*** အကြွင်း ***

 

တစ်ထဲက တစ်နှုတ်

အဟုတ် … တစ် ကျန်တယ်တဲ့ …

     …(1 – 1 = 1) ….

ကူလှည့် စဉ်းစား … ကျုပ် ရည်းစားက

သချာင်္ သမားမို့ …. ကျုပ်အား မုန်းသတဲ့

အဆုံးသတ် မှာကြား …..

ကဗျာ တစ်ပုဒ်  …. ပုစ္ဆာ ထုတ်ရင်း

ရုပ်သိမ်း အနမ်း … သောက လမ်းထဲ

အလွမ်း သင့်စေ … ပန်းတွေ ခြွေချ

ဝေဆာ  အလှ … မြေမှာ ခတော့

သြော် ….. 

ကဗျာ မလှရင် …. ခွင့်လွှတ် ပါ ……၊

……………..  ………………..   ….၊

 

 

အဖြေ တွက်သော် … သုည( ၀ ) ပေါ်အံ့

ညံ့လိုက် တာကွယ် …. ကျူပ်မယ် တုံးပါ့

မနေ့ ညတုန်း … ကြာအပြုံး နှင့်

အသစ် ချစ်သူ … ဖေးကူ မှီနွဲ့

ငါ့ တည့်တည့်မှာ … သချာင်္ ဗေဒ

အလင်း ရချိန် … နှလုံး အိမ်သည်

ဥာဏ် ပူစော်ခ … ဖြစ်ခဲ့ ရပေါ့

ရင်ခုန် ရလာဒ် … အကြွင်းတည်း။။။

 

 

 

About maung khinmin

maung khinmin has written 85 post in this Website..