကို ကုတ်အကျီအိတ်မှာ ထိုးစိုက်ထားတဲ့ ယော့ရှိုင်းယားနယ်စားကြီး အဘဆွေဟာ Pazin  One လေယာဉ်ပေါ်က ဆင်းဆင်းချင်းမှာဘဲ လေယာဉ်လှေခါးနားထိလာကြိုပေးတဲ့ ယာဉ်မောင်း Mr.Intro မောင်းတဲ့ BMW ကားပေါ်တက် အသည်းနှလုံး ရှိကြောင်းထောက်ခံစာပြပြီး နေပူတော်အမြန်လမ်းက  တစ်နာရီမိုင် ၁၂ဝ နှုန်း နဲ့ မောင်းနှင်လာနေပါတယ်။

ညောင်လေးပင်နားအရောက်မှာ ကားလမ်းပေါ်ကျော်နေတဲ့ ရေတွေကိုတွေ့လိုက်ရပါတယ်။ ဂူဂယ်နယူးစ်ကနေ ရေကြီးတဲ့ သတင်းဖတ်ပြီးတဲ့ အဘဆွေဟာ အမြော်အမြင်ရှိလှစွာနဲ့ စပိဘုတ်တစ်စင်း အရံသင့်စီစဉ်ခိုင်း ထားတာကြောင့် အဆင်ပြေသွားပါတယ်။အချိန်နည်းနည်းတော့ ဖင့်သွား တာပေါ့။  ကိစ္စမရှိပါဘူး။ နေပူတော်နဲ့ရန်ကုန် မိုင် ၂၀ဝ အတွက် နေ့လည် ၁၂နာရီတိတိမှာ စတင်မယ့် အခမ်းအနား အမီသွားဖို့ ၄ နာရီတောင် အချိန်ပေးထားတာပဲ။ ကိုကိုသန်ဒါ မောင်းလာတဲ့ အဘဆွေရဲ့ စပိဘုတ်ဟာ ရေပြင်ကျယ်ကို အရှိန်ပြင်းပြင်းနဲ့ ဖြတ်ကျော်ပြီးသကာလ နေ့လည် ၁၁ နာရီမှာ ရေပြင်အဆုံးသတ်ရာ ပဲခူးဘူတာကိုရောက်ရှိလာပါတယ်။

ကျန်နေသေးတဲ့လမ်းပိုင်းကို သစ်လွင်ခန့်ညားနေတဲ့ မမ (မြန်မာ့မီးရထားပါ သတ်ပုံ မမက အဘဆွေ အနည်းငယ်နောက်ကျမယ်လို့ ဗိုင်ဘာနဲ့ အကြောင်းကြားလိုက်တဲ့အတွက် ဆုပေးပွဲပြီးမှ ကရမယ့်အစား အစီ အစဉ် ရှေ့တိုးပြီးကပြနေ ပါတယ်)စီးပြီး ကွမ်းခြံဘူတာကြီးကို ဆိုက်ရောက်လာတဲ့အချိန်မှာ မွန်းတည့် ၁၂နာရီရှိပါပြီ။

အင်တာနက် မတ်စိ်တွေအရ ကြိုတင်စောင့်ဆိုင်းနေကြတဲ့ သတင်းထောက်များနဲ့(အဲဒီသတင်းထောက်တွေက ကိုမြတ်ကျော်လို အတွင်းလူမဟုတ်တော့ ပွဲကို ဝင်ပြီးသတင်းယူခွင့်မရရှာဘူး၊ညွတ်ညွတ်ညွတ်-ခရက်ဒစ်တူ ကိုဖိုးထောင်) ပန်းစည်းကမ်းတဲ့ ပရိသတ်ကြီး ကို နေကာမျက်မှန်အမည်း ကုတ်အကျီင်္မည်းမည်းဝတ်ထားတဲ့ ဗလကောင်းကောင်း သက်တော်စောင့် ၁ဝယောက်က တွန်းဖယ်ပြီး ရာဇဝင်လူဆိုးမောင်းပေးမယ့်  ကြူကြူသင်း(QQ3)ကားပေါ်တင်ပေးလိုက်ပါတယ်( ဒါကတော့ ပြန်ပေးဂိုဏ်းရန်ကလွတ်အောင် ပုံမှားရိုက်တာပါ)

ရာဇဝင်လူဆိုးဟာ ကြူကြူသင်းလေးကို ကျွမ်းကျွမ်းကျင်ကျင်မောင်းလာတာ လှည်းတန်းမီးပွိုင့်ရောက်လာပါတယ်။ ခုံးကျော်တံတားဆောက်ဖို့ ပြင်ဆင်နေလို့ ကျဉ်းမြောင်းနေတဲ့ လမ်းမှာ ပါရမီနဲ့ အဓိပတိဘတ်စကားကြီးတွေက ယာဉ်ကြော၂ခုလုံးပိတ်ထားတဲ့အတွက် ရာဇဝင်လူဆိုးဟာ မတိုးသာတော့ပါဘူး။ နေ့လည် ၁နာရီမှာ လှည်းတန်းမီးပွိုင့်က လွတ်လို့ ပြည်လမ်းမကြီးပေါ်မှာ အရှိန်နဲ့ မောင်းလာရာက အင်းယားကန်အလွန် IBC ရှေ့ကနေ ဦးထုပ်ဖြူ၊အကျီင်္ဖြူ၊ဘောင်းဘီပြာနဲ့ လူတစ်ယောက်က လက်တားလာပါတယ်။

အဘဆွေက“ဘာများအရေးတကြီး ဒုက္ခရောက်နေပါလိမ့်၊ရပ်ပြီးကူညီလိုက်ပါကွာ”လို့ အပြော ရပ်ပေးလိုက်တဲ့ ကားဘေးမှာ လက်တားတဲ့သူက လိုင်စင်၊ဝှီးတက်လေးပြပါတဲ့။ သူ့ရဲ့ ဒုက္ခကို ရာဇဝင်လူဆိုးက ကူညီအပြီးမှာ ဆက်လက်ပြီး အခမ်းအနားကျင်းပမယ့် လှိုင်သာယာက Diamond City Shopping Mall ကို ဦးတည်မောင်းလာပါတယ်။

(မှတ်ချက်၊ ဆီဒိုးနားမှာ ကျင်းပလို့ရပေမယ့် ဦးဦးပါက ပွဲအပြီးဝါဆိုထမင်းလေးကျွေးချင်ပါတယ်လို့ အဆိုပြုလာတာကြောင့် လှိုင်သာယာမှာ စီစဉ်ရတာဖြစ်ပါတယ်)

အင်းယားလေးကနေ ပါရမီလမ်း၊မင်းဓမ္မလမ်း၊ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း အရှိန်နဲ့မောင်းလာတဲ့ ကြူကြူသင်းလေးဟာ သမိုင်းခုံးကျော်တံတားက အဆင်းမှာ ရှေ့ကရှင်လောင်းလှည့်သလို တန်းစီနေတဲ့ ကားတန်းကြီးဲကိုတွေ့လိုက်ရပါတယ်။  ဘုရင့်နောင်မီးပွိုင့်မှာ လကမာ္ဘက ချိုင့်ဝှမ်းကြီးတွေ ထဲ ခေါင်းချင်းဆိုင်ပြီးဝှေ့နေတဲ့ ကျွဲကြီးတွေလို ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေကြတဲ့ ကားတွေကြား တစ်လက်မတောင် မရွေ့တော့ တာနဲ့ နေ့လည် ၃နာရီထိုးသွားပါပြီ။

