မန ္တလေး ကိုင်းတန်းညဈေး မပြောင်းရွှေ့ရေး ဦးဆောင်ဆန္ဒပြသူသုံးဦး မြို့တော်ဝန်ဦးအောင်မောင်းနှင့် တွေ့ပြီး မိနစ်(၃၀)ခန့်အတွင်း ဖမ်းခံရ ယနေ့ ရုံးတင်စစ်ဆေး DVD သက်သေခံပစ္စည်းကို တရားခံရှေ့နေပယ်ချ

DaveAugust 13, 20121min991

မန ္တလေး ကိုင်းတန်းညဈေးကို မူလတည်နေရာ ၂၉လမ်းနှင့်လမ်း၃ဝကြား၊ ၈၄လမ်းနှင့် ၈၅လမ်းကြားမှ ၄၁လမ်းနှင့်ကမ်းနားလမ်းထောင့်ရှိ မန ္တလေးစည်ပင်သာယာရေးကော်မတီက အသစ်စီစဉ်ပေးသော တည်နေရာအသစ်သို့ အတေင်းအကြပ်ပြောင်းရွှေ့စေရာမှ မပြောင်းရွှေ့လိုသူများစုစည်းကာ ဇူလိုင်(၃၀)၊ ဩဂုတ်(၁)နှင့် ဩဂုတ်(၂)ရက်နေ့တို့တွင် မူလဈေးနေရာ၌ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည်။ ဩဂုတ်(၈)ရက် ညပိုင်းတွင် ထိုနေရာ၌ပင် စုဝေးပြီး လူအင်အား(၃၀၀)ကျော်ခန့်ဖြင့် မြို့တော်ဝန်ရုံးစိုက်ရာ ၂၆လမ်းနှင့် လမ်း၇ဝ ထောင့်ရှိ မန ္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးအထိ စည်တန်းလှည့်လည်ကာ ထိုရုံး၏ အဝင်ပေါက်ရှေ့၌ ဆက်လက်ဆန္ဒပြကြသည်။

မြို့တော်ဝန်က ဖမ်းခိုင်းတာလား

ထိုသို့ဆန္ဒပြနေသောလူအုပ်ကြီးကိုဦးဆောင်သည့် ခေါင်းဆောင်များကို မန ္တလေးမြို့တော်ဝန် ဦးအောင်မောင်းက လုံခြုံရေးအတွက် ရဲများခြံရံလျက် လက်ခံ တွေ့ဆုံသည်။ ဆွေးနွေးဖြေရှင်းပေး ခြင်းမဟုတ်သော ယင်းတွေ့ဆုံမှုအပြီး မိနစ် (၃၀) ခန့်အကြာတွင် ဆန္ဒပြမှုဦးဆောင်ခဲ့သူများထဲမှ သုံးဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ရဲကခေါ်ယူမေးမြန်းရုံသက်သက်သာဖြစ်မည်ဟု အများက ထင်မြင် ခဲ့ကြသော်လည်း အရေးယူရန်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု နောက်ပိုင်းမှ သိရှိခဲ့ကြသည်။ ထိုလူ သုံးဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(ခ) ဆူပူရန်လှုံ့ဆော်မှုဖြင့် ရဲကတရားစွဲဆိုခြင်းဖြစ်သည်။

