***အကြွင်း***

maung khinminAugust 13, 20121min781

*** အကြွင်း ***

 

တစ်ထဲက တစ်နှုတ်

အဟုတ် … တစ် ကျန်တယ်တဲ့ …

     …(1 – 1 = 1) ….

ကူလှည့် စဉ်းစား … ကျုပ် ရည်းစားက

သချာင်္ သမားမို ့…. ကျုပ်အား မုန်းသတဲ့

အဆုံးသတ် မှာကြား …..

ကဗျာ တစ်ပုဒ်  …. ပုစ္ဆာ ထုတ်ရင်း

ရုပ်သိမ်း အနမ်း … သောက လမ်းထဲ

အလွမ်း သင့်စေ … ပန်းတွေ ခြွေချ

ဝေဆာ  အလှ … မြေမှာ ခတော့

ဪ ….. 

ကဗျာ မလှရင် …. ခွင့်လွှတ် ပါ ……၊

……………..  ………………..   ….၊

 

 

အဖြေ တွက်သော် … သုည( ဝ ) ပေါ်အံ့

ညံ့လိုက် တာကွယ် …. ကျူပ်မယ် တုံးပါ့

မနေ ့ညတုန်း … ကြာအပြုံး နှင့်

အသစ် ချစ်သူ … ဖေးကူ မှီနွဲ  ့

ငါ့ တည့်တည့်မှာ … သချာင်္ ဗေဒ

အလင်း ရချိန် … နှလုံး အိမ်သည်

ဉာဏ် ပူစော်ခ … ဖြစ်ခဲ့ ရပေါ့

ရင်ခုန် ရလာဒ် … အကြွင်းတည်း။။။

 

 

 

One comment

  • ဝေးလွင့်တိမ်

    August 13, 2012 at 9:21 pm

    မနေ ့ညတုန်း … ကြာအပြုံး နှင့်

    အသစ် ချစ်သူ … ဖေးကူ မှီနွဲ ့

    ငါ့ တည့်တည့်မှာ … သချာင်္ ဗေဒ

    အလင်း ရချိန် … နှလုံး အိမ်သည်

    ဉာဏ် ပူစော်ခ … ဖြစ်ခဲ့ ရပေါ့

    ရင်ခုန် ရလာဒ် … အကြွင်းတည်း။။။

Leave a Reply