မေးခွန်း
အချစ် နဲ့ စစ်
တရား သင့် သတဲ့ ..
မှတ်သား ခဲ့ဘူး
မတရား ဘူးလို့ တော့ …. မြင်မိတယ်
အချစ် ဟာ …. အချစ်
စစ် ဟာ …. စစ်
ကိုလိုနီ စနစ် မှ …. မဟုတ်တော့တာ
ပိုင်ခွင့် … ဆိုင်ခွင့်
ပေး ခွင့် … ယူ ခွင့်
ရင်ဖြင့် ခံစား
နှလုံးသား  ဆိုတာ
တစ်ခါ  တစ်ခါ
စွန့် လွှတ်ဖို့ လည်း …. စဉ်းစား တယ်
လှေနံ ဓါးထစ်
နိုင်မှ ဖြစ်မယ်
စစ် ပွဲ  ၀ါဒ
ဘာမှ မဆိုင်
အချစ် ဆိုတာ
ကျောက်သားစိုင်  မှ
မဟုတ် ဘဲနော် …
ကောက်ကျစ် တဲ့ …. စစ်
တရား  သင့် … မတရား သင့်
ခင်ဗျား  … ချင့်ယူ
အမြင် မတူ လည်း
လွတ်လပ်  ကွဲလွဲ
ခံယူ  ရဲစမ်း
ဥာဏ်စမ်း  ပုစ္ဆာ … အချစ်ဆိုတာ ကို
ဘယ်လို  … ဘယ်သို့ 
ခေါ် ဆို မ လဲ …..? ။။။
About maung khinmin
maung khinmin has written 85 post in this Website..
   Send article as PDF