(ပွဲမှာလည်း မင်းသမီးချစ်မမ၊မင်းသမီး လတ်ခင်ခင်တို့အလှည့်တွေပြီးလို့ ခေါင်းဆောင်မင်းသမီး တစ်ပြည်လုံးပြန်နှင်းဝေဝေ ဖြေဖျော်နေရပါပြီ။)

အဘဆွေ မကြံသာတော့ဘဲ ဘန်ကောက်မှာရှိတဲ့ သူ့ရဲ့ Air AK Pazin ရုံးကို ဖုန်းခေါ်ကာ Rescue Chopper ခေါ်လိုက်ရတော့ပါတယ်။  Chopper ဟာ နာရီဝက်အတွင်းရောက်ရှိလာပြီး အဘဆွေကို ကြူကြူသင်းလေးနဲ့တကွ မကာ အခမ်းအနားကျင်းပမယ့် Diamond City Shopping Mall ရှေ့ကွက်လပ်ကို ချပေးလိုက်ပါတယ်။

(တံတား Toll Gate ပေါ်က Chopper & QQ 3 အဖြတ်မှာ တံတားကြေးကောက်သူတွေက QQ3 ယာဉ်ငယ်မို့ ၁၅ဝ ကောက်ရမလား၊ Chopper အတွက်ပါ ပေါင်းပြီး ၃၀ဝ ကောက်ရမလား အငြင်းပွားနေကြပါတယ်)

ဒီအချိန်မှာဘဲ အဘဆွေနဲ့ မရှေးမနှောင်း China Southern Air Line နဲ့ ရောက်လာတဲ့ စိနတိုင်းက ကိုရင်မောင်ဟာ ၁၉နှစ်သမီးလေးကို အဖော်ခေါ်ပြီးရောက်လာပါတယ်။သမီးက အားကစားလုပ်ရာက ထလိုက်လာရတဲ့အတွက် ခါးလှည့်တဲ့ ကွင်းကြီးလက်မှာဆွဲလို့။

ဒီလိုဘဲ  China Air Line စီးပြီး မြေပဲကျွန်းကလာတဲ့ ကိုအောင်ကလည်း ဇနီးသည်လက်ဆွဲပြီးဝင်လာပါတယ်။  သူတို့ကတော့ ရန်ကုန်လေဆိပ်တင် ဆင်းပေမယ့် အဘဆွေလို  ချော့ပါ မစီးနိုင်တော့ သမိုင်းခုံးကျော်ကနေ လှိုင်သာယာထိလမ်းလျှောက်လိုက်ရလို့ မောနေကြပါတယ်။

အဘဆွေ ကြူကြူသင်းထဲက အထွက် ရွာ့ဓာတ်ပုံဆရာတွေ အပြေးလာပြီး တဖျပ်ဖျပ် ရိုက်နေကြစဉ်မှာဘဲ သတင်းထောက်မြတ်ကျော်က အဘဆွေကို ခုမှဘဲ သာေးကာင်တွေ့ရတော့တယ်ဆိုပြီး ဝမ်းသာအားရအင်တာဗျူးပါတော့တယ်။

“အခုလို ဆုပေးပွဲကြီးကို မတည်ပေးရတာ ဘယ်လို ဝမ်းသာပီတိဖြစ်ရပါသလဲခင်ဗျာ” အမေးမှာ အဘဆွေက ဆူညံနေတဲ့ အသံတွေကြားမှာ မကြားရတာကြာပြီဖြစ်တဲ့ ဗမာစကားကို နားမလည်နိုင်တဲ့အတွက် သူဖြေချင်ရာ “I’m sorry.I’m late”  လို့ဘဲ ပင်ပန်းနွမ်းနယ် စွာ ဖြေလိုက် ပါတော့တယ်။သူ့စိတ်ထဲလည်း ဒါဘဲပူနေတာကိုး။

မြတ်ကျော်က ဆက်ပြီး သမီးလေးမျက်နှာနဲ့ ကိုရင်မောင်ဖက် မိုက်ကိုထိုးပေးလိုက်ပါတယ်။

ကိုရင်မောင်က “မိထူး”လို့ဖြေလိုက်ပါတယ်။

ဘေးက ကိုအောင့်ဇနီးက ကိုအောင့်ခါးကိုတို့ပြီး ရှင်လည်း ဝင်ဖြေလေလို့ တွန်းလိုက်ပါတယ်။ဒါနဲ့ ကိုအောင်လည်း မြတ်ကျော်လက်ထဲက မိုက်ကိုဆွဲပြီး “အေးမိစံ”လို့ပြောလိုက်ပါတယ်

(မှတ်ချက်-ကိုအောင့်သမီး နာမည်က အေးမိစံပါ)

မြတ်ကျော်လည်း ဂျာပွန်လိုပြောလိုက်တာဖြစ်မှာဘဲဆိုပြီး “အာရိဂတော”လို့ ခါးလေးညွှတ်ပြောလိုက်ပါတယ်။

ဒီအချိန်မှာ ဦးဦးပါနဲ့ ကြိုဆိုရေးလူကြီးများရောက်ရှိလာတာကြောင့် ဆက်မဗျူးနိုင်တော့ပါဘူး။

အဘဆွေဟာ အခုဆိုရင် ဆုပေးပွဲကျင်းပရာ စင်မြင့်ဆီကို ကော်ဇောနီပေါ်က လျှောက်လှမ်းလာပါပြီ။

စင်မြင့်ပေါ်ကို ခန့်ငြားစွာတက်လာပါပြီ၊

ဒူးလေးညွှတ်ပြီးပေးလိုက်တဲ့ ချာတူးလန်ရဲ့ လက်ထဲက စာအိတ်ကိုယူပြီး မနောဖြူလေး ရဲ့ အလှဆုံးအပြုံးနဲ့ ကမ်းပေးတဲ့ ရွှေကပ်ကျေးနှင့် ဖွင့်ဖောက် ဖတ်ကြည့်ရင်း ပရိသတ်ကို တစ်ပတ် လှည့်ကြည့်လိုက်ပါတယ်။

ပြီးတော့မှ စင်ပေါ်မှာ တန်းစီရပ်နေကြတဲ့ ဆန်ကာတင် ၁ရယောက်ထဲက ဝင့်ပြုံးမြင့် ရှေ့မှာရပ် အိတ်ကပ်ထဲက ခရီးကြမ်းကြောင့် နွမ်း သွားပြီဖြစ် တဲ့  တော်ဝင်နှင်းဆီလေးကို တယုတယ (ဆူးစူးမှာစိုးလို့) ဆွဲထုတ်ပြီး ဝင့်ပြုံးမြင့်လက်ထဲထည့်ရင်း “ကိုယ်လည်း ၄ဝ ကျော်ပါကွယ်၊ မင်းရဲ့ ကွဲနေတဲ့ အသည်းကို ကိုယ်ရဲ့မေတ္တာရေဖျန်းပြီး လန်းဆန်းစေချင်ပါတယ်” လို့ပြောလိုက်ပါတယ်။

