ဘင်း(Bing.com)ဆိုတာက အမေရိက ကမိုက်ခရိုဆော့ဖ်ရဲ့ ဆတ်ရှ် အင်ဂျင်ကြီးပါ။ ဂိုဂယ်လို ဟာမျိုးဆိုပါစို့..။
အခုပဲ ဘင်း(Bing.com)ကအီးမေးလ်ရလို့ …ဘင်းက ဗယ်လင်တိုင်းဒေးအတွက် ကရှ်ဘက်ခ်(ငွေပြန်ပေးမှာ) ၃၀ ရခိုင်နှုန်းအထိရှိကြောင်း သတင်းပို့ လာပါတယ်။ မိုက်ခရိုဆော့ဖ်က ဂိုဂယ်ကိုသတ်ဖို့ လုပ်နေတဲ့ စံနစ်ဖြစ်တာမို့ တကယ်ပြန်ပေးပါတယ်။ ကျုပ်တောင် ပြီးခဲ့တဲ့ ဘလက်ခ်ဖရိုက်ဒေးတုန်းက အဲဒီကတဆင့်ဝယ်ထးတာတွေ BCB ( Bing Cash Back)အနေနဲ့ပေးပယ် Paypalအကောင့်ထဲ ပြန်ရနေပါပြီ။

ဗယ်လင်တိုင်းဒေးမှာ ချစ်သူတွေကို လက်ဆောင်ပေးချင်ရင် အခုအချိန်လောက်မှာ အင်တာနက်ကနေ၀ယ်မှ (၁၄ရက်နေ့) အမှီရောက်မှာမို့ အချိန်ကောင်းပဲ ဆိုကြပါစို့ ..။
ဆိုတော့..။
“ချစ်သူ”ကိုပေးကြ ကမ်းကြစေလိုပါကြောင်း..။ တနှစ်မှ တခါ အမှတ်တရလေးဖြစ်အောင် ဖန်တီးကြစေလိုပါကြောင်း။
အမေရိကရောက် အပျိုကြီး၊ အပျိုလေးများကလည်း လက်ဆောင်လေးများရအောင် လမ်းကြောင်းချပေးကြစေလိုပါကြောင်း..။
လူပျိုကြီး၊ လူပျိုငယ်များကလည်း ၁၀၀ တန်းထက်မနည်းတာ ရှာဖွေ ၀ယ်ပေးကြစေလိုပါကြောင်း…။
စိတ်ကူးကောင်းကောင်းလေးမျးရှိရင်လည်း ဒီမှာ အိုင်ဒီယာလေးတွေ စာရေးတင်ပေးကြစေလိုပါကြောင်း…။
စကားမစပ်..တရုတ်နှစ်ကူးကလည်း ဗယ်လင်တိုင်းဒေးနဲ့ ထပ်တာမို့ လက်ဆောင်ပေးရမှာတွေအတူတူ အားလုံးရောမွှေသမ ၀ယ်နိုင်ကြပါကြောင်း နိုးဆော်လိုက်ရပါတယ်။

http://www.bingvalentine.com/v1/?form=MSHCAS&publ=CASHFEBNL&crea=EML_MSHCAS_CBVday_CB3PostBTSSearch_CTA_1x1&fbid=6khaoO0xSas&wom=false

kai

About kai

Kai has written 925 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.