သင့်အသည်း ကျန်းမာရေး ကောင်းပြီး စွမ်းအင် အပြည့် အဝ ရရှိစေရန်

the bestAugust 13, 20121min2628

13 Aug 2012   ဒေါက်တာခင်မိုးမိုး  By Good Health

အသည်းဆိုတာ လူတိုင်းအတွက် အရေးကြီးတာကြောင့်

ဖတ်မိတဲ့သူတွေ အကျိုးရှိမှာမို ့မျှဝေလိုက်ပါတယ်။

ဒေါက်တာခင်မိုးမိုး ရဲ့ စေတနာကြောင့် လူတိုင်းအသည်းကျန်းမာ ကြပါစေ။

 

သင့်အသည်း ကျန်းမာရေး ကောင်းပြီး စွမ်းအင် အပြည့် အဝ ရရှိစေရန်

သင်ရဲ့ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါ တစ်ခု ဖြစ်တဲ့အသည်းဟာ

သွေးတွေကို သန့်ရှင်းစင်ကြယ်စေပြီး အဆိပ်တွေကို ဖြိုခွဲနိုင်ကာ

သွေးတွင်းသကြားအဆင့်နဲ့ စွမ်းအင်အဆင့်ကို တည်ငြိမ်စေနိုင်ပါတယ်။

အမေရိကန်မှ လေ့လာမှုအရ သူတို့လူမျိုး သုံးယောက်မှာ တစ်ယောက်နှုန်းဟာ

အသည်းမှာ အဆီစုနေတာ ဒါမှမဟုတ် အာဟာရ ချို့တဲ့တာကြောင့်

အသည်းရဲ့လုပ်ငန်းတွေ ကျဆင်းနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

အသည်း ရဲ့ လုပ်ဆောင်ချက်ကျဆင်းတဲ့ ပထမဆုံး လက္ခဏာဟာ ပင်ပန်းနွမ်းနယ်နေတာပါ။

အောက်ပါနည်းတွေဟာ တစ်လအတွင်း သင့်အသည်းရဲ့ကျန်းမာရေးကို

ပြန်လည် ကောင်းမွန်စေနိုင်ပြီး စွမ်းအင်အပြည့်အဝ ရရှိစေနိုင်မယ့် နည်းတွေပါ။

နံနက်စာအတွက် ကြက်ဥနှစ်လုံးနှင့် လိမ္မော်ရည်သောက်ပါ

ကြက်ဥမှာ များစွာပါဝင်တဲ့ အမိုင် နိုအက်စစ်တွေဟာ အဆိပ်အတောက် တွေ ဖြစ်စေတဲ့

ဓာတုပစ္စည်းပေါင်းတစ်ရာ ကျော်ကို ပျက်ပြယ်စေတဲ့အတွက် အဆိပ် တွေကြောင့်

အလုပ်ဒဏ်ပိနေတဲ့ အသည်း ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါ တယ်။

လိမ္မော်ရည်တစ်ခွက်မှာ ပါဝင်တဲ့ ဗီတာမင်စီဟာလည်း ဆဲလ်တွေကို

ပျက် စီးစေတဲ့ အဆိပ်တွေကို ရှင်းထုတ်တဲ့ အသည်းရဲ့လုပ်ငန်းစဉ်ကို

၃၅ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

နေ့စဉ် မိနစ် ၂ဝ လေ့ကျင့်ခန်းပြုလုပ် ပါ

လမ်းမြန်မြန်လျှောက်တာ ဒါမှမ ဟုတ် စက်ဘီးစီးတာလိုမျိုး လေ့ကျင့်ခန်း တွေကို

ပုံမှန်ပြုလုပ်တာကြောင့် အသည်း အတွင်း သွေးလှည့်ပတ်မှုကောင်းမွန်စေ နိုင်ပြီး

ကင်ဆာဖြစ်စေနိုင်တဲ့ပစ္စည်းတွေ ကို ရှင်းထုတ်နိုင်ကာ အသည်းကင်ဆာ ဖြစ်နိုင်ခြေ

၁၆ ရာခိုင်နှုန်း လျှော့ချနိုင် တယ်လို့ ဂျပန်မှ သုတေသီတွေက တွေ့ ရှိခဲ့ပါတယ်။

ဒါ့အပြင် သွေးတွင်း ပိုလျှံနေ တဲ့သကြားဓာတ်တွေနဲ့ ထရိုင်ဂလစ် စရိုက်တွေကို

လောင်ကျွမ်းစေနိုင်တာမို့ အသည်းမှာ အဆီတွေ စုဆောင်းမှုမဖြစ် အောင်လည်း

ကာကွယ်နိုင်တယ်လို့ ချီကာဂိုဆေးရုံမှ ပါမောက္ခမေရီက ပြော ပါတယ်။

ဆေးဖက်ဝင်အပင်အမျိုးအစားများကို မှီဝဲပါ

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များ စွာပါဝင်တဲ့ စပျစ်သီးအစေ့ (Grape seed extract) ကို