စင်ရဲ့ ညာဖက်က ကာလသားတွေက တရွှီရွှီ လက်ခေါက်မှုတ်ကြပါတယ်။

စင်အောက်မှာကြည့်နေတဲ့  ဝင့်ပြုံးမြင့်ရဲ့ အိမ်ကအဝယ်တော်ကြီးကတော့ ဆေးဆိုးတဲ့ငါးပိနဲ့ မျှစ်တွေ စားရလွန်းလို့ မျက်စိမှုန်ပြီးသူ့မိန်းမလက်ကို အဘဆွေဆွဲတာ မမြင်ပါဘူး။  ဝင့်ပြုံးမြင့်က အလန့်တကြား လက်ကိုရုန်းတော့ ဦးဦးပါက “အဘဆွေ၊မှားမယ်နော်။ သူအသည်းကွဲတာက အစားအသောက်တွေ ဆေးဆိုးလို့”ဆိုတော့မှ အဘဆွေလည်း ရှက်ရှက်နဲ့ “ကျ..ကျနော် ဝတ္ထုရေးမလို့ ဒီလို စာသားလေးလှသလားမေးတာပါ” လို့ ပြောလိုက်ရပါတော့တယ်။

ဆက်လက်ပြီး အစီအစဉ်အရ လူရွှင်တော်ကြီးများက ဆုရနဲ့ ဆန်ကာတင်များရဲ့ ပို့စ်အမည်နဲ့ မှတ်ချက် အကြံပြုချက်တွေ ကို အောက်ပါ အတိုင်း ဖတ်ပြကြပါတယ်။

 

July Result

No.

Author

Post Title

Post Link

Point

Head Count

1

ဝင့်ပြုံးမြင့်

၄ဝ ကျော် ကျမရဲ့

အသည်းကွဲ တမ်းချင်း

https://myanmargazette.net/137385

14

5

2

ကောင်းမြတ်ထွဋ်

ဒေတာသူခိုးများ

(Data natchers)

https://myanmargazette.net/139993

9

3

3

surmi

မန်းဂေဇတ်၏

ရံပုံငွေ လောလုံးပြိုင်ပွဲ

https://myanmargazette.net/140154

8

4

4

စံလှကြီး

မိဘမဲ့ကလေး

တဦးကို မွေးစားခဲ့ခြင်း

https://myanmargazette.net/137880

6

3

5

ဘုန်းကျော်

ကုမ္မဏီတိုင်း

အမြတ်အစွန်းကိုပဲ

အာရုံမစိုက်သင့်ပါ

https://myanmargazette.net/139408

6

3

6

TTNU

အားသွားပြီလား

သူငယ်ချင်း

https://myanmargazette.net/138823

3

1

7

ဧရာ လှိုင်း

မှတ်သားစရာ

ကျန်စေမယ့်

ဇာတ်သဘင်..သို့

https://myanmargazette.net/140746

3

1

8

etone

အလုပ်ခွင်အတွင်းမှ

လူမသိ ၊ သူမသိ ဆုံးရှုံးမှုများ

https://myanmargazette.net/140801

3

2

9

သကြားလုံးကြော်

ရင်လေးစရာ

အမွေတွေကိုဘာ

လုုပ်သင့်သလဲ

https://myanmargazette.net/133848

2

1

10

ကြောင်ကြီး

ဒုတိယသမဒရွေးဗွဲ

Selection

https://myanmargazette.net/136148

2

1

11

Surmi

surmi ငါးပိထောင်းနေသည်

https://myanmargazette.net/137565

2

2

12

အံစာတုံး

လေလံပွဲ

https://myanmargazette.net/139554

2

1

13

Kyeemite

ကြီးမိုက် အိုသွားသောအခါ..

https://myanmargazette.net/140247

2

1

14

aye.kk

လူဟာလူလိုသိဘို ့ရာအတွက်

https://myanmargazette.net/140425

2

1

15

ရှူံးနိမ့်မှုများနဲ့..လူ

အိပ်ယာဝင်ပုံပြင်

https://myanmargazette.net/138625

1

1

16

Blackchaw

ချို ပေါ့ ကျ (July)

https://myanmargazette.net/139945

1

1

17

Mocho

ဟန်းဖုန်းနဲ့ ဒရိုင်ဘာ

https://myanmargazette.net/140243

1

1

18

htet way

သည်းခံတတ်သော

တောက်ပမျက်ဝန်းများနဲ့

အလှဆုံးပြုံး မယ်
( ညီမလေး ဖတ်ဖို့)

https://myanmargazette.net/141273

1

1

 

အကောင်းဆုံး ဆုရတဲ့ပို့စ်နဲ့ ဆန်ကာတင်တွေရဲ့ ပို့စ်တွေအတွက် အကဲဖြတ်ဒိုင်တွေရဲ့ မှတ်ချက် အကြံပေးချက်တွေကို

လူရွှင်တော်ကြီးများက အလှည့်ကျ ဖတ်ပြကြပါတယ်။

https://myanmargazette.net/137385/mandalay-gazette-2/editors-choice

၄ဝ ကျော် ကျွန်မရဲ့ အသည်းကွဲတမ်းချင်း

ဝင့်ပြုံးမြင့်Jul 12, 2012 Editor’s Choice, My Dear Diary

ပရို အရေးအသားဆိုတာ ဘာလဲကိုပြသွားတာပါ ။ အရမ်း သိသာပါတယ် ။

အကြောင်းအရာ ၊ ဆွဲဆောင်ပုံ ၊ အဆုံးသတ်ပုံ ၊ အကုန်ကောင်းပါတယ်

စာဖတ်သူကို ဈေးသို့ ရောက်အောင် ခေါ်သွားနိုင်သည့် အပြင် ကွက်ကွက်ကွင်းကွင်းမြင်စေပါသည်။ ယခု လက်ရှိ အချိန်အပြင် အဖိုး အဖွားတို့ခေတ် ကိုပါ ခေတ္တပြန်ခေါ်သွားပေးနိုင်ပါသည်။ ကိုးရီးယား ယဉ်ကျေးမှု့ လွှမ်းမိုးမှု့အားလည်း စာတစ်ကြောင်းတည်း နှင့်  မြင်သာအောင်  သတိပေးသွားသည်မှာ အတုယူဖွယ်ကောင်းလှပါ်သည် ။

ဆွဲဆောင်မှု ရှိသော ခေါင်းစဉ်

– ပြေပြစ်ချောမွေ့သော စကားပြေ နှင့် တင်ပြပုံကောင်းမွန်ခြင်း

– ရသ စာပေ မဟုတ်သော်လည်း ရသပါဝင်အောင် ရေးဖွဲ့နိုင်ခြင်း

– အကြောင်းအရာ ကောင်းမွန်သည့်အပြင် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အရေးကြီးခြင်း

– စားသုံးသူ အခွင့်အရေးကို မီးမောင်းထိုးပြသော စာတစ်ပုဒ်

– ဆင်ခြင်ဝေဖန်တတ်သော အမှားကို အမှားဟု တင်ပြရဲသော စာပိုဒ် အဆုံးသတ်

ဖတ်မိသူတိုင်း အသည်းကွဲစေလောက်တဲ့ အကြောင်းအရာရွေးချယ်မှု၊

ပရိုဆိုတာ ဒါဘဲလို့ပြောရလောက်တဲ့အရေးအသားပြေပြစ်မှု

ဖတ်မိသူတွေကတဆင့် စားသုံးသူတွေအခွင့်အရေးကာကွယ်တဲ့ အဖွဲ့အစည်းတွေထွက်ပေါ်လာအောင် တိုက်တွန်းပေးနိုင်မှု(အနည်းဆုံးတော့ သတိနဲ့စားကြတော့မယ်)

