ပန်းဥယျာဉ်အတွင်းသို့ ………….၂

17 ပန်းဝါဝါအခက်အခက်ရယ်က
18 အဖြူရောင်အဆုပ်ဆုပ်
19 ပန်းနုသွေး
20 အဖြူလွင်လွင်မှာအစိမ်းဖက်
21 အသွင်ဆန်းဆန်း ပန်း နီနီ
22 ပန်းနုသွေး
23 ပန်းဆီသွေးလှလှလေး

 

24 ပန်းနုရောင်မရင့်တရင့်

 

25 အစိမ်းထဲက အဖြူ
26သုံးဘီးကားရောင်
27 ဂမုန်းလိပ်ပြာ တစ်
28 လိပ်ပြာဂမုန်း နှစ်
29 ပုစွန်ဆီအသွေး စက္ကူပန်းလေး
30 အသွင်ဆန်း ဆန်း
31 ရဲရဲ
32 ပန်းနုမှာအဖြူစွက်
33 ပန်းဆီအရောင် အဆုပ်ဆုပ်နဲ့
34 စက္ကူပန်း ပန်းဆီရောင်စိုစို
35 ပန်းမရမ်း

36 ဘောလုံးပန်းရောင်
37 အဖြူမှာပန်းသွေးနှော
38 စင်္ကြာပန်း

 

39 လှတပတ

 

40ရဲရဲ
40ခ ကျနော်သွားကြည့်ခဲ့တဲ့ ပျိုးဥယျာဉ်

 

41 ပန်းဝါဝါ အစုအဝေး
42 ပန်းနုနှင်းဆီ
43 လှသောနှင်းဆီ
44 လှသွေးစိုစို
45 ချစ်နှင်းဆီ
46 ပန်းနှင်းဆီ နီနီရဲ
47 နှင်းဆီနီနီ
48ရဲရဲတောက်တောက်
49 နှင်းဆီဖြူ
50 မီးပုံးပန်းတဲ့

 

“ပန်းပျိုးဥယျာဉ် တစ်ခုသို့အလည်သွားခြင်း”(နှစ်)

 

 

ခြံအတွင်းထဲရောက်တဲ့အခါမှ အပြင်ကလှမ်းမမြင်ရတဲ့ အပင်တွေကိုတွေ့ရပါတော့တယ်။

ပန်းလေးတွေထဲမှာရောင်စုံစက္ကူပန်းတွေများပါတယ်။

အရှေ့ဘက်ဆုံးထွက်လိုက်တော့ ကန်တော်ကြီး ရေပြင်။

နံဘေးနားက တဲအိမ်လေးနားမှာတော့ ပုစွန်ဆီအရောင်အသွေးနဲ့ခေါင်ရမ်းပင်၊

တစ်ခြံလုံးပါတ်ပါတ်လည်မှာ စက္ကူပန်းပင်တွေနဲ့ဝေဝေဆာဆာ။

စက္ကူပန်းကတော့တစ်ပင်ထဲမှာကို အရောင်မျိုးစုံ။

လိုက်ပြတော့ အဒေါ်ကြီးကတော့ ကျနော်ပန်းပင်တစ်ပင်နားရောက်ရင်တစ်ခါရှင်းပြ။

ခက်တာက အခုပြန်တွေးတော့ နာမယ်တွေမမှတ်မိတော့။.

