နီပေါနိုင်ငံမှာတဲ့ (Monk levitation)

အဂ်စ္August 13, 20121min24813

http://www.youtube.com/watch?v=PyrgcwziASA&feature=player_embedded#t=0s  

13 comments

  • ဝေးလွင့်တိမ်

    August 13, 2012 at 9:00 pm

    လိုင်းမကောင်းလို့ ဘာမှကြည့်လို့မရဘူးဗျို့ ။ ဘာမူဗွီ လေးလဲဆိုတာ ကြည်လို့ရတဲ့လူများပြောပြပါဦး။

  • Foreign Resident

    August 14, 2012 at 11:21 am

    နာမည်ကြီး Discovery Channel အတွက်ရိုက်ကူးပေးတဲ့ ၊
    The Supernaturalist အစီအစဉ် ထဲက Episode တစ်ခုပါ ။
    မျက်လှည့်ကျွမ်းကျင်တဲ့ တင်ဆက်သူက
    နီပေါနိုင်ငံအနှံ့ လှည့်လည်ပြီး ၊ မျက်လှည့်ပညာရှင် လိုက်ရှာရင်း
    နာမည်ကြီး မိုးပျံနိုင်တဲ့ ဗုဓ္ဒဘာသာ ဘုန်းကြီး တစ်ပါးနှင့်တွေ့ရပုံ ၊
    တကယ့် အဖြစ်အပျက်ကို ရိုက်ပြထားတာပါ ။

    ဘုန်းကြီးက သူ့ပညာကို မပြချင်လို့ ငြင်းနေတာကို ၊
    အစီအစဉ်တင်ဆက်သူက သူ့ပညာ ၂ ခုဖြစ်တဲ့ ၊
    ၁ ။ ဆွဲကြိုးကို လည်ပင်းကိုဖြတ်ပြီး ဆွဲဖြုတ်ပြ ၊
    ၂ ။ မိုးပေါ်က လ Moon ကိုဖျောက်ပြ ၊ လိုက်မှ ၊

    ဘုန်းကြီးလည်း တရားထိုင် ၊ ပုတီးစိတ်ပြီး လေပေါ်ပျံပြတာပါ ။

    က ။ Discovery ဟာ ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့ဖြစ်တဲ့အတွက် ၊
    အမှန်လို့ ယူဆပါတယ် ။
    ခ ။ တိဗက် မဟာယာန ဘုန်းကြီး လို့ ထင်ပါတယ် ။
    နီပေါကပါ ။

    ၁ ။ သိပ္ပံက မဖေါ်ထုတ်နိုင်သေးတာတွေ အများကြီး ရှိပါသေးတယ် ။
    ၂ ။ ငါ့ မြန်မာပြည်ကမှ ၊ ငါ့ ထေရဝါဒကမှ ဆိုတဲ့ အစွဲ လျော့သွားပါတယ် ။

  • kai

    August 14, 2012 at 1:38 pm

    ဗီဒီယိုထဲ… မျက်လှည့်ဆရာပါ.. ပြူတူးပြဲတဲဖြစ်သွားသမို့.. ဖြစ်နိုင်ချေတော်တော်ရှိမယ်ထင်တာပဲ..
    မြန်မာပြည်မှာသာ..အဲဒီဘုန်းကြီးရှိရင်.. ပွဲပြတ်..

    မှန်ပါတယ်..သိပ္ပံကမသိသေးတာ..မဖေါ်ထုတ်နိုင်သေးတာ… အများကြီးပါ..
    အခုဒီနေ့သတင်းတင်.. သမ္မတအိုဘားမားသိချင်နေတာလေး… ရှိနေသတဲ့.. :mrgreen:
    မားရှန်နဲ့ထိတွေ့ဆက်ဆံမှုရရင်..ချက်ချင်းသူ့ကိုအကြောင်းကြားပါတဲ့လေ..

    ကျုပ်ကတော့…
    မားစ်နဲ့.. ကမ္ဘာက ပျမ်းမျှ 225 million km ဝေးတာကို.. တတန်လောက်မော်တော်ယဉ်သွားထားနိုင်တဲ့.. နာဆာကလူတွေရဲ့တန်ခိုးကိုတော့.. တော်တော်အံ့ဩမိပါတယ်..

    စကားအတင်းစပ်..
    Mars မှာနေတဲ့သတ္တဝါတွေကို.. Martian လို့သုံးတယ်နော…
    Myanmar/Myanmars လူမျိုးတွေကို.. Myanmartian သုံးသင့်သလားလို့… 🙂


    Obama tells Mars rover team: Let me know if you see Martians
    In today’s congratulatory phone call to the team behind NASA’s Mars Curiosity rover, President Barack Obama made sure that if the mission discovers Martians, he’ll be one of the first to know.