ကသောင်းကနင်း ရုံးတင်စစ်ဆေးမှု

ယနေ့ နေ့လယ်ပိုင်းတွင် ဖမ်းဆီးခံထားရသော ဆန္ဒပြမှုဦးဆောင်ခဲ့သူများသုံးဦးဖြစ်သည့် ကိုအေးသိန်း၊ ကိုဝင်းဆွေမြင့်နှင့် ကိုစိန်အောင်တို့ကို မန ္တလေးမြို့၊ ၆၅လမ်း၊ ၃၄လမ်းနှင့် ၃၅လမ်းကြားရှိ ချမ်းအေးသာစံ မြို့နယ် တရားရုံးတွင် ရုံးထုတ်ပြီး ပထမဦးစွာ တရားလိုအဖြစ်ဦးတိုက်လျှောက်ထားသည့် မြို့နယ် ရဲတပ်ဖွဲ့မှူးကို ကြားနာသည်။ ရဲတပ်ဖွဲ့မှူးဆိုသူက အခင်းဖြစ်ပွားပုံကို သိပ်သိပုံမရသည်မှာ သူ့လက်ဝယ် ကိုင်ပြီးဖတ်နေသော ကွန်ပျုတာစာစီထားသည့် စာရွက်များက သက်သေခံနေပါသည်။ တရားခံရှေ့နေက ရိုက်လာသော စာရွက်ကိုကြည့်မဖတ်ရန် ကန့်ကွက်သည်။ အစိုးရရှေ့နေ ဥပဒေအကျိုးဆောင်က မေ့မှာစိုးသဖြင့် စာရိုက်ပြီးမှတ်လာတာ ခွင့်ပြုရမည်ဟု ရုံးတော်ကို လျှောက်ထားသည်။ တရာသူကြီးက စာရွက်ကို တောင်းယူပြီးကြည့်သည်။ တကယ်ဆို ရုံးမှာတင်ပြထားရမည့်အရာဖြစ်သည်ဟု တစ်ချက်ထောက်သော်လည်း သူတို့ကိုပြန်ပေးလိုက်သည်။ ရဲတပ်ဖွဲ့မှူးဆိုသူက ထိုစာရွက်ကို မကြည့်တော့ဘဲ နောက်စာရွက်တစ်ရွက်ကိုကြည့်ကာ ဆက်လက်ထွက်ဆိုသည်။အစိုးရရှေ့နေဆိုသူ က ဦးတိုက်လျှောက်ထားသူရှေ့ကပင် ကြိုရောက်နေသည်ကို တွေ့ရသည်။ သက်သေအထောက် အထားကို ရုံးတော်သို့ တင်ပြရာ ရဲထောက်လှမ်းရေးဖက်က ရိုက်ကူးထားသော ဓာတ်ပုံ (၇)ပုံတိတိပါဝင် သည်။ ထို့နောက် ဆန္ဒပြမှု ဗီဒီယိုမှတ်တမ်းကို ဒီဗီဒီတစ်ချပ်ဖြင့် သက်သေခံပစ္စည်းထပ်တင်ပြသည်။ တရားခံရှေ့နေက သက်သေခံဥပဒေအရ ၎င်းကို သက်သေခံပစ္စည်းဟု လက်ခံ၍မရနိုင်ကြောင်း စောဒက တက်ကာ ပယ်ချလိုက်လေသည်။ ဥပဒေအကျိုးဆောင်က လက်ခံသင့်သည်ဟု လျှောက်ထားသည်။ တရားခံရှေ့နေက ထပ်မံပယ်ချပြန်သည်။

နောက်နေ့ထပ်မံစစ်ဆေးမည်

တရားလိုဖက်ကို ကြားနာပြီး သက်သေခံပစ္စည်း ဗီဒီယိုမှတ်တမ်း ဒီဗီဒီကို တရားခံရှေ့နေကပယ်ချပြီး နောက်နေ့ ဩဂုတ်(၁၄)တွင် ထပ်မံကြားနာ စစ်ဆေးမည်ဟု တရားသူကြီးက ဆုံးဖြတ်ပေးလိုက်သည်။ မည်သူက မှန်သနည်း။ မည်သူက မတရားသနည်းဟု သိသာထင်ရှားအောင် မ န ္တလေးမြို့သူ၊မြို့သားများက စောင့်ကြည့်နေကြကြောင်း သိရသည်။

One comment

  • Foreign Resident

    August 14, 2012 at 1:45 pm

    အမှန်က ခွင့်ပြုချက်မယူပဲ စီတန်း လှည့်လယ်ပြီဆိုရင်ပဲ ၊
    ဖမ်းလို့ရနေပြီမဟုတ်လား ။

Leave a Reply