ထူးဆန်းတဲ့အပင်လေးကတော့ ဂမုန်းမျိုးစိတ်ဖြစ်ဘို့များပါတယ်။

လိပ်ပြာလေးပျံနေတဲ့ပုံစံ။

နောက်ထူးခြားတဲ့ပုံစံလေးပွင့်နေတဲ့အပင်လေးမေးကြည့်တေ့ာ မီးပုံးပန်းတဲ့.။

ကျနော်အတော်စုံအောင်ရိုက်ပြီးပြန်အထွက်မှာတာ့

“ကျမတို့ခြံကို ပန်းပင်ဝယ်ချင်တဲ့သူလွှတ်ပေးနော်”လို့ရိုးသားစွာ ဖိတ်ခေါ်ပါတယ်။

ဒါကြောင့်လဲပြန်အထွက်မှာခြံနံမယ်လေးသတိတရရိုက်ခဲ့ပါတယ်။

ပဒုမ္မာ ပါတဲ့။

ကဲသွားချင်တဲ့မန်းလေးက မိတ်ဆွေများကို နေရာလေးညွှန်းပေးလိုက်ပါမယ်။

အရှေ့ဘက်ကနေ ကန်တော်ကြီးအတိုင်းတည့်တည့်ဝင်လာ။

ကော်ဖီတာဝါစင်ကြီးနားမရောက်ခင်မှာတွေ့ရမယ့် လမ်းထဲကို ချိုးဝင်လိုက်ပါ။

အဝင်ဝကနေ နည်းနည်းသွား။.

ညာဘက်လမ်းအတိုင်းကွေ့ ရင် စတွေ့ရတဲ့ခြံလေးကတော့ ဂန္ဓမာ ပျိုးဥယျာဉ်ပါဘဲ။

သွားကြည့်လိုက်နော် ပန်းတွေစုံတယ်။

အော် နှင်းဆီပင်လေးတွေကတော့ နောက်တစ်ခြံနော်။

ကန်တော်ကြီး အရှေ့မြောက်ဘက်ခြမ်းက အဝင်ဝကခြံလေးပါ။

ကိုပေါက်လမ်းသလားနေသည်

(11-8-2012)

 

 

 

 

 

19 comments

  • YE YINT HLAING

    August 20, 2012 at 10:40 am

    ပန်းကလေး များ နဲ့ ဒီဂဘာမြေ— ရောင်စုံလှပ စိမ်းစိုနေ —
    ကိုရင်ကို ရဲ့ သီချင်းလေးနဲ့ ဝင်ကြည့်သွားပါတယ် ဦးပေါက်ရေ !

    • ပန်းကလေး များ နဲ့ ဒီဂဘာမြေ— ရောင်စုံလှပ စိမ်းစိုနေ —
      ကျနော်လဲလေ ကံကောင်းပါရစေ………………………

      ဒါက ဘိုထွဋ် သီချင်းလေ

      • YE YINT HLAING

        August 20, 2012 at 3:37 pm

        ဟား — ဟုတ်တယ် — ကျွန်တော် က ကိုရင်ကို လို့ပဲ စိတ်ထဲ စွဲနေတာ — ဦးပေါက် က သီချင်းတွေ အများကြီး ရတယ်နော် !

  • marblecommet

    August 20, 2012 at 11:53 am

    အခုတော့
    ပန်းမုဆိုး
    ဖြစ်သွားပြန်ပြီပေါ့
    ကိုကြီး….

  • Ma Ei

    August 20, 2012 at 12:08 pm

    27 ဂမုန်းလိပ်ပြာ
    50 မီးပုံးပန်း
    ခုမှတွေ့ဘူးတာပါ…
    မီးပုံးပန်းလေးတွေ အတော်လှတာဘဲနော်…
    ဒီက ခြံတွေမှာရှာကြည့်လိုက်ပါဦးမယ်…

  • ပဒုမ္မာ ပါတဲ့။လို့မှားရေးတာလေးကို
    ဂန္ဓမာလို့ပြင်ဖတ်ပေးကြပါခင်ဗျာ…………………………..

  • shwe kyi

    August 20, 2012 at 2:14 pm

    နှင်းဆီမျိုးစိတ်တွေတော်တော်များပုံပဲနော်။ အရောင်စုံ၊ ပုံစံစုံပဲ။
    မီးပုံးပန်းဆိုတာအခုမှမြင်ဖူးတယ်။

    • မောင်ပေ

      August 20, 2012 at 9:14 pm

      ကျွန်တော့် အသဲနှလုံးလေး နာမည်မှာလဲ ပန်း ဆိုတာပါတော့
      ပန်းမှသမျှ ချစ်ရပါ၏ ။

  • maythakhin

    August 20, 2012 at 9:11 pm

    မင်္ဂလာပါကိုပေါက်ရေ……
    က်ိုပေါက်ကတော့ လူတွေကို အေးချမ်းမှုပုံရိပ်တွေပေးတတ်သော ပုံလေးတွေတင်ပေးနေတာပါ။ အမြဲလေးစားလျှက်ပါ။