    “If in fact you do make contact with Martians, please let me know right away,” Obama said during the call, which was placed from Air Force One to NASA’s Jet Propulsion Laboratory in Pasadena, Calif. “I’ve got a lot of things on my plate, but I expect that that will go to the top of the list. Even if they’re just microbes, it will be pretty exciting.”

    • မောင်ဘလိူင်

      August 14, 2012 at 3:28 pm

      “မားစ်နဲ့.. ကမ္ဘာက ပျမ်းမျှ 225 million km ဝေးတာကို”
      အမှတ် အဲ..အဖတ် မမှားဘူးဆိုလို့ရှိရင် အဲဒီအကွာအဝေးက နေ နဲ့ အင်္ဂ ါဂြိုဟ် ရဲ့ကြားက
      အကွာအဝေး ဖြစ်မယ်နော်..ဒဂျီး … ကမာ္ဘနဲ့ အင်္ဂ ါဂြိုဟ် အနီးဆုံးအကွာဝေးက ကီလိုမီတာ
      ၅၄ သန်းကျော်လောက် ဖြစ်မှာပဲ..။

      • kai

        August 14, 2012 at 11:20 pm

        ဆောဒီးဗျာ…
        .. ဝေးလေကောင်းလေလုပ်ပြီး.. ဂိုဂယ်ထဲက.. အဝေးဆုံးကူးချလိုက်တာ.. :mrgreen:
        နာဆာက.. ကျူရီယတ်စတီပို့တော့..အနီးဆုံးခရီးတွက်ပို့မယ်လို့.. ထင်မိပါတယ်..

        စကားအတင်းစပ်..
        Curiosity Rover က..ဓါတ်ဆီမလိုတဲ့..နူကလီယားဘတ်ထရီနဲ့မောင်းတာတဲ့.. ၁ဝနှစ်အသာလေးဆိုပဲ..
        အဲဒီနည်းပညာ.. မြန်မာတွေရရင်ကောင်းမယ်.. 🙂

        စိတ်ဝင်စားသူတွေဖတ်ဖို့..
        http://news.ycombinator.com/item?id=4346270

  • Foreign Resident

    August 14, 2012 at 2:27 pm

    ” မျက်လှည့်ဆရာပါ.. ပြူတူးပြဲတဲဖြစ်သွားသမို့.. ဖြစ်နိုင်ချေတော်တော်ရှိမယ်ထင်တာပဲ ”

    ဟဲဟဲ ၊ ဒီတစ်ခါ သူကြီးပါ နဲနဲ ဖြုန်သွားပုံရတယ် ။

    ” မြန်မာပြည်မှာသာ..အဲဒီဘုန်းကြီးရှိရင်.. ပွဲပြတ် ”

    မှန်ပါ့ ။ မြန်မာပြည်မှာသာ..အဲဒီဘုန်းကြီးရှိရင် ၊
    သီတဂူ ဆရာတော်ကြီး ထက်တောင်
    နာမည် တန်ခိုး လာဘ်လာဘ များသွားမှာ ။

    ငါတို့ ထေရဝါဒ မှာတော့ ၊
    အဲဒီ တန်ခိုး တွေ ဟာ ၊
    လောကုတ္တရာ ဝိပဿနာ အဆင့် မရှိသေးဘူး ၊
    လောကီနယ်ထဲက ဈာန် သမာဓိ အဆင့်လောက်ပဲရှိသေးတယ် ၊
    ကသိုဏ်း ကျင့်ရင် စတုထ္ထဈာန်လောက်ရောက်ရင်ကိုရတယ် ၊
    လို့တော့ ပြောနေတာပဲ ။

    တစ်ပါး တစ်ဦးမှလဲ ၊
    အဲဒီ နီပေါဘုန်းကြီးလို ၊ ကမာ္ဘသိ လုပ်မပြကြဘူး ။

    အရင် ကိုယ်တိုင် ဖားအောက်နည်း နှင့် တရားထိုင်စဉ်က ၊
    တရားထိုင်ဖက်တွေ စတုထ္ထဈာန် အထိရောက်ကြတယ် ၊
    ဘဝ ဟောင်းတွေ ပြန်မြင်ကြတယ် ။
    ယုံလောက်တဲ့ သူတွေမို့လို့ ၊ ကိုယ်တွေကတော့ ယုံပါတယ် ။
    ဒါပေမယ့် ၊ ကမာ္ဘကြီးက ယုံဖို့ဆိုရင်တော့ ၊
    အဲဒီ နီပေါဘုန်းကြီးလို ၊ ကမာ္ဘသိ လုပ်ပြကြမှ ရမယ် ။