နေ့စဉ် ၁၀ဝ မီလီ ဂရမ် မှီဝဲတာကြောင့် အသည်းကျန်းမာ ရေး ကောင်းမွန်စေနိုင်ပါတယ်လို့

သုတေ သီတွေက အကြံပေးထားပါတယ်။

အသည်းရောဂါရှိနေသူဖြစ်ရင်လည်း Milk thistle ကို ၃၀ဝ မီလီဂရမ် မှီဝဲတာ ကြောင့်

အသည်းဆဲလ်အသစ် ကြီးထွား မှုနှုန်းမြန်ဆန်ပြီး ပင်ပန်းနွမ်းနယ်တာနဲ့ လေပွတာလိုမျိုး

အသည်းရောဂါဝေဒနာ တွေဟာ နှစ်လအတွင်း သက်သာသွား နိုင်ပါတယ်။

ကျန်းမာရေးကောင်းစေသော အဆီကို အဓိကထား စားပါ

ဆီကြော်စာတွေကို တစ်ပတ်သုံး ကြိမ် ဒါမှမဟုတ် ဒါထက်ပိုစားခဲ့ရင်

အ သည်းမှာ ရောင်ရမ်းမှုဖြစ်နိုင်ခြေ မြင့် တက်လာပြီး အသည်းမှာ

အမာရွတ်ဖြစ်စေနိုင်ပါတယ်လို့ ကနေဒါမှ လေ့လာမှု အရသိရပါတယ်။

ဒါကြောင့် ကျန်းမာရေး ကောင်းစေပြီး ရောင်ရမ်းမှုကို လျှော့ချ နိုင်တဲ့

သံလွင်ဆီလိုမျိုး အဆီ၊ မြေပဲ၊ ငါး၊ အခွံမာသီး၊ အစေ့နဲ့

ထောပတ်သီးလိုမျိုး အဆီတွေဟာ အသည်းပျက်စီးမှုကို ပြန် လည်ပြုပြင်နိုင်ပြီး

ပင်ပန်းနွမ်းနယ်တာ ဟာလည်း တစ်လအတွင်းမှာ ၅ဝ ရာခိုင် နှုန်းအထိ သက်သာစေနိုင်ပါတယ်။

8 comments

  • ko khin kha

    August 13, 2012 at 7:45 pm

    နံနက်စာအတွက် ကြက်ဥနှစ်လုံးနှင့် လိမ္မော်ရည်သောက်ပါ/

    ကြက်ဥက ဘယ်လိုစားရမှာပါလဲ၊ ကျော်ပြီးတော့လား၊ ပြုတ်ပြီးစားရမှာလား၊ ဘာမှမလုပ်ဘဲ အစိမ်းအတိုင်းလား သိချင်ပါတယ်။ ဒါမှမဟုတ် လိမ္မော်ရည်ထဲရောမွှေ သောက်သင့်တာလားခင်ဗျာ။

  • MaMa

    August 14, 2012 at 8:05 am

    အသည်းကောင်းဖို့ နည်းလမ်းတွေဆိုလို့ ကြိုးစားမှတ်သားသွားပါတယ်။
    ကိုခင်ခ မေးသလိုပဲ ကြက်ဥကို ဘယ်လို စားရမလဲ သိချင်ပါတယ်။
    ဆေးဖက်ဝင်အပင်အမျိုးအစားများကို မှီဝဲပါ ဆိုတာက အသည်းအတွက် အားဆေးတွေကို သောက်ရမှာကို ပြောတာလား။
    ပရဆေးပင်တွေကို မှီဝဲရမှာလား သိချင်ပါတယ်။
    ဘုံ၅ဆင့် လို့လည်းပြော၊ အသားတံစို့ လို့လည်းပြောတဲ့ အပင်ကတော့ အသည်းအတွက် ကောင်းတယ်ပြောကြလို့ သောက်ကြည့်ချင်ပေမယ့် ဆရာဝန်က တိုင်းရင်းဆေး ဘာမှမသောက်နဲ့လို့ ပြောထားတော့ မသောက်ရဲဘူး။

  • the best

    August 14, 2012 at 9:01 am

    ဖတ်ပြီး ရေးပေးကြတဲ့ ကိုခင်ခ နဲ ့ မမ ကိုကျေးဇူးတင်ကြောင်း အရင်ပြောပါရစေ။

    အကောင်းဆုံးအဖြေရအောင် Good Health ဂျာနယ်ကိုမေးကြည့်ပါလား။
    လိပ်စာ : SWESONE MEDIA GROUP . Central Tower ( ပထမထပ် )၊ အနော်ရထာလမ်း ၊ ၃၉ လမ်းထောင့် ၊ ရန်ကုန်မြို့ ။
    ဖုန်း : ၃၉၂၉၈၂ ၊ ၃၈၅၂၉၃ ၊ ၇၃ဝ ၃၉၁ ၉၄ ။
    http://swesonemedia.org/index.php?q=contact