  • TTNU

    August 20, 2012 at 9:20 pm

    ကိုပေါက်ရေ…
    (အဒေါ်ကြီးကတော့ ကျနော်ပန်းပင်တစ်ပင်နားရောက်ရင်တစ်ခါရှင်းပြ။
    ခက်တာက အခုပြန်တွေးတော့ နာမယ်တွေမမှတ်မိတော့။)
    ဒါကြောင့်သေချာမှတ်ပါပြောတာ။(၂၆)နာမည်သိချင်တယ်။ဒါပဲ။
    😈

  • မဟာရာဇာ အံစာတုံး

    August 20, 2012 at 10:01 pm

    ဖေဂျီး …
    ပန်းပုံတွေ တင်ပုံထောက်ရင် ..
    ပြန်နုချင်နေပီဒဲ့ တယ်ဒယ် ..
    မာမီပေါက်နဲ့ တိုင်ပြောလိုက်မှာနော် ..
    အဟင်း .. ဟင်း .. 😀

    • မာမီပေါက်နဲ့တိုင်လိုက်ရင် မင်းကိုမိန်းမတောင်းပေးမယ် ဆိုတဲ့အစီအစဉ်ဖျက်လိုက်မှာပေါ့

      ဒွမ်……………………….

      • မဟာရာဇာ အံစာတုံး

        August 20, 2012 at 10:32 pm

        အဟဲ ..
        နောက်တာဘာဂျ ..
        ဖေဂျီးဂလည်း ..
        တိုင်ဒေါ့ဘူးနော် … အဟီးးးး :mrgreen:

  • မာမီ 26က ခေါင်ရမ်းပန်းလို့ပြောပါတယ် အပွင့်ကရှည်ရှည် ကျနော်က အဆန်းထွင်ပြီးအပေါ်စီးကရိုက်မိလို့
    မာမီမျက်စေ့လည်သွားတာနေမှာ။
    အဲဒီခြံထဲက နိုင်ငံခြားမျိုးစိတ်တွေများတယ်

  • Novy

    August 21, 2012 at 10:00 am

    44 လှသွေးစိုစို/49 နှင်းဆီဖြူ ကို အရမ်းသဘောကျပါတယ်
    လေးပေါက်ရေ ကူးလိုက်မယ်နော်

    မီးပုံးပန်း/ လိပ်ပြာဂမုန်း ကိုတော့ အခုမှပဲမြင်ဘူးပါတယ်

  • မနိုရေ မီးပုံးပန်းရော လိပ်ပြာဂမုန်းရော ကျနော်လဲအခုမှမြင်ဘူးတာဗျ။
    ကြိုက်တဲ့ပုံယူလို့ရပါတယ်။
    ဒီပုံတွေက တင်လို့လွယ်အောင်ဆိုက်ချုံ့ထားတာပါ။
    သိပ်အကြီးကြီးတော့ချဲ့လို့မရလောက်ဘူး။
    ဝါးသွားရင်ပြောပါ မေးလ်ကနေ မူရင်းပုံပို့ပေးပါမယ်။

    • Novy

      August 21, 2012 at 1:14 pm

      ကျေးဇူးပါလေးပေါက်ရေ.
      ပန်းလေးတွေလှရင် သိမ်းထားပြီး ပြန်ပြန်ကြည့်ပြီး
      စိတ်အေးချမ်းမှု့ကို ယူတက်တဲ့ အကျင့်ရှိလို့ပါ

  • ကြည်ဆောင်း

    August 21, 2012 at 3:12 pm

    အသွင်ဆန်းဆန်း ရဲရဲတောက်တောက် မီးပုံးပန်းတွေကို ခံစားကြိုက်နှစ်သက်သွားပါတယ်..
    ပန်းကလေးတွေ လန်းနေတော့ ကြည့်သူတွေလဲ လန်း လေးပေါက်လဲ အပန်းပြေသွားမှာ မြင်ယောင်မိသေးတယ် ..

Leave a Reply