ကွန်မန့် ၈၅ ခုနဲ့ လက်မပေါင်းများစွာရတဲ့ လူကြိုက်များမှု)

သတ်ပုံအမှားတစ်ခုမျှမတွေ့ရမှု အပြင် စာအဖြတ်အတောက်ကလည်းရှင်းလင်းမှု

ဒေတာ သူခိုးများ   – ကောင်းမြတ်ထွဋ်

https://myanmargazette.net/139993/computers-technology/business-office-software-graphic-software-internet-software-utilities-operating-systems-software-web-development-software

– တိကျသေချာစွာဖြင့် အချက်အလက်များကို စုဆောင်းတင်ပြနိုင်မှု

– ဆန်းသစ်သော လှျို့ဝှက်သော အကြောင်းအရာ ကို ဖွင့်ထုတ်တင်ပြနိုင်မှု

– အင်တာနက်အသုံးပြုသူများ သတိထားသင့်သည်ကို ဆင်ခြင်သင့်သည်ကို သတင်းပေးနိုင်မှု

– ခေတ်သစ် အိုင်တီ စီးပွားရေးများ ကမာ္ဘကျော် ဖေ့စ်ဘွတ် အပါအဝင် အချို့သော အင်တာနက်စာမျက်နှာများ၏ ငွေရပေါက်ရလမ်းကို နားလည်စေနိုင်မှု

– နည်းပညာအကြောင်းအရာကို နားလည်စေရန် လွယ်ကူရှင်းလင်းသော စကားပြေအရေးအသား

စသည်တို့ကြောင့် အကြိုက်ဆုံး စာပုဒ်အဖြစ် ဆန္ဒပြုပါသည်။

အကြောင်းပြချက်ကတော့ တခုတည်းရှိပါတယ်

၁နှစ်လုံးနေလို့ သည်လိုပိုစ့်တခု ဖတ်ရဖို့ ခက်ခဲလွန်းလို့

တန်ဖိုးမြင့်လွန်းလို့ ရွေးတာဖြစ်ပါတယ်….

သည်ပို်စ့် အကြောင်း ..ထပ်မံ ဂုဏ်ပြု ရရင် ..

ယခု (ကျနော် အပါအဝင်)ရွေးချယ်ရေးအဖွဲ့ ဝင်

တွေအားလုံး ရေးနို်င်မယ့် ရေးတတ်မယ့်

အနေအထားမှာ မရှိတဲ့.. ပိုစ့်ဖြစ်လို့ ရွေးလိုက်ပါတယ်ဗျို့.

ကွန်းမန့်နည်းသော်လည်း စာဖတ်သူ ကျွန်တော်ကိုယ်တိုင်  ရင်းနှီးကျွမ်းဝင်မှု မရှိသေးသည့် အကြောင်းအရာဖြစ်ခြင်း…၊

နည်းပညာဆိုင်ရာ အကျိုးပြု ပိုစ့်ကောင်းတစ်ပုဒ်ဖြစ်သည်ဟု ယူဆမိခြင်း

မန်းဂေဇက်၏ရံပုံငွေ ဘောလုံးပြိုင်ပွဲ
https://myanmargazette.net/140154/creative-writing

Posted by surmi on Jul 25, 2012

1။  လက်ရှိမန်းလေးဂေဇက် တွင်လက်ရှိဖြစ်ပျက်နေသောအကြောင်းအရာများ

ထင်ဟပ်နေခြင်း။

2။  အမှန်တကယ်ရှိနေသောရွာသူားများ၏အမည်များကိုသုံးစွဲထားသော်လည်း

စိတ်ဆိုးစရာဖြစ်အောင်ဖန်တီးမထားခြင်း

3။ ဖတ်လေ တွေးလေ စိတ်ထဲတွင် သဘောကျ၍  ရီရလေဖြစ်အောင် ရေးဖွဲ့နိုင်စွမ်းရှိခြင်း

4။ စာရေးသားရာတွင် ဆက်ဖတ်ချင်အောင် ရေးနိုင်ခြင်း

ကိုဆာမိရဲ့ ဘောလုံးပွဲ-

အခုရွာထဲမှာခေတ်စားနေတဲ့ မိုးပြာနဲ့ ထေရဝါဒတိုက်ပွဲ ကို ခေတ်မီမီရေးထားတဲ့ အကြောင်းအရာ

ပါးစပ်တောင်စေ့မရတဲ့ အရေးအသား(လက်တို့ပြီးဖတ်ခိုင်းရတယ်)

ရွာထဲကိစ္စဆိုတော့ အများအကျိုးရှိမှုမှာ အမှတ်ပြည့်မပေးနိုင်

တစ်ရွာလုံးကို ဘောပွဲထဲအချိုးကျကျထည့်လိုက်တော့ လူအားလုံးကြိုက်(တစ်ရွာလုံးကရွာသူသားတွေ အကြောင်းရေးတဲ့ ပို့စ်တွေထဲ တိုတိုနဲ့ထိထိမိမိအရှိဆုံး)

သတ်ပုံမမှားတဲ့အပြင် လိုအပ်တဲ့နေရာ bold လုပ် အပိုဒ်ခွဲတော့ ပိုရှင်းလင်း

ဒီစာကို ဖတ်ခြင်းဖြင့် ဆာမိရဲ့ ရွာသက်ကို ခန့်မှန်းလို့ရပါတယ်။

ကွန်မန့်ပေါင်း ၆၈ ခု၊ လက်မပေါင်း ၁၃ ခုနဲ့ ရွာသူားတွေ အားပေးခဲ့တဲ့ ပိုစ့်လည်း ဖြစ်ပါတယ်။

ရွာသူားတွေကို သူ့နေရာနဲ့သူ အပိုအလိုအရှိ ကွက်တိစီစဉ်သွားတာ အကြောင်းအရာ အချိတ်အဆက်မိမိနဲ့ အရေးအသား ပြေပြစ်ချောမွေ့တာတွေကို သဘောကျပါတယ်။

မိဘမဲ့ကလေး တဦးကို မွေးစားခဲ့ခြင်း                                       Posted by San Hla Gyi on Jul 14, 2012 in Drama, Essays.., Short Story

https://myanmargazette.net/137880/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

မိဘမဲ့ ငှက်ကလေးကို ကောက်ယူ စောင့်ရှောက်ခဲ့ပြီး လူ နဲ့ တိရိစ္ဆာန်ကြား ဖွဲ့နှောင်ခဲ့တဲ့ သံယောဇဉ် ကို ရေးပြထားတဲ့ ဝတ္တုတိုလေး ဖြစ်ပါသည်။

ရုပ်ရှင်ဇာတ်လမ်း လေး တစ်ခု ကို ကြည့်နေရသလို မျက်စိထဲ မြင်လာပြီး ခံစား ရအောင် ရေးဖွဲ့ နိုင်တဲ့ အတွက် ရွေးချယ်ပါသည်။

