ဘာပဲ ဖွင့်ချင် ဖွင့်ချင်

etoneJuly 6, 20101min651

Mouse ကိုင်ပျင်းတဲ့ သူငယ်ချင်းတွေ အတွက် ပါ

ဘာပဲ ဖွင့်ချင် ဖွင့်ချင် run box က command လေးနဲ ့ဆိုတော့ ပိုမြန်တာပေ့ါ နော်… ။

အဲ့လို လုပ်ဆောင်ရမဲ့ အဆင့်တွေက သိပ်တော့ မခက်ပါဘူး .. ။

အရင်ဆုံး ကိုယ်ဖွင့်ချင်တဲ့ program ရဲ ့Shorcut ကို Desktop ပေါ် အရင်ရောက်အောင် တင် .. ပြီးရင် copy ပြီး c:\windows\system32 ရဲ ့အောက်မှာ paste လုပ် .. ပြီးရင် မိမိ စိတ်ကြိုက် အတိုဆုံး နာမည် တစ်ခုပေးပြီး အဲ့နာမည်ကို run box က ပြန်ခေါ်လိုက်တာနဲ ့အဲ့ program အလွယ်တကူ စတင် run မှာ ဖြစ်ပါတယ် ။

ဥပမာ – နေ ့စဉ် အသုံးများနေကျဖြစ်တဲ့ gtalk ဆိုပါစို ့….

အဲ့ဒါဆို desktop ပေါ်က shortcut ကို copy ယူပြီး system32 ရဲ အောက်မှာ သွားထည့်ပြီး gt လို ့rename ပြောင်းပေးလိုက်ပါ .. အဲ့ဒါဆို Win+R (Run Command) ကနေ gt လို ့ရိုက်ထည့်လိုက်တာနဲ ့google talk လေးတစ်ခု လျှင်လျှင်မြန်မြန်နဲ ့ရောက်ရှိလာမှာ ဖြစ်ပါတယ် ။

နောက်တစ်ခု က လူသုံးအများဆုံး Browser ဖြစ်တဲ့ Mozilla Firefox ကိုတော့ run box မှာ firefox လို ့ရိုက်ပြီး ခေါ်နိုင်ပါတယ် ။ Internet Explorer ကိုတော့ iexplore ဆိုပြီးတော့ လည်း ခေါ်နိုင်ပါတယ် ။ Google Chrome နဲ ့တစ်ခြား browser တွေကို တိုတိုနဲ ့မြန်မြန် ခေါ်ချင်တယ်ဆိုရင် အထက်ပါအဆင့်တွေ အတိုင် းပြုလုပ်ပြီး google chrome ကို gc လို ့နာမည် ပေးလိုက်ပါ ။ ပြီးရင် run box ကနေ gc လို ့ပြန်ခေါ်လိုက်တာနဲ ့ Google Chorme Browser ဟာ သူငယ်ချင်းတို ့ရဲ ့ Desktop ပေါ်မှာ အခန် ့သား နေရာယူပြီးသား ဖြစ်နေပါလိမ့်မယ် ။

မိမိအကြိုက်ဆုံး သီချင်း ၊ နေ ့စဉ်နေ ့တိုင်း နားထောင်နေကျ သီချင်းဆိုရင်လည်း အထက်ပါ အတိုင်း ပြုလုပ်ပြီး rename ကို အတိုဆုံးပေး ၊ ဥပမာ – 1.mp3 ( သူ ့ကိုတော့ အနောက်က extension ဖြစ်တဲ့ .mp3 ဖြစ်ဖြစ် တစ်ခုခု ထည့်ပေးရပါတယ် ) ။ ပြီးရင် run box ကနေ 1.mp3 လို ့ပြန်ခေါ်လိုက်တာနဲ ့မိမိ အနှစ်သက်ဆုံး သီချင်းတစ်ပုဒ်ဟာ နားထဲကို အလွယ်တကူနဲ ့စိတ်ဖျော်ဖြေမှုပေးပါလိမ့်မယ် ။

ကဲ .. အဲ့ဒါဆို ကြိုက်တဲ့ program သာ လာ ရှည်ရှည်ဝေးဝေး လိုက်ဖွင့်နေစရာ မလိုတော့ပဲ c:\windows\system32 အောက်ထဲကို rename ပေးပြီး ထည့်လိုက်တာနဲ ့ run box ကနေ လွယ်လွယ်ကူကူ ခေါ်နိုင်ကြပါပြီ ခင်ဗျာ ။ သိပြီးသားဆိုလည်း နောက်မသိသေးတဲ့ လူတွေ အတွက် သည်းခံခွင့်လွှတ်ပြီး ဖတ်ပေးလိုက်ကြပါခင်ဗျာ ။ အဆင်ပြေကြပါစေ ။

One comment

  • intro

    July 6, 2010 at 10:41 am

    Very Useful Tip, Bro! Thanks for your sharing!

Leave a Reply