    နောက်တစ်ချက်က အဲဒီဘုန်းကြီး ၊
    တရားထိုင် ၊ ပုတီးစိတ်ပြီး ၊ သိပ်မကြာပဲနှင့် ၊ ဈာန်ပျံ ပြတယ် ၊
    တကယ်သာဆိုရင် အဘိဓမ္မာ အရ ပြောရရင် ၊
    အဲဒီ ဘုန်းကြီး ၊ စတုထ္ထဈာန် ဝင်စားတာ ၊
    အရမ်းမြန်တယ်လို့ ပြောလို့ရတယ် ။
    တကယ့်ကို သမာဓိဗိုလ် ဖြစ်နေပြီ ။

    ထေရဝါဒ အလိုအရ ဆိုရရင် ၊
    အဲလို သမာဓိမျိုး နှင့်သာ ဝိပဿနာကို ကူးလိုက်ရင် ၊
    သိပ်မကြာခင် မဂ်ပေါက် ဖိုလ်ပေါက် ဖြစ်နိုင်တယ် ။
    နှမျောလိုက်တာ ။

    မပဒုမ္မာတော့ ၊ အဘိဓမ္မာ သင်နေတော့ ၊ သိမယ်ထင်တယ် ။
    အဲလို ဈာန်ပျံပြဖို့က ဘာ ကသိုဏ်း ကျင့်ရမယ် ဆိုတာ ။
    အာနာပါန ရှုရှိုက် နှင့်တော့ မဟုတ်ဘူး ။

    • kai

      August 14, 2012 at 2:55 pm

      အဘဖေါရေ..
      ကျုပ်နားလည်ထားတဲ့.. ဗုဒ္ဓတရားတွေနဲ့.. တန်ခိုးဈာန်တွေက.. ဘာမှကိုမဆိုင်ဘူးခင်ဗျား..

      နောက်တခုက..
      ကသိုဏ်းအပါအဝင်.. သမာဓိထောင်တဲ့.. ကျင့်စဉ်နည်းလမ်း.. စတာတွေက.. ဂေါတမဗုဒ္ဓမပွင့်ခင်ကတည်းကရှိတဲ့.. နည်းစနစ်တွေပါ…
      အများအားဖြင့်ကတော့.. ဟိန္ဒူနည်းတွေ..

      ဆိုတော့..
      တန်ခိုးပြတာချင်းဆို..
      အင်္ဂါဂြိုလ်ပေါ်တက်ပြတဲ့..လူတွေရဲ့..ဖန်ဆင်းနိုင်မှုတန်ခိုးကို.. ပိုယုံကြည်ကြောင်း.. 🙂

      • Foreign Resident

        August 15, 2012 at 4:53 am

        ” ဗုဒ္ဓတရားတွေနဲ့.. တန်ခိုးဈာန်တွေက.. ဘာမှကိုမဆိုင်ဘူးခင်ဗျား ”

        သူကြီးရယ် ။
        ကျနော်ကလည်း ဗုဒ္ဓတရားတွေနဲ့.. တန်ခိုးဈာန်တွေ ဆိုင်တယ်လို့ မပြောပါဘူး ။
        ဈာန်အဘိဉာဏ် ကို ဗုဒ္ဓကထွင်တယ် လို့လဲ မပြောပါဘူး ။
        ဝိပဿနာကိုကူးမယ် ဆိုရင် ဈာန်သမာဓိက အဓိကလိုအပ်တယ်လို့ပြောတာပါ ။
        ပါရမီရှင် အချို့ကလွဲရင် ၊ ဝိပဿနာကို တိုက်ရိုက်ရှုလို့မရပါဘူး ၊
        ဝိပဿနာကို ရှုနိုင်လောက်အောင် ၊
        အထူးထက်မြက်တဲ့ ဉာဏ်ပညာ နှင့် သမာဓိ လိုပါတယ် ၊
        အဲဒီထဲက အထူးထက်မြက်တဲ့ သမာဓိ ထူထောင်တဲ့ အထဲမှာ ၊
        ဈာန်လမ်းကလည်း တစ်ခုအပါအဝင်လို့ပြောတာပါ ။

        အခုကျနော်ပြောတာက အဘိဓမ္မာနည်း ဖားအောက်နည်းကို ကိုးကားပြီး ပြောတာပါ ။
        တချို့နည်းတွေကတော့ အဲလောက် ဈာန်လမ်းမသွားပဲ ၊
        တော်ရုံ သမာဓိလောက်နှင့် ဝိပဿနာ ကူးခိုင်းတာ ရှိပါတယ် ။
        ( ဥပမာ – မိုးကုတ် က ခဏိ္ဏက သမာဓိလောက်နှင့် ဝိပဿနာ ကူးခိုင်းတယ် )
        ( မုံလည် ဆရာတော်ကျ ဓမ္မာနုပဿနာ နှင့်တင် ဝိပဿနာ ရှုနိုင်တယ်ပြောတယ် )
        နည်း အမျိုးမျိုး ပါပဲ ။ မှန် မှား မပြောရဲပါဘူး ။