    ကျွန်တော်က ဒီဆောင်းပါးဖတ်ပြီတော့ လိုအပ်တဲ့သူ အသုံးတည့်မဲ့သူတွေ
    သိသွားစေချင်တဲ့စေတနာနဲ ့မျှဝေတင်လိုက်တာပါပဲ။

    ဒေါက်တာခင်မိုးမိုးရေးတဲ့ အတိုင်းကြည့်လို ့ တကယ်ကောင်းလာမယ်ဆိုရင်
    ရေးတဲ့သူ၊ မျှဝေတဲ့ကျွန်တော် နဲ ့ ဖတ်ကြတဲ့ ရွာသားတွေ အကျိုးရှိတာပေါ့နော်။

  • ko khin kha

    August 14, 2012 at 9:42 am

    the best ရဲ့ပြန်လည်ဖြေပေးချက်ကို ကြိုဆိုပြီး သဘောကျပါတယ်။ ကျေးဇူးပါ။

  • shwe kyi

    August 14, 2012 at 11:28 am

    ဖတ်ရှုမှတ်သားသွားပါတယ်။ လင့်ခ်အတွက်ကျေးဇူးပါ။

  • မောင်ပေ

    August 14, 2012 at 9:58 pm

    စကားမစပ် ကြေငြာဝင်ဦးမယ် ကိုဘက်စ်ရေ
    ကျုပ်ကတော့ liv up ဆိုတဲ့အားဆေး တစ်နေ ့တစ်လုံးသောက်တာ ၃နှစ်လောက်ရှိပြီဗျ
    ဟိုးတုန်းက ကျုပ်လဲ အရက်ကို တစ်ပတ်၅ရက်လောက် ကစ်ခဲ့ဖူးတာဆိုတော့ ၊ လိုလိုမယ်မယ် ဆိုပြီး သောက်ဖြစ်ခဲ့တာ
    အဲဒီဆေးကိုစသောက်တာနဲ ့အစားအသောက်ကောင်းလာမယ် အိပ်ဖြစ်မှာကတော့ လက်တွေ ့တန်းသိရမယ့် ဆေးရဲ ့အဖက်ပေ့ါဗျာ… အသည်းကိုလဲ ဆာပို ့လုပ်ပေးတယ်လို ့ယုံကြည်ပါတယ်
    ဆေးတစ်ကဒ်ကို အလုံးသုံးဆယ်ပါပြီး တစ်ကဒ်တန်ဘိုးက ၂၃၀ဝကျပ်ပတ်ဝန်းကျင်လောက်ရှိတာမို ့သောက်ပျော်ပါတယ် ။
    ဒါကတော့ ဆေးကုမ်ပဏီကမဟုတ်ပဲ အခမဲ့ ကြေငြာဝင်ခြင်းပါပဲ
    ရွာထဲက ရှက်ကီသောက်လေ့ရှိတဲ့ ၊ အသည်းဆေးမသောက်ဖြစ်သေးတဲ့ မသိသေးတဲ့ မိတ်ဆွေများအတွက်ပါ

  • the best

    August 14, 2012 at 11:22 pm

    ကိုပေရေ…
    “အခမဲ့ ကြေငြာဝင်ခြင်း”လို ့ပြောတာထက် “စေတနာမျှဝေခြင်း”လို ့ ပြောပါရစေ။

    “ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များ စွာပါဝင်တဲ့ စပျစ်သီးအစေ့ (Grape seed extract) ကို
    နေ့စဉ် ၁၀ဝ မီလီ ဂရမ် မှီဝဲတာကြောင့် အသည်းကျန်းမာ ရေး ကောင်းမွန်စေနိုင်ပါတယ်လို့
    သုတေ သီတွေက အကြံပေးထားပါတယ်။”လို ့ပြောတာမသိသူအတွက် ပြောပြချင်ပါတယ်။

    ဆေးအမည်ကတော့ Protec ပါ။ (Complete antioxidant formular with Grape seed extract)
    ကိုပေ ညွှန်းတဲ့ “ liv up” ဆိုတဲ့အားဆေး ထုတ်တဲ့ Zifam Pty.Lyd. Australia. ကပါပဲ။

    “Milk thistle ” ကတော့ Fame က ထုတ်တဲ့ “အသည်းဆေး” ဖြစ်ပါတယ်။

    မေးမြန်းပြီးသိသလောက် မျှဝေလိုက်ပါတယ်။ ဆေးဈေးနှုန်းတော့ မသိပါဘူး။

    ကောင်းတာလေးတွေရှိရင် ထပ်ပြီးမျှကြပါ။

    အားလုံး အသည်းကျန်းမာကြပါစေ။

  • ရဲစည်

    August 15, 2012 at 7:31 am

    အရက်သမားမို့
    မှတ်သားစွာ ဖတ်သွားပါကြောင်း
    …..

Leave a Reply