သိစရာ၊တွေးစရာ(ဆရာတော်ဦးဇောတိက၏စာစုလေးပါ)

zaylayJuly 6, 20101min701

သိစရာ၊တွေးစရာ(ဆရာတော်ဦးဇောတိက၏စာစုလေးပါ)

၁။သူများမကောင်းကြောင်းကိုအချိန်ကုန်ခံပြီးပြောမနေပါနဲ။သူများအပြစ်ကိုအချိန်ကုန်ခံပြီးပြောမနေပါနဲ့။
အဲလိုအချိန်ကုန်ခံပြောနေရင်အဲဒီအချိန်တွေဟာကောင်းတဲ့နေရာမှာမသုံးလိုက်ရတဲ့အတွက်ကြောင့်
ကိုယ့်ဘဝဟာတိုးတက်မှု၊ရင့်ကျက်မှုဖြစ်မလာနိုင်ဘူး။ကိုယ်လုပ်နေတာ။ကိုယ်ပြောနေတာတွေဟာ
တကယ်မှန်တယ်။တကယ်ကောင်းတယ်လို့ကိုယ့်ဟာကိုယ်တကယ်ဘဲသိတယ်၊ယုံကြည်တယ်ဆိုရင်
ကိုယ့်မှာအားငယ်တဲ့စိတ်၊သိမ်ငယ်တဲ့စိတ်၊စိတ်မချတဲ့စိတ်၊မလုံခြုံတဲ့စိတ်လည်းမရှိဘူးဆိုရင်သူများ
အပြစ်ကိုရှာကြံပြီးတော့တွေးနေဖို့မလိုတော့ဘူး။

၂။ ငါ့ကိုငိုအောင်ပြောမယ်ဆိုရင်မင်းကိုယ်တိုင်အရင်ဆုံးဝမ်းနည်းမှဖြစ်မယ်။

၃။ ခွင့်လွှတ်ခြင်းဟာစိတ်ရဲ့ကျန်းမာရေးနဲ့ပျော်ရွှင်မှုအတွက်အလွန်အရေးပါတဲ့အချက်ဖြစ်တယ်။

၄။ ကိုယ့်ကိုယ်ကိုမြှင့်ချင်ရင်သူများကိုလည်းမြှင့်ပေးပါ။သူများကိုမြှင့်ပေးလေကိုယ်လည်းမြင့်သွားလေလေ။

၅။ လူတွေလေးစားတာခံရဖို့သေချာတဲ့နည်းတစ်နည်းဘဲရှိတယ်။အဲဒါကတစ်ကယ်ရိုးရိုးသားသားနဲ့ကိုယ့်အကျိုး
ရောအများအကျိုးကိုပါအတတ်နိုင်ဆုံးလုပ်ဖို့ဘဲ။လေးစားတာကိုတစ်ကယ်ခံထိုက်သူဖြစ်ဖို့ဘဲ။ Personal integrity
ရှိဖို့လိုတယ်။

၆။ကိုယ်ဘယ်လိုလူဖြစ်တယ်ဆိုတာကိုယ်ကသဘောထား။ကိုယ့်စိတ်ထားကပဲဟောကိ်န်းထုတ်နေပါတယ်။

၇။သင်ဘယ်လောက်ကြီးသလဲဆိုတာသင့်သဘောထား။စိတ်ထားဘယ်လောက်ကြီးသလဲပေါ်မှာမူတည်တယ်။
အဆင့်အတန်းဘယ်လောက်ပဲကြီးကြီးသင့်သဘောထား။စိတ်ထားကသေးသိမ်နေရင်သင်ဟာသေးသိမ်တဲ့သူပဲ။

၈။ ကိုယ့်စိတ်ထားကကိုယ်လုပ်သမျှကိုအရောင်ဆိုးလိုက်တယ်။

၉။ အနိုင်ရမှနေသာထိုင်သာရှိတဲ့သူဟာအတွင်းစိတ်ထဲမှာတော်တော်ပျော့ညံ့တဲ့သူပဲ။စိတ်ဓာတ်အင်အားကြီးမား
တဲ့သူဟာသူများကိုအနိုင်မကျင့်ဘူး။

၁၀။ ကိုယ်လုပ်တဲ့အလုပ်ဟာကိုယ်ရဲ့အကောင်းဆုံးစိတ်ထားနဲ့အကောင်းဆုံးအရည်အချင်းကိုဖော်ပြနေတာဖြစ်ရမယ်။

၁၁။ ကိုယ်တန်ဖိုးထားတာနိမ့်နေရင်နိမ့်တဲ့ဘဝမျိုုးကိုဘဲပုံဖော်မိမယ်။


♥♥♥♥♥♥♥♥♥孙雨亭♥
(¨`·.·´¨)
.`·.¸(¨`·.·´¨)
(¨`·.·´¨)¸.·´
.`·.¸.·´
(¯`v´¯)
`*.¸.*´
¸.•´¸.•*¨) ¸.•*¨)
(¸.•´ (¸.•´ .•´ ¸¸.•¨¯`•.
♥孙雨亭 ♥♥♥♥♥♥♥♥♥


♥♥♥♥♥♥♥♥♥孙雨亭♥
(¨`·.·´¨)
.`·.¸(¨`·.·´¨)
(¨`·.·´¨)¸.·´
.`·.¸.·´
(¯`v´¯)
`*.¸.*´
¸.•´¸.•*¨) ¸.•*¨)
(¸.•´ (¸.•´ .•´ ¸¸.•¨¯`•.
♥孙雨亭 ♥♥♥♥♥♥♥♥♥