ဘယ်လိုကလေးလေးများမွေးစားပါလိမ့်လို့ သိချင်စိတ်ဖြစ်စေတဲ့ အကြောင်းအရာနဲ့ ခေါင်းစဉ်

အရေးအသားကလည်း သူ့ကြင်ဖက်လေးခေါ်လာပြီး ဘာဖြစ်မလဲလို့ ဆွဲဆောင်သွား၊

အများအကျိုးရှိမှုမှာတော့ အမှတ်ပြည့်မရ၊

လူကြိုက်တာမှာတော့ ဆရာမကြီး တီတီနုကိုတောင်ဆွဲဆောင်နိုင်ပါတယ်။

သတ်ပုံလည်း မမှားဘူး။

ကုမ္မဏီတိုင်း အမြတ်အစွန်းကိုပဲ အာရုံမစိုက်သင့်ပါ

-https://myanmargazette.net/139408/business-economy

Posted by phone_kyaw on Jul 21, 2012 in Business & Economics, Know-How, DIY

မှတ်ချက်။            ။ ပြည်ပက ရွှေတူးဖေါ်ရေးကုမ္ပဏီကြီးတခုရဲ့ စံနစ်ကျနတဲ့ လုပ်ငန်းစဉ်တွေ၊ စည်းကမ်းတွေ၊ တာဝန်ယူမှု့တာဝန်ခံမှု့တွေကို ရေးပြထားတဲ့ဒီဆောင်းပါးဟာ လက်ရှိမြန်မာပြည်တွင်းက သယံဇာတ တူးဖေါ်ထုတ်လုပ်နေတဲ့လုပ်ငန်းတွေအတွက် အတုယူစရာကောင်းလှတယ်လို့ ထင်မြင်မိပါတယ်။ ခေတ်ကာလအခြေအနေလိုအပ်ချက်နဲ့ကိုက်ညီပြီး အချက်အလက်တွေကို စီစဉ်တကျတင်ပြထားမှု့ကိုလဲ သတိထားမိလို့ ကြိုက်မိတဲ့စာတပုဒ်အဖြစ် ရွေးချယ်ရပါတယ်

https://myanmargazette.net/category/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle

အလုပ်ခွင်အတွင်းမှ လူမသိ ၊ သူမသိ ဆုံးရှုံးမှုများ

etone

အငြင်းပွားဘွယ်ရာ အချက်များရှိနို်င်သော်လည်း လုပ်ငန်းခွင်များတွင်

အမြဲတမ်းဖြစ်ပေါ်နေသောပြဿနာများကို ပြတ်သားစွာတင်ပြထားသည့်

အတွက်နှစ်သက်ခြင်းဖြစ်ပါသည်

မြန်မာနိုင်ငံအတွင်းမှ အလုပ်သမားလူတန်းစားများ လုပ်ငန်းခွင်အတွင်းအန္တရာယ်ရင်ဆိုင်ရမှုကို

ထင်သာမြင်သာအောင်မီးမောင်းထိုးပြနိုင်သောပိုစ့်ဖြစ်ခြင်း။

https://myanmargazette.net/139945/creative-writing

ချို ပေါ့ ကျ (July)

blackchawon Jul 24, 2012 in Contributor, Columnist, Creative Writing,Editor’s Choice,

Myanma News, News, Opinions & Discussion, Photography, Travel

ခေါင်းစဉ်ပေါင်း မြောက်များစွာ ပါဝင်ပေမယ့် ၊ တခုချင်းစီတိုင်းမှာ သေချာရှင်းလင်းညွှန်းဆိုပေးခဲ့ပါတယ် ။

စာရေးသူရဲ့ သာသာလေး အသောအထေ့ ရေးသားပုံကိုလည်း ကြိုက်နှစ်သက်မိပါတယ်

သကြားလုံးကြော်ရဲ့ ရင်လေးစရာ အမွေတွေကို ဘာလုပ်သင့်သလဲ

https://myanmargazette.net/133848/uncategorized-other/copypaste

ရှေးဟောင်းအမွေအနှစ်တွေကို မသိနားမလည်မှုကြောင့် ဆုံးရှုံးမသွားရလေအောင် သတိပေးထားတာမို့ သဘောကျမိပါတယ်။

ကျမတို့ ပုဂံကို ရောက်ဖူးပေမယ့် အဲလိုအတွေးအမြင်မျိုး မရခဲ့ပါဘူး။

အတွေးအခေါ်ရော အရေးအသားကိုပါ ကြိုက်ပါတယ်။

အစားထိုးမရနိုင်တဲ့ အဖိုးတန် ရှေးဟောင်းအမွေအနှစ်တွေကို ဦးပါပြောသလို မျောက်ဝင်ဆော့လို့ မပျက်စီး မဆုံးရှုံး စေချင်ပါဘူး။

ဟန်းဖုန်းနဲ့ ဒရိုင်ဘာ (ရေးသူ – မိုချို)

https://myanmargazette.net/140243/creative-writing

ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ခု၏ မိုဘိုင်းဖုန်းပြသနာများမှ ကားမောင်းရင်းဖုန်းပြောခြင်းကြောင့် ဆုံးရှုံးသွားသောအသက်များနှင့် ကြုံတွေ့နိုင်သောအမှုများကို ထင်သာမြင်သာအောင်ရေးသား နိုင်သည့်လူထုအကျိုးပြုပိုစ့်တစ်ခုဖြစ်ခြင်း။

ထက်ဝေးရဲ့ သည်းခံတတ်သော တောက်ပမျက်ဝန်းများနဲ့ အလှဆုံးပြုံးမယ် (ညီမလေးဖတ်ဖို့)

https://myanmargazette.net/141273/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle

လောကမှာ တွေ့ကြုံလာရတဲ့ လောကဓံနဲ့ ဘဝပေးအခြေအနေတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်အောင်၊ ရင်ဆိုင်တတ်အောင်၊ ရင့်ကျက်အောင် အသိပညာပေးတဲ့ ဆောင်းပါလေးမို့ သဘောကျမိပါတယ်။

အကြံပေးချင်တစ်ခုက- စာကြောင်းခွဲပြီး စကားပြောတွေကို ` ´ ကြားထဲမှာ ထည့်ပေးမယ်ဆိုရင် ဖတ်ရသူတွေအတွက် ရှင်းလင်းလွယ်ကူသွားပြီး စာကပိုမို ဆွဲဆောင်မှုရှိသွားပါလိမ့်မယ်။

မှတ်သားစရာ ကျန်စေမယ့် ဇာတ်သဘင်..သို့                                 Posted by ဧရာ လှိုင်း on Jul 28, 2012 in Poetry

https://myanmargazette.net/140746/creative-writing/poetry-songs

လူ့ဘဝ ကို ဇာတ်ပွဲ ကဲ့သို့ တင်စား ဖော်ကျူးထားသော ကဗျာ ဖြစ်ပါသည်။

ဖတ်လိုက်ရတဲ့ စာလုံး များက ကဗျာ ဆိုပေမဲ့ ပြောချင်တာကို မြင်ခဲ့ရပါသည်။

စာလုံးတွေ ဖောင်းပွ မနေဘဲ အသက်ပါအောင် အနှစ်ထုတ် ရေးနိုင်တာ ကိုလဲ မြင်ရပါသည်။

ကျွန်မ မှာ ကဗျာ ရေးဖွဲ့နိုင်သော စွမ်းရည် မရှိသောကြောင့် ထိုသို့ မြင်သာအောင် ရေးဖွဲ့နိုင်သော စွမ်းရည် ရှိသူ ကို အားကျမိ၍ အနှစ်သက်ဆုံး အဖြစ် ရွေးချယ်ပါသည်

“အားသွားပြီလားသူငယ်ချင်း”

-https://myanmargazette.net/138823/creative-writing/

Posted by TTNU on Jul 18, 2012 in Creative Writing, Drama, Essays..