        • kai

          August 15, 2012 at 5:53 am

          ဝိဆိုတာ.. အထူးပြု..။ နုဆိုတာ.. အနုစိတ်..။ အနုပဿနာ စာလုံးကတော့.. ပိဋကတ်ထဲ.(ဝိပဿနာထက်စာရင်). တော်တော်များများပါတယ်ပြောကြတယ်..။
          အဲလို..ဟိုလို..ဒီလို..

          အင်း..အဘဖောနဲ့.. တိုင်ပါတ်…အဲ.. (သဘောင်္ပဲ့ကိုင်ဒရိုင်ဘာမို့) ပင်လယ်.. ဝဲဩဃထဲရောက်နေပြီ..

          ဆိုတော့..
          http://www.telegraph.co.uk/news/1559579/Physicists-have-solved-mystery-of-levitation.html
          Physicists have ‘solved’ mystery of levitation
          မှာ.. မိုးပျံတာ. .သိပ္ပံနဲ့ညှိပြထားတယ်..။
          မိုးပျံနိုင်တဲ့လူသားတွေကို.. သေသေချာချာသာ.. ယူအက်စ်အာမီလက်ထဲအပ်.. ရီဆပ်ချ်လုပ်လိုက်ရင်.. လူတိုင်းမိုးပျံနိုင်တဲ့စက်.. တီထွင်နိုင်မယ်ထင်မိကြောင်း.. 🙂

  • ကြောင်ကြီး

    August 15, 2012 at 8:39 am

    ကြည့်လိုက်ရတယ်၊ တကယ်ဆိုရင်တော့ အံ့စရာပဲဗျို့.. စကားမစပ် ဩဇီဦးဖော ထင်သလို အဲဒီဘုန်းကြီးက မဟာယာနလို့ တထစ်ချ ပြောလို့ မရဘူးနဲ့တူတယ်၊ နီပေါမှာ ထေရဝါဒလည်း ထွန်းကားပါတယ်။ တခုရှိတာ ဒစ်စကာဗာရီ ချန်နယ်မှာပဲထင်တယ် အဲသလို မျက်လှည့်ဆရာ လုပ်ပြတာ ကြည့်ဖူးတယ်။ သူက အာရပ်အနွယ်ဝင် ဖြစ်ပုံရတယ်။ သူလည်း အတော်ဆန်းတာတွေ လုပ်ပြနိုင်တယ်။ ဖဲချပ်ကို ကားမှန်အပြင်ဖက် ထုတ်ပြတာမျိုး၊ ဖဲချပ်နဲ့ အမျိုးမျိုး ဆော့ပြတာမျိုးပေါ့။ ပိုထူးတာက သွားရင်းလာရင် တကဲ့အပြင်ဖက် (ရှိုးပွဲမဟုတ်၊ စီစဉ်ထားတဲ့နေရာမဟုတ်) လမ်းပေါ်တွေ့တဲ့ လူအချို့ရှေ့မှာ စက္ကန့်ပိုင်းလာက် လေထဲ မတ်တပ်ရပ်ပြတာ။ အခုဘုန်းကြီးလိုတော့ မတည်ငြိမ်ဘူး၊ ကြည့်ရတာ မမြင်ရတဲ့ အရာတွေက သူ့ကို ချီမ ပေးလိုက်သလိုပဲ။ ကိုယ်ဟန်သိပ်မငြိမ်ဘူး။ မြင်ရတဲ့သူတွေက ဟယ် ဟင်နဲ့ အော်ဟစ်ထိတ်လန့်ကုန်တယ်။ တချို့မိန်းမတွေများ ထွက်တောင်ပြေးတယ်။

  • အဂျစ်

    August 15, 2012 at 10:38 am

    ဝင်ပြောရလောက်အောင်နားမလည်လို့ ဖတ်သာဖတ်သွားပါကြောင်း

  • Shwe Ei

    August 15, 2012 at 3:19 pm

    ထေရဝါဒမှာ ဘုရားအပါအဝင် ဘုရားသားတော်တွေအားလုံး တန်ခိုးမပြကြရဘူးလို့ကြားဖူးတယ်ဗျ။ မာန်တက်မှာစိုးလို့လား ကြွားရာကျလို့လား သေချာမသိတော့ပါကြောင်း။

  • Arkar11

    August 15, 2012 at 3:33 pm

    levitation is commonly done by illusionist/magician. so……

Leave a Reply