မှတ်ချက်။            ။ (မအားသေးဘူး နောက်မှကွယ်) အမည်ရှိ ကဗျာကလေးကိုကျောရိုးပြု၍ ရေးသားထားသော တီချာနုရဲ့ ဆောင်းပါးလေးပါ။ (“မအားသေးဘူး” ဆိုတဲ့ ဆင်ခြေလေးတစ်ချက်ရှိလိုက်တာနဲ့ “နောက်မှကွယ်”ဆိုတဲ့ ငြင်းဖို့စကားထွက်လာတော့တာပါပဲ။) ဆိုတဲ့အချက်လေးကို မီးမောင်းထိုးပြရင်း လက်တွေ့ဘဝက နေ့ရွှေ့ညရွှေ့ အချိန်ရွှေ့နေမှု့များကို သတိပေးအသိဝင်စေခဲ့တာမို့ ကြိုက်မိတာပါ

surmi ငပိထောင်းနေသည်

https://myanmargazette.net/137565/creative-writing/

Posted by surmi on Jul 13, 2012 in Creative Writing, Food, Drink & Recipes

မှတ်ချက်။            ။ ငယ်စဉ်က အိမ်မှာ ငါးပိလုပ်ခဲ့ပုံလေးရယ်၊ အလွယ်ငါးပိလုပ်နည်းလေးရယ်ကို ခပ်သောသော ခပ်သွက်သွက်အရေးအသားနဲ့ ပုံဖေါ်သွားတဲ့ ပိုစ့်လေးပါ။ ကိုယ်တိုင်သေသေချာချာသိခဲ့ လုပ်ခဲ့တဲ့ကိစ္စမို့ အသေးစိတ်အစီအစဉ်တကျ ရေးပြသွားတာလေးကိုကြိုက်မိပါတယ်။

https://myanmargazette.net/140425/creative-writing/my-dear-diary

လူဟာလူလိုသိဘို ့ရာအတွက်”aye.kk

လူ့ဘဝနေ့စဉ်ဖြတ်သန်းမှု့အတွက် လိုအပ်ချက်ကိုရိုးရှင်းလွယ်ကူစွာရေးသားထားသောကြောင့်

နှစ်သက်မိပါသည်။

လူတိုင်းအခြေခံသိသင့်လိုက်နာသင့်သောအချက်များလည်းဖြစ်ပါသည်

ဒုတိယသမဒရွေးဗွဲ Selection- ကြောင်ကြီး |                                                Jul 6, 2012

https://myanmargazette.net/136148/society-lifestyle/aha-jokes

ဦးကြောင်ကြီး ထုံးစံအတိုင်း အထေ့ အငေါ့များ နှင့် ရေးသွားသည်မှာ များစွာသက်ဝင်လှသည့် အပြင် ဦးကြောင်ကြီး ရေးစဉ်တွင် အဆိုတင်သွင်းခံရမည့်သူ နံမည် ထွက်ပေါ်ခြင်း ထင်ကြေးပေးခံရခြင်းမရှိသေးပါ ။ ဦးကြောင်ကြီး  မှ အများ မတွေး ထား မထင်မှတ်သူ အား ရုတ်တစ်ရက် ရွေးချယ်လိုက် သည်မှာ ဦးကြောင်၏ ရသစာ ရေးခြင်း ပညာ အား ပြသလိုက် သကဲ့သို့ ပင် စစ်တပ်ကိုယ်စားလှယ်များမှ အဆိုတင်သွင်းခဲ့သူမှာ သတင်းပြေးနေသူများ မဟုတ်ဘဲ အခြားသူ တစ်ဦးဖြစ်နေခြင်းတို့မှာ ဦးကြောင်၏ သရော်စာ အား ပိုမို အသက်ဝင်သွားစေပါသည်။

အိပ်ယာဝင်ပုံပြင်

Posted by ရှူံးနိမ့်မှုများနဲ့.. လူ on Jul 18, 2012 in My Dear Diary | 26 comments

https://myanmargazette.net/138625/creative-writing/my-dear-diary

;သာယာတဲ့ အိမ်ထောင်စုလေး ကို ပြတာ အသက်ဝင်ရာကမှ သူဖန်တီးနေတဲ့ ဇာတ်ကောင်ပါဆိုပြီး အဆုံးသတ်ခဲ့တာကို သဘောကျခဲ့ပါတယ် ။ ဇတ်ထဲမှာ စီးဝင်မျောပါသွားတဲ့ အတွက် ဒီလို ဇတ်သိမ်းလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး ။  အငိုက်မိသွားပါတယ် ။

လေလံပွဲ

Posted by မဟာရာဇာ အံစာတုံးon Jul 22, 2012 in Creative Writing, Poetry

https://myanmargazette.net/139554/creative-writing

နေ့စဉ် ဖြတ်သန်းနေရသော ဘဝ ထဲက ရီရမလို ငိုရမလို အဖြစ်အပျက် ကလေးများ ကို သရော် သယောင် ရေးဖွဲ့ထားသော ချစ်စဖွယ် ကဗျာ လေး ဖြစ်ပါသည်။

သူ့စာလုံး တွေထဲက စာတစ်ပိုဒ်မှာ ကိုယ်ကိုယ်တိုင် ရဲ့ အဖြစ်အပျက် များ လို ဖြစ်နေတာမို့ သဘောကျစွာ ရွေးချယ်ခဲ့ပါသည်။

ဒီလို ကြေငြာအပြီးမှာတော့ အဘဆွေက စာပေဆုပေးပွဲအဖွဲ့သားများ အားလုံးကို သစ်သီးခြင်းပေးအပ်ပြီး ဓာတ်ပုံများရိုက်ကြပါတယ်။

အခမ်းအနားအစီအစဉ်အားလုံးအပြီး ဦးဦးပါက သူ့ရဲ့ နာမည်ကျော် ဝါဆိုထမင်း၊ချဉ်ပေါင်ဟင်းနဲ့ ငပိထောင်းစပ်စပ် လေး ကြွားဖို့ရာ

အားလုံးပဲ ထမင်းစားသွားကြရအောင်လို့ ဖိတ်မန္တကအပြုမှာ  အပြင်က အသံကြီး တစ်သံကြားလိုက်ရပါတော့တယ်။

အဲဒီအသံကတော့

တစ်နှစ်သုံး ၊ထမင်းကုန်ပါပြီဗျိုး

67 comments

  • အရီးခင်လတ်

    August 16, 2012 at 8:27 pm

    ကိုဆွေ ရေ့
    နမိတ်ဆိုတာ ကောင်းတာ ယူသာယူ။
    ကိုဆွေတစ်ယောက် အင်္ဂလန်မှာ နယ်မြေအပိုင်မစား ရဘူး။ ဆာဘွဲ့ မရဘူးလို့ ဘယ်သူပြောနိုင်မလဲ။
    သန်းထီအကြီးကြီး ပေါက်ကြည့်ပါလား။
    နှစ်ဘွဲ့၊ သုံးဘွဲ့ တောင် မက ရနိုင်သေး။
    အဲဒီကျရင်တော့ သက်တော်စောင့် လူထွားကြီး တွေ နေရာမှာ ချစ်စရာ မော်ဒယ်လေးတွေ တော့ ပြောင်းလိုက် ဖို့ အကြံပြုပါတယ်။ 🙂

    ကကြောင်ကြီး အပြော
    {{{ အပင်ပန်းခံ (ဘဂျီးနွားကျောင်းသူများ) လုပ်သူများ၊ အထူးသဖြင့် သူများထက်ပို အားထုတ်ပေးတဲ့ အန်တီပဒုမ္မာ (နွားကျောင်းတဲ့အပြင် နွားနို့ပါညှစ်ပေးသူ) ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ }}}

    ကျွန်မ ကထင်တာ နွားထီး ကြီး ကို ကျောင်းနေကြတယ် မှတ်လို့။
    နွားက အမ ကြီး ဟုတ်လား ????
    ကကြောင် က အသေအချာ သောက်လိုက်ပုံဘဲ။
    အစ်မ ပဒုမ္မာ ညှစ်လိုက်တာ နွားနို့ သေချာလားဟင်။ 😀

  • ဦးဦးပါလေရာ

    August 16, 2012 at 11:57 pm

    တကယ်တော့ တယောက်နဲ့တယောက်
    အတွေးအမြင်၊ အယူအဆ၊ ခံစားချက်၊ ကျင်လည်ရာဝန်းကျင်၊ စိတ်နေသဘောထား တွေ
    မတူညီတဲ့ လူသတ်သတ်စီ ၁၃ ယောက်ကို စုပြီး ဖတ်စေခဲ့တဲ့
    မြွေအလမ္မယ်ဆရာ ကိုဘလက်ချောရဲ့ ကျင်လည်မှု့ အမျှော်အမြင်ကြီးမှု့ကိုလဲ တွေ့လိုက်ရပါတယ်…။

    ဒီတခေါက်မှာ- ဆကာတင် ၁ရ ဦး၊ ဆကာတင်ပိုစ့် ၁၈ ပုဒ်တောင်ထွက်လာပါတယ်…။

    ဒီမှာတင် ဇူလိုင်လမှာတင်တဲ့ ပိုစ့်ကောင်းကောင်းလေးတွေထဲက ၁၈ ပုဒ်ကို ပြန်စုပြီးသားဖြစ်သွားပါတယ်။
    ပြန်စုဖတ်လိုက်တော့ အကုန်လုံးကိုကြိုက်မိတယ်။ အကုန်ကောင်းတာကိုး..။
    ဒါတောင် ရွေးချယ်ရေးအဖွဲ့ဝင်တဦးကို သုံးပုဒ်ပဲ ရွေးဘို့သတ်မှတ်ထားလို့ပါ။
    ဖတ်ရွေးအဖွဲ့ဝင်များတာ အကျိုးရှိတယ်ဆိုတာ လက်တွေ့ပါပဲ။

    တကယ်ဆို ဖတ်ရွေးပေးမယ့်လူလေးနှစ်ယောက်လောက်တောင်တိုးချင်မိသား….

  • htoosan

    August 17, 2012 at 7:13 am

    ထောက်ခံပါတယ် ဦးဦးပါ ရေ .. မဟာ အံစာကို အဆိုပြုပါတယ် ။ နောက်တစ်ယောက်တော့ ဝိုင်း ဆန္ဒပြုကြပါဦး

  • blackchaw

    August 17, 2012 at 7:49 am

    အရေးကြီးတဲ့ ပထမဆုံး ခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီပေါ့ …. ။
    ဒီအတွက် အထူးကျေးဇူးတင်ရမယ့် လူတွေကတော့ …
    မန်းဂဇက်ရဲ့ ပဲ့ကိုင်ရှင် သူကြီးရယ်… (သူ့ရွာထဲဝင်ပြီး လုပ်ချင်ရာလုပ်နေတာကို မပြောရက်မဆိုရက်ပဲ ထိုင်ကြည့်နေခဲ့ပေးတာအတွက်ပါဗျာ…)၊
    ကိုပါလေရာကြီး ရဲ့ ရည်မှန်းချက်ကို ရောက်အောင်သွားနိုင်တဲ့
    စီမံခန့်ခွဲနိုင်မှုရယ်…၊
    အစ်မပဒုမ္မာ ရဲ့ မအားလပ်တဲ့ကြားက ဦးနှောက်စားပေးမှုတွေရယ်…၊
    အချိန်လု ဖတ်ပေးခဲ့ကြတဲ့ ရွာသူရွာသား တစ်စုရယ်… (စိန်ဗိုက်နဲ့ အံစာ အပါအဝင်)…၊
    ………………………………………………………………………………။
    မပြောမဖြစ် ပြောရမယ့် ကျေးဇူးစကားကတော့
    ဇူလိုင်လအတွင်း ပို့စ်တင်ခဲ့ကြသူ ရွာသူရွာသား အစ်ကို အစ်မ ညီ ညီမ တွေ
    အတွက်ပါခင်ဗျာ….။
    ……………………………………………………………………………..။
    ကိုပါကြီး နဲ့ အစ်မပဒုမ္မာတို့ရေ…။
    ဒါ အစ်ကိုတို့ အစ်မတို့ ဦးဆောင်မှုနဲ့ ရောက်ခဲ့တဲ့ပန်းတိုင်တစ်ခုပါ…။
    မန်းဂဇက်ချစ်သူများစာပေဆု ဆိုတာ အစ်ကိုတို့ အစ်မတို့ရဲ့
    ရွာအတွက် ပေးဆပ်မှု တစ်ခုပါ…။
    ဒီဆု အပေါ် ဘလက်ချော ဆိုတဲ့ ကျွန်တော့် image က ဘယ်လိုမှ
    ဝင်ရောက် နှောက်ယှက်နိုင်လိမ့်မယ် မဟုတ်ပါ…။
    ကျွန်တော် နောက်ပိုင်းတော့ ရွာ နဲ့ နည်းနည်း ဝေးနေဦးမှာဖြစ်ပေမယ့်…၊
    အစ်ကိုတို့ အစ်မတို့ ခွင့်ပြုမယ်ဆိုရင်
    ဖတ်ပေးရွေးပေးမယ့် အဖွဲ့ထဲမှာ တော့ ဆက်ရှိနေချင်ပါသေးတယ်…။
    …………………………………………….။
    နောက်ဆုံးတော့…
    ဇူလိုင်လအတွက် ဆု ပိုင်ရှင်
    ဆရာမ ဝင့်ပြုံးမြင့်အတွက် အထူးလေးစား ဂုဏ်ယူမိပါတယ် ဆိုတဲ့ အကြောင်း
    လေးလေးစားစားပြောပါရစေခင်ဗျာ…။
    ………………………………………………။
    ကိုပါကြီးရေ…။
    ကျွန်တော်တို့ ဆယ်ကျော်သက်က ရေးခဲ့တဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့
    ဝတ္ထုနာမည်လေးနဲ့ ဒီကွန်းမန့်လေးကို အဆုံးသတ်ခွင့်ပြုပါ…။
    ……………………………………….
    ဝေးဝေးကသာ လွမ်းပါမည်…….။
    လေးစားတဲ့
    ဘလက်ချော….။

  • kyeemite

    August 17, 2012 at 9:17 am

    ကိုဘလက်ကွန်မန့် ကိုစောင့်နေတာ..ခုမှတွေ့ရတော့တယ်…
    ကျေးဇူးပါဗျာ..
    ~~~~~~~~
    ဇူလိုင်လအတွက်ရွေးချယ်မှု့ကို လုံးဝသဘောတူကျေနပ်ပါဂျောင်းနဲ့
    ဇူလိုင်လအတွက် ဆု ပိုင်ရှင်
    ဆရာမ ဝင့်ပြုံးမြင့်အတွက် အထူးလေးစား ဂုဏ်ယူမိပါဂျောင်း…
    ~~~~~~~~
    ဒုတိယနဲ့ တတိယ နေရာအသီးသီး ရရှိခဲ့ကြတဲ့…
    ကိုကောင်းမြတ်ထွဋ် နှင့် ကိုဆာမိတို့ ကိုလည်း လေးစားဂုဏ်ယူပါဂျောင်း
    အမှတ်တရ ပြောကြားလိုပါတယ်…

  • ဦးဦးပါလေရာ

    August 17, 2012 at 9:41 am

    ဇူလိုင်လအတွက် စာမူဆုရွေးဘို့၊ ကြေငြာဘို့ ကိစ္စတွေမှာ
    နောက်ကွယ်က အားစိုက်ခွန်စိုက် လုပ်ပေးပြင်ဆင်ပေးခဲ့သူ နှစ်ဦးရှိပါတယ်။
    အဲဒီနှစ်ဦးက အရီးခင်လတ် နဲ့ စိန်ဗိုက်ဗိုက်ပါ..။
    ကနဦးလ ဆိုတော့ စမ်းတဝါးဝါးနဲ့ဖြစ်နေချိန်မှာ သူတို့ format ချသွားတာပါ။
    နောက်လတွေအတွက်လဲ လွယ်ကူ အဆင်ပြေသွားတာပေါ့…။
    ပိုစ့်ကြေငြာတဲ့ မပဒုမ္မာရဲ့ အားစိုက်မှု့နဲ့ ဖိတ်ဖိတ်တောက် လက်ရာကိုလဲ အများမြင်ကြတဲ့အတိုင်းပါပဲ..။

    ဒီအဖွဲ့လေးက စုပေါင်းခေါင်းဆောင် စုပေါင်းဆွေးနွေးဆောင်ရွက်ကြပါတယ်။
    အချက်အလက်စုစည်းမှု့ ပြင်ဆင်ပေးမှု့တွေအတွက်တော့ အမှု့ဆောင်တဦးရှိပါတယ်။
    ဝိုင်းတော်တီး စိန်ဗိုက်ဗိုက်ပါ …။
    သူ့ကို ပိုစ့်ဖတ်ရွေးစေဘို့ တိုက်တွန်းသူတွေရှိခဲ့ပါတယ်။
    ကျုပ်က အမြဲတစေ ငြင်းဆန်ခဲ့တယ်။
    သူ့ကို အလည်မှာပဲ ထားချင်တယ်..။
    သူက စိန်ဗိုက်ဗိုက်မတိုင်ခင် ပေါက်ဖေါ် ခေတ်ကတည်းက ရွာထဲမှာ လိုအပ်သလို ထိန်းညှိပေးတဲ့ သဘာဝခေါင်းဆောင်ပါ..။

    ဒါကတော့ ဖတ်ရွေးအဖွဲ့ရဲ့ သဘာဝကို အများသိအောင် မိတ်ဆက်တာဖြစ်ပါကြောင်း…။

    • surmi

      August 22, 2012 at 11:04 pm

      စိန်ဗိုက်ဗိုက် က ရွာသားသစ်တွေနဲ ့ အဟောင်းတွေတွက်ရော အားဆေးပါ ။
      အမှန်ပြောရရင် ရွာထဲဝင်ခါစက သူ ့အရည်အချင်းကြောင် ့ ကိုယ် ့ထက်ကြီးတယ်လို ့တောင်
      ထင်မိသေးတာ ။ နောက်တစ်ယောက် က အံဇာတုံးပဲ ။
      သူလဲ မရှိမဖြစ်ဘဲလေ ။ ဖတ်ရွေးမှာသူ ့ကိုပါရွေးထားရင်ကောင်းမယ် ။
      လုပ်နိုင်ဖို ့လိုသလို ၊ လုပ်ပေးချင်စိတ်ရှိဖို ့လည်းလိုတာဆိုတော ့
      ပြီး တော ့ သူလည်းဘက်စုံရတဲ ့သူဆိုတော ့ ဆွဲသာထားလိုက်ဗျာ ။

  • မိုး မင်းသား

    August 19, 2012 at 1:25 pm

    မမရေ…..

    သားသားလည်းမပါဘူးနော်….

    စိတ်မကောင်းဖြစ်မိပါရဲ ့…..

    သားသားကငိုမှာနော်……

    ဟီး…ဟီးးးးးးးးး…….

  • padonmar

    August 20, 2012 at 9:13 pm

    မိုးမင်းသားရယ်
    တောင်းပန်ပါတယ်။ငိုပါနဲ့။
    ကျမလည်း ၁၅ရက်နေ့ ကြေငြာရမယ်ဆိုတော့ ကမန်းကတန်းဇာတ်လမ်းဆင်ရတာ လူစုံအောင်မထည့်နိုင်ဖူးဖြစ်သွားတယ်။
    နောက်ပြီး အရွယ်မှန်းလို့ရတဲ့သူတွေကို အလိုက်သင့်ထည့်လို့ရပေမယ့် အရွယ်မသိတဲ့သူတွေရယ်။လူလားရဟန်းလား မသိတဲ့သူတွေရယ်ကို အဂါရဝဖြစ်မှာစိုးလို့ မထည့်ဖြစ်တာပါ။
    အခုမိုးမင်းသားကို လူငယ်ဝိုင်းထဲထည့်ပေးလိုက်မယ်နော်။
    ………………
    ကျမတို့ အဖွဲ့လိုက် စုပေါင်းဆောင်ရွက်မှုရဲ့ ရလာဒ်ကို ကျေနပ်ကြတယ်ဆိုလို့ အားလုံးကိုကျေးဇူးတင်ပါတယ်။
    ဆုပေးတဲ့ စည်းမျဉ်းနဲ့ ဆုပေးမယ့် အစီအစဉ်တွေကို စိန်ဗိုက်ဗိုက် မအားသေးလို့ မတင်ရသေးတာ ခွင့်လွှတ်ကြပါနော်။

  • ဝင့်ပြုံးမြင့်

    September 10, 2012 at 10:10 pm

    အန်တီပဒုမ္မာရေ
    ပြုံး အခုမှပဲ ဖတ်မိတော့တယ်။ တစ်လလုံး ပြေးလွှားနေရလို့ပါ။ ဆုပေးပွဲကိစ္စက တကယ်မလွယ်တာ မှန်းကြည့်ရုံနဲ့တင် သိပါတယ်။ အခု အန်တီပဒုမ္မာ ဦးနှောက်အစားခံရေးထားတဲ့ ကြေငြာချက်ပို့စ်လေးက ပိုတောင်ဖတ်လို့ကောင်းပါသေးတယ်။ ပြီးတော့လေ အိမ်က အဝယ်တော်ကြီးက တကယ်လည်း မျက်စိမှုန်တယ်။ သူကြီးအပါအဝင် မန်းဂေဇက်ရွာသူရွာသားတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

Leave a Reply